Monthly Archives: February 2008

Blah Blah Chat and Blah Blah Thoughts

Standard

ကျွန်မ chat log တွေကို ဖွတာ မဟုတ်ရပါဘူး။ ကျွန်မ သူငယ်ချင်းတွေ နဲ့ စကားပြောတုန်း ၀င်လာတဲ့ အတွေးလေးတွေကို ချရေးချင်တာနဲ့ သူတို့ တွေနဲ့ ဖတ်ရတာ ခပ်သွက်သွက် လေးလဲ ဖြစ်အော် သူတို့တွေနဲ့ ဂျီတော့မှာ စကားပြောထားတာလေး တွေကိုပါ ထည့်ပေးထားပါတယ် ရှင်။

Chat with Ko Htike:

Pink Gold: မအားပါ (custom message)

7:57 PM ko-htike: အားပါသည်။ မအားချင်ယောင် ဆောင်ပါသည်။
36 minutes
8:33 PM me: အောင်မာ တစ်ကယ် မအားတာ
8:34 PM ကျောင်းလျှောက်ပေးနေတာလေ NTU အတွက်
ko-htike: အလကား ရွီးနေပါသည်
me: အောင်မာ ကိုထိုက်ပဲ ရွှီး
ko-htike: အောင်ပါသည်.. ငါက မရွီးဘူး ဖွတာ
me: ရွှီးဖွ
8:35 PM ko-htike: ရွီးတာနဲ့ ဖွတာ မတူဘူး

((သူပြောလည်း ပြောစရ ပါပဲ။ ကျွန်မ တော်တော် ရွှီးတတ်တယ်။ အရင်ကတော့ မဆိုးပါဘူး။ အလုပ်ဝင်ပြီး နောက်ပိုင်း လူတွေနဲ့ များများ ဆက်ဆံလာရတော့ အဆင်ပြေဖို့ အတွက် ရွှီးလုံးလေးတွေ ကိုထည့်ရင်း ရွှီးတတ်သွားတာ။ အဲတော့ ရွှီးတာဟာ ကောင်းလား မကောင်းလား။ ကျွန်မ တစ်ချက် စဉ်းစား မိတယ်။ တစ်ခါ တစ်လေ ကျတော့ အဆင်ပြေဖို့ အတွက် ကိုယ့်အလို ရောက်ဖို့ အတွက် သူများးတွေကို နည်းနည်းလေးတော့ ရွှီးတာလေး တွေ ထည့်ပေးရတယ်။ တစ်ခါ တစ်လေ ကျတော့လည်း အရွှီး များရင် သူ အလကား ပါကွာ ဆိုပြီး နောက်နောင် ပြောတဲ့ စကားတွေက ယုံချင် စရာ မကောင်းတော့ လောက်အောင် ဖြစ်တတ်တယ်။ နေရာ ကြည့်ပြီးတော့ ရွှီးသင့်တာပေါ့နော်။ အရွှီး များလွန်းရင်လည်း မကောင်းဘူးပေါ့။))

Chat with Zaw Myo (Burmapyithar)

Pink Gold: ဘ၀မှာ အနိမ့်အမြင့် ရှိသလို ကော်နက်ရှင်မှာလည်း အတက်အကျ ရှိပါတယ် (custom message)

Zaw: အင်တာနက်အတတ်အကျက
ဗမာပြည်မှာပဲရှိတာပါ
ဘ၀အနိမ့်အမြင့်ကတော့
တစ်ကမ္ဘာလုံးမှာပါဗျာ

