Monthly Archives: September 2007

Wearing Perfume for the others!

Standard

တစ်ခြားသူတွေကို လက်ဆောင်ပေးဖို့ ရေမွှေးဝယ်ချင်တယ်ဆိုရင်တော့ တစ်ခါတစ်ရံမှာ ခက်ခဲနိုင်ပါတယ် မိန်းကလေးတွေအတွက် ရွေးချယ်တဲ့အခါ သူတို့ တွေနဲ့ သဟဇာတဖြစ်ဖို့ လိုပါတယ် ပြီးတော့သူနဲ့ လိုက်ဖက်မဲ့ ရနံ့ မျိုးသိထားရပါမယ် အမျိုးသမီးလေးတွေနဲ့ လိုက်ဖက်မယ် ရေမွှေးရနံ့ မျိုးတွေကတော့

ပန်းနံ့ တစ်မျိုးတည်းပါတဲ့ရနံ့  (စံပယ်ပန်း၊ နှင်းဆီပန်းနံ့ တစ်မျိုးတည်းသာပါတဲ့ ရနံ့ )
အရှေ့တိုင်းဆန်တဲ့ ရနံ့  ( ကတိုးကောင်နဲ့  သစ်မြစ်များမှရသော စူးရှတဲ့ ရနံ့ )
ပန်းပေါင်းစုံပါဝင်သော သင်းပျံ့ ချိုအီတဲ့ရနံ့ 
လန်းဆန်းတက်ကြွမှု ဖြစ်စေတဲ့ရနံ့ 
သံပုရာသီးကဲ့သို့  အသီးတစ်မျိုးတည်း (သို့ ) ပိုပြီးပါဝင်တဲ့ရနံ့ 
အနံ့ မပြင်းသော သစ်ခွပန်းကဲ့သို့ ပန်းများရဲ့ ရနံ့ 
သစ်မြစ်၊ ဥစ်ဖုများနဲ့  ရေညှိပင်များမှရရှိသော အဆီအနှစ်များနဲ့ ထုပ်လုပ်ထားသောရနံ့ 

ပြီးတော့ ကိုယ်ပေးချင်တဲ့လူတွေရဲ့ အသက်အရွယ်ပေါ်မူတည်ပြီးတော့လည်း ရွေးချယ်ပေးနိုင်ပါသေးတယ် သစ်မြစ်၊ ဥစ်ဖုများရဲ့ ရနံ့ များပါဝင်တဲ့ ရေမွှေးတွေဟာ လန်းဆန်းတက်ကြွ စေတဲ့အတွက် စိတ်ကူးထဲကသူကို လက်ဆောင်ပေးဖို့ ရည်ရွယ်နိုင်ပါတယ်

အရှေ့တိုင်းဆန်တဲ့ ရေမွှေးမျိုးကိုတော့ လူကြီး လူကောင်းများအတွက် ရည်ရွယ်နိုင်ပါတယ်
အစိမ်းရောင်ပါတဲ့ ရေမွှေးရနံ့ ကတော့ လက်ဆောင်ပေးဖို့ အလွန်ကောင်းပြီး ၀တ်စုံကောင်းတစ်စုံကို ၀တ်ဆင်ထားသလို ကိုယ်ရည် ကိုယ်သွေးတောက်ပစေပါသတဲ့
လူငယ်တွေကြားမှာ သီးခြားဖြစ်စေဖို့  ပိုပြီးပေါ်လွင်စေနိုင်တဲ့ရနံ့ ကတော့ ပင်လယ်ကိုကြည့်ပြီး ခံစားရစေနိုင်သလိုမျိုး တက်ကြွတဲ့ရနံ့ မျိုးတွေနဲ့ အတူ လွပ်လပ်တဲ့နေ့ တွေကို ဖြတ်သန်းရသလို ခံစားရစေနိုင်တဲ့ ရနံ့ မျိုးဖြစ်ပါတယ်

သစ်သီးပါတဲ့ ရနံ့ မျိုးကတော့ အမျိုးသမီးတွေအတွက် ပူနွေးတဲ့ရာသီမှာ သင့်တော်ပါတယ် ပန်းရနံ့ ပါတဲ့ ရေမွှေးကလည်း ကွဲပြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါသည်တဲ့

