**** 7 ****
တနင်္လာနေ့တိုင်းသည် ကျွန်မတို့ရုံးရှိလူတော်တော်များများအတွက် အလုပ်များနေကျဖြစ်သော နေ့တစ်နေ့ဖြစ်သည်။ တယ်လီဖုန်းလိုင်းများ အလုပ်အရှုပ်ဆုံးနေ့တစ်နေ့ဖြစ်သလို အရင်တစ်ပတ်မှ အလုပ်များကို ပြန်ဆွဲခေါ်ကာလုပ်ရသောကြောင့် စိတ်ရော ၊ အလုပ်ရော ရှုပ်တတ်ကြရပါသည်။ ကျွန်မနှင့် ကိုနေသန့်လည်း တနင်္လာနေ့တိုင်းတွင် တစ်ပတ်စာကြိုတင်လုပ်ရမည့်အလုပ်များ၊ အင်္ဂါနေ့တွင်ထွက်သည့် ကျွန်မတို့ ဂျာနယ်အတွက် သတင်းစာကြော်ငြာ ကိစ္စများ၊ ကြော်ငြာစရိတ်များကို စုစည်းတင်ပြရခြင်းကိစ္စများအပြင်၊ ကြားထဲတွင် မထင်မှတ်ပဲ ပေါ်လာတတ်သော ကိစ္စများနှင့် ဗျာများရလေ့ရှိသည်။ ယခုတနင်္လာနေ့ကလည်း ခါတိုင်းလိုအလုပ်များသည့် အပြင် အလုပ်ကိစ္စအသစ်တစ်ခုကိုပါ လုပ်လိုက်ရသောကြောင့် ကျွန်မ ရုံးဆင်းချိန်ရောက်သည်ထိ အလုပ်များမပြီးပြတ်နိုင်သေးပါ။ ကွန်ပျူတာရှေ့တွင် တစ်ကုပ်ကုပ်နှင့် အလုပ်များဆဲဖြစ်သည်။ ကိုနေသန့်ကတော့ အမြဲနောက်ကျမှ ပြန်တတ်သောကြောင့် ရုံးဆင်းချိန် နောက်ကျခြင်းသည် အထူးပြောစရာ ကိစ္စတစ်ခု မဟုတ်ပါ။ အခုလည်း မန္တလေးမှ ပြန်ရောက်ကာစ ဖြစ်သောကြောင့် ပိုအလုပ်များနေသည်ထင်သည်။ သူလည်းအလုပ်များ၊ ကျွန်မလည်း အလုပ်များဖြင့် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောပဲ တိတ်ဆိတ်နေလိုက်ကြသည်မှာ အခန်းထဲရှိ ဖုန်းထမြည်တော့မှသာ ပြန်လည်အသက်ဝင်လာခဲ့သည်။ ရုံးဆင်းချိန်အတော်လွန်မှ ဘယ်သူကများ ဖုန်းဆက်ပါလိမ့်ဆိုသော အတွေးစဖြင့် ကျွန်မ ဖုန်းကောက်ကိုင်လိုက်သည်။
“ဟုတ်ကဲ့ အမိန့်ရှိပါရှင်”
“ကိုနေ့သန့်.. သြော် ဟုတ် ခဏကိုင်ထားပါရှင်”
“ကိုနေ့သန့်.. အကို့ဖုန်းပါ”
သူ့ကို ဖုန်းပေးပြီး နာရီကြည့်လိုက်မိသည်။ ညနေ ခုနစ်နာရီထိုးလုနီးပြီ။ အတော်လေးနောက်ကျနေပြီ ဖြစ်သဖြင့် ကွန်ပျူတာ ပိတ်ကာ ပြန်ရင်ပြင်ဆင်လိုက်သည်။ ဖိုင်လ်တွေကို နေရာတကျပြန်စီ၊ ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော မီးခလုတ်များကိုပိတ်လိုက်သည်။ ထိုစဉ်ကိုနေသန့်က ခဏနေအုံးဆိုသော အမူအရာဖြင့် လက်ကာပြသည်။ ကျွန်မ သူ ဖုန်းပြောပြီးသည်ထိ စောင့်နေလိုက်သည်။
“သြော် ဆန်းဒေးလား.. ကျွန်တော်အားတယ်လေ.. အိုကေ လာခဲ့လိုက်မယ်.”
“ဧည့်သည်တစ်ယောက်ခေါ်လာမယ် ဖြစ်လားဗျ”
“အိုကေ.. ဆန်းဒေးဆုံမယ်လေ.. see u then”
ဖုန်းပြောပြီးသွားပြီးနောက် သူ့စားပွဲကိုသွားပြီး စက်တွေပိတ်ရင်း ကျွန်မကို စကားလှမ်းပြောသည်။
“မင်း.. ဘာနဲ့ပြန်မှာလဲ.”
