နှစ် 20 တဲ့….
လူ့ဘ၀သက်တမ်းနဲ့ နှိုင်းရင်တော့ ခဏလေးပေါ့..
တစ်ကယ်ကို ခဏလေးပါပဲ…။
အဲဒီ ခဏလေး ပဲလေ..
လူတစ်ယောက်ကို အညွှန့်ချိုးတာ
မဟုတ်တရုတ်ကို ပုဒ်မလုပ်
အရှုပ်ထုတ်ဆိုပြီး ထောင်ချတယ်..။
ခဏလေးအတွင်းမှာ.. ဘ၀ကဆိုးသွားတယ်
ခဏလေးအတွင်းမှာ.. အမုန်းတရားတွေ တိုးပွားတယ်
ခဏလေးအတွင်းမှာ အမှန်တရားက ပျောက်ကွယ်သွားတယ်
အဲဒီ ခဏလေးဟာ..
မတရားမှုတွေ ပေကျံနေတဲ့
သမိုင်းဝင် အခိုက်အတန့်ပါပဲ။
