Category Archives: One Young World

Passion After One Young World

Standard

လူတွေက ကျွန်မကို မေးကြတယ်ရှင့်။ One Young World ကို ဘာကြောင့် သွားတက်တာလဲ။ တက်ပြီးရင် ဘာရလဲ လို့ပေါ့။ 2010 တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်ပါဘူး။ ဒီအတိုင်း နိုင်ငံခြားကိုလည်း သွားချင်တာကြောင့်ရယ်၊ နောက်ပြီး လူသစ်တွေနဲ့ တွေ့ချင်တယ်၊ အတွေ့အကြုံသစ်တွေ လိုချင်တယ်။ ဒါတွေကြောင့် လျှောက်ဖြစ်ခဲ့တာပါ။ ကံက ကောင်းချင်တော့ Amex Sponsor နဲ့ သွားတက်ခွင့် ရခဲ့တာပေါ့။ ကျွန်မတို့ မြန်မာပြည်က လူတွေမှာက ဓလေ့လို့ပဲ ပြောရမလား၊ သမားရိုးကျ တွေးတယ်လို့ပဲ ပြောရမလား။ စပွန်စာကလည်း ရတယ်ဆိုတော့ ကျွန်မတို့လက်ထဲကို ပိုက်ဆံရောက်လာမယ်လို့ ထင်ကြတဲ့ သူတွေလည်း မနည်းမနောပဲကို။ တစ်ယောက်ယောက်ကများ ပိုက်ဆံရှိလို့ နိုင်ငံခြားသွားတာမဟုတ်ပဲ Program လေးတစ်ခုနဲ့ သွားရရင်ကိုပဲ အဲ့လူအကြောင်းကို ကောင်းတာတွေကော မကောင်းတာတွေကော ပြောလို့ မဆုံးကြတော့ပါဘူး။ လူငယ်တွေမှာ အကောင်းဘက်ကို များများတွေးတတ်တဲ့ အကျင့်ကလေးတွေလည်း ရလာဖို့လိုတယ်လို့ ကျွန်မရဲ့ အပြောအဆိုပေါင်းမြောက်များစွာကို ခံခဲ့ရတဲ့ အတွေ့အကြုံအရလည်း ပြောချင်ပါသေးတယ်။

2010 One Young World တက်လို့အပြီးမှာ ကျွန်မ ဘာတွေပြောင်းလဲသွားလဲဆိုတော့ နည်းနည်းမြောက်ကြွကြွ ဖြစ်သွားတာကို ၀န်ခံပါတယ်။ တစ်ခြားဟာကြောင့်တော့ မဟုတ်ပါဘူး။ ဘာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးဝင်လာခဲ့လို့ပါပဲ။ လူငယ်တွေကို Speech လာပေးကြတဲ့ ခေါင်းဆောင်တွေရဲ့ စကားကလည်း သေလို့ရလောက်အောင် ကောင်းနေတော့ ကျွန်မမှ မဟုတ်ပါဘူး။ လူတိုင်းကို ဒီလို တက်ကြွမှုမျိုး ဖြစ်ကြတာ ချည်းပါပဲ။

“You are the very unique generation of human beings”

“You all are amazing bunch of young people”

“You must send poverty, wars and conflicts to the museum”

“Go and speak to your Government and challenge”

“Our generation has failed to you. You all are just to begin. You must change the world”

Read the rest of this entry

Journey to One Young World 2011

Standard

Zurich လေဆိပ်ကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းလှတယ်။ အချိန်က နေ့လည်ခင်းဖြစ်ပေမယ့် ကျွန်မရောက်ဖူးတဲ့ တစ်ခြားလေဆိပ်တွေမှာလို လူတွေ ပျားပန်းခတ်လှုပ်ရှားနေတာမျိုး မရှိဘူး။ ကျွန်မစီးလာတဲ့ လေယာဉ်ပေါ်က ဆင်းလာသူတွေကိုပဲ တွေ့ရတယ်။ ရထားစီးလိုက်၊ စက်လှေကားတွေ တစ်ခုပြီး တစ်ခု တက်လိုက်ဆင်းလိုက်နဲ့ပဲ Immigration ဆီသို့ ကျွန်မရောက်လာခဲ့တယ်။ ကျွန်မနဲ့အတူ လေယာဉ်စီးလာတဲ့ သူငယ်ချင်းတွေကလည်း Zurich က တိတ်ဆိတ်လိုက်တာဆိုပြီး ပြောနေကြတယ်။ သူငယ်ချင်းတွေဆိုပေမယ့် Dubai လေဆိပ်မှာခင်လာကြတဲ့ သူတွေပါ။ ကျွန်မလိုပဲ One Young World 2011 ကို လာတက်တဲ့ နိုင်ငံအသီးသီးက လူငယ်ကိုယ်စားလှယ် အယောက် (၅၀) လောက် Duabi လေဆိပ်မှာ တွေ့ပြီး လေယာဉ်တစ်စီးတည်း အတူတူစီးလာကြတာ။ Immigration Officer က မြန်မာပြည်ကနေ ဒီထိတောင် ဘာလာလုပ်တာလဲတဲ့။ Youth Conference တစ်ခု လာတက်တာပါဆိုတော့.. သြော် One Young World လားတဲ့။ ဒီနှစ်မှာ တစ်ခုကောင်းတာက Swiss Authorities တွေကိုယ်တိုင် ဒီပွဲကို တရားဝင်ထောက်ပံ့ပေးတာကြောင့် ဗီဇာကိစ္စတွေ အကုန်အဆင်ပြေပြီး Immigration ကလူတွေလည်း ပွဲအကြောင်းကို သိနေကြတယ်။


