Category Archives: ဆေးဘက်ဆိုင်ရာ

Kissing! How good is it?

Standard

ဒီပိုစ့်လေးကိုမြင်ပြီး ပင့်ဂိုလ်းတစ်ယောက် မဟုတ်တရုပ်တော့လုပ်ပြီလို့ မထင်လိုက်ကြပါနဲ့။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ၊ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာ၊ မိသားစုထဲမှာ၊ ချစ်သူတွေကြားထဲမှာ “Kiss” လုပ်ကြတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပဲလို့ ကျွန်မကတော့ မြင်ပါတယ်ရှင်။ Passionate Kissing လိုမျိုးဆိုရင်တော့ သမီးရည်းစားတွေကြားထဲ ဖြစ်ပျက်တာပေါ့။ ဒါပေမယ့် မောင်နှမသားချင်း၊ မိဘနဲ့ သားသမီးချင်း၊ သူငယ်ချင်း အချင်းချင်း ချစ်လို့ နမ်းကြတာလည်း ရှိတတ်ကြတယ် မဟုတ်လား။ ချစ်လို့ပဲ နမ်းကြတာလား။ နမ်းလို့ပဲ ချစ်ကြတာလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်မကတော့ ဒီအတိုင်း နမ်းချင်လို့ နမ်းနေကြတာထက် စာရင်၊ Kiss လုပ်ခြင်းက ဘာများကောင်းလဲ၊ ကျမ်းမာရေး၊ လူမှုရေး ကဏ္ဍတွေမှာ ဘယ်လိုအထောက်အကူပြုလဲ ဆိုတာလေးကို တစ်ချက်သိချင်လို့ Googling လုပ်ကြည့်မိပါတယ်။ အိုးးးးးးးး မမြင်စရာလေးတွေ အများကြီးကျလာသလို၊ တစ်ကယ် အသုံးဝင်တဲ့ အချက်ကလေးတွေလည်း အများကြီးပဲ တွေ့လိုက်ရပါတယ်ရှင်။ အဓိက ဖော်ပြထားတာတွေကတော့ Health benefit of Kissing တွေပါပဲ။ ကျွန်မလည်း ဖတ်ရင်း၊ မှတ်ရင်းနဲ့ပဲ ဒီနေရာလေးမှာ ဝေမျှလိုက်ရပါတယ်ရှင်။

“Kissing is passion and romance and what keeps people together,” လို့ပြောခဲ့တဲ့ သူကတော့ “The Art of Kissing” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ William Michael Cane ဖြစ်ပါတယ်။ နမ်းနေတဲ့အချိန်မှ၊ အထူးသဖြင့် “Oh so good” လို့ခံစားရရင်တော့ သေချာပြီ.. ဒါကြောင့် အကျိုးထူး တစ်ခုခုတော့ ခံစားရပြီပေါ့။ အဲလို ခံစားရမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ပြေလျော့နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တင်းနေတဲ့ အကြောလေးတွေကို လျှော့ပေးနိုင်တဲ့အတွက် သက်တောင့် သက်သာလည်း ဖြစ်စေပါတယ်တဲ့။ နောက်တစ်ခုက kiss လုပ်နေတဲ့အချိန်မှာ ထုတ်လုပ်ပေးတဲ့ saliva တွေက သွားတွေမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ (သွားဝေဒနာရှင်တွေအတွက် ပိုက်ဆံမကုန်တဲ့ ဆေးကုနည်းပေါ့.. ဟီးဟီး)။

Kissing လုပ်ခြင်းကြောင့် ကယ်လိုရီတွေလည်း လျော့ကျစေပါတယ်တဲ့။ နမ်းနေတဲ့အချိန်မှာ ဆိုရင် တစ်မိနစ်ကို 2 calories နှုန်းလောက်ကျတတ်ပါတယ်။ မျက်နှာပြင်ရဲ့ ကြွက်သားတွေကလည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်သွားစေပါတယ်။ Kiss လုပ်ခြင်းဟာ တရားထိုင်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေလိုပဲ စိတ်ကိုတည်ငြိမ်စေပြီး စိုးရိမ်သောကတွေကိုလည်း ပြေပျောက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ Kiss လုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ oxytocin ကိုများများထွက်စေပြီး အဲဒီ ဟော်မုန်းက ခန္ဓာကိုယ်ကို ငြိမ်သက်စေတဲ့ အစွမ်းသတ္တိရှိလို့ပဲ ဖြစ်ပါတယ်ရှင်။

