Monthly Archives: February 2010

London Trip to attend One Young World Summit (Arriving Hotel)

Standard

ဟီသရိုးနဲ့ London City Airport ဟာ လန်ဒန်ရဲ့ အစနဲ့ အဆုံးပါပဲ။ ကျွန်မတို့တွေ အကုန်လုံးကို လန်ဒန်မှာ ရှိတဲ့ Travelodge Hotel တွေမှာ ထားတာပါ။ Travelodge – London City Road, Travelodge – Docklands, Travelodge – London City Airport စတဲ့ နေရာသုံးခုမှာ ခွဲထားပါတယ်။ ကျွန်မနေရမယ့် ဟိုတယ်က London City Airport မှာရှိတဲ့ ဟိုတယ်မှာပါ။ ဟီးသရိုးကနေ အဲ့နေရာကို တစ်နာရီလောက် ထပ်မောင်းရပါသေးတယ်။ လာကြိုတဲ့အမကြီးကလည်း လမ်းသေချာမသိပါဘူး။ ဒါနဲ့သူ Satellite ဖွင့်ပြီး မောင်းပါတယ်။ နည်းပညာတွေ တိုးတက်တာကို ကျွန်မအဲ့မှာ စမြင်ရတာပါပဲ။ ကျွန်မ မြန်မာပြည်မှာနေတုန်းက တိုးတက်နဲ့ နည်းပညာဆိုတာ ကြားဖူးတာပဲ ရှိတာပါ။ မြင်ဖူးတာဆိုလို့ Laptop, Mobile phone အသစ်တွေရယ်၊ ဖွတ်ချက် ဖွတ်ချက် အင်တာနက်ရယ်ပဲ ရှိပါတယ်။ ကားမှာပါတဲ့ ဘာနဲ့ချိတ်ဆက်ထားတာလဲတော့ မသိပါဘူးလို့ ထင်ပေမယ့် တစ်ကယ်က ဖုန်းနဲ့ချိတ်တာပါ။ Satellite က အမျိုးသမီးအသံက ပြောတဲ့အတိုင်း မောင်းသွားလိုက်တာပါပဲ။ ကိုက် ၁၀၀ လောက်မောင်းပြီးရင် ဘယ်ကိုကွေ့လိုက်ပါ.. ရှေ့တည့်တည့်ဆက်မောင်းသွားပါ.. နောက်ထပ် ကိုက်ဘယ်လောက်ရောက်ရင်တော့ ညာကို ကွေ့လိုက်ပါ အဲ့လိုမျိုးပေါ့။ လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။ မြန်မာတွေကတော့ ”တုံတုံ” လို့ခေါ်ကြလေရဲ့.. ”တုံတုံ” ဖွင့်ပြီးသွားရင် ဘယ်နေရာမဆို ရောက်ပါတယ်။

