Category Archives: Business

Ethical leadership and management model

Standard

ကျွန်မဘလောဂ့်မှာ relationship နဲ့ ပတ်သက်တဲ့ပိုစ့်လေးတွေချည်းပဲ များနေတော့ လူတွေကတောင် တစ်မျိုးပြီး တစ်မျိုး မေးလာကြပြီ။ comment တွေကလည်း လန်ပျံနေတာပဲ ပေးထားကြတာ။ စိတ်ဝင်စားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ တစ်ကယ်က relationship နဲ့ပတ်သက်တာလေးတွေကို ထပ်တင်ချင်သေးတာ။ Types of Kiss တို့ဘာတို့တွေ အများကြီးပဲ။ ထပ်တင်ရင်လည်း ထပ်ပြောခံရမှာ စိုးလို့ ဒီတစ်ခေါက်တော့ တစ်ခြားအကြောင်းလေးတစ်ခု ရေးမယ်လို့ စိတ်ကူးမိပါတယ်။ အဲဒီတော့ စဉ်းစားလိုက်တာ ကျွန်မတို့ကျောင်းစာမှာလည်း သင်နေရတဲ့၊ နောက်ပိုင်းမှာလည်း လူတော်တော်များများ အသုံးချဖြစ်လာကြတဲ့ Leadership and Management အကြောင်းလေးတွေထဲက တစ်ခုကို ရေးမယ်လို့ စိတ်ကူးမိပါတယ်ရှင်။ စီးပွားရေး လုပ်မယ်ဆိုရင် မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အကြောင်းလေးတွေမို့လို့ စိတ်ဝင်စားဖို့လည်း ကောင်းတယ်လေ။ ခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးတွေ ဆိုတာမျိုးကလည်း ခေတ်စားလာတော့ ကျွန်မလည်း ခေတ်မီချင်လို့ ဒီပိုစ့်လေးကို ရေးသားလိုက်ရကြောင်းပါရှင်။

အရင်တုန်းက စီးပွားရေးလုပ်ကြတယ်ဆိုရင် လူတော်တော်များများက အမြတ်ရဖို့၊ Market Share တွေတိုးလာဖို့ ဆိုတာမျိုးလောက်ကိုပဲ စဉ်းစားပြီး ဗျူဟာတွေကို ချမှတ်ကြပါတယ်။ ဒီဗျူဟာတွေအတိုင်းပဲ ပန်းတိုင်ကို အရောက်ချီကြတယ်။ အောင်မြင်ကြတယ်၊ ကျရှုံးကြတယ်။ ကြိုးစားမှုတွေနဲ့ အချိန်တိုင်းကို နပန်းလုံးကြရတော့တာပါပဲ။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်ပိုင်းတွေကလည်း အမြတ်ရဖို့ဆိုတာတွေထက်၊ ကိုယ်ရရှိတဲ့ အမြတ်ကို တစ်ခြားနေရာတွေမှာ ဘယ်လိုအသုံးချမလဲ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားလာကြတယ်။ ကျွန်မတို့ Management မှာ သင်ရသလိုမျိုးဆိုရင်တော့ Input – Process – Output သဘောတရားအတိုင်း ပတ်ဝန်းကျင်ကရတဲ့ သွင်းအားစုတွေကို ကုန်ပစ္စည်းတွေအဖြစ် အသွင်ပြောင်းပြီး ပတ်ဝန်းကျင်ထဲကိုပဲ ပြန်လည်ပို့ဆောင်ပေးတဲ့ သဘောတရားပါ။ ဒီနေရာမှာ Process ဆိုတာက အရမ်းကိုအရေးကြီးလာပြီ။ ကိုယ်လုပ်လိုက်တဲ့ Process ကြောင့် ပတ်ဝန်းကျင်မှာ ထိခိုက်သွားတာမျိုးတွေရှိနိုင်လား၊ ကိုယ်အသုံးပြုလိုက်တဲ့ ဓါတုပစ္စည်းတွေကြောင့် လူတွေကို ထိခိုက်သွားနိုင်လား စတာတွေဟာ ရှေးကတည်းက သတိထား ဆောင်ရွက်လာကြတာဖြစ်တယ်။

