London Trip to Attend One Young World Summit (First Day of Summit)

Standard

ကျွန်မတို့ Summit ရဲ့ Official First Day က ဖေဖော်ဝါရီလ (၈) ရက် ၊ တနင်္လာနေ့ပါ။ အဲ့ဒီနေ့အစီအစဉ်က ၂၀၁၂ မှာ လန်ဒန်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ Olympic Site ကိုသွားလည်ဖို့နဲ့ အခြား London Highlight တွေကို လိုက်ပို့ဖို့ အစီအစဉ်ပါ။ ညနေကျတော့ Opening Ceremony of Summit ပေါ့။ အဲ့နေ့မနက်မှာတော့ ကျွန်မတို့နှစ်ယောက် ခပ်စောစောပဲ နိုးလာပါတယ်။ ဟိုတယ်မှာ ဘာမှမရှိဘူး.. ငါတို့ကို ဈေးပေါတဲ့နေရာ ထားတယ်ထင်တယ်လို့.. အခန်းဖော်က ပြောနေပါသေးတယ်။ သူနဲ့ကျွန်မ ရေချိုးပြီး မနက်စားစားဖို့လာတော့ အဲ့ဒီမှ Delegate အများကြီးတွေ့ရတော့တာပါပဲ။ ကျွန်မတို့နှစ်ယောက်ကို တစ်ယောက်က လာနုတ်ဆက်တယ်.. ဖိလစ်ပိုင်ကပါတဲ့ နင်တို့က ဘယ်ကလဲတဲ့.. ကျွန်မတို့လည်း တစ်ယောက်ကို တစ်ယောက် အချင်းချင်း ပြန်မိတ်ဆက်ကြတယ်။ ဖိလစ်ပိုင်က ဘယ်နှစ်ယောက်ပါလဲဆိုတော့ ကိုးယောက်တဲ့.. ၀ိုး အများကြီးပါပဲလား.. ခဏနေတော့ နောက်ကောင်လေးတစ်ယောက် လာနုတ်ဆက်တယ်.. ငါက အင်ဒိုနီးရှားကတဲ့.. နောက်တော့မှ သိရတာက အဲ့ကောင်လေးက အင်ဒိုနီးရှားက ၀န်ကြီးချုပ်ရဲ့သားတဲ့.. ကျွန်မကိုတောင် သူကပြောလိုက်သေးတယ်.. ဒီနှစ် SEA Game က အင်ဒိုနီးရှားမှာလေ.. နင်လိုက်မလားဘူးလား..တဲ့.. ငါက အားကစားဝါသနာမပါဘူး.. အဲ့ဒီအပိုင်းနဲ့လည်း သိပ်အဆက်အစပ်မရှိဘူးဆိုတော့.. ငါကတော့ ကစားသမားမဟုတ်ဘူးတဲ့.. ဒါပေမယ့် Crew ထဲမှာ နှစ်တိုင်းပါတယ်တဲ့.. မြန်မာပြည်ကိုလည်း လာခဲ့မယ်နော်တဲ့..။