လူတွေပဲ နမ်းတတ်ကြတာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေလည်း ဒါမျိုးတွေ လုပ်တတ်ပါတယ်။ ကျွန်မတို့ကတော့ မသိဘူးပေါ့ရှင်။ Helen Fisher, PhD, professor of anthropology at Rutgers University in Newark ရဲ့လေ့လာချက်အရ တိရစ္ဆာန်တွေရဲ့ အနမ်းသဘာဝကို တွေ့ရှိခဲ့ပါတယ်။ အင်းဆက်ပိုးတွေက ခြေထောက်လေးတွေနဲ့ နောက်တစ်ကောင်ရဲ့ ၀မ်းဗိုက်ကို ထိတွေ့ပြီး နမ်းကြတယ်၊ လိပ်တွေ၊ ကြောင်တွေ စသော သတ္တ၀ါတွေကလည်း အချင်းချင်း နှာသီးလေးတွေ ပွတ်သပ်ကြတယ်၊ ခွေးတွေက နောက်တစ်ကောင်ရဲ့ မျက်နှာကို သူတို့ရဲ့ လျှာနဲ့လျက်ကြတယ်၊ ဆင်တွေကတော့ သူတို့ရဲ့ အစွယ်ကို နောက်တစ်ကောင်ရဲ့ ပါးစပ်ထဲ ထိုးသွင်းကြတယ်.. အစရှိတဲ့ ပုံစံမျိုးစုံနဲ့ နမ်းလေ့ရှိကြပါတယ်။

နမ်းတယ်ဆိုတာ တိရစ္ဆာန်လောကမှာရော၊ လူ့လောကမှာပါ သံယောဇဉ်ပိုတိုးစေတဲ့ လုပ်ရပ်တစ်ခုပါ။ သမီးရည်းစားတွေသာ နမ်းတတ်ကြတာ မဟုတ်ပါဘူး။ ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်းလည်း ချစ်ရင် သဘောရိုးနဲ့ အာဘွားပေးတတ်ကြတယ် မဟုတ်လား။ အခုနောက်ပိုင်းမှာဆိုရင် ဒါဟာ တိုးတက်လာတဲ့ လူ့ယဉ်ကျေးမှုတစ်ခုတောင် ဖြစ်လို့လာနေပါပြီ။

အရင်တုန်းကလည်း ပွေ့ဖက်ခြင်း ကြောင့်ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျွန်မရေးဖူးပါတယ်။ ဒီနေရာ လေးမှာဖတ်နိုင်ပါတယ်ရှင်။

Caution to all ladies! (must read) !!

Standard

အမျိုးသမီးတွေအတွက် သီးသန့်ရေးတဲ့ ပိုစ့်လေးပါ။ ကျွန်မရဲ့ မေလ်းထဲကို ရောက်လာတာကို ဘာသာပြန်ပြီး တင်ပေးတာပါ။ အားလုံးအတွက် အရမ်းကို အသုံးဝင်မှာပါ။ မတော်တဆ ဖတ်မိတဲ့ ကိုကိုတွေလည်း မိမိတို့ရဲ့ ချစ်ချစ်များ၊ မိသားစုထဲက မိန်းကလေးများကို ဝေငှပေးနိုင်ပါတယ်ရှင်။

ကျွန်မတို့ အ၀တ်အစား အသစ်တွေ ၀ယ်တဲ့အခါ အသစ်ဆိုပြီး ဒီအတိုင်း မ၀တ်သင့်ပါဘူးရှင်။ ဘယ်လောက်ပဲ သစ်သစ် လျှောပြီးမှ ၀တ်သင့်ပါတယ်။ ဘာကြောင့်လဲ သိလား။ အဲဒီအ၀တ်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ကပ်ပါးကောင်တွေ ပါလာတတ်လို့ပါပဲ။ အိုကေ ဘယ်လို သတ္တ၀ါတွေကများ ကျွန်မတို့ ၀တ်မယ့် အ၀တ်တွေမှာ ကပ်နေတာပါလိမ့်နော်။ အသစ်ပါဆိုမှ အလုပ်ရှုပ်အောင် လုပ်တယ် ဟွန်း။ ကဲ ကြည့်မယ်.. မကြည့်ခင် ဘုရားအရင်တ ထားလိုက်ကြပါ.. လာပြီ ဒီမှာ သတ္တ၀ါ…။

Photo Sharing and Video Hosting at Photobucket

ဘုရားရေ ရွံစရာကေင်းလိုက်တာ။ ဟုတ်တယ် မဟုတ်လား။ မထင်မိကြဘူး မဟုတ်လား။ အဓိက ကပ်ပါလာနိုင်တာကတော့ ဘရာဇီယာတွေမှာပါပဲ။ မိန်းကလေးတိုင်းကို ဒီအကြောင်းပြောလိုက်ကြပါနော်။ မရှက်ကြေး ကွ. YO! အဲတော့ ဘရာဇီယာတွေကို မ၀တ်ခင် ဘယ်လောက်ပဲ သစ်သစ် အမြဲလျှောပါ။ ဒီအကျင့်ကို ရအောင်လည်း လေ့ကျင့်ထားပါ။ ဒါတွေကိုမှ မဟုတ်ပါဘူး။ မိမိတို့ဝတ်မယ့် undergarment တွေကိုလည်း လျှော်ရပါမယ်။ ဘယ်လို ဘယ်လို ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကို ပြောပြပါမယ့်။ ဘာသာပြန်ရတာ မကောင်းလို့ အင်္ဂလိပ်လိုပဲ ဖတ်လိုက်ကြနော်။ ဝေါဟာရတွေ မရေးရဲဘူး အက် အက်..