me: မရဘူး
ငါပြောတာ လက်ခံလိုက်

(( ဟုတ်ပါရဲ့။ မြန်မာပြည်ရဲ့ ချောက်တီး ချောက်ချက် မဖြစ်စလောက်လေး ပေးထားတဲ့ ကော်နက်ရှင်ကို ကျွန်မတို့ သုံးတတ်တာ ခန္တီပါရမီ နဲ့တော့ အတော်လေးကို ပြည့်စုံပါတယ်။ ကျွန်မတောင် တစ်ခါ ပြောဖူးသေးတယ်။ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန် သုံးရန် အင်တာနက်လို့။ ဒီကြားထဲ ပိတ်ပင် တားဆီးခြင်းများစွာကို Proxy များစွာနဲ့ ကျော်ရတာလည်း ကျွန်မ ညည်းပေါင်း များပြီ ထင်ပါရဲ့နော်။ ဒီကောင် ဇော်မျိုးတောင် စင်ကာပူက ပြန်ရောက်ခါစက Proxy မကျော်တတ်လို့ သင်ပေးလိုက်ရသေးတယ်။ ကောင်းတော့လည်း ကောင်းပါတယ် သူတို့က ပိတ်လေ ကျွန်မတို့ ပညာတိုးလေပေါ့ရှင်။ ဒါနဲ့များ မြန်နှုန်းမြင့် အင်တာနက် ဆိုပြီး အရှက် မရှိ အော်နေသေးတယ်။))

Chatting with Chit Thu ( သူရဲ့ နစ်နိမ်းကိုက ချစ်သူတဲ့နော်။ အထင်မလွဲရဘူးနော်)
myolpn.zaw: ဟေ့ ပင့်ဂိုလ်း မင်းတို့တိုင်းပြည်မှာမီးလောင်လှချီလား
12:40 PM me: ဟုတ်ပါ့ရှင်
myolpn.zaw: နေဖို့နေရာကော ကျန်သေးလား
me: လှည်းတန်းတော့ မလောင်သေးဘူး
သမီး နေလို့ဖြစ်မယ်
သူတော်ကောင်း ရှိတယ်လေ
အဟိ
myolpn.zaw: ဟ ဟာ

(( ခုတစ်လော မီးတွေ တော်တော် များများ လောင်နေတယ်။ ရတနာပုံ ဈေးကြီး လောင်တာ တော်တော် နှမြောစရာ ကောင်းတယ်။ မန်းလေးက လူတွေ တော်တော် သနားစရာ ကောင်းပါတယ်။ ပြီးတော့ လှိုင်သာယာမှာ စက်ရုံတွေကို အားကိုးပြီး ၀မ်းစာရှာစား ရတဲ့သူတွေ မီးလောင်လိုက်တော့ အကုန်ပါသွားတာ အရမ်းဝမ်းနည်း စရာ ကောင်းပါတယ်။ ကျွန်မတို့ တွေတောင် မီးဘေး ဒုက္ခသည်တွေကို ပိုက်ဆံတွေ အ၀တ်တွေ သွားလှူအုံးမှာရှင့်။ MBS အနေနဲ့ပေါ့။ ဘုရားဟော တရားအရတော့ တိုင်းပြည်ပျက်ခါနီးရင် မီးကျီးမိုးတွေ ရွာပါတယ်တဲ့။))

Chat with Pyae Sone:
Pyae: ဟာ.. နင်ကလည်း.. စာေ၇းတာ.. မမိုက်လိုက်တာ.. ဆတ်ဆလူးထခဲ့ကြတယ်တဲ့..
ပြန်ပြင်လိုက်ပါဟာ..
me: အာ ပြင်ပါဘူး။ အဲဒါ မိုက်တယ် လူငယ်ဆန်တယ်။
Pyae: လူတွေက နင့်ဘလောဂ့် လာဖတ်ရင် နင့်ကို အထင်သေးကြမှာပေါ့ဟ
me: မသေးပါဘူး ငါဘာလဲ ဆိုတာ ဘလောဂ့်ဂါ တော်တော် များများ သိပါတယ်
ဘယ်သူမှ အဲလို မသုံးသေးဘူး
ငါသုံးတယ် ဟာ
Pyae: မကောင်းပါဘူးဟာ

