Do you miss your childhood?

Standard


တစ်ခါတစ်လေတွင် ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ် လွတ်လပ်သောဘ၀ကို တစ်ဖန်ပြန်လည် ရရှိချင်ကြပေလိမ့်မည်။ ငယ်ဘ၀တမ်းချင်းကို တေးသီဖွဲ့ကာ၊ ကဗျာတွေရေးကာ အမျိုးမျိုးပုံဖော်လေ့ ရှိကြသည်။ မရနိုင်တော့သော၊ မဖြစ်နိုင်တော့သော အခြေအနေတစ်ခုကို အဘယ်ကြောင့် တမ်းတနေရ ပါသနည်း။ အဖြေကား ခပ်ရှင်းရှင်းမျှသာ။ ကျွန်ုပ်တို့၏ ငယ်ဘ၀တိုင်းသည် လွတ်လပ်၏ ၊ အပူအပင်ကင်း၏။ ပျော်ရွှင်စရာတို့သည် အတိပြည့်မနေနိုင်တောင်၊ ပျော်ရွှင်မှုအတော်များများတို့ အောင်ပွဲခံကာ ရယ်သွေးသွန်း နေသော ကာလမျိုးသာ ဖြစ်ချေတော့သည်။

ငယ်ဘ၀တိုင်းသည် ပြန်ပြောင်းတွေးရုံနှင့် ကြက်သီးမွေးညှင်း ထလောက်အောင် လွမ်းမောဖွယ် ကောင်းလွန်းလှသည်။ သို့သော်.. သင့်ကိုယ်သင် သေချာပြန်စဉ်းစားကာ သုံးသပ်ကြည့်ပါလော့။ သင်သည် လောကီလူသား တစ်ယောက်ဖြစ်သည်။ လူပီသစွာ လူတိုင်းတွင်ရှိသော အတ္တနှင့် လောဘတို့သည် သင်၏စိတ်ဝယ် ကိန်းအောင်းနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အတ္တနှင့် လောဘတို့ ရှင်သန်လာသောအခါ လူတိုင်းသည် ရလိုမှုဖြင့် အချိန်ကုန်လာတတ်ကြသည်။ ပိုင်ဆိုင်မှုများနောက် တစ်ကောက်ကောက် လိုက်ကာ ဘ၀၏ အနှစ်သာရများပင် ဆုံးရှုံးလုမတတ် ဖြစ်သွားတတ်ကြသည်။

ငယ်ဘ၀တိုင်းသည် အပူအပင်ကင်းသည်ကား မှန်၏။ ပျော်ရွှင်စရာ ရှိသည်ကား ဟုတ်၏။ လွတ်လပ်မှုရှိသည်ကား မှန်၏။ သို့သော် ၄င်းအရာတိုင်းသည် ကိုယ်တိုင်ဖန်တီး ယူရသော အရာများကား မဟုတ်ပေ။ မိဘများ၏ ဖန်တီးပေးမှုကြောင့်၊ ဆွေမျိုးများ၏ ညှာတာမှုကြောင့်၊ တစ်ခြား ကိုယ့်ထက် အသက်ကြီးသော သူများ၏ စာနာမှုများမှတစ်ဆင့် ရရှိလာသော အရာသက်သက်မျှသာ ဖြစ်သည်။ ငယ်ဘ၀ မှသည်တစ်ဆင့် အနည်းငယ်ပိုပြီး ကြီးပြင်းလာသောအချိန်၊ ကျွန်ုပ်တို့ကို “ဒီကလေး သိတတ်လာပြီ” ဟု လူအများမှ အသိအမှတ်ပြုလာကြသော အချိန်တွင်၊ စိတ်၏ အလိုမကျမှု၊ ညည်းညှုမှုများနှင့် လက်တွေ့ ရင်ဆိုင်လာရတော့သည်။

ယခုလက်ရှိ အခြအနေကို ပြန်လည်သုံးသပ်သော် အရာရာတိုင်းသည် ကိုယ်တိုင်ဖန်တီး ယူရပြီး၊ နေ့ရက်တိုင်းသည် အတွေးသစ်၊ စိန်ခေါ်မှု အသစ်တို့ဖြင့် ပြည့်နှက်ကာနေ၏။ ကိုယ်လုပ်လိုက်သော အောင်မြင်မှု သည် ကိုယ့်အပေါ်တွင် ရာနှုန်းပြည့် သက်ရောက်မှုရှိကာ ပျော်ရွှင်စရာ ပိုလို့ပင် ကောင်းသေးသည်။ ထိုနည်းတူ အမှားလုပ်မိပါကလည်း ခေါင်းမဖော်နိုင်အောင် ခံစားရသည်. စိတ်လှုပ်ရှားဖွယ် ကောင်းလေစွ။ ကိုယ်ပိုင် Creative Life ထဲတွင် ရှင်သန်နေရသည်ကား ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အောင်မြင်မှု တို့သည် ကြည်လင်ရှင်းသန့်သော စိတ်အစဉ်ဖြင့် မရအရ ယူနိုင်သော အရာများသာ ဖြစ်လာခဲ့တော့သည်။

မိဘ၏ ပဲ့ကိုင်ပေးမှုကြောင့် ယခုအခြေအနေကို ရောက်လာခဲ့ရသည်ကား မှန်ပါသည်။ မိဘကျေးဇူးသည်လည်း ကြီးမားလွန်းလှသည်ကား ဟုတ်ပါသည်။ သို့သော် လူတိုင်းသည် မိမိဘ၀ကို ကိုယ်တိုင် တည်ဆောက်ရမည့် သူများသာ ဖြစ်သည်။ လက်ရှိအခြေအနေသည် တစ်ခြားအရာများထက် အဆပေါင်းများစွာ သာယာဖွယ် ကောင်းလှသည်။ သူတစ်ပါး၏ ညှာတာထောက်ထားမှု များကြောင့် ပျော်ရွှင်ရသော အသိနည်းသေးသည့် ငယ်ဘ၀သည် ကိုယ်တိုင်ဖန်တီးယူရသော လွတ်လပ်ပျော်ရွှင်မှုများနှင့် နှိုင်းယှဉ်သောအခါ (ကျွန်ုပ်၏ စိတ်ဝယ်) ပြန်သွားချင်စရာ မရှိတော့ချေ။ သို့ဆိုပါက မည်သည့်အတွက်ကြောင့် ထိုဘ၀ကို တမ်းတနေရပါမည်နည်း။ ထိုကဲ့သို့ ခံစားချက်များသည်ကား (ကျွန်ုပ်အတွက်) ဘာမျှမဟုတ်သော ဗလာသက်သက် ခံစားများသာ ဖြစ်ချေတော့သည်။

One response »

  1. ကလေးဘဝကို ပြန်တော့လွမ်းပါရဲ့၊ ရချင်လား ဆိုတော့လည်း ရချင်ပါရဲ့၊ ဒါပေမယ့် အကုန်တော့ မဟုတ်ဘူး။ စာမေးပွဲတွေ ပြန်မဖြေချင်တော့သလို စာတွေလည်း ပြန်မကျက်ချင်တော့ဘူး။ ဟား ဟား… ကောင်းပါ့နော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s