Kinds Of Fragrance

Standard

ရှေ့မှာတုန်းက ရေမွှေးမှာ EDP EDT and EDC ဆိုပြီးသုံးမျိုး ရှိတယ် ဆိုတဲ့အကြောင်း ပြောခဲ့တယ်လေ ရေမွှေး အမျိုးမျိုးရှိတဲ့ အထဲကမှ ဘယ်ရေမွှေးကို သုံးရမှန်းမသိ ဘယ်ရေမွှေး အမျိုးအစားက ပိုကောင်းမယ်မှန်းမသိ မဖြစ်ရအောင် နည်းနည်းလောက်ထပ်ပြောမယ်နော်။

Eau De Perfume

အားလုံး သိကြတဲ့အတိုင်းပါပဲ ရေမွှေးဆီကို အများဆုံး အသုံးပြုထားတဲ့ ရေမွှေးအမျိုးအစား ဖြစ်ပါတယ်။ ဒီရေမွှေးကတော့ တော်တော်လေးကို ကြာကြာရှည်ရှည်လေး ရနံ့စွဲစေပါတယ်။ တစ်ချို့ အမျိုးအစားတွေဆိုရင် ၂၄ နာရီပတ်လုံးတောင် ရနံ့စွဲထင် နေစေပါသတဲ့။ ဒါကြောင့် သိပ်အကုန်အကျမများစေပဲ ကြာရှည်စွာ ရနံ့စွဲကျန်ရစ် စေဖို့ဆိုရင် ဒီလိုရေမွှေးမျိုးက သင့်တော်ပါတယ် ။

Eau De Toilette

ဒီရေမွှေးမျိုးကတော့ ပေါ့ပါးတဲ့ရနံ့မျိုးဖြစ်ပါတယ်။ သိပ်အကြာကြီးမခံပါဘူး ။ တစ်ချို့တွေကတော့ ရေချိုးတဲ့အခါထည့်ချိုးဖို့လောက်ပဲ သုံးတတ်ကြပါသတ။ဲ့ လူချမ်းသာတွေ ဖြစ်မှာပေါ့နော်။ ရေမွှေးကိုတောင်ရေထဲ ထည့်ပြီချိုးတယ် ဆိုတော့။ သူက ရေမွှေးဆွတ်ပြီး ၃ နာရီလောက် အတွင်းမှာ ရနံ့ပျက်ပြယ်တတ်ပါတယ်။ ဒီလိုရေမွှေးမျိုးကို စစချင်း ဖော်စပ်တုန်းကတော့ အလုပ်ထဲမှာပဲဖြစ်ဖြစ် ငြီးငွေ့လာတဲ့အခါ လန်းဆန်းသွားစေဖို့ တစ်တို့ နှစ်တို့လောက် ဆွတ်ပေးဖို့ ရည်ရွယ်ခဲ့တာပါတ။ဲ့ ဒါပေမယ့်လေ နောက်ပိုင်း သတိထားမိ သလောက်ကတော့ ရေမွှေးတွေဟာ EDT တွေပဲဖြစ်လာကြတယ်။ သူကရနံ့စွဲထင်စေဖို့ ခဏ ခဏ ဆွတ်ပေးရတော့ ရေမွှေးအကုန်မြန်တော့လေ ရေမွှေးထုတ်တဲ့သူတွေက သူတို့ရေမွှေးတွေ များများရောင်းကောင်းအောင် လူလည်ကျပြီး ထုတ်တာနေမှာပေါ့နော်။

Eau De Cologne

ဒီရေမွှေးမျိုးကလည်း သိပ်အကြာကြီးမခံပါဘူး ။ သူကပိုပြီးတော့တောင် ခဏ ခဏ ဆွတ်ပေးရသေးတယ။် နပိုလီယံကတော့ ဒီလိုရေမွှေးမျိုးကို သိပ်ကြိုက်တယ်ဆိုပဲ။ ဒါပေမယ့် ရေမွှေးထုတ်တဲ့ သူတစ်ချို့ကတော့ ဒီလိုရေမွှေးမျိုးဟာ Standard ရေမွှေးမျိုး မဟုတ်တဲ့အတွက် သိပ်ပြီးတော့မထုတ်လုပ်ကြတော့ပါဘူး။

ရေမွှေး ကောင်းကောင်းလေးတွေ ရွေးဝယ်နိုင်ကြ ပါစေရှင်။

How to persuade the others.!

