Monthly Archives: October 2007

Vitamin that prevent ACNE!

Standard

The skin is the body’s largest organ, so what’s good for the rest of your body and health will be good for your skin as well. Maintaining a balanced diet and drinking plenty of water will help you maintain clear skin. Several nutrients and vitamins are known to help with skin biology.

Vitamin A: Retinol is the naturally occurring form of Vitamin A, found in fish oils, liver and dairy products. Vitamin A produced by plants is known as Beta-carotene, and is found in yellow/orange fruits and vegetable such as carrots, yams, apricots and cantaloupe, as well as green vegetables like parsley, kale and spinach. Since Vitamin A is a fat soluble vitamin high doses of Vitamin A can be toxic, therefore it is important to monitor the amount of vitamin A that you may intake from supplements.

Vitamin E: Vitamin E is a powerful antioxidant, it protects your cells against the effects of free radicals, which are potentially damaging by-products of the body’s metabolism. Vitamin E not only protects the skin from damage but also helps the immune system and the repair process. Rich natural sources of vitamin E can be found in almonds, sunflower seeds, peanuts, broccoli, wheat germ and vegetable oils.

Vitamin B-2: Stress has been known to aggravate existing cases of acne, and Vitamin B-2 is often helpful alleviating stress and supporting the immune system. Foods with a high concentration of B-2 include whole grains, fish,milk, eggs, meat and leafy green vegetables.

Vitamin B-3: Vitamin B-3 improves blood circulation thereby promoting healthy skin. It also reduces the cholesterol level in the blood and helps you metabolize protein, sugar & fat. Rich sources of Vitamin B-3 include, peanuts, eggs, avocados, liver and lean meats,

Zinc: Research has shown that people with moderate to severe acne have significantly lower systemic (bodily) zinc levels than people who do not have acne. Zinc is an antioxidant and is also known to boost the immune system. Acne infections destroy collagen and elastin fibers that make up skin. Zinc is frequently called the clean-up enzyme, as it is a co-factor in the removal of damaged tissue caused by acne and other injuries. The healing and repair of acne also requires zinc, and research has shown severe zinc deficiency within in active or chronic acne sites. While zinc is critical to the skin’s immune and repair functions, it also inhibits sebum production.Testosterone in the skin can convert to dihydrotestosterone, which stimulates the production of sebum. The presence of zinc inhibits this conversion and thereby inhibits sebum production. Zinc can be found in eggs, whole grains, nuts and mushrooms.

Supplements should be checked for their iodine content; while normal amounts of iodine have not been shown to affect skin, amounts greater than the RDA of 150 mcg may aggravate your acne.

Advertisements

Boast! Boaster! Boasting

Standard

ကြွားစရာက ရှိလာပြန်တော့လည်း မကြွားပဲ မနေနိုင်ဘူးရျင့်။ ကျွန်မအခု blog ကို domain name လေးနဲ့ လုပ်လိုက်ပြီသိလား ကွိကွိ။ Blogspot ကဘန်းထားတော့ လာရောက် ဖတ်ရှုနေကြတဲ့ စာဖတ်ပရိတ်သတ်တွေကို အားနာတာနဲ့ domain လေးတစ်ခုကို ၀ယ်မယ်လို့ စဉ်းစားနေတုန်း အကိုကြီး တစ်ယောက်က လက်ဆောင်အဖြစ် ၀ယ်ပေးမယ် ဆိုတာနဲ့ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ၀မ်းသာ အားရနဲ့ လက်ခံလိုက်တာပေါ့နော်။ မယ်ပင့်ဂိုလ်းတို့ ဟန်တောင် မဆောင်နိုင်ဘူး။ ကျွန်မရဲ့ New Website လေးက www.cuttiepinkgold.info ပါရှင်။ ကျော်ရ ခွရတဲ့ ပြသနာတွေကို ရှင်းစေဖို့ ဒီ လိပ်စာလေးကနေ တစ်ဆင့် ၀င်ကြပါနော်။ လက်ဆောင်ပေးတဲ့ အကိုကြီး ကိုကျေးဇူး အများကြီး တင်ပါတယ်လို့ ပြောကြားပါရစေရှင်။ လင့်ချိတ်ချင်တဲ့ သူတွေလည်း www.cuttiepinkgold.info ကို ပြောင်းလဲ ချိတ်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။