Travelodge ကိုရောက်တော့ မနက် ကိုးနာရီ နည်းနည်းကျော်ပါပြီ။ ဟိုတယ်က သိပ်ပြီးတော့ မခမ်းနားပါဘူး။ မန္တလေးမှာ ကျွန်မတည်းဖူးတဲ့ ဟိုတယ်တွေလောက်တောင် မခမ်းနားပါဘူး.. ဒီအတိုင်း ခပ်ရိုးရိုးလေးပါပဲ။ လိုက်ပို့တဲ့ အမျိုးသမီးလည်း ကျွန်မကို ထားသွားပြီး နောက်လူတွေကို ကြိုဖို့ ဆက်သွားပါတယ်။ ကျွန်မလည်း Reception ကိုသွားပြီးတော့ ”ကျွန်မနာမည်က တင်မြတ်ထက်ပါ.. One Young World Summit တက်ဖို့လာပါတယ်.. ဒီဟိုတယ်မှာ နေရမယ်လို့ပြောပါတယ်.. ကျေးဇူးပြုပြီး Booking လေး Check လုပ်ပေးနိုင်မလား” လို့ မေးလိုက်ပါတယ်။ အဲ့တော့ စာအိတ်တွေ တစ်ထပ်ကြီး ထုတ်လာပါတယ်။ ကျွန်မနာမည်ရေးထားတဲ့ စာအိတ်ကိုပေးပြီး ”အခု Check in ၀င်မယ်ဆိုရင် ၁၀ ပေါင်အပိုပေးရမယ်တဲ့.. ပုံမှန်အချိန်ကတော့ ညနေ (၃) နာရီမှ” လို့ပြောပါတယ်။ ကျွန်မ စိတ်ညစ်သွားတော့တာပါပဲ။ ကျွန်မမှာ ပေါင်ဆိုလို့ ကိုယ်ခန္ဒာက ပေါင်နှစ်ချောင်းကလွဲရင် ဘာမှ မပါပါဘူး။ လေဆိပ်မှာလည်း ကိုယ့်အပူနဲ့ကိုယ် လဲဖို့ သတိမရခဲ့ပါဘူး။ ဒါနဲ့ ကျွန်မလည်း ”Can I pay the dollars?” လို့မေးတော့ မရဘူးတဲ့.. ပေါင်မှ ပေါင်ပဲတဲ့။ ဒုက္ခတော့ ရောက်တော့တာပါပဲ။ ဒါနဲ့ ကျွန်မကလည်း ”ဒါဆိုလည်း (၃) နာရီထိစောင့်မယ် ဒီမှာနေလို့ ရမလား” ဆိုတော့ အိုကေ ရတယ်တဲ့။ အင်္ဂလန်က လူတွေဟာ သိပ်ကိုလူမျိုးကြီးဝါဒ ရှိပါတယ်.. သူတို့ ပစ္စည်းမှ သူတို့ပစ္စည်း၊ သူတို့ငွေမှ သူတို့ငွေပါပဲ။

ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာပဲ (၃) နာရီထိုးအောင် ထိုင်စောင့်ရတော့တာပေါ့။ မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး.. ရန်ကုန်က ညနေ ၅း၃၀ ကတည်းက ထွက်လာတာ လန်ဒန်မှာ မနက် ကိုးနာရီဆို ရန်ကုန်မှာ နောက်နေ့ ညနေ (၄) နာရီနီးပါးလောက် ရှိနေပါပြီ။ ကျွန်မ လေယာဉ်မှာလည်း တစ်ရေးမှ အိပ်မလာတဲ့ အတွက် မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး။ ခဏနေတော့ သူတို့က ကျွန်မကို လှမ်းမေးတယ် ” Do you want coffee?” တဲ့.. ကျွန်မကလည်း ၀မ်းသာအားရ ”sure” ပေါ့.. ဒါနဲ့ သူတို့က တစ်ယောက်ကို လှမ်းခေါ်တော့ လူတစ်ယောက် ထွက်လာပါတယ်.. ကျွန်မဆီလာပြီး မေးတယ် ” Are you from Vietnam” တဲ့.. အသံကတော့ အာရှလေသံပါပဲ.. ကျွန်မကလည်း မဟုတ်ဘူး မြန်မာပြည်ကပါလို့ ပြောတော ”သြော် ဘားမား ကလား.. ဒါဆို ကျွန်တော့ကို ဘာလို့တွေ့ချင်တာလဲ” တဲ့.. ကျွန်မကလည်း မဟုတ်ဘူးလေလို့ ပြောပြီး ဒီအတိုင်း ကြောင်တောင်တောင်ပဲ ဖြစ်သွားမိတယ်.. နောက်တော့မှ Reception က အမကြီးက ထရီပြီး ”သြော် ကိုဖီနဲ့ တွေ့ချင်လားမေးတာကို ကော်ဖီလိုချင်လားလို့ ကြားသွားပုံရတယ်တဲ့.. ဗီယက်နမ်က ထင်လို့” တဲ့.. အဲ့တော့မှ အကုန်လုံး ရီကြပါတော့တယ်။ ဒါနဲ့ ဗီယက်နမ်ကောင်လေးကလည်း ကျွန်မကို ကော်ဖီတစ်ခွက် ယူလာပေးပါတယ်။ ကျွန်မလည်း မထူးတော့ဘူးလေ သောက်နေလိုက်တာပေါ့။ အလွဲလေးတွေလည်း ရှိလိုက်ပါသေးတယ်။