မနက်စာ စားနေတုန်းမှာပဲ အချင်းချင်းမိတ်ဖွဲ့ကြတာပေါ့.. အီသီယိုးပီးယား၊ ဂါနာ၊ ပါကစ်စတန်၊ အိန္ဒိယ၊ မော်ရေးရှား၊ မက္ကဆီကို၊ ကမ္ဘောဒီယား၊ နိုင်ဂျီးရီးယား.. အို အများကြီး အများကြီးပါပဲ။ ဘယ်သူ့ကိုမှ ဘယ်သူက ရွံ့နေတာမျိုးမရှိကြဘူး။ ရှိန်နေကြတာမျိုးလည်း မရှိကြဘူး.. အင်္ဂလိပ်လိုတွေလည်း မွတ်နေကြတာပဲ.. တော်တော်များများကလည်း နိုင်ငံတကာ အတွေ့အကြုံရှိတဲ့သူတွေပါပဲ.. အားလုံးက သူငယ်ချင်းအရင်းကြီးတွေလိုပဲ ဖြစ်သွားတယ်။ တစ်ယောက်ကို တစ်ယောက်တောင် နောက်နေပြောင်နေကြသေးတယ်။ ဓါတ်ပုံတွေကလည်း ရိုက်လိုက်ကြတာ မပြောပါနဲ့တော့.. မနက် (၁၀) နာရီလောက်မှာ ကျွန်မတို့တွေအားလုံးကို Badge တွေထုတ်ပေးတယ်။ Badge ထုတ်ဖို့ တန်းစီးနေတုန်းမှာပဲ ကျွန်မကို ကောင်မလေး ချောချောလေးတစ်ယောက် လာမေးတယ်.. ” Are you Tin Myat Htet? ” တဲ့.. “Yeah” လို့ပြောပြီး ကျွန်မလည်း သူ့ကိုသေချာပြန်ကြည့်လိုက်တော့.. “Oh Christine” .. အင်ဒိုနီးရှားက ကျွန်မ သူငယ်ချင်းပါ.. ဖေ့စ်ဘုတ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်ကြပါတယ်.. “One Young World” ကိုလျှောက်တော့လည်း တူတူပဲလျှောက်ကြတာ.. စပွန်စာရတော့လည်း ကျွန်မတို့နှစ်ယောက်ကို “American Express” ကပဲ အတူတူပေးတာ.. သူက စူမားတြားကျွန်းရဲ့ TV အစီအစဉ်တစ်ခုက Presenter ပါ.. အင်္ဂလိပ်လိုလည်း အရမ်းကောင်းပါတယ်.. သူ့ကို အပြင်မှာတွေ့ရတာ ပျော်လိုက်တာ မပြောပါနဲ့တော့။


မီဒီယာတွေလည်း ရောက်လာကြပြီး.. တစ်ယောက်ပြီး တစ်ယောက်ကို မေးချင်တာတွေမေး.. ကျွန်မတို့ကလည်း ဖြေချင်တာတွေ ဖြေကြတာပေါ့ရှင်။ နေ့လည် (၁၁) နာရီခွဲမှာတော့ American Express နဲ့ မီတင်လုပ်ကြတယ်.. စပွန်စာပေးတဲ့ Company တွေက ၀န်ထမ်းတွေလည်း Summit ကို Delegate အဖြစ်တက်ခွင့်ရပါတယ်။ American Express က ရွေးထားတဲ့ ၀န်ထမ်းငါးယောက်၊ သူတို့ စပွန်စာပေးထားတဲ့ ကျွန်မတို့ ငါးယောက် စုစုပေါင်း ဆယ်ယောက်ကို အချင်းချင်း မိတ်ဆက်ပေးပါတယ်။ လူငယ်တွေကို Empower လုပ်ပေးဖို့က သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ.. ဒါကြောင့်လဲ Developing Country က Potential ရှိတဲ့သူတွေကို ရွေးချယ်ရတာပါလို့ ပြောပါတယ်။ ကျွန်မ မြန်မာပြည်မှာတုန်းက ရွှေတိဂုံဘုရားကနေ ရွှေချည်ထိုးပုံတွေ ၀ယ်လာပါတယ်။ သူတို့ကိုလက်ဆောင်ပေးတော့ အရမ်းတွေ သဘောကျနေကြတယ်။ ဒါတွေဟာ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ ဘုရားပုံတွေပါဆိုပြီး ကျွန်မကလည်း ရှင်းပြရတာပေါ့။ အိန္ဒိယကလာတဲ့ သူတို့ရဲ့ ၀န်ထမ်းကလည်း လက်ဆောင်တွေ ပြန်ပေးပါတယ်။ ကျွန်မတို့တွေ အားလုံးကို သူတို့ခေါ်ထားတဲ့ မီဒီယာတွေနဲ့ ပေးတွေ့မယ်၊ ဓါတ်ပုံတွေရိုက်၊ ဗွီဒီယိုတွေ ရိုက်ကြမယ်လို့ ပြောပါတယ်။ ညနေ ဖွင့်ပွဲမှာဆုံကြတာပေါ့တဲ့။ ပြီးတော့ သူတို့လည်း ပြန်သွားပါတယ်။