Happy Birthday Ko Sis_ain

Standard

ဒီနေ့ဟာ ကျွန်မတို့ရဲ့ အကိုကြီး blogger ကိုစစ်အိမ် ရဲ့မွေးနေ့ပါ။ (ဘယ်နှစ်နှစ် ပြည့်တာလဲတော့ မသိဘူး) ဟီး.. ဘာပဲ ဖြစ်ဖြစ်ပါ ကိုစစ်အိမ်ဆိုတာ ကျွန်မတို့ blog seminar လုပ်ဖြစ်ဖို့ အတွက် အင်အားတစ်ရပ် အဖြစ် ပါဝင်ခဲ့တဲ့ အကိုကြီး တစ်ယောက် ဖြစ်သလို ညီအစ်ကို မောင်နှမ အားလုံးရဲ့ အပေါ်မှာလည်း သံယောဇဉ် ကြီးတဲ့ အကို တစ်ယောက်ပါ။ ကျွန်ကတော့ သူ့ကို တော်တော်လေး ခင်ဖို့ကောင်းတယ်လို့ ခံစားမိပါတယ်။ ကျွန်မတို့ကိုလည်း အမြဲလိုလို မုန့်ဝယ်ကျွေး တတ်ပါတယ်။

ဒီနေ့မွေးနေ့ မှသညါ နောင် နှစ်ပေါင်း များစွာထိ ကိုစစ်အိမ် တစ်ယောက် ပျော်ရွှင်စရာ ကောင်းသော နေ့များကို ဖြတ်ကျော် နိုင်ပါစေ။ ဖြစ်ချင်ရာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

How people love with which way?

Standard

 လူတွေ ဘယ်လို အခြေအနေတွေနဲ့  ချစ်ကြပါသလဲ

1. Similarities – စိတ်ကူး စိတ်သန်းတွေ၊ ၀ါသနာတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ အစရှိသဖြင့် တူညီမှုတွေကြောင့် ချစ်ကြပါတယ်။

2. Physical appearance – ရုပ်ရည် ကြည့်ကောင်းတာ၊ စကားပြော ချစ်စရာကောင်းတာ.. အစရှိဖြင့်ကြောင့် ချစ်ကြပါတယ်။

3. Propinquity – မကြာခဏတွေ့ နေရလို့ ၊ အနေနီးစပ်လို့  ချစ်ကြိုက်သွားကြပါတယ်။

4. Competence – လုပ်ရည်ကိုင်ရည် အရည်အချင်းရှိလို့  ချစ်ပါတယ်။ (သို့ ပေမယ့် အမှားလုံးဝ မရှိသူထက်ဆိုင်ရင်၊ အရည်အချင်းရှိပြီး တစ်ခါတလေ အမှားနည်းနည်း လုပ်တတ်တဲ့သူကို ပိုသဘောကျတတ်ကြပါတယ်။ ပိုပြီး လူသားဆန်တဲ့သဘောပေါ့နော်။ ချဉ်းကပ်ဖို့ လည်း အခြားသူမှာ သက်တောင့် သက်သာ ရှိသလို ခံစားမိတတ်ကြတယ်လေ။)

5. Reciprocity – တစ်ယောက်ယောက် မင်းကို ချစ်တယ်လို့  ဖွင့်ပြောလို့  ကြိုက်လိုက်တာလည်း ရှိတတ်ပါတယ်။

6. Self disclosure – တစ်ယောက်အကြောင်း တစ်ယောက် ပွင့်ပွင့် လင်းလင်း ပြောကြ၊ ခင်မင်ရင်းနှီးကြပြီး ချစ်သွားကြပါတယ်။ (ဒါပေမယ့် ကိုယ်ကြိုက်နေတဲ့သူကို တွေ့ တွေ့ ချင်း အိတ်သွတ် ဖာမှောက် အကုန် မပြောချလိုက်ပါနဲ့ ။ တဘက်လူက လန့် သွားတတ်ပါတယ်။ အချိန်ယူပါ.. ကိုယ့် အကြောင်း နည်းနည်းချင်းစီပြောပြပါ။)