Standard

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေပဲ စိတ်ပြောင်းလာစေသော နည်းများ

မိတ္တဗလဋီကာ ဆိုတဲ့ စာအုပ်ကို လူတိုင်းကြားဖူးကြမှာပါ။ လူတော်တော်များများလည်း ဖတ်ဖူးကြပါလိမ်မယ့်။ ကျွန်မတို့ရဲ့ လူမှုဘ၀အတွက် တစ်ကယ်လိုအပ်တဲ့ အချက်အလက်တွေ အကြောင်းအရာတွေကို စုစည်းရေးသားထားတဲ့ စာအုပ်လေးမို့လို့လည်း ကမ္ဘာမှာ Best Seller ဆိုတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတာပေါ့ရှင်။ ကျွန်မလည်း ဒီစာအုပ်လေးကို ဖတ်ရတာ တော်တော် အရသာတွေ့ပါတယ်။ ဦးနုရဲ့ ဘာသာပြန်ဆိုချက်တွေက ကောင်းလွန်းလှသလို၊ လူတိုင်းအတွက်လည်း အသုံးဝင်၊ တန်ဘိုးထားအပ်တဲ့ အကြောင်းအရာတွေ ကြောင့် မြန်မာ့ စာပေလောကမှာလည်း နာမည်ကြီးရတာပေါ့ရှင်။ ဒီစာအုပ်ထဲမှာ ပါတဲ့ စိတ်ဆိုးပြေတဲ့ နည်းလမ်းလေးတစ်ချို့ကို ကျွန်မဖောက်သည်ချချင် မိပါရဲ့။ ဖတ်ဖူးကြသူတွေလည်း ပြန်မှတ်မိအောင်၊ မဖတ်ဖူးကြသူတွေလည်း ဖတ်စရာ အသစ်တိုးအောင် ကျွန်မဒီပိုစ့်လေးကို တင်လိုက်ရပါတယ်ရှင်။

  1. ချီးမွမ်းခြင်း၊ ရိုးသားစွာ ချီးကျူးခြင်း တို့ဖြင့်စ၍ ပြောပါ။
  2. တစ်ဖက်သားတို့၏ အပြစ်များကို သွယ်ဝှုက်သောနည်းဖြင့် သတိရအောင် ပြုလုပ်ပါ။
  3. တစ်ဖက်သားကို အပြစ်မပြောမီ သင့်၏ အပြစ်များကို ဦးစွာဖော်ပြပါ။
  4. တိုက်ရိုက်သြဇာပေးမည့် အစား၊ လိုရင်းကိစ္စကို ပြီးစေမည့် မေးခွန်းများကို မေးပါ။
  5. တစ်ဖက်သားအား သူ့ဂုဏ်သူ ပြန်ဆယ်ပါစေ။
  6. တစ်ဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓါနမထားပဲ ချီးကျူါ်ပါ။ ထိုသို့ချီးကျူးသောအခါ ရက်ရက် ရောရော ရှိပါစေ။
  7. တစ်ဖက်သားကို သိဒ္ဓိတင်ပါ။
  8. အားပေးစကားကို ပြောကြားပါ။ သင်ပြင်လိုသော တစ်ဖက်သား၏ အမှားသည် ပြင်ရန်လွယ်ကူသည်ဟု တစ်ဖက်သား သဘောပေါက်အောင် ပြောပါ။ သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန်လွယ်ကူသည့် အကြောင်းကိုလည်း တစ်ဖက်သား သဘောပေါက်ပါစေ။
  9. သင်လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ၀မ်းမြောက် ၀မ်းသာစွာနဲ့ လုပ်ချင်လာအောင် ခိုင်းပါ။

မှန်ကန်တဲ့ နည်းလေးတွေနဲ့ အများအပေါ် လွှမ်းမိုးနိုင်ကြပါစေရှင်။

Cute Coincidence

Standard


<a onblur="try {parent.deselectBloggerImageGracefully();} catch(e) {}"
href=”http://img241.imageshack.us/img241/3170/image011ok4.jpg”&gt;




Type the rest of your post here.