လေဆိပ်ကနေ နေရမယ့်ဟိုတယ်ဆီကို ရထားတွေစီး ၊ ကားတွေစီးပြီး လာရသေးတယ်။ ကျွန်မလိုပဲ Crowne Plaza Hotel မှာ နေကြမယ့် လူတွေစုပြီး တူတူသွားကြတာပေါ့။ ကျွန်မတို့အားလုံးကို လေဆိပ်ကထွက်တာနဲ့ OYW က တာဝန်ရှိသူတွေကစောင့်နေပြီး မြေပုံတွေပေး ၊ Swiss Pass တွေ ပေးတယ်။ Swiss Pass ဆိုတာက ဆွဇ်ဇာလန်မှာ နေတုန်းကို ကြိုက်တဲ့ ဘတ်စ်ကားတွေ ၊ ရထားတွေကို အလကားတက်စီးလို့ရတဲ့ ကဒ်တစ်ခုပေါ့။ One Young World Delegate တိုင်းကိုပေးတာ ဆိုတော့ သွားရ လာရ အဆင်ပြေတယ်။ ဟိုတယ်ကိုရောက်တော့ Check In လုပ် ၊ အခန်းထဲရောက်တော့ ထုံးစံအတိုင်း အိပ်ပျော်သွားလိုက်တာ.. အပြင်က တစ်ဒုန်းဒုန်းနဲ့ တံခါးခေါက်သံကြားမှပဲ နိုးလာတော့တယ်။ အာဖဂန်နစ္စတန်က ကျွန်မသူငယ်ချင်းက ညစာစားဖို့ လာနှိုးတာ။ အဲ့လိုနဲ့ ည (၁၁) နာရီလောက်ကြီး အပြင်ထွက်ပြီး ညစာစားဖို့ ဆိုင်ရှာတယ်။ Pizza House တစ်ခုတွေတော့ ၀င်စားလိုက်တာ.. ပီဇာတစ်ခုရယ် ၊ Coke တစ်ဗူးရယ်ကို CHF 28.40 (US 40) လောက်ပေးခဲ့ရလို့ တော်တော်အီစလံ ဝေသွားတယ်။ ဆွဇ်ဇာလန်မှာ အရာရာတိုင်းက ဈေးကြီးလွန်းလှတယ်။ အဲ့ဒီကလူတွေလည်း ချမ်းသာလွန်းအားကြီးတယ် ထင်ပါရဲ့.. စားတော့လည်း ခမ်းခမ်းနားနား၊ ၀တ်တော့လည်း ခမ်းခမ်းနားနား ၊ နေတဲ့ ထိုင်တဲ့ပုံစံတွေလည်း ကြည့်လိုက်တာနဲ့ အဆင်မြင့်မှန်း သိသာတယ်။


နောက်တစ်နေ့ မနက်ရောက်တော့ ဟိုတယ်က မနက်စာစားတဲ့ ခမ်းမမှာ ကျွန်မလိုပဲ Returning Ambassador တွေကို တွေ့ရတယ်။ ၀မ်းသာအားရ ပွေ့ဖက်နုတ်ဆက်ကြတယ်။ မသိတဲ့ Delegate တွေနဲ့လည်း ထပ်မိတ်ဆက် ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံအကြောင်းတွေ အပြန်အလှန်ပြောကြ၊ သူ့အကြောင်း ကိုယ့်အကြောင်းမေးကြ မြန်းကြနဲ့ မနက်စာစားပြီးတော့ Conference လုပ်မယ့် Kongrasshaus ဆီကို Tram စီးပြီး ချီတက်ကြတယ်။ အဲ့ဒီမှာ တစ်ခု သတိထားမိတာက Zurich မြို့ထဲမှာလည်း Traffic တွေ မရှိသလောက်နည်းတယ်၊ လူသွား လူလာနည်းတယ်၊ ဆိုင်တွေဆိုရင်လည်း Brand တွေများတယ်၊ လမ်းဘေးကဆိုင်လေးတွေကအစ ခမ်းခမ်းနားနားနဲ့။

Read the rest of this entry

London Trip to attend One Young World Summit (Second day of Summit)

Standard

London Excel where One Young World Summit was held

Summit ရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာတော့ မနက်စောစော ၇ နာရီလောက်ကို အိပ်ရာက ထရပါတယ်။ ဟိုတယ်မှာပဲ မနက်စာစားပြီး Summit ကျင်းပမယ့် London Excel ကို မနက် (၈) နာရီ အရောက်သွားရပါတယ်။ Travel Lodge – London City Airport မှာနေတဲ့သူတွေ အားလုံးအတွက် စီစဉ်ပေးထားတဲ့ ကားတွေနဲ့ သွားရပါတယ်။ Excel ခန်းမကြီးဟာ တစ်ကယ်ကို အကျယ်ကြီးပါပဲ။ လူ ၂၀၀၀ လောက်အသာလေး ဆံ့ပါတယ်။ ကျွန်မတို့တွေ Excel ကိုရောက်တော့ တစ်ခြားဟိုတယ်က delegate တွေလည်း အသီးသီးရောက်နေပါပြီ။ အဲ့ဒီမှာ ခန်းမရဲ့ အပြင်ဘက်မှာ Laptop တွေနဲ့ Desktop တွေ ထားပေးထားပါတယ်။ အင်တာနက်သုံးချင်သူတွေ သုံးလို့ရပါတယ်။ Conqueror လို့ခေါ်တဲ့ Company က ပေးတဲ့ One Young World စာအုပ်နဲ့ စက္ကူအမာသားတွေနဲ့ လုပ်ထားတဲ့ 100% recycle ball pen ကိုလည်း လက်ဆောင်ပေးပါတယ်။ ပြီးတော့ Change Start with a Blank Sheet of Paper ဆိုတဲ့စာသားနဲ့အတူ Blank Sheet Project လို့ အမည်ပေးထားတဲ့ ဘုတ်အဖြူကြီး တစ်ခုလည်း ရှိပါတယ်။ အဲ့ဒီမှာ ကျွန်မတို့တွေ စာသားတိုလေးတွေနဲ့ အမှတ်တရလေးတွေကို ဆော့ပင်နဲ့ လျှောက်ခြစ်လို့ရတာပေါ့။

Blank Sheet Project

In our national dress.

Voting Handset

အဲ့ဒီနေ့က ကျွန်မရယ် Trishina ရယ်က ကိုယ့်နိုင်ငံရဲ့ အမျိုးသားဝတ်စုံတွေ ၀တ်ထားကြပါတယ်။ ကျွန်မလည်း မြန်မာဝတ်စုံလေးနဲ့ သူကလည်း ဘူတန်ဝတ်စုံလေးနဲ့ပေါ့။ နှစ်ယောက်လုံးရဲ့ ၀တ်စုံက ဆင်တူနေကြပါတယ်။ သူလည်း ချိတ်ထမီလေးနဲ့ အင်္ကျီလေးနဲ့ဆိုတော့ ကျွန်မတို့နှစ်ယောက်ကို တစ်နိုင်ငံတည်းကလို့တောင် ထင်ကြပါသေးတယ်။ အင်ဒိုနီးရှားကလူတွေကတော့ မြန်မာပြည်ကထင်တယ်လို့ လာနုတ်ဆက်ကြပါတယ်။ ခမ်းမထဲကို မ၀င်ခင် ကျွန်မတို့တွေ Voting Handset လေးတွေယူကြရပါတယ်။ ပြီးတော့ အသီးသီးနေရာတွေ ယူကြတာပေါ့။ အဲ့ဒီနေ့မှာ ကျင်းပမှာက Environment and its Protection, Global Business, Interfaith Dialogue ဆိုတဲ့ PlenarySession သုံးခုပါ။ ခမ်းမထဲဝင်ပြီး ခဏနေတော့ ပွဲလည်းစပါတယ်။ David နဲ့ Kate က နုတ်ဆက်စကားပြောပြီး Counsellor တွေ Delegate Speaker တွေက စင်ပေါ်တက် နေရာယူကြပါတယ်။ Environment Session မှာ Counsellor အဖြစ် တာဝန်ယူကြသူတွေက Kofi Annan, Bob Gelford, Alejandro Toledo, Professor Nick Hayson တို့ပဲဖြစ်ပါတယ်။ Delegate Speaker တွေက စုစုပေါင်း ခြောက်ယောက်ရှိပြီး သူတို့တွေ ပြောသွားတာတွေကလည်း မှတ်သားစရာ၊ အတုယူစရာတွေပါပဲ။ Climate Change အတွက် အဓိကသတ်မှတ်ထားတဲ့ Resolution ကတော့.. Read the rest of this entry

