Rememberance of Taryarminwai….

Standard

ကယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်းမင်းဟာ
ကိုယ့်အနာကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်းမင်းဟာ
ကိုယ့်အရေပြား
ကိုယ်လွှာကိုယ့်အရိုးကို
အပ်လိုသွေးကိုယ့်ဝတ်စုံ
ကိုယ်ချုပ်လို့ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်းသွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း
ကြွေတဲ့ဟောဒီကမ္ဘာမြေရဲ့
အနာတရတွေကိုစွမ်းသမျှ
ကုစားဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း
ဓာတ်ပြားထဲမင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့ငါတို့ ………. ။

မင်းကိုနိုင်

ဆရာတာရာမင်းဝေရဲ့ ဈာပနမှာကိုမင်းကိုနိုင်ရွတ်ခဲ့တဲ့ကဗျာလေးဖြစ်ပါတယ်။
ကြိုက်လွန်းလို့ သူငယ်ချင်း ဆီကနေ ကော်ပီကူးလာတာပါ။ တင်မယ်နော်…

5 responses »

  1. ကြိုက်ပါတယ်ခင်ဗျာ…………အချိန်ပေးပြီး ဖတ်၇ကျိုးနပ်ပါတယ်…….ကိုမင်းကိုနိုင်တို့အမြန်ဆုံ…..လွတ်လပ်နိုင်ပါစေ…..

  2. အရမ်းကောင်းတယ်ဗျာ ကျတော်တော်ကြိုက်တယ်အကို
    ကျတော်ကဗျာတွေကိုချစ်တယ်
    တာရာမင်းဝေ ကကျတော်အကြိုက်ဆုံးတွေထဲက ကျာဆရာတယောက်ပါပဲ
    သူ.ရဲ့အိမ်ပြန်ချိန်ကစောလွန်းတယ်နော်

  3. ကျတော်အကြိုက်ဆုံး ကဗျာဆရာတယောက်ပါဗျာ။
    အိမ်ပြန်ချိန်အရမ်းစောလွန်းတဲ့အတွက်ကျတော် တကယ်ဝမ်းနည်းမိပါတယ်။ သူသာအသက်ပြန်ရှင်မယ်ဆိုရင်လေကျတော်
    နှစ်ဘ၀စာလောက်အစားသေပေးလိုက်ချင်တယ်။ ဒါပေမယ့် သူ.ရဲ့အကောင်းဆုံးကဗျာတပုဒ် သူရွတ်ပြတာနားထောင်ရင်းနဲ့ပေါ့…။။။။။။။။…။

  4. ဟုတ်တယ် ကိုတာရာ….အကိုပြောသလိုကျောင်းသားနဲ့ကျောင်းဟာသွေးပင်လယ်ကြီးခြားသွားပြီ…

    သန့်ရှင်းလင်းပွင့်မယ့် ကျောင်းတက်ရက်တွေရောက်ရင်ခင်ဗျားရဲ့ကဗျာတွေဟာ

    ညဉ့်ယံရဲ့မျက်ရည်ပူတွေယိုစီးခဲ့တဲ့ကျောင်းသားတွေအတွက်

    သင်ရိုးညွန်းတန်းတွေဖြစ်နေတော့မယ်….ငြိမ်းအေးမှုတွေသက်ရောက်စေ

    ကျောင်းသားဝိညဉ့်တွေအပေါ်……

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s