Online Donation ဆိုတာ Ygn Chat က ချက်တာတွေ စုစည်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့လေးပါ။ 2005 ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကထိန်အလှူမင်္ဂလာ တစ်ခုနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကထိန်အလှူအပြင် တစ်ခြားသော ပရဟိတ လုပ်ငန်းများကို တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ ဒီအဖွဲ့က အဖွဲ့ဝင်တွေဟာ တစ်လကို အလှူငွေ 2000 ကျပ်စီ စုဆောင်းကြပြီး အဲဒီ ငွေတွေနဲ့ မိဘမဲ့ကလေးဂေဟာ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း စတဲ့နေရာတွေမှာ လှူဒန်းကြပါတယ်။ စဖွဲ့တုန်းကတော့ အသင်းဝင် 30 လောက်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ အသင်းဝင်ပေါင်း 180 လောက်ရှိပါတယ်ရှင်။ ဒီအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်လိုတယ် ဆိုရင်တော့ ကိုအောင်မျိုးသူ..( 374238)၊ ကိုဟန်သော်ဇေ (09-50-18326)၊ ကိုဝေလင်းဦး (09-51-99241) နှင့် မလမင်းဖြူ (09-51-12515) ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။ Online Donation အဖွဲ့ဟာ ခုချိန်မှာ အလှူငွေ စုစုပေါင်း 9,990,000 ကျပ်ကို လှူဒန်းပြီး ဖြစ်ပါတယ်။ ကျွန်မတို့ သွားလှူခဲ့တဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။
စစချင်းကတော့ ပျိုးဥယာဉ် စာသင်တိုက်မှာပါ
နောက်တော့ ကျွန်မတို့ မှော်ဘီက ရှင်ဆေကိန္ဒရဲ့ ကျောင်းကို သွားကြတယ်။ ဆရတော်ရဲ့ ကျောင်းပရ၀ုဏ်က တော်တော် ကျယ်ပါတယ်။ ကျောင်းဆောင်တွေကလည်း ဟိုတယ်တစ်မျှ ခမ်းနားပါတယ်။ ကျောင်းထဲက ပန်းဥယျာဉ်လေးကလည်း စိတ်ချမ်းသာစရာ ကောင်းလှပါတယ်ရှင်။
နောက်တော့ ဆရာတော်က သြ၀ါဒ မြွက်ကြားပါတယ်။ ဆရတော် ပေးတဲ့ ဆုံးမစကားကို နောက်မှ ပိုစ့် သပ်သပ် ရေးပေးပါ့မယ်ရှင်
နောက်တော ကျွန်မတို့တွေ ဖူးမူးလယ် ခရစ်ယန် မိဘမဲ့ ကလေးဂေဟာကို သွားလှူဖြစ်ကြပါတယ်
သွားတဲ့နေရာက တော်မှ တစ်ကယ်တောပါ.. ရွာကလေးတွေကိ ဖြတ်သွားရတယ်. ရိုးပြတ်လယ်ကွင်းတွေက လွမ်းစရာ ကောင်းလှပါတယ်။
နောက်တော့ လှည်းလည်းရှိသဗျ။ မြန်မာ့ ပရာဒိုပေါ့ မိုက်တယ်
ညနေ 5 နာရီလောက်မှာ ပြန်ခဲ့ကြပြီး ည 7 နာရီလောက်မှာ ရန်ကုန်ကို ပြန်ရောက်ပါတယ်ရှင်။
ကဲ ချက်တာတွေကတော့ စုစုစည်းစည်းနဲ့ စနေကြပြီရှင့်. ကျွန်မတို့ Blogger တွေကော ဘာလုပ်ကြမလဲ