London Trip to Attend One Young World Summit (First Day of Summit)

Standard

ကျွန်မတို့ Summit ရဲ့ Official First Day က ဖေဖော်ဝါရီလ (၈) ရက် ၊ တနင်္လာနေ့ပါ။ အဲ့ဒီနေ့အစီအစဉ်က ၂၀၁၂ မှာ လန်ဒန်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ Olympic Site ကိုသွားလည်ဖို့နဲ့ အခြား London Highlight တွေကို လိုက်ပို့ဖို့ အစီအစဉ်ပါ။ ညနေကျတော့ Opening Ceremony of Summit ပေါ့။ အဲ့နေ့မနက်မှာတော့ ကျွန်မတို့နှစ်ယောက် ခပ်စောစောပဲ နိုးလာပါတယ်။ ဟိုတယ်မှာ ဘာမှမရှိဘူး.. ငါတို့ကို ဈေးပေါတဲ့နေရာ ထားတယ်ထင်တယ်လို့.. အခန်းဖော်က ပြောနေပါသေးတယ်။ သူနဲ့ကျွန်မ ရေချိုးပြီး မနက်စားစားဖို့လာတော့ အဲ့ဒီမှ Delegate အများကြီးတွေ့ရတော့တာပါပဲ။ ကျွန်မတို့နှစ်ယောက်ကို တစ်ယောက်က လာနုတ်ဆက်တယ်.. ဖိလစ်ပိုင်ကပါတဲ့ နင်တို့က ဘယ်ကလဲတဲ့.. ကျွန်မတို့လည်း တစ်ယောက်ကို တစ်ယောက် အချင်းချင်း ပြန်မိတ်ဆက်ကြတယ်။ ဖိလစ်ပိုင်က ဘယ်နှစ်ယောက်ပါလဲဆိုတော့ ကိုးယောက်တဲ့.. ၀ိုး အများကြီးပါပဲလား.. ခဏနေတော့ နောက်ကောင်လေးတစ်ယောက် လာနုတ်ဆက်တယ်.. ငါက အင်ဒိုနီးရှားကတဲ့.. နောက်တော့မှ သိရတာက အဲ့ကောင်လေးက အင်ဒိုနီးရှားက ၀န်ကြီးချုပ်ရဲ့သားတဲ့.. ကျွန်မကိုတောင် သူကပြောလိုက်သေးတယ်.. ဒီနှစ် SEA Game က အင်ဒိုနီးရှားမှာလေ.. နင်လိုက်မလားဘူးလား..တဲ့.. ငါက အားကစားဝါသနာမပါဘူး.. အဲ့ဒီအပိုင်းနဲ့လည်း သိပ်အဆက်အစပ်မရှိဘူးဆိုတော့.. ငါကတော့ ကစားသမားမဟုတ်ဘူးတဲ့.. ဒါပေမယ့် Crew ထဲမှာ နှစ်တိုင်းပါတယ်တဲ့.. မြန်မာပြည်ကိုလည်း လာခဲ့မယ်နော်တဲ့..။

မနက်စာ စားနေတုန်းမှာပဲ အချင်းချင်းမိတ်ဖွဲ့ကြတာပေါ့.. အီသီယိုးပီးယား၊ ဂါနာ၊ ပါကစ်စတန်၊ အိန္ဒိယ၊ မော်ရေးရှား၊ မက္ကဆီကို၊ ကမ္ဘောဒီယား၊ နိုင်ဂျီးရီးယား.. အို အများကြီး အများကြီးပါပဲ။ ဘယ်သူ့ကိုမှ ဘယ်သူက ရွံ့နေတာမျိုးမရှိကြဘူး။ ရှိန်နေကြတာမျိုးလည်း မရှိကြဘူး.. အင်္ဂလိပ်လိုတွေလည်း မွတ်နေကြတာပဲ.. တော်တော်များများကလည်း နိုင်ငံတကာ အတွေ့အကြုံရှိတဲ့သူတွေပါပဲ.. အားလုံးက သူငယ်ချင်းအရင်းကြီးတွေလိုပဲ ဖြစ်သွားတယ်။ တစ်ယောက်ကို တစ်ယောက်တောင် နောက်နေပြောင်နေကြသေးတယ်။ ဓါတ်ပုံတွေကလည်း ရိုက်လိုက်ကြတာ မပြောပါနဲ့တော့.. မနက် (၁၀) နာရီလောက်မှာ ကျွန်မတို့တွေအားလုံးကို Badge တွေထုတ်ပေးတယ်။ Badge ထုတ်ဖို့ တန်းစီးနေတုန်းမှာပဲ ကျွန်မကို ကောင်မလေး ချောချောလေးတစ်ယောက် လာမေးတယ်.. ” Are you Tin Myat Htet? ” တဲ့.. “Yeah” လို့ပြောပြီး ကျွန်မလည်း သူ့ကိုသေချာပြန်ကြည့်လိုက်တော့.. “Oh Christine” .. အင်ဒိုနီးရှားက ကျွန်မ သူငယ်ချင်းပါ.. ဖေ့စ်ဘုတ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်ကြပါတယ်.. “One Young World” ကိုလျှောက်တော့လည်း တူတူပဲလျှောက်ကြတာ.. စပွန်စာရတော့လည်း ကျွန်မတို့နှစ်ယောက်ကို “American Express” ကပဲ အတူတူပေးတာ.. သူက စူမားတြားကျွန်းရဲ့ TV အစီအစဉ်တစ်ခုက Presenter ပါ.. အင်္ဂလိပ်လိုလည်း အရမ်းကောင်းပါတယ်.. သူ့ကို အပြင်မှာတွေ့ရတာ ပျော်လိုက်တာ မပြောပါနဲ့တော့။ Read the rest of this entry