ခဏနေတော့ OYW က နေ့လည်စာအဖြစ် Sandwich တစ်ခုနဲ့ ရေသန့်တစ်ဗူးစီ ဝေပေးပါတယ်။ နောက်တော့ OYW Jacket နဲ့ အင်္ကျီတစ်ထည်စီပေးပါတယ်။ နေ့လည် နှစ်နာရီလောကျကတော့ Olympic Park နဲ့ အခြားနေရာတွေကိုသွားဖို့ ဘတ်စ်ကားတွေနဲ့ အသီးသီးထွက်ကြပါတယ်။ Olympic Park ကြီးဟာ ဆောက်လုပ်ဆဲပဲ ရှိပါသေးတယ်။ အတူပါလာတဲ့ ဂိုဒ်က ကျွန်မတို့ကို ဒီနေရာကတော့ ဘာဆောက်နေတာ၊ ဒီနေရာကတော့ ဘာလုပ်နေတာ စသဖြင့်ရှင်းပြပါတယ်။ အဲ့ဒီမှာ ပရိတ်သတ် ရှစ်သောင်းဆန့်တဲ့ Stadium ကြီးတစ်ခုလည်း ဆောက်လုပ်နေပါတယ်။ Olympic Park မှာလေတွေလည်း အရမ်းတိုက်ပြီး ရာသီဥတုကလည်း အရမ်းကို အေးပါတယ်။ အာဖဂန်နစ်စတန်က ကောင်လေးကတော့ “Oh My God, it’s so hot, I’m now sweating” လို့အော်အော်နေလို့ ရီရပါသေးတယ်။

နောက်တော့ ကျွန်မတို့ကို လန်ဒန်ရဲ့ အထင်ကရနေရာတွေကို ကားနဲ့ပဲ လိုက်ပြပါတယ်။ ကျွန်မတို့လည်း ကားပေါ်ကပဲ ကြည့်ရတာပေါ့။ တော်တော်များများကတော့ မနေညို နဲ့ ကိုမိုးက ကျွန်မကို လိုက်ပို့ပြီးသား နေရာပါပဲ။ Original Hard Rock Café ကိုလည်း တွေ့ခဲ့တယ်.. ဆိုင်ကတော့ သေးသေးလေးပါပဲ.. အဲ့ဆိုင် သေးသေးလေးကနေ တစ်ကမ္ဘာလုံးကို ပြန့်အောင်လုပ်တာလို့ ဂိုဒ်က ရှင်းပြပါသေးတယ်။ Barkinkam Palace ကိုရောက်တော့ ကားရပ်ပေးပါတယ်။ ဆယ့်ငါးမိနစ်နေရင် ကားဆီပြန်လာရမယ်လို့ ပြောတယ်။ ကားပေါ်ကဆင်းတော့ အားလုံးက ပျော်လွန်းလို့ အော်တောင် အော်ကြပါတယ်။ ဘာလို့လဲဆိုတော့ နှင်းတွေ အရမ်းကျလာတာကို။ ကျွန်မဘ၀မှာ နှင်းကို ပထမဦးဆုံး မြင်ဖူးတာပါပဲ။ အရမ်းလည်းချမ်းတယ်.. နှင်းလည်း အရမ်းကျတယ်.. အရမ်းလည်းပျော်ပါတယ်.. နှင်းတွေကြားထဲ လမ်းလျှောက်ရတာကို ကျွန်မတစ်သက် မေ့နိုင်တော့မှာကို မဟုတ်ပါဘူး.. အာရှကလူတွေ အတော်တော်များများ နှင်းကိုမြင်လို့ ပျော်ကြပါတယ်.. ကျွန်မလိုပဲ သူတို့တွေလည်း နှင်းကိုခုမှ မြင်ဖူးကြတာကိုး… ။

In front of Barkinkam Palace

အာဖဂန်က ကောင်လေးကပြောတယ်.. ငါတို့ ဗွီဒီယိုရိုက်ရအောင်တဲ့.. နင့်ကို အရင်ရိုက်ပေးတယ်တဲ့.. ကျွန်မလည်း.. ပြောချင်တာတွေ ပြောတာပေါ့.. နောက်တော့ သူ့ကိုရိုက်ပေးတယ်.. သူကလည်း ပြောချင်တာတွေပြောတယ်.. လန်ဒန်ရောက်နေပြီ.. ကျွန်တော့ကို ကျွန်တော် မယုံနိုင်ဘူးဆိုတာလည်းပါတယ်။ နှင်းတွေကျလို့ အရမ်းပျော်တယ်ဆိုတာလည်း ပါတယ်။ ကျွန်မတို့တွေ နန်းတော်ထဲကိုတော့ ၀င်ခွင့်မရပါဘူး။ အပြင်ကပဲ ချောင်းကြည့်ရတာပါ။ ဆယ့်ငါးမိနစ်ကြာတော့ ကားဆီကို အကုန်လုံး ပြန်သွားရပါတယ်။ အဲ့ဒါပြီးတော့ River Cruise အတွက် Thames River ကို သွားကြပါတယ်။