After anthropologist Susan McKinley came back home from an expedition in South America, she noticed a very strange rash on her left breast. Nobody knew what it was and she quickly dismissed it believing that the Holes would leave in time.

Upon her return she decided to see a doctor after she started developing Intense pains. The doctor, not knowing the exact severity of the disease, gave her Antibiotics and special creams. As time lapsed the pain did not subside and her left breast became more inflamed and started to bleed.

She decided to bandage her sores, however as Susan’s pain grew more intense She decided to seek help from a more certified doctor.Dr. Lynch could not diagnose the infection and told Susan to seek theaid of one of his colleagues who specializes in dermatology.

Unfortunately, the doctor was on vacation. She waited for two weeks and finally was able to reach the dermatologist. Sadly, a life changing event was about to unfold during her appointment. To Miss McKinley’s surprise, after she removed the bandages, they found
Larvae growing and squirming within the pores and sores of her breast. Sometimes these wicked creatures would all together simultaneously move around into different crevices. What she didn’t know was that the holes were in fact, deeper than she had originally thought, for these larvae were feeding off the fat, tissue, and even milk canals of her breast.

အဲဒီမမမှာ ဘယ်လိုရောဂါ ရသွားတယ်ဆိုတာ မသိချင်ကြဘူးလား.. ဒီနေရာ လေးမှာ သွားကြည့်လိုက်ကြနော်။

ကဲ ဒီလောက်ဆိုရင် ကျွန်မတို့ရဲ့ underwear တွေဟာ မသန့်မရှင်းနဲ့ ၀တ်ရင် ဘယ်လောက်ကြောက်စရာ ကောင်းလိမ့်မလဲဆိုတာ။ ကဲ ဒီတော့ ဒီအကြောင်းလေးကို အမျိုးသမီးတိုင်းကို မျှဝေပေးကြပါရှင်။ ဖတ်စေချင်ပါတယ် လူတိုင်းကိုပေါ့လေ။ သတိမမူ ဂူမမြင် မဖြစ်စေချင်လို့ပါ။ ပြီးတော့ underwear တွေပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် အ၀တ်အစားတိုင်းဟာ နိုင်ငံအမျိုးမျိုးကနေ လာကြတာပါ။ packing တွေထုပ်၊ container ထဲထည့်ခံရနဲ့ လက်ပေါင်းမြောက်များစွာနဲ့ ကိုင်ခြင်း ထိခြင်းကို ခံရတာပါ။ အဲတော့ လက်က မသန့်ရှင်းရင် ရောဂါပိုးတွေလည်း ပါလာနိုင်ပါတယ်။

LEASE WASH ALL NEWLY PURCHASED BRAS AND UNDERWEAR BEFORE WEARING THEM. WE DO NOT KNOW WHAT PARASITES ARE IN OUR CLOTHING WHEN WE BUY THEM.

Laughing and its benefit

Standard


ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေရယ်၊ ပြုံးခြင်းရဲ့ တန်ဘိုးတွေရယ်ကို ကျွန်မရေးသားခဲ့ဖူး ပါတယ်။ ခုဆက်ပြီး လူ့ဘ၀မှာ အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့ ရယ်မောခြင်းရဲ့ အကျိုးသက်ရောက်မှုလေးတွေကို ရေးသားတင်ပြပေးချင်ပါတယ်။ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်ရှင်။

ရယ်မောခြင်းဆိုတာ အလွန်ကိုအစွမ်းထက်သော ဆေးတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှု့ကို လျော့ပါးစေတယ်။ မိသားစုအတွင်းမှာလည်း ပြသနာတွေကို ပြေလျော့စေတယ်။ ဒေါသတွေကို ဖြေဖျောက်ပေးနိုင်တယ်။ ပြီးတော့ အတွေးအခေါ်တွေကို ရှင်သန်ထက်မြက် စေပါတယ်။ ရယ်မောခြင်းဟာ ကျွန်မတို့ရဲ့ နေထိုင်မှုဘ၀မှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ သူ့ကြောင့် ဘယ်လိုအကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ခေါင်းစဉ်လေးတွေ ခွဲပြီးရေးသားပေးချင်ပါတယ်။

Health Benefit Of Laughter

၁။ စိတ်ဖိစီးမှုကို လျော့ပါးစေသည်
၂။ Blood Pressure ကိုလျော့နည်းစေသည်
၃။ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးသည်
၎။ ကိုယ်ခံစွမ်းအားကို တိုးပွားစေသည်
၅။ ဦးနှောက်၏ လုပ်ဆောင်ချက်ကို သွက်လက်ကောင်းမွန်စေသည်
၆။ နှလုံးရောဂါမှ ကာကွယ်ပေးသည်
ရ။ လူမှုဆက်ဆံရေး အဆင်ပြေစေသည်
၈။ အညောင်းအညာပြေ၍ relax လုပ်ပေးနိုင်သည်
၉။ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်စေသည်