ပြီးတော့ မောင်မျိုးကလည်း စီဘောက်မှာ အော်သွားသေးတယ်

မောင်မျိုး: မပင့်…ဘီလိုဘီလို ကန်ဘောင်မှာ ဘာဖြစ်တယ် အခုမှစာကိုဖတ်မိလို့ ဗျ

(( အဲဒါကတော့ ကျွန်မရဲ့ Blogger တို့ရဲ့ Valentine ဆိုတဲ့ ပိုစ့်ရဲ့ ပထမဆုံး စာကြောင်းကို ဖတ်မိပြီး ဂျီတော့မှာ လာပြောကြတာတွေပါ။ တစ်ခါ တစ်လေကျရင် ကျွန်မ စကား အသုံးအနှုန်းကို ဂရု မစိုက်ချင်ဘူး။ လူငယ် ပီပီ လူငယ် ဆန်ဆန်ပဲ သုံးလိုက်ချင်တယ်။ ဖတ်ရတဲ့ သူတွေ ဘယ်လို ထင်မလဲ တော့မသိဘူး။ ခေတ်စကားတွေကို စာအဖြစ်ရေးရတာလည်း မိုက်တယ်လို့တော့ ကျွန်မ ထင်တယ်ရှင့်။ ကျွန်မတို့က လွတ်လပ်စွာ ဘလောဂ့်ရေး နေကြတာလေ။ စာပေစိစစ်ရေး လည်း မလိုတော့ တစ်ခါ တစ်လေမှာ အိနြေ္ဒကြီး တစ်ခွဲသားနဲ့ စာကောင်း ပေးခန့်တွေ ရေးမယ့် အစား အဲလို ပေါ့ပျက်ပျက်လေး ရေးလိုက်တာက စာဖတ်သူ အတွက်ရော စာရေးသူ အတွက်ပါ လွတ်လပ်တဲ့ ခံစားချက် တစ်ခုကို ရနိုင်စေမယ် ထင်ပါတယ်ရှင်))

Chat with Mintasay:

Pink Gold: ချောင်းဆိုးနေတယ် ဖလက်ပြနေပြီ (custom message)

mintasay: say thout lite lay
me: ဟုတ် သောက်တယ် မပျောက်သေးတာ
mintasay: ber say lel?
6:39 PM me: ကွမ်းရွက်ပုံ ခါတိုင်း အဲဒါ သောက်ရင် ပျောက်တယ်
mintasay: hote ler? ma kyer bu bu
me: အွန့် မြန်မာပြည်သား မဟုတ်တဲ့ အတိုင်းပဲ ဗမာ ဆေးပါ
mintasay: hote ler?
me: ထက်က အင်္ဂလိပ်ဆေးတွေ သိပ်မသောက်ဘူး

6:40 PM mintasay: ed lo gyi lel ma lote ne’ lay
ako so ber say hma go ma thout fu der
me: အမ်
ကျန်းမာရေး ကောင်းတယ်ပေါ့
အားကျတယ်..ထက်က မကောင်းဘူး
mintasay: really?
take care lote pay me’ lu ma shi bu htin del
:)
6:42 PM me: ဘာပြောတာလဲ သြော်
မေးမယ့်လူ မရှိဘူး ထင်တယ်
6:43 PM mintasay: ber pyan pyaw der lel
me: မပြောဘူး
အကို့စာကို မနည်းလိုက်ဖတ်ရတယ်.. မဖတ်တတ်ဘူး
ဟီး
mintasay: haha