Wearing Perfume (for men)

Standard


-လူတစ်ယောက်ရဲ့ အနံ့ခံအာရုံဟာ မနက်စောစောပိုင်းအိပ်ယာထချိန်မျိုးမှာ ပိုပြီးအာရုံခံ ကောင်းပါတယ်။ အ၀တ်အစားဝတ်တဲ့အချိန်မှာ ဂရုစိုက်ပြီးရေမွှေးကိုရွေးဆွတ်ပါ။ မုတ်ဆိတ် ရိတ်ပြီးတဲ့အချိန်မှာလည်း မိမိအနံ့မကြိုက်တဲ့ ရေမွှေးမျိုးကို အသုံးမပြုဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိလည်းအနံ့ ခံမရ၊ မိမိလည်းမကြိုက်တဲ့ အနံ့မျိုးကို မိမိသွား လာနေထိုင်၊လုပ်ကိုမယ့် ပတ်ဝန်းကျင်ကလည်း ကြိုက်ပါ့မလားလို့ စဉ်းစားဖို့ကောင်းပါတယ်။

ရေချိုးခန်းတွေမှာ သုံးတဲ့ရေမွှေးမျိုးဟာ အလွန်အနံ့ပြင်းပါတယ်။ အချိန်အတန်ကြာအောင် လည်းအနံ့စွဲနေတတ်တယ်။ အဲဒီအမျိုးအစားရေမွှေးကို သုံးရင်ဘယ်လောက်သုံးမယ် ဆိုတာ စဉ်းစားပြီးသတိထားသုံးပါ။ ကြိုက်လို့သုံးရင်လည်း လက်ကောက်ဝတ်၊ လည်ပင်းနဲ့ တံတောင် ဆစ်တွေမှာ နည်းနည်းလေးပဲဆွတ်ပါ။ များများဆွတ်မယ်ဆိုရင် ခြေထောက်ကိုစပြီးဆွတ်ပါ။ ဒါမှ အနံ့ဟာ အပေါ်ကိုတက်လာပါလိမ့်မယ်။

-ရေမွှေးကို များများဆွတ်မိလို့ စိတ်ညစ်မသွားပါနဲ့။ ရေမွှေးမှာ သွေ့ခြောက်မြန်စေတဲ့ အရက် ပြန်ပါပါတယ်။ဒါကြောင့် နာရီပိုင်းအတွင်း ခြောက်သွားပြီး အနံ့စူးရှလွန်းတာလည်း ဖျော့ သွားပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော၊ အမျိုးသမီးတွေ ကျေနပ်နှစ်ခြိုက်ဖို့အတွက်ရော၊ မိမိရဲ့ကိုယ်စိတ်နှလုံး ကြည်လင်လန်းဆန်းနေဖို့ အတွက်ရော မွှေးကြိုင်နေရပါမယ်။ အမွှေးနံ့ ဟာ စိတ်ကို လန်းဆန်းတက်ကြွစေတာလည်း အမှန်ပါပဲ။

အဲဒီလို အသုံးပြုတဲ့အခါမှာ စူးရှလွန်းတဲ့ရေမွှေးမျိုး အထူးသဖြင့် ကတိုးဆီကို အလွန်အကဲ သုံးထားတဲ့ အမွှေးနံ့မျိုးကိုမသုံးကြဘဲ ခေတ်နဲ့အညီ လူကြိုက်များတဲ့ သင်းပျံ့တဲ့အမွှေးနံ့ မျိုးကိုသာ အသုံးပြုသင့်တယ်။