Social Benefit Of Laughter

ကျွန်မတို့ရဲ့ အလုပ်ခွင်မှာရော မိသားစုအတွင်းမှာပါ ရယ်မောခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ “ကျွန်မတို့တွေ အတူတစ်ကွ ရယ်မောသင့်သလား” ဒါမှမဟုတ် “ရယ်မောခြင်းက ပြသနာတွေကို ကျော်လွှားနိုင်လား” စတဲ့မေးခွန်းတွေကတော့ ပေါ်ပေါက်လာနိုင်ပါတယ်။ ဟုတ်ကဲ့ပါ။ ရယ်မောခြင်းဟာ ကျွန်မတို့အချင်းချင်းကို ပိုနီးစပ်ခင်မင်မှုရရှိစေပါတယ်။ ကျွန်မတို့ရဲ့ ပြသနာဝန်ထုပ်တွေကို ပြေလျော့စေပြီး ရှုထောင့်မျိုးစုံကနေ ဖြေရှင်းဖို့ နည်းလမ်းတွေ ထွက်လာစေပါတယ်။ ကျွန်မတို့ရဲ့ စွမ်းအားတွေကို လျော့နည်းစေတဲ့ အဓိကအကြောင်းအရာတွေကတော့ လူမှုပြသနာများကို ဖြေရှင်းခြင်း၊ တစ်ခုခုအပေါ်မှာ အာရုံစူးစိုက်ခြင်းနဲ့ အချိန်ရှိသရွေ့မှာ အလုပ်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဘာတွေပဲ လုပ်နေလုပ်နေ ဘ၀ဆိုတာ ပြီးပြည့်စုံမှု ရရှိနေတာ မဟုတ်ပါဘူး။ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ထိမ်းမြားလက်ထပ်ပြုတာတွေကအစ ကျွန်မတို့ရဲ့ မျိုးဆက်တွေ၊ ဆွေမျိုးတွေ အစရှိသူတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်ချက်တွေရှိနေကြတာပါပဲ။ ဒီတော့ ကျွန်မတို့ အတူတူရယ်မော ပျော်ရွှင်ကြတဲ့အခါ ကျွန်မတို့ကို လူမှုပတ်ဝန်းကျင်နဲ့ ပိုမိုနီးစပ်စေပြီး အချင်းချင်းကြားမှာလည်း နားလည်ကြင်နာမှု ပိုရကာ ပြသနာတွေ ပြေလျော့စေနိုင်မှာ ဖြစ်ပါတယ်။

*Laughter is the shortest distance between two people.
*Humor unites us, especially when we laugh together.
*Laughter heals.
*Laughs and smiles are enjoyed best when shared with others.
*To laugh or not to laugh is your choice.

What is the difference between hurtful and healthful humor?

ယေဘုယျအားဖြင့်တော့ ကျန်းမာရေးကို အထောက်အကူပြုသော ရယ်မောခြင်းဆိုတာ ဟာသဥာဏ်ရွှင်ခြင်း၊ ပျော်ရွှင်တတ်ခြင်း အစရှိတာတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ ထိခိုက်စေတဲ့ ဟာသတွေ ကတော့ ကျွန်မတို့ကို လူတွေနဲ့ ပိုဝေးကွာစေပါတယ်။ ထေငေါ့တဲ့ ပျက်လုံးတွေ၊ နှိမ့်ချပြောပြီး ဟာသလုပ်တာတွေ၊ တိုင်းရင်းသားတွေကို လှောင်ပြောင်တဲ့ ပျက်လုံးတွေ၊ အချင်းချင်းနှိပ်ကွပ်တာတွေ အစရှိတဲ့ ပျက်လုံးတွေကြောင့် ရယ်မောရတာဟာ မကောင်းတဲ့ အရာတွေပါ။ လူတွေကြားမှာ နားလည်မှုတွေ လွဲမှားစေပြီး၊ ပြသနာတွေကိုတောင် ဖန်တီးပေးတတ်ပါတယ်။

“Laughing with others is an ice breaker while laughing at others is an ice maker.”