(( အဲဒီတုန်းက ကိုမင်းတစေ ဗမာဖောင့် မရှိတာလား ဘာလားတော့ မသိဘူး။ Barglish လိုရိုက်တယ်။ ကျွန်မကလည်း ဘားဂလှစ်ခ်ျကို တစ်စက်မှ မဖတ်တတ်ဘူး။ ချက်တင် လုပ်တဲ့ သူတွေကိုလည်း အဲလိုမျိုးတွေ မရိုက်စေချင်ဘူး။ အင်္ဂလိပ်စာ စွမ်းရည်ကိုသာ မက မြန်မာစာ စွမ်းရည်ကိုပါ ကျဆင်းစေတယ်လို့ ကျွန်မထင်တယ်။ တစ်ချို့တွေက အဲလိုပြောရင် ကြီးကျယ်တယ် ထင်ကြတယ်။ နင်က ဘာလဲပေါ့။ ကိုယ့်ကို စိတ်ဆိုးပြီး block လုပ်သွားတဲ့ သူတွေကို တောင်ကြုံဖူးတယ်။ ခုတော့လည်း ဂျီတော့မှာ အဲလိုပြောကြတာက chat language တစ်ခုလို ဖြစ်လာပြီ။ ကျွန်မ ခုတော့ မရိုက်တတ်ရင်တောင် ဖတ်တတ်အောင် ကြိုးစားနေပါတယ်ရှင်))

Chat with Kaung Kin Ko:

me: u know, I think this pc has keyboard error
kaungkinko: ဘာလို့ တုန်း
me: I can’t type MM font but I can see
4:40 PM kaungkinko: သြော
me: so I chat with u in English
kaungkinko: အင်းပေါ့
4:41 PM me: but I’m not Bo Yuu naw :P
4:42 PM kaungkinko: အင်းပါ။ သိပါတယ် ဖရုံယို
me: nope Pea Yo , Pea Sein
4:43 PM kaungkinko: သြော ဟားဟား

(( ကျွန်မက ဘိုရူးလို့ အပြောခံရမှာလည်း ကြောက်သေးတယ်ရှင့်။ မြန်မာဖောင့် ရိုက်လို့ မရတဲ့ စက်တွေမှာ ထိုင်မိလို့ ဘိုလိုများ ချက်မိရင် အဲလိုလည်း ပြန်ဖြေရှင်းရသေးတယ်။ တစ်ကယ်တော့ ဂျီတော့မှာ ဗမာလို မရိုက်ချင်ရင် ဘိုလိုရိုက်တာ ကောင်းမယ် ထင်တယ်နော်။ အင်္ဂလိပ်စာ တက်လာတာပေါ့။ ရှင်တို့ရော ဘယ်လို ထင်ကြသလဲဟင်။ Barglish ရိုက်တဲ့ သူတွေကို ကျွန်မ မကောင်း ပြောတာ မဟုတ် သလို အထင်သေးတာလည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ အမြင်လေးကို တင်ပြတာပါရှင်))

Chat with Ko Thikner (MM Thinker)

me: ကိုသာခင် မင်္ဂလာပါ
mmthinker: အင်း နာမည်တော့ ဖျက်ပြီ
4:10 PM ဟုတ်ကဲ့ ဒေါ်ပင့်ကူရေ
me: လှပါတယ်
4:11 PM သင်ကာ = သာခင် မိုက်တယ်
mmthinker: ကိုသာခင် မီးသတ်သမား..ပေါ့
4:12 PM me: ဟားဟား
4:13 PM ကိုသာခင် မီးသတ်သမား ပိုက်ဆံမပေးရင် သူမသွား
အဟိ
mmthinker: ဟုတ်ပ

(( မီးတွေ လောင်တယ် လောင်တယ်။ တောမှာလည်း မဟုတ်ဘူး။ မြို့ကြီး ပြကြီးမှာ မီးသတ် သမားတွေ ဘာလုပ်နေကြလဲ။ သီး လေး သီး မှာ လူပျက်တွေ ပျက်လုံးထုတ်သလိုပဲ တစ်ပေါက်က ပိုက်ဆံထည့်ရင် နောက်တစ်ပေါက်က ရေထွက်တယ်တဲ့။ ကိုသင်ကာကို စနေတုန်း အတွေးလေး ၀င်လာတာပါ။ ခုတော့ မီးသတ်သမားတွေရယ် ပြည်သူတွေနဲ့ သံဃာတွေကို သတ်ဖို့ လေ့ကျင့်နေရလို့ မီးလောင်တဲ့ နေရာကို အချိန်မီ မသွားနိုင်လာ လားကွယ်လို့တောင် မေးမိချင်သေးရဲ့။ ပင့်ဂိုလ်းတဲ့နော် ဒဲ့ဒိုး ပြောတယ်))