7. Unknown factor – နောက်ဆုံးတစ်ခုကတော့ ရှေး ဘ၀ ဘ၀တွေက ရေစက်တွေကြောင့်လည်း ချစ်သွားတတ်ကြပါတယ်။

Love Language

Standard

ကျွန်တော်တို့  နေ့ စဉ် တစ်ယောက်နဲ့  တစ်ယောက် ပြောဆိုဆက်ဆံတဲ့နေရာမှာ တစ်ယောက် နားလည်နိုင်မယ့် ဘာသာစကားနဲ့  နောက်တစ်ယောက်က ပြောဆိုရသလိုပဲ..
ချစ်သူပဲဖြစ်ဖြစ်၊ လင် မယား အချင်းချင်းပဲဖြစ်ဖြစ် တစ်ယောက်ရဲ့ ဘာသာစကားကို တစ်ယောက် သိထားသင့်ကြပါတယ်။ ချစ်သူ အချင်းချင်း ဆက်သွယ်တဲ့ ဘာသာစကားကိုတော့
ခပ်လွယ်လွယ်ပဲ Love Language လို့  ခေါ်ပါတယ်။ ငါးမျိုး ရှိပြီး Dr. Chapman က ထုတ်ဖော်ခဲ့ပါတယ်။

A. Words of Affirmation – စကားလုံးတွေနဲ့  အချစ်ကို ဖော်ပြပါတယ်။ ဥပမာ ..
အားပေးတာ – လုပ်နိုင်ပါတယ်ကွ၊ အားတင်းထားပါ။ မင်း အနားမှာ ကိုယ် အမြဲရှိနေမယ်။
ချစ်စကားပြောတာ၊ ချစ်ကဗျာရေးပို့ တာ
နှစ်ယောက်တွေ့ ရင် ကြင်ကြင်နာနာ စကားပြောတာ.. မင်းက သိပ်လှတာပဲ၊ သိပ်ချစ်ဖို့ ကောင်းတာပဲ…
အစရှိသဖြင့် ပေါ့နော်..။

B. Quality Time – အချိန်အများစုမှာ အတူတူ ရှိနေပေးတာ၊ သူစကားပြောရင် သေချာ အာရုံစူးစိုက်နားထောင်ပေးတာ.. အချိန်အကြာကြီး သူ့ နဲ့  မခွဲခွာတတ်တာတို့  ပါဝင်ပါတယ်။

C. Receiving Gifts – လက်ဆောင် မကြာခဏပေးတာ.. လက်ဆောင်ကတော့ အရမ်းတန်ဖိုးရှိစရာ မလိုပါဘူး၊ ကိုယ်ချစ်သူက လက်ဆောင်ပေးတာကို သဘောကျတတ်တဲ့သူက ဘယ်လို လက်ဆောင်ပဲ ဖြစ်ဖြစ် အရမ်း ကျေနပ်ပီတိဖြစ်တတ်ပါတယ်။

D. Acts of Service – မင်းအတွက် ဘာလုပ်ပေးရမလဲ.. အစရှိသဖြင့် သူ့ ရဲ့ အလုပ်တွေ ကူလုပ်ပေးရင် တဘက်လူက အဲဒီစရိုက်ဆိုရင် ချစ်ခြင်း မေတ္တာသဘောကို ကျကျနန ခံစားရတတ်တယ်။

E. Physical Touch – လက်အတူတူ ချိတ်လမ်းလျှောက်တာ၊ မကြာ ခဏ လူကို ထိပြီး စကားပြောတာ၊ ပွေ့ ဖက်တာကနေ… sexual intercourse အထိ ပါဝင်ပါတယ်။

ကိုယ့် ချစ်သူနဲ့  ကိုယ်ရဲ့ ဆက်ဆံရေးမှာ မှန်ကန်တဲ့ love language ကို သုံးဖို့ လိုပါတယ်။ အသုံးမှန်လို့  အဆင်ပြေ သာယာတဲ့ ဆက်ဆံရေးတွေ တွေ့ ရသလို ကိုယ်သုံးတဲ့ ဘာသာစကားလွဲနေရင်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

