Love Poem (1)

Standard


ချစ်သူ

ငါနဲ့ဝေးသွားခဲ့ရင်လွမ်းဖွယ်တေးတွေမသီလေနဲ့

မင်းအသိ မင်းအာရုံထဲ

ငါ့ပုံရိပ်တွေရောက်မလာစေနဲ့

ငါတို့လျှောက်ခဲ့တဲ့လမ်းတွေကိုလည်း

လွမ်းဆွတ်တ သ စွာမအောက်မေ့လေနဲ့

ဒါပေမယ့်

ထပ်တူညီနေမယ့်နေ့စွဲလေးတွေကိုတော့

မိုးပေါက်တွေ နှင်းစက်တွေစိုစွတ်ပါစေ

မင်းအမှတ်ရချင်လည်းရပါလေ

မင်းမေ့ချင်လည်းမေ့ပေါ့။

ငါလည်းခပ်ဝေးဝေးတစ်နေရာမှာ ငြိမ်သက်နေမယ်

ငါ့ရင်ဘတ်ထဲကချုပ်ရိုးအနာကျက်တဲ့အထိပေါ့

ဒါပေမယ့်လည်းလေ

မင်းရင်ထဲကရေလှိုင်းဒဏ်တွေ

ငါ့ထံကို ရိုက်ခတ်လာတာမှမဟုတ်ဘဲ

ဥသြငှက်ရဲ့ အသဲကွဲတေးသံ

အထီးကျန်စွာငါဆိုနေတာမှမဟုတ်ဘဲ

မင်းနဲ့ ဝေးရ ပြီးတဲ့နောက်

ငါ့ရဲ့ပတ်ဝန်းကျင်ဟာ

မတ်လရဲ့နေ့တစ်နေ့လို

ခြောက်သွေ့အက်ကွဲနေခဲ့တယ်

နေမ၀င် နေမထွက်တဲ့ဆည်းဆာမှာ အိမ်မက် မက်ပြီး

ငါတို့ရဲ့အဖြစ်အပျက်တစ်ချို့ကို

ငါအမှတ်ရချင်လည်းရမယ်

မေ့ချင်လည်းမေ့မယ်

ဒီကမ္ဘာမြေပေါ် ငါရှင်သန်နေရတဲ့အချိန်တွေမှာ

မင်းကိုဟိုးအဝေးဆုံးရောက်စေတဲ့ကံကြမ္မာနဲ့

ဟိုးအဝေးတစ်နေရာမှာခိုအောင်းနေတဲ့

ငါတို့ရဲ့သိမ်မွေ့တဲ့အချစ်ဝိဥာဉ်တို့အတွက်

မင်းရှိတဲ့မိုးတိမ်ဖြူဖြူ ကောင်းကင်ပြာပြာ

ဒါမှမဟုတ်

ကြယ်ကလေးတွေနဲ့ လမင်းကြီးဆီမှာ

ငါလွမ်းဆွတ်ခဲ့ရတာလေးတွေကို

မင်းခွင့်ပြုခဲ့ရင်

ငါ့မျက်လုံးအစုံမှာမင်းတွေ့နေကြ

သန့်စင်စွာ ကြင်လင်စွာတောက်ပနေတဲ့

ချစ်ခြင်းတွေယောယှက်နေတဲ့သံယောဇဉ်လေးတွေကို

မင်းသတိတရ အသိအမှတ်ပြုပေးပါ

မင်းနဲ့ ဝေးကွာခဲ့ရလို့

ကုမရတဲ့ငါ့ရဲ့ ကြာရှည်နေတဲ့ဒဏ်ရာမှာ

ငါမင်းကိုတမ်းတ နွမ်းလျတဲ့ အခါ

ငါ့ရဲ့ချစ်ခြင်းတစ်စွန်းတစ်ကို

မင်းမြင်ခွင့်ရတာပါပဲ

နောက်ပြီးငါ့အတွက်

ကံကြမ္မာဆီကိုဆုတောင်းပေးပါ

အဲဒါကတော့

ငါ့ဆီကမင်းကို အဝေးဆွဲခေါ်သွားတာ

မင်းရှိတဲ့အဲဒီအဝေးဆီကိုပဲ

ငါ့ကို

နောက်တစ်ကြိမ်ဆွဲခေါ်သွားပါလို့..