London Trip to Attend One Young World Summit (Visiting around the town)

Standard

ရုတ်တရက် ကျွန်မနိုးလာတော့ မိန်းကလေးတစ်ယောက်နဲ့ ဟိုတယ်က ၀န်ထမ်းအမျိုးသားတစ်ယောက်ကို တွေ့ပါတယ်.. အဲ့မိန်းကလေးကလည်း ကျွန်မရုတ်တရက်နိုးပြီး ထထိုင်လိုက်တော့ လန့်သွားပုံရပါတယ် ” Oh you scared me” တဲ့.. ဟိုတယ်ဝန်ထမ်းကလည်း ကျွန်မကိုလက်ညှိုးတွေ ထိုးပြီးတော့ “It’s she. It is she” လို့ ပြောနေပါတယ်။ မိန်းကလေးကို မြင်ဖူးသလိုရှိပေမယ့် ဘယ်သူဆိုတာ စဉ်းစားလို့ကို မရပါဘူး.. ကျွန်မနဲ့အတူနေမယ့် တစ်ခြားနိုင်ငံက Delegate လို့ပဲ ထင်လိုက်ပါတယ်။ သူကပဲပြောတယ်.. ငါတို့နင့်ကိုတွေ့ဖို့လာတာတဲ့.. နင်အိပ်နေလို့ အကြာကြီးပဲစောင့်နေရတယ်တဲ့.. ခုမှ အခန်းထဲဝင်ပြီးလာနှိုးတာ.. အပြင်မှာလည်း လူတွေပါသေးတယ်.. အခန်းထဲကို လာဖို့ခေါ်လိုက်မယ်နော်တဲ့.. အင်္ဂလိပ်လိုပဲ ပြောတာပါ.. ဒါနဲ့ ကျွန်မလည်း “No, I’ll come to the reception” ဆိုပြီး ပြောလိုက်မိတယ်.. အဲ့တော့မှ သူက “ညီမလေး အခန်းထဲကို မလာစေချင်လို့လားတဲ့” ဗမာလိုပြောတယ်.. အဲ့တော့မှ မှတ်မိသွားတာ.. “အားးးးးး မမနေညို”.. မနေညိုက ကျွန်မသူငယ်ချင်း ဘလောဂ့်ဂါပါပဲ..အွန်လိုင်းမှာ ညီအစ်မတွေကို ခင်ကြတာပါ.. ကျွန်မလည်း ၀မ်းသာအားရနဲ့ ခုန်ပေါက်ပြီး အမဘယ်သူတွေ ပါသေးလဲ ခေါ်လိုက်လေ လို့ပြောလိုက်မိပါတော့တယ်။ ဟိုတယ်ဝန်ထမ်းလည်း အပြင်ကို ပြန်ထွက်သွားတယ်။ အဲ့တော့မှ တစ်ယောက်ကို တစ်ယောက်အသေအလဲ လိုက်ဖက်ကြပါရော.. ကျွန်မမှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ အပြင်မှာ Steve ရယ် အမသူငယ်ချင်းနောက်တစ်ယောက်ရယ် စောင့်နေကြတာတဲ့။ Steve ဆိုတာလည်း Blogger ပါ.. သူလည်း လန်ဒန်မှာ အလုပ်လုပ်နေတာ.. ခဏနေတော့ Steve နဲ့ မနေညိုသူငယ်ချင်းလည်းအခန်းထဲရောက်လာတယ်။ ကျွန်မကိုလည်း ပြောလို့ ဆိုလို့ပေါ့.. အိပ်နေလိုက်တာများ.. အပြင်မှာ နှစ်နာရီလောက်တောင် စောင့်နေရတယ်.. ငါက မိုင်(၁၅၀) လောက်ဝေးတဲ့ နေရာကနေ ကားမောင်းလာရတာ ဘာ ညာ ပေါ့။ ကျွန်မကလည်း ဇက်ကလေး ပုလို့ပေါ့လေ။

တစ်ကယ်တော့ အဖြစ်ကလည်း အတော်ကိုရီရပါတယ်။ အဲ့ဒီမှာ ဟိုတယ်က ၀န်ထမ်းတွေက လာတည်းတဲ့ Customer တွေရဲ့ Information ကို အပြင်လူတွေကို မပေးပါဘူးတဲ့။ မနေညိုတို့ ဟိုတယ်ရောက်လာတော့လည်း သူထွက်လာရင် တွေ့လိမ့်မယ် ထိုင်စောင့်နေဆိုပြီး အပြင်မှာပဲ ထိုင်ခိုင်းထားတာပါတဲ့။ တစ်နာရီကျော်ကျော်လောက် သူတို့လည်း ထိုင်စောင့်နေကြပါသေးတယ်။ နောက်တော့မှ Steve က သူ့မှာ အမျိုးလည်းမရှိဘူး.. ဒီကို Summit တက်ဖို့ မြန်မာပြည်ကနေ တစ်ယောက်တည်းလာတာ.. တစ်ခုခုဖြစ်နေရင် ဒုက္ခဖြစ်မယ်. မင်းတို့မခေါ်ပေးရင် ငါတို့တွေ ရဲတိုင်လိုက်မယ်လို့ ပြောတော့မှာ အခန်းတံခါး လာဖွင့်ပေးတယ်ဆိုပဲ။ ပင့်ဂိုလ်းတို့များ အရာရာနဲ့ အကြောင်းကြောင်းပါပဲလားရှင်။