Ref: http://www.padonma.com/forums/index.php?showtopic=831&st=0

Thanaka

Standard

သနပ်ခါးဆိုတာ ကျွန်မတို့ မြန်မာမလေးတွေရဲ့ အလှအပ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဆေးဘက်ဝင်ပြီး အသားအရေကို ညက်ညောစေတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ ကလေးတွေသာ လိမ်းထားလို့ကတော့ သနပ်ခါး အဖွေသားနဲ့ ကလေးလေးတွေဟာ တရှုပ်ရှုပ်နဲ့ နမ်းချင်စရာကို ကောင်းနေရောရှင်။ သနပ်ခါးရေကျဲ လိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ မြန်မာတွေရဲ့ အယူမှာတော့ အတော်လေးကို ကျက်သရေ ရှိပြီး ရှုမ၀ ဖြစ်နေတော့တယ်လေ။ (ကုလားမကြီးကို သနပ်ခါး လိမ်းပေးရင်ကော ? အို…. ဒါတွေမပါဘူးလေ)။ ဟုတ်ကဲ့ သနပ်ခါးရဲ့ အကြောင်းလေးကို တစ်ချက်လောက် ရေးသားချင်ပါတယ်။

သနပ်ခါးကို လွန်းခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့် ကတည်းက သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိသနိုး ဘုရင်မကြီးဟာ သနပ်ခါး ချစ်သူရယ် လို့တောင် နာမည်တွင် ခဲ့ပါသတဲ့။ သနပ်ခါးပင်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ပေါများစွာ ပေါက်ရောက် တတ်ကြပြီး ရွှေဘိုနယ်က သနပ်ခါးဟာ အတော်လေးကို နာမည်ကြီးပါတယ်။ ပြီးတော့ မကွေးတိုင်းက ရှင်မတောင် သနပ်ခါးနဲ့၊ တောင်ကြီးနယ်က မောက်မယ် သနပ်ခါးတို့လည်း ဈေးကွက်မှာ နာမည်ကောင်းကို ရရှိကြပါတယ်။ သနပ်ခါးပင် တစ်ပင်ဟာ နှစ်ပေါင်း 35 နှစ်ခန့် ကြာမှ သာလျှင် သူ့ကို သနပ်ခါးအဖြစ် သုံးစွဲသင့်ပါတယ်။ သနပ်ခါးဟာ နေလောင်ဒဏ်တွေကို ထိရောက်စွာ ကာကွယ်ပေးပြီး၊ ၀က်ခြံတွေကိုလည်း သက်သာပျောက်ကင်း စေပါတယ်။ ပြီးတော့ သနပ်ခါးမှာ ဘက်တီးရီးယား ပိုးတွေကို သေစေတဲ့ အစွမ်းသတ္တိ တစ်မျိုးလည်း ရှိနေပါတယ်။ ဒါကြောင့် ခြင်ကိုက်တာတို့၊ တစ်ခြား ထိခိုက်တာတို့ ဖြစ်ရင် ဖြစ်ဖြစ်ချင်းမှာ သနပ်ခါးလေး တို့ပေးထားမယ် ဆိုရင် အဖုအပိန့်တွေ၊ အမာရွတ်တွေ ရှိမနေတတ် တော့ပါဘူး။

ပြီးတော့ သနပ်ခါး လိမ်းထားရင် အေးမြမှုကို ခံစားရတဲ့အတွက် အပူပိုင်းဒေသ အတွက်တော့ အရမ်းကို အသုံးတည့်လှပါတယ်။ ခန္ဒာကိုယ်က အနံ့အသက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ထူးခြားတဲ့အစွမ်းတွေကြောင့် ခေတ်မီနည်းပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက်၊ နောက်ဆုံးပေါ် အလှအပ ပစ္စည်းတွေ ဘယ်လောက်ပဲ ပေါ်လာ ပေါ်လာ ကျွန်မတို့ မြန်မာပြည်မှာ သနပ်ခါးကို လူတိုင်း နှစ်ခြိုက်စွာ ရောင်းဝယ် ဖောက်ကား သုံးစွဲနေကြတာပဲ ပေါ့ရှင်။

 

