Summit ရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာတော့ မနက်စောစော ၇ နာရီလောက်ကို အိပ်ရာက ထရပါတယ်။ ဟိုတယ်မှာပဲ မနက်စာစားပြီး Summit ကျင်းပမယ့် London Excel ကို မနက် (၈) နာရီ အရောက်သွားရပါတယ်။ Travel Lodge – London City Airport မှာနေတဲ့သူတွေ အားလုံးအတွက် စီစဉ်ပေးထားတဲ့ ကားတွေနဲ့ သွားရပါတယ်။ Excel ခန်းမကြီးဟာ တစ်ကယ်ကို အကျယ်ကြီးပါပဲ။ လူ ၂၀၀၀ လောက်အသာလေး ဆံ့ပါတယ်။ ကျွန်မတို့တွေ Excel ကိုရောက်တော့ တစ်ခြားဟိုတယ်က delegate တွေလည်း အသီးသီးရောက်နေပါပြီ။ အဲ့ဒီမှာ ခန်းမရဲ့ အပြင်ဘက်မှာ Laptop တွေနဲ့ Desktop တွေ ထားပေးထားပါတယ်။ အင်တာနက်သုံးချင်သူတွေ သုံးလို့ရပါတယ်။ Conqueror လို့ခေါ်တဲ့ Company က ပေးတဲ့ One Young World စာအုပ်နဲ့ စက္ကူအမာသားတွေနဲ့ လုပ်ထားတဲ့ 100% recycle ball pen ကိုလည်း လက်ဆောင်ပေးပါတယ်။ ပြီးတော့ Change Start with a Blank Sheet of Paper ဆိုတဲ့စာသားနဲ့အတူ Blank Sheet Project လို့ အမည်ပေးထားတဲ့ ဘုတ်အဖြူကြီး တစ်ခုလည်း ရှိပါတယ်။ အဲ့ဒီမှာ ကျွန်မတို့တွေ စာသားတိုလေးတွေနဲ့ အမှတ်တရလေးတွေကို ဆော့ပင်နဲ့ လျှောက်ခြစ်လို့ရတာပေါ့။
အဲ့ဒီနေ့က ကျွန်မရယ် Trishina ရယ်က ကိုယ့်နိုင်ငံရဲ့ အမျိုးသားဝတ်စုံတွေ ၀တ်ထားကြပါတယ်။ ကျွန်မလည်း မြန်မာဝတ်စုံလေးနဲ့ သူကလည်း ဘူတန်ဝတ်စုံလေးနဲ့ပေါ့။ နှစ်ယောက်လုံးရဲ့ ၀တ်စုံက ဆင်တူနေကြပါတယ်။ သူလည်း ချိတ်ထမီလေးနဲ့ အင်္ကျီလေးနဲ့ဆိုတော့ ကျွန်မတို့နှစ်ယောက်ကို တစ်နိုင်ငံတည်းကလို့တောင် ထင်ကြပါသေးတယ်။ အင်ဒိုနီးရှားကလူတွေကတော့ မြန်မာပြည်ကထင်တယ်လို့ လာနုတ်ဆက်ကြပါတယ်။ ခမ်းမထဲကို မ၀င်ခင် ကျွန်မတို့တွေ Voting Handset လေးတွေယူကြရပါတယ်။ ပြီးတော့ အသီးသီးနေရာတွေ ယူကြတာပေါ့။ အဲ့ဒီနေ့မှာ ကျင်းပမှာက Environment and its Protection, Global Business, Interfaith Dialogue ဆိုတဲ့ PlenarySession သုံးခုပါ။ ခမ်းမထဲဝင်ပြီး ခဏနေတော့ ပွဲလည်းစပါတယ်။ David နဲ့ Kate က နုတ်ဆက်စကားပြောပြီး Counsellor တွေ Delegate Speaker တွေက စင်ပေါ်တက် နေရာယူကြပါတယ်။ Environment Session မှာ Counsellor အဖြစ် တာဝန်ယူကြသူတွေက Kofi Annan, Bob Gelford, Alejandro Toledo, Professor Nick Hayson တို့ပဲဖြစ်ပါတယ်။ Delegate Speaker တွေက စုစုပေါင်း ခြောက်ယောက်ရှိပြီး သူတို့တွေ ပြောသွားတာတွေကလည်း မှတ်သားစရာ၊ အတုယူစရာတွေပါပဲ။ Climate Change အတွက် အဓိကသတ်မှတ်ထားတဲ့ Resolution ကတော့.. Read the rest of this entry