ကျွန်မ တင်တဲ့ chat log မှာ အမှား မပါပါဘူးနော်။ ပါရင် ချက်ချင်း complain လုပ်နိုင်ပါတယ်ရှင်။ ပြင်ပေးပါမယ်။

Golden rules for reducing stress

Standard

ကျွန်မလည်း ဘလော၈့်စရေးတုန်းက ကိုယ်စခဲ့တဲ့ လိုင်းဖြစ်တဲ့ beauty and health နဲ့ ပတ်သက်တာလေးတွေကို တောင် မတင်တာ အတော်လေးကို ကြာနေပြီရှင့်။ အဲဒီတော့ ဒီတစ်ခေါက်မှာ ကျွန်မတို့တွေ စိတ်ဖိစီး မှုတွေ ခံစားလာရရင် ဘယ်လို ဖြေဖျောက် ကြမလဲ ဆိုတာလေးကို ရှာဖွေ တင်ပြပေးလိုက်ပါတယ်ရှင်။ နားလည် မှုများ လွဲမှာ စိုးလို့ ဘာသာ မပြန်တော့ဘူး နော်

.Get your priorities right-sort out what really matters in your life

.Think ahead and try to anticipate how to get round difficulties

.Share your worries with family or friends whenever possible

.Try to develop a social network or circle of friends

.Exercise regularly

.Lead a regular lifestyle

.Give yourself treats and rewards for positive actions, attitudes and thoughts

.Get to know yourself better improve your defenses and strengthen your weak points

.Think realistically about problems and decide to take some appropriate action, if necessary, distract yourself in a pleasant way-don’t bottle things up or sit all night brooding

.Try to keep things in proportion

.Don’t be too hard on yourself

.Seek medical help if you are worried about your health

.There are always people who are willing and able to help, whatever the problem- don’t be unwilling to benefit from their experience

.Relax and take short rest throughout the day, every day

.Make small, regular changes to your lifestyle

.Learn to delegate

.Make space for leisure time

.Have proper breaks for meals

.Make time for yourself everyday and every week

.Listen carefully to those around you

.Enjoy yourself, and your family and friends

Blogger တို့ရဲ့ Valentine

Standard

မင်းယွန်းသစ်ရဲ့ blog မှာလည်း ကြည့်ပြီးသူတွေ ကြည့်ပြီးကြရောပေါ့.. ဒါပေမယ့် valentine day တုန်းက ကန်ဘောက်မှာ ဆတ်ဆလူး ထခဲ့ကြပုံတွေကို ဒီမှာလည်း တင်ချင်တာနဲ့ ပြန်တင်ပါရစေရှင်

ထက်ထက် ရွှေပဲစိန်
valentine-3

အုပ်စု တောင့်တယ်နော်

valentine-4

valentine-5

ဂျပန်စစ်သားဟေ့ ဂျပန်စစ်သားတွေ

valentine-6

Ko Kha and Nanda

ko kha

nanda

Blogger ရယ် ဆည်းဆာရယ်

vaentine-7

seesar

တိုလီ
တို့များ မနိုင်ဘူး တစ်ကယ်

toli

Photobucket

အပေး အကမ်း

Standard

အိပ်မက်လိုပဲေ၀၀ါးနေတယ်
ဟုတ်တယ်….
ငါဟာ မင်းရဲ့ အစေအပါးပါ….

ရှည်းလျားလွန်းတဲ့ စက္ကန့်တိုင်းမှာ
မင်းဟာ သက်တန့်လှိုင်းလို တစ်ရစ်ရစ်နဲ့
ချစ်တတ်လာအောင် လုပ်နိုင်ခဲ့တယ်….