လန်ဒန်မျက်စိရဲ့ ရှေ့နားကနေ ကျွန်မတို့ သင်္ဘောစီးရပါတယ်။ အဲ့ဒီမှာ နိုင်ငံအလိုက် အလံတွေလည်း လုပ်ပေးထားတယ်။ ကျွန်မက မြန်မာနိုင်ငံက တစ်ဦးတည်းသော Delegate လေ။ ကိုယ့်အလံကိုယ် ကိုင်လိုက်ရတဲ့ အချိန်မှာ ကျွန်မဘယ်လိုဖြစ်သွားလဲ မပြောပြတတ်ပါဘူး။ ကြက်သီးမွေးညင်းတွေလည်း ထမိတယ်။ အရမ်းလည်းဂုဏ်ယူမိတယ်။ ဘာပဲပြောပြော ဒီအလံဟာ ကျွန်မတို့ အထွဋ်အမြတ်ထားတဲ့ အလံပါပဲ။ အလံကြီးကို လွှင့်ပြီး ဓါတ်ပုံအရိုက်ခံတဲ့ ခဏမှာ ကျွန်မကိုယ်တိုင် အလူလူလွင့်နေတဲ့ အလံနဲ့အတူ လေထဲမှာ စီးမျောရသလိုပါပဲ။ မြန်မာဖြစ်ရတာ ကျွန်မအရမ်းပျော်တယ်.. မြန်မာဖြစ်ရတာကို ကျွန်မဂုဏ်ယူတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက လူငယ်တွေအလည်မှာ မြန်မာပြည်က ကျွန်မ မြန်မာ့အလံကို လွှင့်နိုင်ခဲ့တာ ကျွန်မသေသွားရင်တောင် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်မလေ မျက်ရည်တွေလည်း ကျမိပါတယ်။

အလံကိုင်ထားတဲ့ သူတွေအားလုံး ခေါင်မိုးပေါ်တက်ရပ်ရတယ်.. အဲ့ဒီမှာ တစ်ခြားဟိုတယ်ကနေလာတဲ့ တစ်ခြားနိုင်ငံကသူတွေနဲ့လည်း တွေ့တယ်.. ကျွန်မကို ကောင်မလေးတစ်ယောက်က လာမေးတယ်.. I think u are from Burma တဲ့.. ဟုတ်တယ်လို့ ပြန်ပြောတော့ ငါက ဒိန်းမတ်ကပါတဲ့.. ဒိန်းမတ်မှာလုပ်တဲ့ Free Burma Campaign တိုင်းမှာ ငါပါတယ်တဲ့။ ကျေးဇူးပါလို့ ကျွန်မက ပြန်ပြောရတာပေါ့။ မလေးရှားက ကောင်လေးကိုကျတော့ အကုန်လုံးက Truly Asia ဆိုပြီး ခေါ်ကြတယ်။ စင်ကာပူ၊ အစ္စရေး၊ ဂျပန်၊ နီပေါ.. အခြား အခြားသော နိုင်ငံတွေကလူတွေနဲ့လည်း ထပ်တွေ့တယ်။. အာရှသားတွေစုပြီးတော့ အပေါ်မှာ Asia Asia Asia ဆိုပြီး အကျယ်ကြီး အော်ကြသေးတယ်။

London Eye

Thames River Cruisers

We, holding our national flags

Me, holding my national flag

နာရီဝက်လောက်နေတော့ ဖွင့်ပွဲလုပ်မယ့် Old Billingsgate ကိုရောက်ပါတယ်။ အဲ့ဒီမှာ မီဒီယာတွေကလည်းကြိုရောက်နေပြီး ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်ကြပါတယ်။ Desmond Tutu နဲ့ Bob Gelford က ထွက်ပြီး နုတ်ဆက်ပါတယ်။ ခန်းမထဲကိုရောက်တော့ ကလေးလေးတွေက သီချင်းဆိုပြီ ကြိုပါတယ်။ နောက်တော့ အစီအစဉ်ကြေငြာသူက Welcome to London ဆိုပြီး အခမ်းအနားတွေ စပါတယ်။ စစချင်း လန်ဒန်မြို့တော်ဝန်က ကျွန်မတို့ကို နုတ်ဆက်စကားပြောတယ်။ ပြီးတော့ David Jones, Kate Robenson, Desmond Tutu, Sir Bob Gelford, Professor Mohammad Yunus အစရှိသူတွေက မိန့်ခွန်းတွေပြောပါတယ်။ Desmond Tutu ပြောတဲ့ထဲမှာ မှတ်မိနေတာကတော့..