Aromatherapy

Standard

ရနံ့ကုထုံးကို ရေမွှေးတွေလိုပဲ အီဂျစ်လူမျိုးတွေကစခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက စတင်အသုံးပြုခဲ့ကြတာပါ။ ရှေးခေတ်ကလူသားတွေက မကျန်းမမာဖြစ်တဲ့အခါ ရနံ့မွှေးတဲ့ သစ်ပင်တွေ သစ်ဥ သစ်ဖုတွေနဲ့ ကုစားခဲ့ကြတာဖြစ်ပါတယ။် အခုချိန်မှာတော့ ဒီနည်းလမ်းကို ကျန်းမာရေးအတွက်သာမက အလောင်းတွေကို မပုပ်မသိုးအောင် စီရင်ရာမှာလည်း သုံးနေကြပါတယ်တဲ့။ တရုပ်တွေကလည်း ဒီနည်းလမ်းကို အီဂျစ်တွေနဲ့တစ်ချိန်တည်းမှာ အသုံးပြုနေခဲ့ကြပါတယ်။ တရုပ်တွေကလည်း သူတို့ တွေရဲ့ဘုရားကို ပူဇော်ဖို့ ရနံ့မွှေးတဲ့အပင်ငယ်လေးတွေကို စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပြီး ရနံ့ကုထုံးဟာ တရုပ်တွေရဲ့ တစ်ခြားသောရှေးဟောင်းကုသနည်းဖြစ်တဲ့ နှိပ်နယ်ခြင်းနှင့် ဆက်စပ်နေပါတယ်တဲ့။ ဂရိတွေကလည်း အီဂျစ်တွေဆီက နည်းပညာယူပြီး နောက်ပိုင်းမှာ သူတို့ တွေရဲ့ကိုယ်ပိုင် ရှာဖွေတွေ့ ရှိမှုတွေပေါင်းစပ်ပြီး ရနံ့ကုထုံးကို စတင်ခဲ့ပါတယ။် သူတို့ တွေက ပန်းရနံ့ တစ်ချို့ ဟာ လှုံဆော်တတ်တဲ့ဂုဏ်သတ္တိမျိုးရှိတယ်ဆိုတာ တွေ့ ရှိခဲ့ပြီး သံလွင်ဆီဟာ အလှအပအတွက်ရော ဆေးပညာအတွက်ပါကောင်းတယ်ဆိုတာ တွေ့ရှိခဲ့ပါသတဲ့။

ရောမတွေကတော့ ဂရိတွေဆီကပညာရပြီး အမွှေးအကြိုင်တွေကို အညောင်းအညာပြေစေဖို့အတွက် ရေထဲထည့်ပြီးချိုးကြတာလည်း ပြုလုပ်ကြပါသေးတယ်။ အဲဒီရေမွှေးဆီတွေကို နှိပ်နယ်တဲ့နေရာမှာပါ အသုံးပြုခဲ့ကြပါတယ်။ ဒီလိုမွှေးရနံ့တွေကို သုံးစွဲမှုဟာ ရေမတွေက အိန္ဒိယတို့ အာရေဗျဒေသတို့နဲ့ ကုန်သွယ်မှုလမ်းကြောင်းဖွင့်လှစ် လိုက်တဲ့အချိန်မှာ ပိုပြီးတော့လူသိများလာခဲ့ပါတယ်။ ဒါပေမဲ့ရောမအင်ပါယာကြီးကျဆုံးသွားပြီး နောက်မှာတေ့ မွှေးရနံ့သုံးစွဲမှုဟာလည်း မှေးမှိန်သွားခဲ့ရပါသတဲ့။

ဒီနေ့ခေတ်ကို ရောက်လာတဲ့အခါမတော့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ မွှေးရနံ့တွေကို စိတ်ပိုင်းဆိုင်ရာအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခအတွက်ပါကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြပါတယ်။

How to reduce the stress!

Standard

စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်သော နည်းလမ်းကောင်းများ

စိတ်ဖိစီးမှုတွေကို ခံစားလာရတဲ့ အချိန်မှာ လူတော်တော်များများဟာ ကိုယ်ပိုင်နည်းလမ်းလေးတွေ ကြားဖူးနားဝရှိတဲ့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြတာ တွေ့ ရပါတယ် ခုပြောမှာက ကြားဖူးနားဝရှိတဲ့ နည်းလမ်းလေးတွေပေါ့နော် အကျိုးရှိမယ်ထင်ပါတယ်.. သိသလောက်လေး မျှဝေပေးတာပါရှင်..

၁။ ဖြစ်ပေါ်စေသောအကြောင်းရင်ကိုရှာပါ
စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်နှင့် ဘာ့ကြောင့်ရရှိခံစားရသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ယင်းအချက်များကို သိရှိမှသာလျှင် ဖယ်ရှားနိုင်မည်ဖြစ်သည်။ စာဖြင့်ချရေးပါ မိတ်ဆွေသူငယ်ချင်းများနှင့်စကားပြောကြည့်ပါ တစ်ခါတစ်ရံ အားရပါးရ ရယ်မောခြင်းသည်လည်း စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်သော ထိရောက်သည့် နည်းလမ်းဖြစ်ပါသည်။

၂။အစာစားပါ
အစာမစားပဲနေခြင်းသည် ကောင်းသောအကျင့်မဟုတ်ပေ။ ဆေးလိပ်သောက်ခြင်းကတော့ မီးလောင်ရာ လေပင့်တောင်ဖြစ်စေနိုင်ပါသတဲ့ ကစီဓါတ်ပါဝင်သော အစားအစာများကို စားလိုက်ခြင်းသည် ခန္ဒာကိုယ်ထဲမှ အင်ဒိုဖင် ဓါတ်များကို များများထွက်စေပြီး နေသာထိုင်သာရှိစေပါသည်။ စိတ်ဖိစီးမှု ခံစားနေရစဉ်တွင် ခန္ဒာကိုယ်မှ ဗီတာမင်စီကို များများသုံးစွဲသဖြင့် ခုခံမှုစနစ်ကိုလည်းလျော့နည်းသွားစေတတ်ပါသည်။ ထိုအခါ အဖျားပါဝင်လာတတ်ပြီး ပိုမိုပင်ပန်းနွမ်းနယ်စေပါသည်။ ထို့ ကြောင့် ဗီတာမင်စီ နှင့် ဟင်းသီးဟင်းရွက်များများစားပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။