ဟော.. ကြည့်.. တိမ်တွေ ငိုနေပြီ
လိမ်မပြောစတမ်း ဆိုရင်တော့
ငါ.. တစ်ကယ်လွမ်းတာပါ…

တစ်ယု တစ်ယနဲ့ စိမ်းထားတဲ့ အချစ်
ဆူးနစ်တော့ အသဲနာတယ်….

မပြုစုပဲ ပစ်ထားတဲ့ ပန်း
မနွမ်းတာလည်း ၀မ်းသာတယ်…

မကြင်နာသူကို နောက်ဆုံး
မမုန်းနိုင်တော့ ငါ ရှုံးလာတယ်

ယူသလောက် ပေးနေပေမယ့်
ရေငွေ့ငတ်တဲ့ တိမ်အချို့
အတင်းအကျပ် ငိုတာလည်း
ငါလိုချင်တဲ့ မိုးစက်မှ
မဟုတ်ခဲ့တာ……..

ယုတ္တိ

Blogger… ဘာလဲ..? ဘယ်လဲ… ?

Standard

ငါက ဘလောဂ့်ရေးတယ်လေ… ဒါ ငါ့လိပ်စာ အားရင် ၀င်ဖတ်ပေါ့ဟာ

အမ်.. ဒါဆိုနင်က Blogger ပေါ့

အေးပေါ့ဟဲ့.. ဘလောဂ့်ရေးပါတယ်ဆို ဘလောဂ့်ဂါ မဟုတ်တော့ ဘာတုန်း

အမလေးတော်ပြီ.. နင်နဲ့ ဝေးဝေး နေမှပဲ.. ငါ ဘလောဂ့်ဂါတွေကို နည်းနည်းတော့ လန့်တယ်…..

ကျွန်မ သူငယ်ချင်းတွေကို ဘလောဂ့်ရေးတယ်လို့ ပြောတိုင်း၊ ကျွန်မရဲ့ ဘာလောဂ့်လေးကို လာဖတ်ဖို့ ခေါ်တိုင်း အဲလို စကားလေးတွေကို အတည်မဟုတ်တောင် နောက်ပြောင်ပြီးတော့ ပြောတာ ကျွန်မကြားရပါတယ်။ ဘုရားရေ.. ဘလောဂ့်ဂါဆိုတိုင်း ဘာလို့ သူတို့တွေ ကြောက်နေကြတာတုန်း။ ငါတို့တွေ မဟုတ်တာများ လုပ်နေတာလား။ အို… ပေါက်ကရ.. သူတို့တွေ အတွေးခေါင်တာပါ။ ဘလောဂ့် အမျိုးမျိုးရှိတယ်.. ဘလောဂ့်ဂါ အမျိုးမျိုးရှိတယ် ဆိုတာ ဘလောဂ့်ဖတ်တဲ့ သူတွေ ဘလောဂ့်ဂါတွေက လွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။