ဟိုတယ်မှာ အင်တာနက်ရမလားလို့ Laptop ထုတ်ပြီး စမ်းကြည့်သေးပေမယ့် Wireless က လိုင်းသာရှိတာ သုံးလို့ မရပါဘူး။ မိနစ် (၂၀) ကို တစ်ပေါင်တဲ့။ ဈေးအရမ်းကြီးပါတယ်။ ဒီမှာ သုံးနာရီထိစောင့်နေရမှာကို ကျွန်မ မခံနိုင်တော့ပါဘူး.. အွန်လိုင်းသုံးပြီး သူငယ်ချင်း တစ်ယောက်ကို အမြန်လာဖို့ ခေါ်ချင်နေပါပြီ။ ဟိုတယ်ရောက်မယ့်အချိန်ကို လာခဲ့မယ်လို့ ပြောထားတဲ့ သူတွေကလည်း ရှိတာကို။ ဒါနဲ့ အရဲစွန့်ပြီး မေးလိုက်ပါသေးတယ် ”အင်တာနက် မိနစ် ၂၀ လောက်သုံးချင်လို့ပါ.. ဒေါ်လာနဲ့ လက်ခံပေးပါလား” ဆိုတော့ မရဘူးတဲ့… စိတ်ညစ်လိုက်တာပါပဲ။ ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာ ထိုင်ရတာ နည်းနည်းအေးလာတာနဲ့ Dining Room ကို ပြောင်းထိုင်ပါတယ်။ အဲ့မှာတော့ နည်းနည်းနွေးပါတယ်။ ဧည့်ခန်းနဲ့လည်း တစ်ဆက်တည်းပါပဲ။ တစ်ခြား delegate တွေ ရောက်တာကိုလည်း မတွေ့ရသေးပါဘူး။ ကျွန်မက အစောဆုံး ရောက်တာပါတဲ့။ ဒါနဲ့ နေ့လည် ၁၂ နာရီလောက်ထိုးတော့ ကျွန်မနားကို ကောင်လေးတစ်ယောက် ရောက်လာပါတယ် “Do you come here for One Young World summit?” တဲ့။ ကျွန်မကလည်း “Yeah” လို့ပြောတော့.. တွေ့ရတာဝမ်းသာပါတယ်.. ငါက မက္ကဆီကိုက Delegate ပါတဲ့။ ကျွန်မကလည်း အို ၀မ်းသာလိုက်တာ ငါက မြန်မာပြည်က လို့ပြန်မိတ်ဆက်ပါတယ်။ ဒီမှာ ဘာလုပ်နေတာလဲ လို့ ဆက်မေးပါတယ်။ ကျွန်မကလည်း ပေါင်မပါလို့ အခန်းရအောင် (၃) နာရီထိ စောင့်နေရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်ပါတယ်။ သူက ပြောပါတယ် သူ့အခန်းထဲမှာ နားနေပါလားတဲ့။ ကျွန်မ မြန်မာ ပီပီ နည်းနည်းတော့ တစ်မျိုးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ နေပါစေ ငါ ဒီမှာပဲ စောင့်ပါမယ်လို့ ပြန်ပြောရပါတယ်။ သူက ရပါတယ် အခန်းထဲမှာ ဆိုတော့ နင်လှဲနေလို့ ရတာပေါ့တဲ့။ သူ့ရုပ်ရည်လေးကလည်း နုညံ့ပါတယ်။ Summit တက်ဖို့လာတဲ့သူဆိုတော့ ဘာပဲပြောပြော သူလည်း ခေသူတော့ဟုတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မရောက်နေတာ အင်္ဂလန်ဆိုတာလည်း နည်းနည်းတော့ ပြန်သတိရလာပါတယ်။ သူကလည်း ရိုးရိုးသားသား ခေါ်နေတာပါပဲ။ ဒါနဲ့ကျွန်မလည်း လိုက်သွားလိုက်ပါတယ်။ သူကပဲ ကျွန်မအထုပ်တွေကို ကူသယ်ပေးပါတယ်။