“I want to salute you. You all are fantastic bunch of human beings. Let’s have a warm clap to someone who survive in Haiti”
“You dream dream dream about the world without war. You say let’s make poverty end”

“We old people, sitting at the comfortable table watching other people starving and die. You are the group to make the beautiful World. Let me ask you to do me just one favor in clapping some of the most fantastic human being?

သူ့ စကားတွေက ကျွန်မတို့တွေ အားလုံးကို အားတက်စေပါတယ်။ နောက်တော့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့သူများ ဆိုတဲ့ Video Clip ကိုပြတယ်။ ကျွန်မတို့နိုင်ငံက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်းပါပါတယ်။ အဲ့ဒီအခိုက်အတန့်ကလည်း ကျွန်မကို မျက်ရည်ကျစေပါတယ်။ သူ့ကိုပြနေတုန်းမှာ တစ်ခြားသူတွေကလည်း I love burma ဆိုပြီး အော်ကြတယ်။ အစီအစဉ်တွေ ပြီးသွားတော့ ညစာကျွေးပါတယ်။ ကျွန်မအဖို့တော့ တစ်ညနေလေးမှာ နှစ်ကြိမ်တောင် ငိုခဲ့ရပြီးပါပြီး… ၀မ်းသာလွန်းလို့ငိုတယ်.. နောက်ပြီး ၀မ်းနည်းလွန်းလို့ငိုတယ်.. ကိုယ့်နိုင်ငံကလူတွေကိုလည်း အရင်ကထက်ပိုသနားတယ်.. How can I change? ဆိုပြီးတောင် ကျွန်မတွေးခဲ့မိတယ်။ ဘာပဲပြောပြော ကျွန်မ အားမွေးရအုံးမှာပါ။ လူငယ်တွေက အရေးပါတယ်.. လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေက ပိုပြီး မြန်ဆန်ထက်မြက်ပါတယ်။ ဒါကြောင့်လည်း လူငယ်တွေကို Empower လုပ်ပေးဖို့ One Young World ဆိုပြီး လုပ်တာပေါ့။ သူများတွေတွေးသလို ကျွန်မလည်း အရင်ကတွေးဖူးတယ်.. ဒီကိုလာဖို့ လူတစ်ယောက်စီအတွက် ကုန်မယ့် Euro 3000 တွေကို စုပြီး.. ဆင်းရဲသားတွေကို ပေးလိုက်ရင် ကောင်းမှာပဲလို့။ ကျွန်မတောင် ဒီလိုတွေးရင် Founder တွေ ၊ Counsellor တွေ ပိုပြီးတွေးတတ်ပါလိမ့်မယ်။ အလှူလုပ်တာထက် ပိုကောင်းမယ့် အရာတွေကို သူတို့မြင်လို့သာ ဒီလိုငွေကုန်ကြေးကျများတဲ့ Summit ကြီးတစ်ခုကို လုပ်တာပေါ့။ နောက်ထပ်တက်ရမယ့် နှစ်ရက်တာကာလဟာ ကျွန်မတို့ကို များစွာသော အကျိုးကျေးဇူးတွေ ရရှိစေမှာပဲလို့ ယုံကြည်နေမိပါတော့တယ်။ ဖွင့်ပွဲအပြီးမှာတော့ Founder တွေ Counsellor တွေနဲ့အတူ အားလုံးသော Delegate တွေ One Young World Oath ကို ဆိုကြပါတယ်..

“One World, One People, One Future, Our Destiny, to make the world better place for children”

Opening Ceremony

About these ads

4 responses »

  1. ရွှေထက်ရေ.. ၀မ်းသာဂုဏ်ယူစွာ နဲ့စောင့် ဖတ် နေတယ်နော်… ဆက်ရေး… Cheers!

    • အိုး… 2010 ကတည်းကဆိုတော့ နှစ် နှစ်တောင် ကြာသွားပြီ.. ပြန်တွေးလိုက်တိုင်း ပျော်တုန်းပါပဲ :)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s