Making Own Perfume

Standard


ကျွန်မတို့ဟာရေမွှေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ် စိတ်ဝင်စားမယ်ဆိုရင်လုပ်ကြည့်နိုင်ပါတယ် လိုအပ်တာကတော့ အမွှေးဆီတွေပေါ့နော် အမွှးဆီတွေကိုသာ စုဆောင်းနိုင်မယ်ဆိုရင် အိုကေပြီပေါ့ မြန်မာနိုင်ငံမှာဝယ်လို့ရ မရတော့သေချာမသိပါဘူး နိုင်ငံခြားတွေမှာဆိုရင်တော့ ရကောင်းရနိုင်ပါတယ် ကဲရေမွှေးပြုလုပ်နည်းအမျိုးမျိုးကိုပြောတော့မယ်နော်
ပထမနည်းကတော့ အရမ်းကိုလွယ်ပါတယ် လိုအပ်တာကတော့ ရေသန့်သန့်နှင့် မွှေးပျံ့တဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းလေးတွေပေါ့နော် ရေသန့်သန့်မတ်ခွက် (၃) ခွက်လောက်နဲ့ ပန်းပွင့်ကတော့ မတ်ခွက်တစ်ခွက်ခွဲလိုအပ်ပါတယ် ပြီးတော့ပန်းပွင့်လေးတွေကို သေသေချာချသာစိတ်ပြီးရေနဲ့ရောထားလိုက်ပါ(သေးသေးလေးတွေ ဖြစ်သွားတဲ့အထိ စိတ်ပါ) ၁၂ နာရီကနေ ၁၅ နာရီလောက်ထိကြာအောင်ထားပြီးရင်တော့ ရေမွှေးရပြီပေါ့ လွယ်တယ်နော်
နောက်တစ်မျိုးပို ထပ်ပြောပါဦးမယ် နည်းနည်းတေ့ခက်တယ် ခက်တယ်ဆိုတာက မွှေးရနံ့တွေကိုအရင် စုဆောင်းရမှမို့ပါ လိုအပ်တာတွေကတော့ စန္ဒကူးအဆီ နှစ်စက်ကနေ ၅ စက် ၊ ကတိုးကောင်ရဲ့အဆီ နှစ်စက် ကနေ ၅စက် ၊ Jojoba Oil ၂စက်ကနေ ၃စက်လောက်ထိကို တစ်ဆင့်ပြီး တစ်ဆင့်သေသေချာချာရောစပ်ရပါမယ် ပြီးတော့ပုလင်းတစ်လုံးထဲမှာထည့်ပြီး ၁၂ နာရီလောက်ကနေ ၁၅ နာရီလောက်ထိကြာအောင် မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ ပြီးရင်တော့ကိုယ်တိုင်လုပ်တဲ့ရေမွှေးကိုရပြီပေါ့
အခုပြောမှကတော့ နည်းနည်းလေးထူးခြားပါတယ် ပထမဦးဆုံးရွာတဲ့ မိုးရေစက်တွေနဲ့ပြုလုပ်ရမှပါ ပေါင်းခံထားတဲ့ရေ ၂ခွက် သုံးခွက်လောက်ကို ဗော့တကာအရက် လက်ဖက်ရည်ဇွန်း ၃၊၄ ဇွန်းလောက်ရောပါ ပြီးတော့ စန္ဒကူးအဆီ ၃၊ ၄ စက်လောက်ရောပါ ပြီးတော့ကိုယ်နှစ်သက်တဲ့ အနံ့လေးတွေလည်း ၂စက် ၃စက်လောက်ရောနိုင်တယ်နော် ပြီးတော့မှ ပုလင်းထဲထည့်ပြီး အပေါ်မှာပြောထားတဲ့ အချိန်လောက်ကြာကြာထားရင် ရေမွှေးရပါပြီ A Drop In The Rain လို့နာမည်ပေးလိုက်ပါမယ်
ကိုယ်နှစ်သက်တဲ့ မွှေးရနံ့ဆီလေးတွေကို အထက်မှာပြောတဲ့ သေသေချာချာရောလိုက်ပြီး နာရီကြာကြာလေးလည်းထားလိုက်မယ်ဆိုရင် ကိုယ်တိုင်လုပ် ရေမွှေးလေးတွေကို သုံးလို့ရပြီပေါ့နော်