“Where did you exchange the money?” လို့ မေးတော့ လေဆိပ်ကတဲ့။ အခန်းထဲရောက်တော့ နင် အိပ်ချင်ရင် အိပ်နေလို့ရတယ်နော်တဲ့.. သုံးနာရီကျရင် ငါနှိုးလိုက်မယ်တဲ့။ ကျွန်မကလည်း ရတယ်လို့ ပြောတော့.. ငါတို့ မြေပုံကြည့်ရအောင်တဲ့ ငါတို့နေရာက လန်ဒန်ရဲ့ ဘယ်နားလဲ ဆိုတာ လို့ပြောပြီး နှစ်ယောက်သား မြေပုံထိုင်ကြည့်ကြသေးတယ်.. အရမ်းရှုပ်တော့ နှစ်ယောက်လုံး ရှာမတွေ့ပါဘူး။ ဒါနဲ့ တစ်ယောက်နာမည် တစ်ယောက်မေးပြီး ဘာအကြောင်းအရာကို စိတ်ဝင်စားတယ်. ဘယ်လိုပြင်ဆင်ခဲ့တယ် ဆိုတာကို နှစ်ယောက်သား လေပေါကြတော့တာပါပဲ။ သူ့နာမည်က Gererado တဲ့.. ငါ့နာမည်က တင်မြတ်ထက် လို့ပြောတော့ ခေါ်ရခက်လိုက်တာတဲ့ “Tin” လို့ခေါ်ရမှာလားတဲ့။ မဟုတ်ဘူးလေ ”Htet” လို့ခေါ်လို့ ပြောရသေးတယ်.. ဘယ့်နှယ် တင် လို့တော့ အခေါ်မခံချင်ပါဘူးရှင်။ ကျွန်မကို ဆက်မေးသေးတယ်.. “Is it your first trip to London?” တဲ့.. ကျွန်မကလည်း “My first trip to London and also first trip to abroad” လို့ပြောတော့ အံ့သြနေပါတယ်။ ငါက ခရီးတွေအများကြီး သွားဖူးတယ်တဲ့.. လန်ဒန်ကိုတော့ ခုမှရောက်ဖူးတာတဲ့။ သူက Environment Session မှာ စကားတက်ပြောရမယ် Speaker တဲ့။ ကျွန်မကလည်း ”ကောင်းလိုက်တာ ငါက အရွေးမခံရဘူး” လို့ ပြန်ပြောရတာပေါ့။ နောက်ပြီး ကျွန်မက ပြောလိုက်ပါသေးတယ်.. ငါကလေ အွန်လိုင်းသုံးပြီး ငါ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ချင်တာ.. ဒါပေမယ့် ဒီမှာ ဈေးကြီးလွန်းတယ်.. ပေါင်ကလည်း ပါမလာဘူး လို့ပြောတော့ သူဝယ်လိုက်မယ်ဆိုပြီး Visa Card လား Amex Card နဲ့လား မသိဘူး ၀ယ်လိုက်ပါတယ်။ သူ့စက်ကလည်း Mac Book ဆိုတော့ ကျွန်မ သိပ်မကိုင်တတ်ပါဘူး။ ဒါနဲ့ ကျွန်မ မေလ်းပို့သင့်တဲ့ သူတွေဆီကို အမြန်ပဲ မေလ်းပို့လိုက်ပါတယ်။ မျက်စိကလည်း ဘယ်လိုမှ မရတော့တာနဲ့ ”ငါ အိပ်မယ်နော်” ဆိုပြီး သူ့အခန်းထဲမှာပဲ အိပ်လိုက်တယ်။