ဟိုတစ်နေ့က စန္ဒကူး ဆိုတဲ့ အမကြီး တစ်ယောက်က template ပြင်ပေးပါလို့ အကူအညီ တောင်းလာလို့ ပြင်ပေးလိုက်တယ်။ ဆိုးလိုက်တဲ့ ကိုရွှေ ကော်နက်ရှင်က မကောင်းတော့ အရောင်လေး ပြောင်းတာကို မိုးလင်းကနေ မိုးချုပ်ထိ ကြိုးစား လိုက်ရတယ်။ ဒီကြားထဲ Proxy က ခံရသေးတော့ ကြာတဲ့ကြားက ပိုကြာ သွားတာပေါ့။ ဟွန်း.. ဒီကောင်တွေ အပျင်းထူကြပုံများ.. Blog တွေကို By Name နဲ့ ဘန်းလို့ ရရက်သားနဲ့ ရှာရမှာ ပျင်းလို့ထင်ပါရဲ့ ပုဂံက ကိုအက်ဒမင် များက Blogger တစ်ခုလုံးကို ဘန်းချ လိုက်တာ အေးရော။ ဒီနေရာမှာ MPT ကိုတော့ နည်းနည်း ကျေးဇူး တင်ချင်သား။ သူကတော့ နိုင်ငံရေး ဘလောဂ့်တွေကိုပဲ ရွေးဘန်းပြီး Blogger ကိုတော့ ချန်ထားသေးတာ့ သူနဲ့ ချိတ်ထားတဲ့ အင်တာနက် လိုင်းတွေကတော့ ဘလောဂ့်ရေးသူတွေ အတွက် အဆင်ပြေသပေါ့ရှင်။ ဒါပေမယ့် သိတယ်မလား MPT ရဲ့ ကော်နက်က စုတ်တော့ လူတော်တော် များများက အင်တာနက်ကို Bagan နဲ့ပဲ ချိတ်ကြတယ်လေ။ အဲတော့ ကျော်ပေအုံးတော့ Proxy. ဒါပေမယ့် တော်သေးတာပေါ့ ရှင်။ သူတို့တွေ ဘလောဂ့်ဂါ ကို illegally ဘန်းထားလို့လေ။ ထိုင်းမှာ Youtube ဘန်းတုန်းကလို တရားဝင် များ ဘန်းထည့် လိုက်လို့ကတော့ Blogger ကို Proxy သုံးပြီး ကျော်ရင် ပုဒ်ထီး ဘယ်လောက် ပုဒ်မ ဘယ်လောက် ဆိုပြီး Cyber Law တွေများ ထွက်လာမလား မသိဘူး။ ခုတော့ ပိတ်တဲ့ သူကလည်း တရားမ၀င်ပိတ်၊ ကျော်တဲ့သူကလည်း တရားမ၀င်ကျော်နဲ့.. ဘန်းသူ ကျော်သူ အသွင်ကို တူလို့.. (အဟတ်).. မဟုတ်လို့ကတော့ မြန်မာနိုင်ငံတွင်းက ဘလောဂ့်ဂါတွေ တန်းစီပြီး အထဲရောက်မှာ ပျော်စရာတောင် ကောင်းနေမလား မသိ။

အို.. ပေရှည်နေလိုက်တာ ပြောချင်တာတောင် ဘယ်နားရောက်သွားမှန်း မသိ။ ကျွန်မ ဘာကိုရေးမှာပါလိမ့်။ သြော် Blogger ဘာလဲ.. ဘယ်လဲ။ စိတ်ချ အင်းစိန်ကိုတော့ မသွားပါဘူးရှင့်။ ဟုတ်ကဲ့ ကျွန်မ ဒီအကြောင်းကို ရေးတာ တော်တော်တော့ နောက်ကျနေပြီ ထင်ပါရဲ့။ ဒါပေမယ့် ပြောရမှာပါပဲ။ ဘလောဂ့်ဆိုတာ လူတွေက ဖန်တီးတာပါ။ လူတွေထဲမှာ နိုင်ငံရေး သမား၊ စီးပွားရေး သမား၊ ပညာရေး သမား၊ နည်းပညာ သမား စသည် စသည်ဖြင့် အမျိုးမျိုး ရှိကြတာ အားလုံးလည်း သိကြပါတယ်။ ဒီလို လူမျိုးစုံက ဖန်တီထားတဲ့ ဘလောဂ့် မျိုးစုံဟာလည်း လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ အမျိုးအစား ကွဲပြားနေမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် လူတွေက တစ်သားထဲ ထင်နေကြတာလဲ။ သာမန် လူတွေတောင် မဟုတ်ဘူး၊ သာမန် မဟုတ်တဲ့ လူတွေကတောင် ဘလောဂ့်ဂါ ဆိုတိုင်း တစ်မျိုးတည်း တစ်သားတည်း ထင်နေကြတယ်။ အဲတော့ ဘလောဂ့်ဂါတွေကို အမြင်တစ်မျိုးနဲ့ ကြည့်ကြတယ်။ ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်ကြတာ မဟုတ်ပါဘူး။ ရှင်တို့တွေ သိနေကြပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ကျွန်မကတော့ နိုင်ငံရေး ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်နေတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ မထင်မိပေါင်ရှင်။ အာပလာတွေ လို့တောင် မြင်မိသေးရဲ့ (ပင့်ဂိုလ်း အဆော်တော့ ခံချင်နေပြီ ထင်တယ်.. အဟိ).. တစ်ရုပ် ကားတွေ ထဲမှာလို မပြောခဲ့ ဘူးလို့ သဘောထားလိုက်နော်။ ရတယ် မလား။ ပုဂံက အက်ဒမင်များ ဘန်းချင်သလား။ နိုင်ငံရေး ဘလောဂ့်တွေကို အထဲက လူတွေကို သွားမဖတ်စေ ချင်ဘူးလား။ ဘန်းလိုက်စမ်းပါ။ အဲလို နိုင်ငံရေးတွေ ရေးနေ တင်နေတဲ့ ဘလောဂ့်တွေ ရွေးပြီး ဘန်းစမ်းပါ။ စိတ်ချ လုံးဝ သွားမဖတ်ဘူး။ Subscribe လုပ်ပြီး Reader ကနေပဲ ယူဖတ်မှာ.. (အဟိ).. အဲလိုပြောလို့ Google ပါ ဘန်းချ လိုက်တော့မှ ဟုတ်ပေ့ ဖြစ်နေမယ်။