၃။ရေများများသောက်ပါ
ရေများများသောက်ခြင်းက အရေပြားကျန်းမာရေးကို ပိုကောင်းစေပါသည်။ ခန္ဒာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အပူရှိန်ကို ထိန်းညှိပေးပါသည်။ ထို့ ကြောင့်ရေက ခန္ဒညကိုယ်၏လည်ပတ်မှုကို အကောင်းဆုံးအနေအထားတွင် ချောမွေ့ ကောင်းမွန်စေပါသည်။

၎။လှုပ်လှုပ်ရှားရှားနေပါ
ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းသည် စိတ်ဖိစီးမှုကို ပြေပျောက်စေရန်အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းအားဖြင့် သင့်အားနေထိုင်ကောင်းစေရုံသာမက အပြင်ရူပကာယအားကိုလည်း ကြည့်ကောင်းစေပါသည်။ အင်ဒိုဖင်ဓါတ်များ ပိုထွက်စေသဖြင့် သင့်အားပျော်ရွှင်စေမည်ဖြစ်ပါသည်။

၅။အိပ်စက်အနားယူပါ
အိပ်စက်ခြင်းက ကုန်ခမ်းသွားသောအားအင်များကို ပြန်လည်ပြည့်ဝစေပြီး နုပျိုလန်းဆန်းစေပါသည်။ အလုပ်ခွင်တွင်ပင်ပန်းမှုကြောင့် ခန္ဒာကိုယ်ပျက်ယွင်မှုများကို အိပ်စက်ခြင်းဖြင့် ပြန်လည်ပြုပြင်အစားထိုးနိုင် ပါသည်။ အိပ်ရေးမ၀လေ စိတ်ဖိစီးမှုကို မခံနိုင်လေဖြစ်ပါသည်။

၆။ရေချိုးပါ
ပင်ပန်းနွမ်းနယ်မှုကို ရေနွေးခပ်ကြာကြာလေးချိုးလိုက်ခြင်းဖြင့် သက်သာစေပါသည်။ အမွှေးအကြိုင်များဖြင့် အားရပါးရ ရေချိုးလိုက်ပါ။

၇။အနှိပ်အနယ်ခံပါ
အနှိပ်ခံခြင်းသည် တင်းနေသောကြွက်သားများအား ပြေလျော့စေပြီး နာကျင်မှုများကိုလည်း ပြေပျောက်ကာ ညင်သာစွာအိပ်ပျော်စေသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

၈။ ရနံ့ ကောင်းကောင်းရှူပါ
ဦးနှောက်၏ တစ်စိတ်တစ်ဒေသမှာ ရနံ့ များအား အာရုံခံစားမှုနှင့် ဆက်စပ်နေသောကြာင့် သင်၏စိတ်အခြေအနေ ကောင်းမွန်စေဖို့  အရေကြီးလှပါသည်။ လာဗင်ဒါ၊ နှင်းဆီ၊ ချာမိုမိုင် စန္ဒကူး စသည့်ရနံ့ များကို ရှုရှိုက်ခြင်းသည် စိတ်ဖိစီးမှုကို လျော့နည်းသက်သာ စေပါသည်။ အိပ်သောအခါတွင်လည်း အိပ်ရာ ခေါင်းအုံး စသည်တို့ တွင် ပက်ဖြန်းထားနိုင်ပါသည်။

၉။ ကိုယ်ပိုင်အချိန်ယူပါ
တစ်ခါတစ်လေမှာ တစ်ယောက်တည်းငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး နေထိုင်ခြင်းသည် စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်ခြင်း ဘာသာရပ်အသစ် အဆန်းတစ်ခုကို လေ့လာခြင်းတို့ ကလည်း စိတ်ဖိစီးမှုကို ကုသနိုင်ပါသည်တဲ့

Fungus Infections:

Standard

ကိုဖိုးဇေရဲ့ အကြံတောင်းချက်အရ ဒီပိုစ့်လေးကို တင်ဖို့စိတ်ကူးရသွားပါတယ်ရှင်။ Fungus Infection ဆိုတာ လူအတော်များများမှ ဖြစ်တတ်ကြပါတယ်။ ပင့်ဂိုလ်းတောင် လက်သည်းမှာ Fungus Infection ဖြစ်လို့ကုလိုက်ရတာ အကျိုးဆက်ကတော့ ခုချိန်ထိ လက်သည်းရှည်ထားလို့ မရတော့ဘူးလေ။ လက်သည်းကို တစ်ချိန်လုံး ဂရုစိုက်ပြီးနေနေရတော့တာပေါ့။ Fungus တွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိသလောက်လေး ဝေငှပေးချင်ပါတယ်ရှင်။