နည်းနည်းလောက် ကြာတော့ သူလာနှိုးတယ် ”ထတော့. ၃ နာရီ ၁၀ မိနစ်ရှိပြီတဲ့”.. ကျွန်မလည်း ဟုတ်သားပဲ အခန်းရနေလောက်ပြီ ဆိုပြီး Reception ကို ပြန်ဆင်းလာ.. ကိုယ့်အခန်းကိုယ်တောင်းရပါတယ်။ သူ့ကို ကျေးဇူးနော်လို့ပြောပြီး ကျွန်မအတွက် ရတဲ့ အခန်းနံပါတ် (၁၀) ကိုသွား ရောက်ရောက်ချင်း ရေချိုးပြီး အိပ်ရာထဲ ပစ်လဲလိုက်တော့တာပါပဲ။ အခန်းထဲမှာ ဘာ facilities မှ မရှိပါဘူး။ ဟိုတယ်တိုင်းမှာ ထားပေးတဲ့ Toiletry တွေတောင်း မရှိပါဘူး။ ဖုန်းလည်း မရှိပါဘူး။ အစကတော့ ကျွန်မက ကျွန်မနဲ့ လူကြုံပါးလိုက်တဲ့ ပစ္စည်းတွေကို ဟိုတယ်ကနေ ဖုန်းလှမ်းဆက်ပြီး ယူခိုင်းမယ်.. သူတို့ကို တစ်ခါတည်း ပေါင်ပါလဲလာခိုင်းမယ်ပေါ့လေ.. အခု ဖုန်းမရှိတော့ အခက်တွေ့တော့တာပါပဲ။ ဒါနဲ့ ကျွန်မလည်း မေလ်းပို့ထားခဲ့တာပဲ ရောက်လာပါလိမ့်မယ်လို့ တွေးပြီး အိပ်ဖို့ပဲ လုပ်လိုက်ပါတော့တယ်။ ခဏနေတော့ ကျွန်မ အတော်ကြီးကို အိပ်ပျော်သွားတာ ကျွန်မကို တစ်ယောက်ယောက်က လှုပ်နှိုးနေတယ်ဆိုတာကို ခံစားမိမှပဲ နိုးလာခဲ့ပါတော့တယ်။

Interview with me!

Standard

လောကအလှ အွန်လိုင်းမဂ္ဂဇင်းက OYW summit ကို သွားတက်ခဲ့တာနဲ့ ပတ်သက်လို့ ကျွန်မကို အင်တာဗျုးလေးတစ်ခု လုပ်ခဲ့ပါတယ်။ အတွေ့အကြုံတွေကို ကိုယ့်ဘလောဂ့်မှာ ပြောပြနေတာနေသလို ဒီလို မီဒီယာ တစ်ခုနဲ့ အင်တာဗျုးလုပ်တာကလည်း လူငယ်တွေဆီကို ပိုရောက်နိုင်မယ် ထင်ပါတယ်။

စိတ်ဝင်စားမယ်ဆိုရင် သွားရောက်ဖတ်ကြည့်နိုင်ပါတယ်ရှင်။

ဒီနေရာလေးမှာပါ။

London Trip to Attend One Young World Summit (Leaving Yangon)

Standard

ကျွန်မ ခရီးမသွားခင် တစ်ရက်နှစ်ရက်လောက်အလိုမှာ One Young World က အီးမေလ်းတွေထပ်ပို့တယ်။ လေဆိပ်ရောက်ရင် ဘယ်သူကလာကြိုမယ် ၊ One Young World Logo ကိုင်ထားတဲ့သူတွေကို အလွယ်တကူပဲ ရှာတွေ့လိမ့်မယ်ဆိုတာမျိုးတွေပေါ့။ နောက်တော့ မေးခွန်းကိုးခုထပ်ပို့ပြီး အဲ့ဒီမေးခွန်းတွေကို ဗွီဒီယိုဖိုင်တွေလုပ်ပြီး ဖြေပေးပါတဲ့။ You Tube မှာတင်ပြီး Publicity လုပ်ချင်လို့ပါတဲ့။ မေးခွန်းတွေကတော့ ရိုးရိုးလေးတွေပါပဲ။