မနေညိုကလည်း သူ့အိမ်လိုက်ခဲ့ပါလားတဲ့.. Summit စမယ့် တနင်္လာနေ့ကို ပြန်ပို့ပေးမယ်တဲ့.. သူကလည်း စနေ တနင်္ဂနွေပဲအားတာဆိုတော့ ကျန်တဲ့ရက်တွေ လာတွေ့ဖို့အဆင်ပြေတော့မှာ မဟုတ်ဘူးတဲ့။ ကျွန်မကလည်း အစကတော့ လိုက်လည်းလိုက်ချင်တယ်.. လိုက်သွားပြန်ရင်လည်း One Young World အဖွဲ့က တစ်ခုခုပြောမှာလည်း စိုးပြန်တယ်။ နောက်တော့ ဘာဖြစ်ဖြစ်လိုက်မယ်ကွာဆိုပြီး အင်္ကျီတစ်ထည် နှစ်ထည်ထည့်၊ အထုပ်ဆွဲပြီး လိုက်ခဲ့ပါတော့တယ်။ အပြင်ရောက်တော့ Reception မှာ One Young World က တာဝန်ရှိသူတွေလည်း ရောက်နေတာတွေ့တယ်။ တစ်ခြားနိုင်ငံက Delegate တွေလည်း ရောက်နေကြပြီ။ ဒါနဲ့ Reception ကို သော့အပ်တော့ အပ်စရာမလိုဘူးတဲ့ ယူသွားလို့ရတယ်တဲ့.. အပြင်သွားမယ်ဆိုရင် နင့်ရဲ့အဖွဲ့ကို အကြောင်းကြားလိုက်ပါလားတဲ့။ ဒီတော့ကျွန်မလည်း တာဝန်ရှိသူတွေဆီကို သွားပြီးတော့ “Hello, I’m delegate from Myanmar” ဆိုပြီး မိတ်ဆက်တော့ “Hi nice to meet u in person” ဘာညာ ကွိကွ ပေါ့လေ.. ဒါနဲ့ကျွန်မလည်း “Do you have any schedule for us tomorrow?” ဆိုပြီးမေးလိုက်ပါတယ်။ Sunday အတွက်ဘာမှမရှိဘူးလို့ သူတို့ကပြောတယ်.. ဒါနဲ့ ကျွန်မလည်း မနေညိုကို လက်ညှိုးထိုးပြီးတော့ သူက ကျွန်မရဲ့ အမပါ.. သူနဲ့လိုက်သွားချင်လို့ ရမလားလို့ မေးလိုက်တယ်.. မနေညိုကလည်း ၀င်ပြောပေးတယ်.. ညီမလေးကို ခေါ်သွားချင်လို့ပါ တနင်္လာနေ့ ပြန်ပို့ပေးပါမယ်ပေါ့.. သူတို့ကလည်း ရတယ်ခေါ်သွားတဲ့. မန်းဒေးကိုသာ ၂ နာရီမထိုးခင် ပြန်လာခဲ့တဲ့.. ကျွန်မလည်း ကျေးဇူးပါ ကျွန်မက မန်းဒေးကျရင် စပွန်စာပေးတဲ့ အဖွဲ့အစည်းနဲ့လည်း ၁၁ နာရီကို တွေ့ရမှာကြောင့် ကိုးနာရီလောက်ကို အရောက်ပြန်ခဲ့ပါမယ်လို့ ပြောလိုက်ပါတယ်။ သူတို့အချင်းချင်းလည်းပြောကြသေးတယ်.. သြော် briefing ပေးမယ်ထင်တယ်တဲ့.. အိုးကေ bye bye ဆိုပြီး ကျွန်မလည်း မနေညိုတို့ Steve တို့နဲ့လိုက်လာခဲ့ပါတယ်။ Steve ရဲ့ ကားနဲ့ပဲ ကျွန်မကို လန်ဒန်မြို့ရဲ့ ညနေခင်းမှာ လျှောက်သွားကြလေသတည်းပေါ့။

Read the rest of this entry

London Trip to attend One Young World Summit (Arriving Hotel)

Standard

ဟီသရိုးနဲ့ London City Airport ဟာ လန်ဒန်ရဲ့ အစနဲ့ အဆုံးပါပဲ။ ကျွန်မတို့တွေ အကုန်လုံးကို လန်ဒန်မှာ ရှိတဲ့ Travelodge Hotel တွေမှာ ထားတာပါ။ Travelodge – London City Road, Travelodge – Docklands, Travelodge – London City Airport စတဲ့ နေရာသုံးခုမှာ ခွဲထားပါတယ်။ ကျွန်မနေရမယ့် ဟိုတယ်က London City Airport မှာရှိတဲ့ ဟိုတယ်မှာပါ။ ဟီးသရိုးကနေ အဲ့နေရာကို တစ်နာရီလောက် ထပ်မောင်းရပါသေးတယ်။ လာကြိုတဲ့အမကြီးကလည်း လမ်းသေချာမသိပါဘူး။ ဒါနဲ့သူ Satellite ဖွင့်ပြီး မောင်းပါတယ်။ နည်းပညာတွေ တိုးတက်တာကို ကျွန်မအဲ့မှာ စမြင်ရတာပါပဲ။ ကျွန်မ မြန်မာပြည်မှာနေတုန်းက တိုးတက်နဲ့ နည်းပညာဆိုတာ ကြားဖူးတာပဲ ရှိတာပါ။ မြင်ဖူးတာဆိုလို့ Laptop, Mobile phone အသစ်တွေရယ်၊ ဖွတ်ချက် ဖွတ်ချက် အင်တာနက်ရယ်ပဲ ရှိပါတယ်။ ကားမှာပါတဲ့ ဘာနဲ့ချိတ်ဆက်ထားတာလဲတော့ မသိပါဘူးလို့ ထင်ပေမယ့် တစ်ကယ်က ဖုန်းနဲ့ချိတ်တာပါ။ Satellite က အမျိုးသမီးအသံက ပြောတဲ့အတိုင်း မောင်းသွားလိုက်တာပါပဲ။ ကိုက် ၁၀၀ လောက်မောင်းပြီးရင် ဘယ်ကိုကွေ့လိုက်ပါ.. ရှေ့တည့်တည့်ဆက်မောင်းသွားပါ.. နောက်ထပ် ကိုက်ဘယ်လောက်ရောက်ရင်တော့ ညာကို ကွေ့လိုက်ပါ အဲ့လိုမျိုးပေါ့။ လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။ မြန်မာတွေကတော့ ”တုံတုံ” လို့ခေါ်ကြလေရဲ့.. ”တုံတုံ” ဖွင့်ပြီးသွားရင် ဘယ်နေရာမဆို ရောက်ပါတယ်။