“ကျွန်မ ဘတ်စ်ကားပဲ စီးမယ်လေ..ခုနစ်နာရီဆိုတော့ ကားတွေရှိပါသေးတယ် အကို”
“လှည်းတန်းမှာ နေတာမဟုတ်လား.. ကိုယ်နဲ့လိုက်ခဲ့လိုက်လေ..ကိုယ်လည်း စံရိပ်ငြိမ်က ဦးလေးတစ်ယောက်ဆီ သွားစရာရှိတယ်.. လမ်းကြုံနေတာပဲ”
“ရပါတယ်အကို.. အားနာစရာကြီး.. ကျွန်မ ကိုယ့်ဘာသာကိုယ်ပဲ ပြန်လိုက်ပါမယ်”
“ကဲပါ.. စကားများမနေပါနဲ့.. လိုက်ခဲ့စမ်းပါ.. လှည်းတန်းမှာ ဆင်းနေခဲ့လိုက်လေ.. ဟုတ်ပြီလား.. ပြောစရာလည်း ရှိလို့”
ထိုနေ့က ကျွန်မ သူ့ကားဖြင့် လမ်းကြုံလိုက်လာခဲ့သည်။ ကားပေါ်တွင် ဘာစကားမှ မပြောပဲ ခဏနေတော့ သူ သီချင်းခွေတစ်ခုဖွင့်သည်။ ခုတလောခေတ်စားနေသည့် ဇော်ပိုင်၏ လမ်းဆုံ သီချင်းက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ ကိုယ်အကြိုက်ဆုံး သီချင်းတွေချည်းဖြစ်သည်က တစ်ကြောင်း၊ အလုပ်များ၍ ပင်ပန်းသည်က တစ်ကြောင်းကြောင့် ထိုင်ခုံတွင် မျက်လုံးလေးမှိတ်ရင်း အသာမှိန်းကာ လိုက်ပါလာခဲ့သည်။ မြေနီုကုန်း မီးပွိုင်ကိုရောက်တော့ ပွိုင့်နီနေသဖြင့် ကားခဏရပ်တော့မှ သူ ပြောစရာရှိသည်ဆိုသည်ကို သတိရကာ ကျွန်မသူ့ကို စကားစမေးလိုက်သည်။ “ဗိုက်ဆာနေတယ်.. တစ်ခုခုစားရင်း ပြောရအောင်” ဟုဆိုကာ ကားကို လှည်းတန်းထိဆက်မောင်းလာခဲ့သည်။ လှည်းတန်းရောက်တော့ ၀ိုင်ကေကေအိုတွင်နားတွင် ကားရပ်လိုက်ကာ ကျွန်မကို အဲ့သည်မှာပင် ညနေစာကျွေးသည်။
“ကြေးအိုးကြိုက်တယ်မလား ထက်မှူးရှိန်”
“ဟုတ်.. ကျွန်မ အကြိုက်ဆုံး အစားအစာပါပဲ”
“အိုကေ.. ဒါဆို ၀က်ကြေးအိုး နှစ်ပွဲမှာလိုက်မယ်နော်.. ဘာသောက်အုံးမလဲ”
“ရေပဲသောက်မယ်အကို.. အားနာစရာတော့ ကောင်းနေပြီ.. လိုက်လည်းပို့ရသေးတယ်.. ညစာလည်း ကျွေးသေးတယ်.. ဒီလို စီနီယာမျိုးနဲ့ အလုပ်လုပ်ရတာ ကျွန်မတော့ အတော်ကံကောင်းတာပဲ”
“အဟား… ကိုယ့်ဂျူနီယာကို ကျွေးမွေးပြုစုရတာ ကုသိုလ်ရပါတယ်ဗျာ”
“အကို ပြောစရာရှိတယ်ဆို ပြောလေ” Read the rest of this entry

ကျောက်မျက်ရတနာတွေ ၀တ်ဆင်မှုဟာ လူကြိုက်များတဲ့ ဖက်ရှင်ရေစီးကြောင်း တစ်ခုဖြစ်ပါတယ်။ အရင်ကတည်းက နှစ်သစ်စွာ ၀တ်ဆင်ခဲ့ကြသလို နောက်နောင်မှာလည်း ဒီရေစီးကြောင်းဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရတနာတွေကို နှစ်သက်တတ်ကြပြီး နှစ်သက်စွာ ၀တ်ဆင်လိုတတ်ကြတဲ့ အတွက်ပဲ ဖြစ်ပါတယ်ရှင်။