1. Why do you want to join One Young World?
2. Explain what you think it means to be an active empowered global citizen in 2010?
3. How will OYW help you make a difference?
4. What world issue keeps you up at night and how can your generation tackle this problem?
5. Do you believe you can be part of positive change in the world – how and why?
6. Millennials are often criticized in the media for self indulgence yet so many of the most drama have come from young people who care enough to make a difference. What do you think will your generation in this new decade?
7. Social media helps facilitate social change. What are you doing to harness this power?
8. If you could dine with one world leader or everyday person who would you meet, and what discuss?
9. What is your personal project to change the world/your world that you’d like to pitch to world this video? In one minute?

အစရှိတဲ့ မေးခွန်းတွေပါ။ တစ်မိနစ်စာဖိုင်တွေကို ကျွန်မ webcam ရှေ့မှာထိုင်ပြီး ရိုးရိုးလေးပဲ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ပုဂံက ဆာဗာပြောင်းလို့ဆိုလား ၊ ဟက်ခံရလို့ဆိုလား အင်တာနက်နှေးတဲ့ ပြသနာက စနေပါပြီ။ ဖိုင်တွေကို ကျွန်မဘယ်လိုမှ ပို့လို့မရပါဘူး။ YouTube မှာ တစ်ခြား Delegate တွေရဲ့ ဖိုင်လ်တွေ တက်နေပြီဆိုတဲ့အကြောင်းကိုတော့ facebook One Young World Group ကနေတစ်ဆင့် သိရပါတယ်။ တစ်ချို့ နိုင်ငံက Delegate တွေကျတော့လည်း ဘာဖိုင်မှ မပို့ဘူး၊ မပို့ချင်ဘူးလို့ Forum ထဲမှာ အချင်းချင်းပြောနေကြပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖိုင်တွေကို ပို့လို့မရသေးတဲ့အကြောင်းကို One Young World ကို အီးမေလ်းပို့ထားပြီး လန်ဒန်ရောက်မှပဲ တင်ပေးလိုက်တော့မယ်လို့ စိတ်ကူးထားလိုက်ပါတယ်။ လန်ဒန်မှာ အင်တာနက်ကော်နက်ရှင်က အရမ်းကိုမြန်တဲ့အတွက် ရောက်ရောက်ချင်းပဲ တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတွေးထားခဲ့တယ်လေ။ ပြီးတော့ ကျွန်မရောက်သွားမှာကလည်း Flight Schedule အရ နှစ်ရက်တောင်ကြိုရောက်နေမှာဆိုတော့ အတော်ပဲပေါ့။ One Young World ကလည်း ဒါဟာ မဖြစ်မနေလုပ်စရာမလိုတဲ့အကြောင်းနဲ့ မပို့ရင်လည်း ဖြစ်တဲ့အကြောင်းကိုတော့ မေလ်းပြန်လာပါသေးတယ်။

ဒီကြားထဲမှာပဲ American Express က တာဝန်ရှိသူတစ်ယောက်က မေလ်းပို့လာပါတယ်။ သူတို့က ဘူတန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဟောင်ကောင်က Delegate ငါးဦးကို စပွန်စာပေးတာဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ နေ့လည်း (၁၁)နာရီမှာ အားလုံးနဲ့ မီတင်လေးတစ်ခု လုပ်ချင်ကြောင်း၊ ဒီပွဲကို တက်ခွင့်ရတဲ့ သူတို့အဖွဲ့အစည်းက Potential Employee ငါးဦးနဲ့လည်း မိတ်ဆက်ပေးလိုပါတယ်ဆိုပြီး အားလုံးကို စာပို့ပါတယ်။ ကျွန်မတို့ကို စပွန်စာပေးရတဲ့ အကြောင်းကလည်း ဒီလူငယ်လေးတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေတာသာ မဟုတ်ပဲ Community ထဲမှာပါ Extracurricular Work အနေနဲ့ ပါဝင်လှုပ်ရှားနေတဲ့သူတွေမို့လို့ ပိုမိုတိုးတက်အောင် မြေတောင်မြှောက်ပေးချင်လို့၊ ပိုမိုတိုးတက်စေချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ အားလုံးကလည်း ကျေးဇူးတင်ကြောင်း စာတွေပြန်ပို့ကြတာပေါ့။ ကျွန်မအပါအ၀င် Sponsored Delegate တွေပို့တဲ့အီးမေလ်းတွေထဲမှာ တူညီတဲ့စာကြောင်းလေးကတော့.. Read the rest of this entry