ဆရာဝန်တော်တော်များများမှာတော့ လက်သည်း၊ ခြေသည်း၊ ပေါင်ခြံကြား၊ ခြေ နဲ့ လက်တွေမှာ ဖြစ်တတ်တဲ့ မှိုရောဂါတွေကို ကုသဖို့နည်းလမ်းကောင်းတွေ ရှိပြီးသားပါ။ ဒါပေမယ့်ဆိုးတာ တစ်ခုကတော့ ဒီရောဂါမျိုးဟာ ဆေးတွေနဲ့ သေသေချာချာ ဂရုတစ်စိုက်ကုသပျောက်ကင်း ပြီးတာတောင် ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒါကဘာကြောင့်ဖြစ်ရတာလဲ ဆိုတော့ကျွန်မတို့ လူသားအားလုံးမှာရှတဲ့ အားနည်းချက် အားသာချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ချို့လူတွေမှာ ဓါတ်မတည့်ခြင်းတွေကို လွယ်လွယ်ကူကူ ဖြစ်နိုင်ပါတယ်။ တစ်ချို့လူတွေကကျတော့ အအေးမိလွယ်တတ်ကြတယ်လေ။ တစ်ချို့တွေက ကျတော့ အစာအိမ်မကောင်းတာတို့ ဘာတို့ဖြစ်တတ်ကြပြန်ရော။ တစ်ချို့သူတွေမှာကျတော့လည်း လွယ်လွယ်ကူကူနဲ့ မှိုစွဲတဲ့ရောဂါ ရတတ်ကြတယ်လေ။

တစ်ချို့အရွယ်ရောက်ပြီးသူတွေရဲ့ ခြေထောက်တွေ၊ ခြေသည်းတွေမှာ အဖြစ်များလေးရှိတဲ့ မှိုစွဲရောဂါကတော့ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ သူတို့တွေရဲ့ အရေပြားဟာ မှိုရောဂါပိုးကို အသေမသတ်နိုင်ပါဘူး။ မှိုတစ်ခါစွဲခြင်း ခံရပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားက မှိုရောဂါပိုးတွေနဲ့ အကျွမ်းတစ်ဝင်ဖြစ်သွားပြီး သူတို့တွေကို သုတ်သင်ရှင်းလင်းဖို့ မကြိုးစားတတ်ကြတော့ပါဘူး။ ကလေးတွေမှာတော့ အသက် (5) နှစ်မတိုင်ခင်လောက်ထိ မှိုစွဲတာ မဖြစ်တတ်ကြပါဘူး။ သူတို့တွေရဲ့ ကိုယ်ခံစွမ်းအားက မှိုရောဂါပိုးတွေကို နှိမ်နှင်းနိုင်လို့ပဲ ဖြစ်ပါတယ်။

မှိုတွေဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ၊ မသန့်ရှင်းတဲ့ နေရာတွေမှာနဲ့ တစ်ခြားလူတွေဆီမှာတောင် ရှိနေနိုင်ပြီး ရှောင်လွဲလို့လည်း မရနိုင်တဲ့ အရာတစ်ခုပါ။ သူကနွေးထွေးစိုစွတ်တဲ့ နေရာမျိုးကို ကြိုက်နှစ်သက်ပြီး အရေပြားရဲ့ တစ်ချို့နေရာတွေကို ပိုပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မှိုတွေဟာ အရေပြားပေါ်မှာပဲ ဖြစ်ပွားတတ်ကြပြီး ခန္ဓာကိုယ်ရဲ့ အတွင်းထဲထိ ၀င်ရောက်မကူးစက်နိုင်ပါဘူး။ မှိုစွဲသူ အတော်များများ သုံးလေ့ရှိကြတဲ့ Cortisone creams တွေကတော့ ရောဂါကို ပိုလို့ပင် ဆိုးစေနိုင်ပါတယ်။ အဲဒီခရင်မ်ကို ဆက်မလိမ်းတော့ဘူးဆိုရင် အရေပြားပေါ်မှာ အင်ပြင်ထသလို နီလာမယ်၊ နီရာကနေ ယားလာမယ်၊ ပြီးတော့ တစ်နေရာကနေ နောက်တစ်နေရာကို ပျံ့သွားတတ်ပါတယ်။

