Myanmar People Magazine ကနေကြီးမှူးကျင်းပဲတဲ့ Miss People 2009 Style Competition and People Charity Bazzar ကို 2009 ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့ ၊ တန်ဆောင်မုန်း လပြည့်နေ့မှာ အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်မှာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါတယ်။ ညနေ (5) နာရီမှာ The Trees Band နဲ့အတူ နာမည်ကြီးအဆိုတော်များက မေတ္တာဖြင့် သီဆိုဖျော်ဖြေပေးကြတဲ့ စိတိတ်ရှိုးကို စတင်ခဲ့ပါတယ်။ ညနေ (7) နာရီမှာတော့ စတိုင်မိုက်သူတွေ စိန်ခေါ်ကြတဲ့ Miss People ပြိုင်ပွဲကြီးကို ထူးခြားဆန်းပြားတဲ့ အခမ်းအနား အစီအစဉ်များနဲ့ စတင်ခဲ့ပါတယ်။ Miss People 2009 စတိုင်ပြိုင်ပွဲကြီး အကြောင်းကိုတော့ Miss People Official Blog မှာ ဖတ်နိုင်ပါတယ်ရှင်။
Tag Archives: Miss People 2009
Miss People 2009 (Mandalay)
Miss People 2009 (Mandalay) ပွဲကြီးကို 2009 ခုနှစ် ၊ အောက်တိုဘာလ (4) ရက်နေ့က Sedona Hotel (MandalaY) ရေကူးကန်ဘေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကြီးကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း နေ့လည် (၁) နာရီမှာ ဈေးရောင်းပွဲတော်နဲ့ စတင်ခဲ့ပါတယ်။ ညနေ (၅) နာရီမှာတော့ စတိတ်ရှိုး အစီအစဉ်ကို စတင်ခဲ့ပြီး နာမည်ကြီး အဆိုတော်များလည်းဖြစ်၊ လက်ရှိမှာ ပေါက်နေတဲ့ သီချင်းတွေရဲ့ အဆိုရှင်များလည်း ဖြစ်ကြတဲ့ ဖော်ကာ (Wanted) ၊ ဂျီလတ် ၊ The Last ၊ အနဂ္ဂ ၊ Cobra ၊ သံသာဝင်း ၊ ဂျင်းနီ ၊ Princess အဖွဲ့ တို့က မေတ္တာဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။
ညနေ (၇) နာရီမှာတော့ Miss People ပြိုင်ပွဲကို စတင် ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ မယ်လိုဒီ တို့နဲ့အတူ မန္တလေးမြို့မှ မြို့မိ ၊ မြို့ဖများက ဆောင်ရွက် ပေးခဲ့ကြပါတယ်။ မန္တလေးက ပြိုင်ပွဲဝင်လေးတွေဟာ အလွန်စတိုင်လ်မိုက်ကြတဲ့အတွက် Miss People ဆုကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ Miss People ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့သူ စုစုပေါင်း ၄၃ ဦးရှိခဲ့ပြီး People Magazine မှ Miss People, 1st Runner Up, 2nd Runner Up , Best Style ဆုများအပြင် ပရိတ်သတ်များက ရွေးချယ်ပေးတဲ့ People’s Choice ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။