7 responses »

  1. အလယ်လယ် တယ်မိုက်ပါလား ကဗျာလေးက ပင်ကီတို့ ရေးမဲ့ ရေးတော့လည် ရင်တွင်းဖြစ်လားမသိ ဟတ်တောင်ထိ၏😛

  2. (သေဆုံးခြင်း)

    ဒီအချိန် ဒီနေရာ

    မင်းလာနေကြ နေရာလေးကို

    ငါလေအမြဲ ရောက်နေခဲ့ကာ

    ငှက်နှင့်လိပ်ပြာ မိတ်ဆွေများနဲ့

    ခင်မင်ရင်းနှီး သိကျွမ်းဝင်ခဲ့

    သိုပေမဲ့လည်း ဒီနေရာကို

    မင်းမလာတာ သိပ်ကိုကြာတော့

    ငှက်သီတေးသံ လိပ်ပြာကကွက်

    ငါ့ရဲ့ရင်မှာ အပျော်ကင်းမဲ့

    လွမ်းဆွတ်ခြင်းတွေ ပြည့်နှက်နေခဲ့

    ငှက်နှင့်လိပ်ပြာ မိတ်ဆွေများမှာ

    ကြာမြင့်အချိန် ငါ့တွက်ဝမ်းနည်း

    မင်းအကြောင်းကို ထွက်ကာဆုံစမ်း

    ပြန်ရောက်လာကာ ၀မ်းနည်းလေသံ

    မင်းဆုံးပြီတဲ……….။ ။

    အိုချစ်သူ ငါမယုံရဲ

    သို့ပေမဲ့လည်း မင်းသတင်းမှာ

    အမှန်တကယ် ထိုသို့ဖြစ်၍

    ငါ့ဝိညာဉ်လည်း မင်းနဲ့အတူ

    မိတ်ဆွေများရဲ့ ရှေ့မှောက်၌ပင်

    သေဆုံးခဲ့ပြီ …

    ချစ်သူရယ်…….။ ။

  3. (♥မရှိ့ခြင်းများ♥)

    ♥ကမ်းခြေမရှိ့တဲ့ ပင်လယ်…..

    ♥လက်တံမရှိ့တဲ့ နာရီ…..

    ♥ဘုရင်မရှိ့တဲ့ နိင်ငံ…..

    ♥တိမ်မရှိ့တဲ့ ကောင်းကင်…..

    ♥ဘာမှမရှိ့တဲ့ ငါ……

    ♥အချစ်မရှိ့တဲ့ နင်…..

    ♥အချစ်မရှိ့တဲ့ နင့်ကိုမှ…

    ♥ဘာမှမရှိ့တဲ့ ငါက….

    ♥ချစ်နေမိတယ်….

    ♥ချစ်သူ……..။♥♥♥။

  4. (တောင်းဆု)

    မင်းနဲ့ငါနဲ့ ချစ်သူဖြစ်တာ

    မင်းအိမ်းကသိ သဘောမတူ

    အကြောင်းပြချက် လူမျိုးမတူ

    အိမ်ကဖြတ်ခိုင်း ငါ့ကိုဖြတ်တာ

    လူမျိုးမတူ အကြောင်းပြချက်

    တစ်ခုတည်းလား………♥

    အခုအချိန် မင်းချစ်တဲ့ကောင်

    လူမျိုးတူလား မင်းပြန်စဉ်းစား

    ခဏတာလာ koreaကောင်ကို

    မင်းအိမ်ကတော့ သဘောတူတယ်

    ငါရယ်ချင်တယ်……..♥

    ကောင်မလေးရယ် ငါလိုကောင်မှာ

    ပိုက်ဆံရှိ့ရင် မင်းရဲ့အိမ်က

    ငါလိုကောင်ကို တင်ထားအုံးမှာ

    ငါသိပါတယ်……♥

    အခုအခါ ပိုက်ဆံမရှိ့

    ငါလိုကောင်ကို မင်းရဲ့အိမ်က

    သဘောမတူ koreaကောင်ကို

    သဘောတူသော် မင်းအလှည့်ကျ

    ငါ့ထက်ပိုဆိုး အဖြစ်မျိုးနဲ့

    တဲ့တိုးမကြုံ လွဲပါစေသား

    မေတ္တာများဖြင့် တောင်းဆုပြုတယ်

    ကောင်မလေးရယ်…..♥ ။ ။

  5. ကဗျာတွေ ကောင်းပါတယ်ရှင်.. ကွန်းမန့်မှာ မရေးပဲ အကုန်လုံး ဖတ်လို့ရမယ့် ဖိုရမ်လို facebook လို တစ်ခြား ကိုယ်ပိုင်ဆိုဒ်ရှိရင်လည်း အဲ့မှာရေးရင် မောင်အေးချမ်းရဲ့ ကဗျာတွေကို လူတွေ ပိုဖတ်နိုင်မယ် ထင်ပါတယ်ရှင့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s