London Trip to Attend One Young World Summit (Preparation)

Standard

လန်ဒန်ဆိုတာ ကျွန်မ အရမ်းသွားချင်ခဲ့ဖူးတဲ့ ကျွန်မရဲ့ အိပ်မက်ထဲက မြို့တော်ကြီးပါ။ ဒီမြို့ကြီးကို သွားလည်ဖို့ ကျွန်မ အကြိမ်ကြိမ်အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ စိတ်ကူးတွေလည်း ယဉ်ခဲ့ဖူးတယ်။ လန်ဒန်ရောက်နေတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်ရတာကို ဂုဏ်ယူစရာလို့လည်း ထင်ခဲ့ဖူးတယ်။ လန်ဒန်ရဲ့ ထယ်ဝါမှုတွေ၊ လန်ဒန်ရဲ့ ခမ်းနားမှုတွေကို ဓါတ်ပုံတွေကြည့်ပြီး ရူးခဲ့ဖူးတယ်။ ”ဘယ်တော့များမှ ဒီမြို့ကြီးဆီ ရောက်နိုင်ပါ့မလဲ” ဆိုပြီး အားတွေလည်းငယ်ခဲ့ဖူးတယ်။ တစ်သက်မှာ တစ်ခေါက်လောက်တော့ ရောက်အောင်သွားအုံးမယ်ဟဲ့ ဆိုပြီး သန္နိဌာန်လည်း ချခဲ့ဖူးပါရဲ့။

၂၀၀၉ ဒီဇင်ဘာလောက်တုန်းက လန်ဒန်မြို့မှာ One Young World Summit လို့ခေါ်တဲ့ Global Issues တွေနဲ့ ပတ်သက်ပြီး လူငယ်တွေဆွေးနွေးပွဲလေးတစ်ခုကို လုပ်မယ်လို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ စိတ်ဝင်စားရင်လျှောက်ကြည့်ပေါ့တဲ့.. သူက ပထမအဆင့်ကို မဲစနစ်နဲ့ ရွေးတယ်.. အရွေးခံရတော့မှ လျှောက်လွှာတွေ သေချာဖြည့်ခိုင်းတယ်.. သွားဖို့စပွန်စာကို ကိုယ်တိုင်ရှာရမှာတဲ့။ စပွန်စာကြေးကတော့ Euro 3000 တောင်းရမှာတဲ့။ မဲများများရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ့ Profile ကောင်းကောင်းသာရေးတဲ့.. သူငယ်ချင်းတွေကိုလည်း မဲပေးခိုင်းပေါ့တဲ့။ မဲ ၂၀၀ ကျော်ရင်တော့ ပါဖို့သေချာပါပြီတဲ့။ ဒါနဲ့ကျွန်မလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ့်အကြောင်းကို ကောင်းကောင်းလေးရေးပြီး One Young World Delegate အဖြစ်အရွေးခံရဖို့ ရှိသမျှလူတွေကို မဲပေးခိုင်းခဲ့တာ အတော်များများ မှတ်မိအုံးမယ်ထင်ပါတယ်။ ဒါနဲ့ facebook မှာ သူငယ်ချင်းများတဲ့ ကျွန်မ တစ်ပတ်လောက်အတွင်းမှာပဲ မဲ ၂၀၀ ကျော်ပြီး Delegate အဖြစ် အရွေးခံရပါတယ်။ နောက်တော့ သူတို့ရဲ့ Application Form မှာ ကိုယ့်အကြောင်းတွေလည်း ဖြည့်ခိုင်း၊ essay တွေလည်းရေးခိုင်းပါတယ်။ ကိုယ်တိုင် စပွန်စာတောင်းဖို့အတွက် သူတို့ဆီက Recommendation Letter, Press Release Letter, Sponsor Letter Format တွေကို ပို့ပေးပါတယ်။ ဒါနဲ့ ကျွန်မလည်း နိုင်ငံတကာ Company ကြီးတွေကို တစ်ခြားသူတွေနည်းတူ စပွန်စာတောင်းရတော့တာပေါ့။ မြန်မာပြည်မှာက ကြီးကြီးမားမား Euro 3000 တတ်နိုင်တဲ့ Organization မရှိတော့.. Nokia, Total, OPEC အစရှိတဲ့ အဖွဲ့အစည်းတွေကို စာပို့ပြီး တောင်းပါတယ်။ တစ်ဘက်ကလည်း One Young World အဖွဲ့ကို စပွန်စာရှာရတာ အရမ်းခက်ခဲကြောင်းနဲ့ ကျွန်မတို့အတွက် ကူညီပြီး စပွန်စာရှာပေးဖို့အကြောင်း စာတွေ ဆယ်စောင်မကပို့ပေးခဲ့ပါတယ်။ One Young World Delegate Forum မှာလည်း စပွန်စာမရလို့ ညည်းကြတဲ့သူတွေ မနည်းမနောပါပဲ။ များသောအားဖြင့် ကျွန်မတို့လို့ Developing Country က Delegate တွေပေါ့။