မှိုရောဂါတွေဟာ ချက်ချင်းဖြစ်ပေါ်တတ်လေ့မရှိပဲ အချိန်အောင်းနေတတ်ပါသေးတယ်။ နောက်အချိန်ကောင်းရောက်တော့မှ သူကရောဂါအဖြစ် ထလာတတ်တာမျိုးပါ။ မှိုတွေစုဝေးဖို့ ဖြစ်နိုင်ချေအများဆုံး နေရာကတော့ ရှုးဖိနပ်တွေ ထဲမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မှိုတွေကို ဘယ်လောက်ပဲ ပျောက်ကင်းအောင် ကုသ ကုသ ကိုယ်က သန့်ရှင်းစွာ မနေတတ်ရင် နောက်ထပ်ဖြစ်ပေါ်နိုင်တဲ့ အရာမျိုးပါ။ မှိုရောဂါပိုးတွေက ခြေအိပ်တွေ ဘယ်လိုအရောင်၊ ဘယ်လိုအမျိုးအစားမှာမှ စွဲမယ်ဆိုတာမျိုးရှိတာ မဟုတ်ပါဘူး။ ချည်သားတွေ၊ သိုးမွေးထည်တွေ ထဲမှာလည်း ရှိနေနိုင်တတ်ပါသေးတယ်။

မှိုတွေကို 100% ပျောက်ကင်းအောင် ကုသဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အကောင်းဆူံးနည်းလမ်းလေးတွေကတော့ ရှိနေပါသေးတယ်။ အခုပြောမယ့် အချက်လေးတွေကတော့ အသုံးဝင်လိမ့်မယ်ထင်ပါတယ်ရှင်။

1. ဆေးဝါးတွေကို ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာပြီး သောက်ပေး၊ လိမ်းပေးပါ။ မှိုတွေဟာ မျက်စိနဲ့ မမြင်ရတဲ့ အချိန်တွေထိ ရှိနေတတ်ကြသေးလို့ပဲ ဖြစ်ပါတယ်။
2. မိမိခြေထောက်ကို သန့်ရှင်းစွာထားပါ။ စိုစွတ်မနေပါစေနဲ့။ ခြေအိပ်တွေကိုလည်း လဲပေးပါ။ ပလတ်စတစ်ပါဝင်တဲ့ ဖိနပ်တွေထက်စာရင်၊ လယ်သာကောင်းတဲ့ သားရေ ဖိနပ်တွေကို ၀တ်ပေးပါ။
3. ဖိနပ်စီးတဲ့ အခါမှလည်း အရမ်းကျပ်တာမျိုး၊ ချောင်တာမျိုးဖြစ်မနေတဲ့ ကိုယ်နဲ့တော်တဲ့ ဖိနပ်မျိုးကိုသာ စီးပေးပါ။
4. Lotrimin or Lamisil ပါဝင်သော anti-fungal cream များကို အသုံးပြုပေးပါ။ ခြေသည်းတွေ လက်သည်းတွေမှာ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။
5. ခြေဗလာနဲ့ ဘယ်တော့မှ လမ်းမလျှောက်ပါနဲ့။ အထူးသဖြင့် သတိထားရမယ့်နေရာတွေကတော့ bathrooms, locker rooms, gyms, carpet,public bathing areas အစရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
6. ခြေသည်းတွေကို တိုတိုလေးပဲ ထားပါ။ ရောဂါဖြစ်နေတဲ့ ခြေသည်းနဲ့ သာမန်ခြေသည်းတွေမှာ ခြေသည်းညှပ်ကို တစ်ခုတည်း အသုံးမပြုမိပါစေနှင့်။
7. ရောဂါရှိနေတဲ့ မိသားစုဝင် အချင်းချင်းပဲ ဖြစ်ဖြစ်၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ အချင်းချင်းနဲ့ပဲ ဖြစ်ဖြစ် လက်ပွန်းတတီး မနေမိပါစေနဲ့။
8. Zeasorb-AF လိုမျိုး anit-fungal powder ကို ဖိနပ်ထဲကို ထည့်ပေးပါ။ ဒါမှ မှိုတွေ အောင်းမနေနိုင်မှာ ဖြစ်ပါတယ်။
9. ဟောင်းနေပြီဖြစ်တဲ့ ရှုးဖိနပ်တွေ၊ ဘွတ်ဖိနပ်တွေ၊ တစ်ခြားဖိနပ်တွေကို မစီးပါနဲ့။ ကိုယ်ဖြိနပ်ကို တစ်ခြားသူတွေနဲ့လည်း ရှယ်ယာလုပ်ပြီး မစီးမိပါစေနဲ့။
10. မှိုစွဲတဲ့ရောဂါ တစ်ကြိမ်ဖြစ်ဖူးပြီဆိုရင် ပေါင်ခြံလိုနေရာမျိုးကို သေချာသန့်ရှင်းအောင် ထားရပါမယ်။ အဲဒီနေရာတွေကို ဆပ်ပြာနဲ့ သေချတိုက်၊ 5 မိနစ်ခန့်အမြှပ်လေးတွေနဲ့ထားလိုက်၊ ပြီးမှသေချာစင်အောင် ဆေးကြောတာမျိုးကို တစ်လနှစ်ကြိမ်ခန့် လုပ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကိုယ်က မှိုစွဲတတ်ရင် ဆေးကြိုတင်သောက်ထား၊ ဆောင်ထားတာမျိုးလုပ်သင့်ကြောင့် တင်ပြလိုက်ရပါတယ်ရှင