Travelodge ကိုရောက်တော့ မနက် ကိုးနာရီ နည်းနည်းကျော်ပါပြီ။ ဟိုတယ်က သိပ်ပြီးတော့ မခမ်းနားပါဘူး။ မန္တလေးမှာ ကျွန်မတည်းဖူးတဲ့ ဟိုတယ်တွေလောက်တောင် မခမ်းနားပါဘူး.. ဒီအတိုင်း ခပ်ရိုးရိုးလေးပါပဲ။ လိုက်ပို့တဲ့ အမျိုးသမီးလည်း ကျွန်မကို ထားသွားပြီး နောက်လူတွေကို ကြိုဖို့ ဆက်သွားပါတယ်။ ကျွန်မလည်း Reception ကိုသွားပြီးတော့ ”ကျွန်မနာမည်က တင်မြတ်ထက်ပါ.. One Young World Summit တက်ဖို့လာပါတယ်.. ဒီဟိုတယ်မှာ နေရမယ်လို့ပြောပါတယ်.. ကျေးဇူးပြုပြီး Booking လေး Check လုပ်ပေးနိုင်မလား” လို့ မေးလိုက်ပါတယ်။ အဲ့တော့ စာအိတ်တွေ တစ်ထပ်ကြီး ထုတ်လာပါတယ်။ ကျွန်မနာမည်ရေးထားတဲ့ စာအိတ်ကိုပေးပြီး ”အခု Check in ၀င်မယ်ဆိုရင် ၁၀ ပေါင်အပိုပေးရမယ်တဲ့.. ပုံမှန်အချိန်ကတော့ ညနေ (၃) နာရီမှ” လို့ပြောပါတယ်။ ကျွန်မ စိတ်ညစ်သွားတော့တာပါပဲ။ ကျွန်မမှာ ပေါင်ဆိုလို့ ကိုယ်ခန္ဒာက ပေါင်နှစ်ချောင်းကလွဲရင် ဘာမှ မပါပါဘူး။ လေဆိပ်မှာလည်း ကိုယ့်အပူနဲ့ကိုယ် လဲဖို့ သတိမရခဲ့ပါဘူး။ ဒါနဲ့ ကျွန်မလည်း ”Can I pay the dollars?” လို့မေးတော့ မရဘူးတဲ့.. ပေါင်မှ ပေါင်ပဲတဲ့။ ဒုက္ခတော့ ရောက်တော့တာပါပဲ။ ဒါနဲ့ ကျွန်မကလည်း ”ဒါဆိုလည်း (၃) နာရီထိစောင့်မယ် ဒီမှာနေလို့ ရမလား” ဆိုတော့ အိုကေ ရတယ်တဲ့။ အင်္ဂလန်က လူတွေဟာ သိပ်ကိုလူမျိုးကြီးဝါဒ ရှိပါတယ်.. သူတို့ ပစ္စည်းမှ သူတို့ပစ္စည်း၊ သူတို့ငွေမှ သူတို့ငွေပါပဲ။

ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာပဲ (၃) နာရီထိုးအောင် ထိုင်စောင့်ရတော့တာပေါ့။ မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး.. ရန်ကုန်က ညနေ ၅း၃၀ ကတည်းက ထွက်လာတာ လန်ဒန်မှာ မနက် ကိုးနာရီဆို ရန်ကုန်မှာ နောက်နေ့ ညနေ (၄) နာရီနီးပါးလောက် ရှိနေပါပြီ။ ကျွန်မ လေယာဉ်မှာလည်း တစ်ရေးမှ အိပ်မလာတဲ့ အတွက် မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး။ ခဏနေတော့ သူတို့က ကျွန်မကို လှမ်းမေးတယ် ” Do you want coffee?” တဲ့.. ကျွန်မကလည်း ၀မ်းသာအားရ ”sure” ပေါ့.. ဒါနဲ့ သူတို့က တစ်ယောက်ကို လှမ်းခေါ်တော့ လူတစ်ယောက် ထွက်လာပါတယ်.. ကျွန်မဆီလာပြီး မေးတယ် ” Are you from Vietnam” တဲ့.. အသံကတော့ အာရှလေသံပါပဲ.. ကျွန်မကလည်း မဟုတ်ဘူး မြန်မာပြည်ကပါလို့ ပြောတော ”သြော် ဘားမား ကလား.. ဒါဆို ကျွန်တော့ကို ဘာလို့တွေ့ချင်တာလဲ” တဲ့.. ကျွန်မကလည်း မဟုတ်ဘူးလေလို့ ပြောပြီး ဒီအတိုင်း ကြောင်တောင်တောင်ပဲ ဖြစ်သွားမိတယ်.. နောက်တော့မှ Reception က အမကြီးက ထရီပြီး ”သြော် ကိုဖီနဲ့ တွေ့ချင်လားမေးတာကို ကော်ဖီလိုချင်လားလို့ ကြားသွားပုံရတယ်တဲ့.. ဗီယက်နမ်က ထင်လို့” တဲ့.. အဲ့တော့မှ အကုန်လုံး ရီကြပါတော့တယ်။ ဒါနဲ့ ဗီယက်နမ်ကောင်လေးကလည်း ကျွန်မကို ကော်ဖီတစ်ခွက် ယူလာပေးပါတယ်။ ကျွန်မလည်း မထူးတော့ဘူးလေ သောက်နေလိုက်တာပေါ့။ အလွဲလေးတွေလည်း ရှိလိုက်ပါသေးတယ်။

ဟိုတယ်မှာ အင်တာနက်ရမလားလို့ Laptop ထုတ်ပြီး စမ်းကြည့်သေးပေမယ့် Wireless က လိုင်းသာရှိတာ သုံးလို့ မရပါဘူး။ မိနစ် (၂၀) ကို တစ်ပေါင်တဲ့။ ဈေးအရမ်းကြီးပါတယ်။ ဒီမှာ သုံးနာရီထိစောင့်နေရမှာကို ကျွန်မ မခံနိုင်တော့ပါဘူး.. အွန်လိုင်းသုံးပြီး သူငယ်ချင်း တစ်ယောက်ကို အမြန်လာဖို့ ခေါ်ချင်နေပါပြီ။ ဟိုတယ်ရောက်မယ့်အချိန်ကို လာခဲ့မယ်လို့ ပြောထားတဲ့ သူတွေကလည်း ရှိတာကို။ ဒါနဲ့ အရဲစွန့်ပြီး မေးလိုက်ပါသေးတယ် ”အင်တာနက် မိနစ် ၂၀ လောက်သုံးချင်လို့ပါ.. ဒေါ်လာနဲ့ လက်ခံပေးပါလား” ဆိုတော့ မရဘူးတဲ့… စိတ်ညစ်လိုက်တာပါပဲ။ ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာ ထိုင်ရတာ နည်းနည်းအေးလာတာနဲ့ Dining Room ကို ပြောင်းထိုင်ပါတယ်။ အဲ့မှာတော့ နည်းနည်းနွေးပါတယ်။ ဧည့်ခန်းနဲ့လည်း တစ်ဆက်တည်းပါပဲ။ တစ်ခြား delegate တွေ ရောက်တာကိုလည်း မတွေ့ရသေးပါဘူး။ ကျွန်မက အစောဆုံး ရောက်တာပါတဲ့။ ဒါနဲ့ နေ့လည် ၁၂ နာရီလောက်ထိုးတော့ ကျွန်မနားကို ကောင်လေးတစ်ယောက် ရောက်လာပါတယ် “Do you come here for One Young World summit?” တဲ့။ ကျွန်မကလည်း “Yeah” လို့ပြောတော့.. တွေ့ရတာဝမ်းသာပါတယ်.. ငါက မက္ကဆီကိုက Delegate ပါတဲ့။ ကျွန်မကလည်း အို ၀မ်းသာလိုက်တာ ငါက မြန်မာပြည်က လို့ပြန်မိတ်ဆက်ပါတယ်။ ဒီမှာ ဘာလုပ်နေတာလဲ လို့ ဆက်မေးပါတယ်။ ကျွန်မကလည်း ပေါင်မပါလို့ အခန်းရအောင် (၃) နာရီထိ စောင့်နေရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်ပါတယ်။ သူက ပြောပါတယ် သူ့အခန်းထဲမှာ နားနေပါလားတဲ့။ ကျွန်မ မြန်မာ ပီပီ နည်းနည်းတော့ တစ်မျိုးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ နေပါစေ ငါ ဒီမှာပဲ စောင့်ပါမယ်လို့ ပြန်ပြောရပါတယ်။ သူက ရပါတယ် အခန်းထဲမှာ ဆိုတော့ နင်လှဲနေလို့ ရတာပေါ့တဲ့။ သူ့ရုပ်ရည်လေးကလည်း နုညံ့ပါတယ်။ Summit တက်ဖို့လာတဲ့သူဆိုတော့ ဘာပဲပြောပြော သူလည်း ခေသူတော့ဟုတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မရောက်နေတာ အင်္ဂလန်ဆိုတာလည်း နည်းနည်းတော့ ပြန်သတိရလာပါတယ်။ သူကလည်း ရိုးရိုးသားသား ခေါ်နေတာပါပဲ။ ဒါနဲ့ကျွန်မလည်း လိုက်သွားလိုက်ပါတယ်။ သူကပဲ ကျွန်မအထုပ်တွေကို ကူသယ်ပေးပါတယ်။