ဒီလိုနဲ့ ရက်တွေသာ ကြာလာတယ် စပွန်စာလည်း မရခဲ့သလို One Young World အဖွဲ့ကလည်း စပွန်စာမရလို့ မတက်နိုင်ရင်လည်း စိတ်မညစ်ကြဖို့နဲ့ အွန်လိုင်းကနေ ဒီပွဲကြီးကို ဆင်နွှဲနိုင်ကြောင်း စာတွေပို့လာပါတယ်။ ကျွန်မလည်း မျှော်လင့်ချက်တွေ မဲ့လို့ပေါ့လေ။ မြန်မာပြည်က အရွေးခံရတဲ့ အခြား delegate တွေလည်း စပွန်စာ မရကြပါဘူး။ တစ်ကယ်ဆို မြန်မာပြည်က စုစုပေါင်း ငါးယောက် အရွေးခံထားရတာပါ။ Summit တက်ရဖို့တော့ ဝေးပါပြီဆိုပြီး အချင်းချင်းတောင် ပြောနေကြသေးတာ။ Read the rest of this entry

Deeply Inspired by One Young World

Standard

One Young World Summit is now successfully finished. It’s been incrediable three days with passionate thoughts and ideas. It’s been also a good platform for the youths who are the future leaders of tomorrow. Amazing people like Desmond Tu Tu, Kofi Annan, Professor Yunus, Oscar Morales and other persons attended that event as counselor of the plenary sessions.

We’ve discussed the global issues and the summit kept us on the right way to change the world. On the last day, there was also a discussion, which can also be named as debate about the Is the pursuit of profit crucial to solving the world’s problems? on BBC World Have Your Say program. Discussion was awesome and enlighten all of us to conduct the social business programs.

Professor Yunus said in his speech that “People shouldn’t go to bank, bank should go to people”. I totally agree with that. In our country Myanmar that e commerce and e banking have not been developed yet, I think our leaders should conduct that program as soon as possible for more business opportunities.

Now I have a lot of things to do like sharing my awesome experience with my family and my friends, motivating and empowering other young people in my country to conduct the global issues and other development program in my country and starting the project like environment protection with my friends and other non-profit organizations. I’ll also try my best to send other young delegates of Myanmar to attend One Young World 2011 summit.

Currently, I’m still in London visiting here and there and other tourist sites.