Oils for the Mind

Standard

တစ်ခါတစ်ရံမှာ ကျွန်မတို့ရဲ့ စိတ်တွေဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်လို့ မရနိုင်လောက်အောင် အတော်လေးကို ကစဥ့်ကလျား ဖြစ်တတ်ပါတယ်။ စိတ်ထိခိုက် လာပြီဆိုရင် ခန္ဒာကိုယ် ကျန်းမာရေးကိုလည်း ထိခိုက်လာမှာ ဖြစ်သလို တစ်ခြားသော ဘေးထွက် ဆိုးကျိုးတွေလည်း အများကြီးပဲ ဖြစ်လာနိုင်ပါသေးတယ်။ ဒါတွေကို Aromatherapy လို့ခေါ်တဲ့ ရနံ့ကုထုံးနဲ့ ကုသပေးနိုင်ပြီး သက်သာ ပျောက်ကင်းမှုရှိတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ရေမွှေးရနံ့တွေကို ကျန်းမာရေးအတွက် ထိထိရောက်ရောက် အသုံးချနေကြပါပြီ။ ပင့်ဂိုလ်း အနေနဲ့ကတော့ ဘယ်လို ရနံ့မျိုးတွေက ဘယ်လို ကောင်းကျိုးတွေကို ဖြစ်စေတယ်ဆိုတာ သိသလောက်လေး ဝေငှပေးချင်ပါတယ်ရှင်။

စိုးရိမ်ကြောင့်ကြမှု့တွေ အတွက် Begamont, Cederwood, Lavender ရနံ့ တွေက ထိရောက်မှု ရှိပါတယ်။ ရေချိုးတဲ့ အချိန်မှာ ထည့်ချိုးနိုင်သလို အဲဒီအဆီနဲ့ နှိပ်နယ်မှုလည်း ပြုလုပ်နိုင်ပါတယ်ရှင်။

တစ်စုံတစ်ခုကို စိတ်ပါဝင်စား မှုမရှိတော့ခြင်း၊ ငြီငွေ့မှုတွေ ဖြစ်ပေါ်လာခြင်းကို ကုသဖို့က Basil. Grapefruit ,Pepperment စတဲ့ ရနံ့တွေက အကောင်းဆုံး ဖြစ်ပါတယ်။ ရေချိုးခြင်း၊ နှိပ်နယ်ခြင်းတွေ အပြင်၊ ရှုရှိုက်တာမျိုးကိုလည်း ပြုလုပ်နိုင် ပါတယ်။

စိတ်ကျမှု အတွက်ကတော့ Jasmine, Lavender ,Neroil ရနံ့တွေကို အထက်ပါ နည်းလမ်းများ အတိုင်း အသုံးပြုပေး နိုင်ပါတယ်ရှင်။

သောကမီးတွေ တောက်လောင်တာကို ကုစားဖို့ အတွက်ကတော့ နှင်းဆီ ရနံ့ဟာ အကောင်းဆုံး ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ကို ကိုယ် လုံခြုံမှု မရှိသလို ခံစားရတတ်ပါတယ်။ အဲလို အချိန်မျိုးမှာ စန္ဒကူးနံ့ကို ရှုရှိုက်ပြီး ရေထဲမှာ 15 မိနစ်လောက် စိမ်ချိုးခြင်းကို ပြုလုပ်လိုက်မယ် ဆိုရင်တော့ ယုံကြည်မှုတွေ ပြန်လာရရှိလာစေ နိုင်တယ်လို့ ဆိုပါတယ်ရှင်။

အထီးကျန်ဆန်သလို ခံစားရမှုကို ပျောက်စေဖို့ marjoram လို့ ခေါ်တဲ့ အပင်ငယ် တစ်မျိုးရဲ့ ရနံ့ကို အသုံးပြုနိုင် ပါတယ်။

ကြောက်စိတ်တွေ ၀င်လာပြီ ဆိုရင်တော့ လာဗင်ဒါ frankicense, neroil စတဲ့ ရနံ့တွေက ပျောက်ကင်း သက်သာစေပါတယ်ရှင်။

မှတ်ဥာဏ်တွေ မကောင်းတော့ဘူးလို့ ခံစားနေရရင် rosemary ရနံ့ကို ခါတိုင်းလို နည်းလမ်းလေးတွေနဲ့ အသုံးပြုပေး နိုင်ပါတယ်။

ဝမ်းနည်း ကြေကွဲမှုကို ခံစားရရင် neroli လို့ ခေါ်တဲ့ ရနံ့မျိုးက ထိရောက်မှု ရှိပါတယ်။

စိတ်ဖိစီးမှုတွေ အတွက်ကတော့ လာဗင်ဒါ၊ စန္ဒကူး စတဲ့ ရနံ့မျိုးတွေက သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်ရှင်။