“Where did you exchange the money?” လို့ မေးတော့ လေဆိပ်ကတဲ့။ အခန်းထဲရောက်တော့ နင် အိပ်ချင်ရင် အိပ်နေလို့ရတယ်နော်တဲ့.. သုံးနာရီကျရင် ငါနှိုးလိုက်မယ်တဲ့။ ကျွန်မကလည်း ရတယ်လို့ ပြောတော့.. ငါတို့ မြေပုံကြည့်ရအောင်တဲ့ ငါတို့နေရာက လန်ဒန်ရဲ့ ဘယ်နားလဲ ဆိုတာ လို့ပြောပြီး နှစ်ယောက်သား မြေပုံထိုင်ကြည့်ကြသေးတယ်.. အရမ်းရှုပ်တော့ နှစ်ယောက်လုံး ရှာမတွေ့ပါဘူး။ ဒါနဲ့ တစ်ယောက်နာမည် တစ်ယောက်မေးပြီး ဘာအကြောင်းအရာကို စိတ်ဝင်စားတယ်. ဘယ်လိုပြင်ဆင်ခဲ့တယ် ဆိုတာကို နှစ်ယောက်သား လေပေါကြတော့တာပါပဲ။ သူ့နာမည်က Gererado တဲ့.. ငါ့နာမည်က တင်မြတ်ထက် လို့ပြောတော့ ခေါ်ရခက်လိုက်တာတဲ့ “Tin” လို့ခေါ်ရမှာလားတဲ့။ မဟုတ်ဘူးလေ ”Htet” လို့ခေါ်လို့ ပြောရသေးတယ်.. ဘယ့်နှယ် တင် လို့တော့ အခေါ်မခံချင်ပါဘူးရှင်။ ကျွန်မကို ဆက်မေးသေးတယ်.. “Is it your first trip to London?” တဲ့.. ကျွန်မကလည်း “My first trip to London and also first trip to abroad” လို့ပြောတော့ အံ့သြနေပါတယ်။ ငါက ခရီးတွေအများကြီး သွားဖူးတယ်တဲ့.. လန်ဒန်ကိုတော့ ခုမှရောက်ဖူးတာတဲ့။ သူက Environment Session မှာ စကားတက်ပြောရမယ် Speaker တဲ့။ ကျွန်မကလည်း ”ကောင်းလိုက်တာ ငါက အရွေးမခံရဘူး” လို့ ပြန်ပြောရတာပေါ့။ နောက်ပြီး ကျွန်မက ပြောလိုက်ပါသေးတယ်.. ငါကလေ အွန်လိုင်းသုံးပြီး ငါ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ချင်တာ.. ဒါပေမယ့် ဒီမှာ ဈေးကြီးလွန်းတယ်.. ပေါင်ကလည်း ပါမလာဘူး လို့ပြောတော့ သူဝယ်လိုက်မယ်ဆိုပြီး Visa Card လား Amex Card နဲ့လား မသိဘူး ၀ယ်လိုက်ပါတယ်။ သူ့စက်ကလည်း Mac Book ဆိုတော့ ကျွန်မ သိပ်မကိုင်တတ်ပါဘူး။ ဒါနဲ့ ကျွန်မ မေလ်းပို့သင့်တဲ့ သူတွေဆီကို အမြန်ပဲ မေလ်းပို့လိုက်ပါတယ်။ မျက်စိကလည်း ဘယ်လိုမှ မရတော့တာနဲ့ ”ငါ အိပ်မယ်နော်” ဆိုပြီး သူ့အခန်းထဲမှာပဲ အိပ်လိုက်တယ်။

နည်းနည်းလောက် ကြာတော့ သူလာနှိုးတယ် ”ထတော့. ၃ နာရီ ၁၀ မိနစ်ရှိပြီတဲ့”.. ကျွန်မလည်း ဟုတ်သားပဲ အခန်းရနေလောက်ပြီ ဆိုပြီး Reception ကို ပြန်ဆင်းလာ.. ကိုယ့်အခန်းကိုယ်တောင်းရပါတယ်။ သူ့ကို ကျေးဇူးနော်လို့ပြောပြီး ကျွန်မအတွက် ရတဲ့ အခန်းနံပါတ် (၁၀) ကိုသွား ရောက်ရောက်ချင်း ရေချိုးပြီး အိပ်ရာထဲ ပစ်လဲလိုက်တော့တာပါပဲ။ အခန်းထဲမှာ ဘာ facilities မှ မရှိပါဘူး။ ဟိုတယ်တိုင်းမှာ ထားပေးတဲ့ Toiletry တွေတောင်း မရှိပါဘူး။ ဖုန်းလည်း မရှိပါဘူး။ အစကတော့ ကျွန်မက ကျွန်မနဲ့ လူကြုံပါးလိုက်တဲ့ ပစ္စည်းတွေကို ဟိုတယ်ကနေ ဖုန်းလှမ်းဆက်ပြီး ယူခိုင်းမယ်.. သူတို့ကို တစ်ခါတည်း ပေါင်ပါလဲလာခိုင်းမယ်ပေါ့လေ.. အခု ဖုန်းမရှိတော့ အခက်တွေ့တော့တာပါပဲ။ ဒါနဲ့ ကျွန်မလည်း မေလ်းပို့ထားခဲ့တာပဲ ရောက်လာပါလိမ့်မယ်လို့ တွေးပြီး အိပ်ဖို့ပဲ လုပ်လိုက်ပါတော့တယ်။ ခဏနေတော့ ကျွန်မ အတော်ကြီးကို အိပ်ပျော်သွားတာ ကျွန်မကို တစ်ယောက်ယောက်က လှုပ်နှိုးနေတယ်ဆိုတာကို ခံစားမိမှပဲ နိုးလာခဲ့ပါတော့တယ်။