အဲတော့ ကျွန်မတို့ ပြည်တွင်းက ဘလောဂ့်ဂါတွေ ဘာလုပ်ကြမှာလဲ။ ဘယ်ကို ဦးတည်ပြီး ရပ်တည်နေကြတာလဲ။ ကျွန်မ တစ်ချက်လောက် ပြောပြချင်ပါတယ်။ ကိုဘလာဂေါက်ရေးထားတဲ့ ဘလောက်ဂါ ဘာလဲ၊ ဘယ်လဲ ဆိုတာကို ကျွန်မ ကိုးကား တင်ပြပါ့မယ်။ ကျွန်မလား ရေးမှာ။ ဒီလောက် စာရိုက်ရမှာ အပျူထင်းတာ။ မရေးပါဘူး။ သူများ ရေးပြီးသားကိုပဲ ကော်ပီ လုပ်မှာပေါ့.. အဟ။ တစ်ကယ်တော့ ကျွန်မတို့နဲ့ ကိုဂေါက်တို့ MBS အတွက် လုပ်နေတဲ့ သူတွေ အချင်းချင်း ရည်ရွယ်ချက် တူတာကြောင့် သူရဲ့ ပိုစ့်လေးကို ကျွန်မ ဖော်ပြလိုက်တာပါရှင်။

***ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်) ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့ ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။

ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့ – – –

Let’s Say ..the thAnks, the respects…let’s show by voice !

Standard

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။

သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။ ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။

ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။ တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ
သူထုတ်ပြခဲ့တယ်။

Image Hosted by ImageShack.us

အင်္ဂလိပ်အခေါ် =Epiphyllum
တရုတ်အခေါ် = 昙花
မြန်မာအခေါ် =……
ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊ မှုလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကို ပူပြင်းခြောက်သွေ့သော သဲကန္တာရနေရာများတွင် ပေါက်ရောက်၊ ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန်ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊ ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်၊ ညအချိန်မှ ပွင့်တတ်တဲ့အတွက် “လရောင်အောက်က မိန်းမလှ” ဟု တင်စား ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်း။

ကိုးကား(1) http://en.wikipedia.org/wiki/Epiphyllum
ကိုးကား(2) http://zh.wikipedia.org/wiki/%E6%98%99%E8%8A%B1

ကျွန်မ မေလ်းထဲ ရောက်လာတာကို ပြန်ပြီး sharing လုပ်ပေးလိုက်တာပါ