Romance of Perfume

Standard

လွန်ခဲ့သော နှစ်ပေါင်း များစွားကတည်းက ရေမွှေးတွေကို တစ်ခြားသောလူတွေ သတ္တ၀ါတွေကို သွေးဆောင် သိမ်းသွင်းဖို့ အသုံးပြုခဲ့ကြပါတယ။် ၁၈ ရာစုလောက်တုန်းက ဘုရင်ဂျော့ III က ပြည့်တန်ဆာမတွေဟာ အမျိုးသားတွေကို သွေးဆောင် ဖြားယောင်းဖို့ အတွက်ရေမွှေးတွေကို သုံးကြတယ်ဆိုတာ သိသွားပြီး ရေမွှေးဟာ မှော်ပညာတစ်မျိုး ဖြစ်တယ်ဆိုပြီး ရေမွှေးတွေကို အကြီးအကျယ် ပိတ်ပင်တားဆီးခဲ့ ပါသေးတယ။် သို့ပေမဲ့နောက်ပိုင်းမှာ ရေမွှေးထုတ်လုပ်တဲ့သူတွေက ရေမွှေးဟာမှော်ပညာနဲ့  လုပ်ထားတာ မဟုတ်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ ပြသခဲ့ပြီးတဲ့နောက်မှာ ရေမွှေးထုတ်လုပ်မှုဟာ ပြန်လည်ကျယ်ပြန့် လာခဲ့ပါတယ်။

ရေမွှေးတွေဟာ တစ်ကယ်ပဲ ချစ်ရေးချစ်ရာနဲ့ ပတ်သက်လာရင် အထောက်အကူဖြစ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေများလားဆိုတာ အရင်တုန်းကသံသယ ဖြစ်ခဲ့ကြပါသေးတယ်။ ကျွန်မတို့တွေ အနံ့တစ်ခုကို ရှုရှိုက်လိုက်တဲ့အခါ ထိုရနံ့ဟာ နာဗ့်ကြောလေးတွေကနေတစ်ဆင့် ဦးနှောက်ထဲမှာရှိတဲ့ Limbic System ဆီသို့ သတင်း အချက်အလက်ပေါင်း မြောက်များစွာကို ပို့ဆောင်ပေးပါ တယ။် Old Brain လို့ခေါ်တဲ့ ၄င်း System ဟာအလိုအလျောက် ဖြစ်ပေါ်တတ်တဲ့ စိတ်လှုပ်ရှားမှုတွေ၊ လိင်ခံစားမှုတွေနဲ့ ရန်လိုမှုတွေကို ကြိုမြင်နေတတ်ပါတယ်။ စံပယ်ပန်းရနံ့ နှင့် ဗယ်နီလာ (vanilla) တို့ ဟာ လိင်နဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုဖြစ်အောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလိုစွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။

သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ။် ရေမွှေး ထုတ်လုပ်တဲ့သူတွေဟာ ရှားပါးတဲ့ တိရိတ္ဆာန်တွေဖြစ်တဲ့ ကြောင်ကတိုး၊ ကတိုးနဲ့ ဦးခေါင်းကနေ ဖယောင်းပါတဲ့ ဆီတစ်မျိုး ထုတ်ယူလို့  ရတဲ့ ဝေလငါးတွေကို ရှာဖွေကြပါတယ။ အဲဒီကနေရတဲ့ အနံ့တွေဟာ လူတွေရဲ့ ရာဂ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်တဲ့။ Exotic and romantic Perfume တွေကို စန္ဒကူး၊ စံပယ် နဲ့ ylang-ylang ခေါ်တဲ့အပင်ငယ်လေးတို့ ကနေဖန်တီးယူထားတာပါ။ အီဂျစ်၊ ဂရိနဲ့  ရောမက လူတွေဟာ နတ်ဘုရားတွေကို ပူဇော်ပသဖို့ တင်မဟုတ်ပဲ ထိုသို့ ဆွဲဆောင်နိုင်ရန်အတွက် ရေမွှေးအမျိုးမျိုးကို ထုတ်လုပ်ကြပါတယ်။ အခုဆိုရင် ကျွန်မတို့ တွေဟာရေမွှေးတွေကို တော်တော်လေးကို နှစ်သက်နေတတ်ကြပါပြီ။ ပြီးတော့လည်း ကျွန်မတို့ တွေဟာ အဲသလို ရေမွှေးဆီတွေနဲ့  ကိုယ်တိုင်တောင် ရေမွှေးတွေ လုပ်လို့ ရပါသတဲ့။

ကဲ စိတ်ဝင်စားရင်တော့ ကတိုးကောင်တွေ ဝေလငါးတွေ စန္ဒကူးတွေရှာပြီး ရေမွှေးလေး ဖော်စပ်ကြပေါ့နော။