London Trip to Attend One Young World Summit (Leaving Yangon)

Standard

ကျွန်မ ခရီးမသွားခင် တစ်ရက်နှစ်ရက်လောက်အလိုမှာ One Young World က အီးမေလ်းတွေထပ်ပို့တယ်။ လေဆိပ်ရောက်ရင် ဘယ်သူကလာကြိုမယ် ၊ One Young World Logo ကိုင်ထားတဲ့သူတွေကို အလွယ်တကူပဲ ရှာတွေ့လိမ့်မယ်ဆိုတာမျိုးတွေပေါ့။ နောက်တော့ မေးခွန်းကိုးခုထပ်ပို့ပြီး အဲ့ဒီမေးခွန်းတွေကို ဗွီဒီယိုဖိုင်တွေလုပ်ပြီး ဖြေပေးပါတဲ့။ You Tube မှာတင်ပြီး Publicity လုပ်ချင်လို့ပါတဲ့။ မေးခွန်းတွေကတော့ ရိုးရိုးလေးတွေပါပဲ။

1. Why do you want to join One Young World?
2. Explain what you think it means to be an active empowered global citizen in 2010?
3. How will OYW help you make a difference?
4. What world issue keeps you up at night and how can your generation tackle this problem?
5. Do you believe you can be part of positive change in the world – how and why?
6. Millennials are often criticized in the media for self indulgence yet so many of the most drama have come from young people who care enough to make a difference. What do you think will your generation in this new decade?
7. Social media helps facilitate social change. What are you doing to harness this power?
8. If you could dine with one world leader or everyday person who would you meet, and what discuss?
9. What is your personal project to change the world/your world that you’d like to pitch to world this video? In one minute?

အစရှိတဲ့ မေးခွန်းတွေပါ။ တစ်မိနစ်စာဖိုင်တွေကို ကျွန်မ webcam ရှေ့မှာထိုင်ပြီး ရိုးရိုးလေးပဲ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ပုဂံက ဆာဗာပြောင်းလို့ဆိုလား ၊ ဟက်ခံရလို့ဆိုလား အင်တာနက်နှေးတဲ့ ပြသနာက စနေပါပြီ။ ဖိုင်တွေကို ကျွန်မဘယ်လိုမှ ပို့လို့မရပါဘူး။ YouTube မှာ တစ်ခြား Delegate တွေရဲ့ ဖိုင်လ်တွေ တက်နေပြီဆိုတဲ့အကြောင်းကိုတော့ facebook One Young World Group ကနေတစ်ဆင့် သိရပါတယ်။ တစ်ချို့ နိုင်ငံက Delegate တွေကျတော့လည်း ဘာဖိုင်မှ မပို့ဘူး၊ မပို့ချင်ဘူးလို့ Forum ထဲမှာ အချင်းချင်းပြောနေကြပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖိုင်တွေကို ပို့လို့မရသေးတဲ့အကြောင်းကို One Young World ကို အီးမေလ်းပို့ထားပြီး လန်ဒန်ရောက်မှပဲ တင်ပေးလိုက်တော့မယ်လို့ စိတ်ကူးထားလိုက်ပါတယ်။ လန်ဒန်မှာ အင်တာနက်ကော်နက်ရှင်က အရမ်းကိုမြန်တဲ့အတွက် ရောက်ရောက်ချင်းပဲ တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတွေးထားခဲ့တယ်လေ။ ပြီးတော့ ကျွန်မရောက်သွားမှာကလည်း Flight Schedule အရ နှစ်ရက်တောင်ကြိုရောက်နေမှာဆိုတော့ အတော်ပဲပေါ့။ One Young World ကလည်း ဒါဟာ မဖြစ်မနေလုပ်စရာမလိုတဲ့အကြောင်းနဲ့ မပို့ရင်လည်း ဖြစ်တဲ့အကြောင်းကိုတော့ မေလ်းပြန်လာပါသေးတယ်။

ဒီကြားထဲမှာပဲ American Express က တာဝန်ရှိသူတစ်ယောက်က မေလ်းပို့လာပါတယ်။ သူတို့က ဘူတန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဟောင်ကောင်က Delegate ငါးဦးကို စပွန်စာပေးတာဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ နေ့လည်း (၁၁)နာရီမှာ အားလုံးနဲ့ မီတင်လေးတစ်ခု လုပ်ချင်ကြောင်း၊ ဒီပွဲကို တက်ခွင့်ရတဲ့ သူတို့အဖွဲ့အစည်းက Potential Employee ငါးဦးနဲ့လည်း မိတ်ဆက်ပေးလိုပါတယ်ဆိုပြီး အားလုံးကို စာပို့ပါတယ်။ ကျွန်မတို့ကို စပွန်စာပေးရတဲ့ အကြောင်းကလည်း ဒီလူငယ်လေးတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေတာသာ မဟုတ်ပဲ Community ထဲမှာပါ Extracurricular Work အနေနဲ့ ပါဝင်လှုပ်ရှားနေတဲ့သူတွေမို့လို့ ပိုမိုတိုးတက်အောင် မြေတောင်မြှောက်ပေးချင်လို့၊ ပိုမိုတိုးတက်စေချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ အားလုံးကလည်း ကျေးဇူးတင်ကြောင်း စာတွေပြန်ပို့ကြတာပေါ့။ ကျွန်မအပါအ၀င် Sponsored Delegate တွေပို့တဲ့အီးမေလ်းတွေထဲမှာ တူညီတဲ့စာကြောင်းလေးကတော့.. Read the rest of this entry