နောက်ပိုင်းမှာတော့ CSR လို့ခေါ်တဲ့ Corporate Social Responsibility တွေက ခေတ်စားလာတယ်။ Environmental Friendly ဖြစ်တဲ့ ကုန်ပစ္စည်းတွေက ပိုပြီးခေတ်စားလာတယ်။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းကြပါ ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို နေရာတိုင်းမှာ တွေ့လာရတယ်။ အဲလိုတွေ ပြောင်းလဲလာတဲ့ အချိန်မှာ Management ရဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း အမြတ်ရဖို့ပဲ ဦးတည်ကြမယ် ဆိုတာထက်၊ အမြတ်လည်းရ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုမယ့် ဗျူဟာမျိုးလေးတွေကိုတော့ ဘယ်လိုချမှတ်ကြမလဲဆိုတာကို စဉ်းစားကြပြီ။ ဘယ်လိုနည်းနဲ့ ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် တုံ့ပြန်ကြမလဲဆိုတာကို ထည့်သွင်းစဉ်းစားကြပြီ။ ကိုယ့်အဖွဲ့အစည်းအတွက်ပဲ စဉ်းစားတာမျိုးထက် ပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဉ်းစားမယ့် Ethical Leadership and Management ဆိုတာမျိုးတွေကို လိုက်လုပ်လာကြပြီ။ 21 ရာစုမှာ ခေတ်စားလာတဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုမော်ဒယ်တွေထဲက အသုံးများကြတဲ့ ပုံစံကတော့ 4P လို့ခေါ်တဲ့ ပုံစံလေးဖြစ်ပါတယ်ရှင်။ Marketing ရဲ့ 4P (Price, Place, Product, Promotion) နဲ့တော့ မရောထွေးစေချင်ပါဘူးရှင်။ Ethical Leadership ရဲ့ 4P ကတော့ Purpose, People, Planet, Probity ဆိုတာတွေပဲ ဖြစ်ပါတယ်။

Image Hosted by ImageShack.us

ဒီလေးခုဟာ အဖွဲ့အစည်းတစ်ခုက စဉ်ဆက်မပြတ်အောင်မြင်မှုတွေကို ရရှိနေစေဖို့အတွက် အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ လက်ရှိလုပ်ဆောင်နေကြတဲ့ စီမံခန့်ခွဲမှုနဲ့ အဖွဲ့အစည်းနဲ့ဆိုင်တဲ့ နီတိတစ်ခုလည်း ဖြစ်ပါတယ်။ Probity ဆိုတာကတော့ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းဆိုတဲ့ သဘောတွေဖြစ်ပြီး လက်တင် ဘာသာစကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုချင်းစီကို အဓိပ္ပာယ် ဖွင့်ပြရမယ်ဆိုရင် Purpose ကနေ စပြောရမယ်။ Purpose ရည်ရွယ်ချက်ဆိုတာကတော့ Profit ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အမြတ်ကိုရည်ရွယ်ပြီး လုပ်ဆောင်တဲ့ Organization တွေမှာတော့ Profit လို့ သုံးပြီး NGO တွေမှာတော့ Purpose လို့ သုံးကြတာ ဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် (Purpose) နဲ့ လူတွေ (People) ရဲ့ လိုအင်ဆန္ဒ တွေကို ညှိနှိုင်းပေးပြီး ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် (Planet) အတွက်လည်း ထည့်သွင်းစဉ်းစားပေးပြီး၊ ကိုယ်လိုက်တဲ့ လုပ်ဆောင်ချက်တိုင်းဟာလည်း ရိုးသားမှု (Probity) ရှိနေရမှာ ဖြစ်တယ်။ ရည်ရွယ်ချက်ဖြစ်တဲ့ Organizational Purpose ကတော့ Shareholder တွေအတွက် အမြတ်ရဖို့၊ ထုတ်လုပ်တဲ့ပိုင်းမှာ ဈေးသက်သက်သာသာလုပ်နိုင်ဖို့၊ cost တွေကိုလျှော့ချဖို့ စတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လူတွေအတွက် ထည့်သွင်းစဉ်းစားပေးတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ ၀န်ထမ်းတွေ၊ စားသုံးသူတွေ၊ ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ကို supply လုပ်နေတဲ့ supplier တွေ စတာတွေအတွက် အကျိုးပြုပေးတာ ပါဝင်ပါတယ်ရှင်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုတာကတော့ ကမ္ဘာကြီးအတွက်၊ ပတ်ဝန်းကျင်အတွက်၊ တောတွင်းတိရစ္ဆာန်တွေအတွက်၊ သဘာဝ အရင်းအမြစ်ထုတ်ယူသုံးစွဲမှုတွေအတွက်၊ နိုင်ငံအမွေအနှစ်တွေကို ထိမ်းသိမ်းတာမျိုးတွေ၊ မျှတတဲ့ ကုန်သွယ်မှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို ထိမ်းသိမ်းခြင်းတွေလည်း အကျုံးဝင်ပါတယ်။ ရိုးသားစွာ လုပ်ဆောင်ရမယ် ဆိုတာကတော့ ကိုယ့်ဖောက်သည်တွေအပေါ် ချစ်ခြင်းမေတ္တာကို အရင်းခံပြီး ရိုးရိုးသားသားနဲ့ အမှန်အတိုင်း ဆောင်ရွက်ပေးရမယ်လို့ ပြောတာပါ။ ဒီနေရာမှာ ကြုံလို့ပြောချင်တာက ခုဆိုရင် ညောင်ပင်လေးဈေးမှာ လက်ဖက်တွေကို အပုံလိုက်မီးရှို့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အရီးတောင်းတို့၊ ကျွန်မအရမ်းကြိုက်တဲ့ ရည်မွန်လက်ဖက်၊ ရွှေတုတ် လက်ဖက် စတာတွေမှာ ဆိုးဆေးတွေ သုံးထားတယ်ဆိုတာတွေကြောင့်ပါတဲ့။ ဒါဆိုရင် သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေက မရိုးသားတော့ဘူးလေ။ အမြတ်ရဖို့ အသုံးစရိတ်လျှော့ချဖို့ တစ်ခုတည်းအတွက် ပြည်သူတွေကို လိမ်ညာနေတဲ့ လုပ်ဆောင်ချက်တွေပေါ့။

အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက်ဆိုရင် ရှေးရိုးအစဉ်အဆက်ကတည်းက ချမှတ်လာကြတဲ့၊ ကိုယ်ကျိုးကိုယ်ပဲ ကြည့်တဲ့ အမြတ်ရဖို့ ဆိုတာတစ်ခုတည်းနဲ့တင် ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ အပြုအမှုတွေ၊ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေဟာလည်း တစ်ကမ္ဘာလုံးက ဒါမှမဟုတ် ကိုယ်ထိတွေ့နေတဲ့ သူတွေအားလုံးက သိမြင်နိုင်တဲ့ Global Mission တွေ ဖြစ်နေရပါမယ်။ ဒါမှသာ ကိုယ့်ရဲ့ Statement တစ်ခုကို ကြည့်လိုက်ရုံနဲ့ ဒီအဖွဲ့အစည်းကတော့ ဘာကိုဦးတည်နေတယ်၊ ခေါင်းဆောင်တွေက ဘယ်လိုဗျူဟာတွေကို ချမှတ်နေကြတယ် စတာတွေကို လူအဖွဲ့အစည်းက အကဲဖြတ်သိမြင်နိုင်ပြီး ကိုယ့်ရဲ့ Image ကိုလည်း တက်လာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီလို Image တက်လာမှလည်း ကိုယ့်ကို အားကိုးလိုတဲ့၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ယုံကြည်တဲ့သူတွေ ကမ္ဘာအ၀ှမ်းမှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင်အတွက်လည်း ထည့်သွင်းစဉ်းစားတဲ့ 4 P ဟာလည်း လက်ရှိမှာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်ကို လိုအပ်လို့ လာနေပါတယ်ရှင်။ ဒီ 4P Model ကို ချမှတ်သူကတော့ Alan Chapman ဆိုတဲ့ သူဖြစ်ပြီး 2006 ခုနှစ် ဧပြီလမှာ တရားဝင် ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်ရှင်။

9 Ways to Understand Marketing!

Standard

Marketing ဆိုတာ ဘာလဲ။ မားကတ်တင်းနည်းလမ်း ၉မျိုးကို အခုလို ရှင်းရှင်းလင်းလင်း ဥပမာလေးတွေနဲ့ သင်ထားတာ ကောင်းတယ်။ မမေ့နိုင်တော့ဘူး။

A Professor at one of the IIM’s was explaining marketing concepts to the Students:

1. You see a gorgeous girl at a party. You go up to her and say: “I am very rich. Marry me!” – That’s “Direct Marketing.”

2. You’re at a party with a bunch of friends and see a gorgeous girl. One of your friends goes up to her and pointing at you says: “He’s very rich. Marry him.” -That’s “Advertising.”

3. You see a gorgeous girl at a party. You go up to her and get her telephone number. The next day, you call and say: “Hi, I’m very rich. Marry me.” – That’s “Telemarketing.”

4. You’re at a party and see gorgeous girl. You get up and straighten your tie, you walk up to her and pour her a drink, you open the door (of the car)for her, pick up her bag after she drops it, offer her a ride and then say:”By the way, I’m rich. Will you Marry Me?” – That’s “Public Relations.”

5. You’re at a party and see gorgeous girl. She walks up to you and says:”You are very rich! Can you marry me?” – That’s “Brand Recognition.”

6. You see a gorgeous girl at a party. You go up to her and say: “I am very rich. Marry me!” She gives you a nice hard slap on your face. – That’s “Customer Feedback.”

7. You see a gorgeous girl at a party. You go up to her and say: “I am very rich. Marry me!” And she introduces you to her husband. – That’s “Demand and Supply Gap.”

8. You see a gorgeous girl at a party. You go up to her and before you say anything, another person come and tell her: “I’m rich. Will you marry me?” And she goes with him – That’s “Competition Eating into your Market Share.”

9. You see a gorgeous girl at a party. You go up to her and before you say: “I’m rich, Marry me!” your wife arrives. – That’s “Restriction for Entering New Markets.”