Monthly Archives: March 2008

Lessons in Logic

Standard

If your father is a poor man,
it is your fate but,
if your father-in-law is a poor man,
it’s your stupidity.
………………………………………………………………

I was born intelligent –
education ruined me.
………………………………………………………………

Practice makes perfect…..
But nobody’s perfect……
so why practice?
………………………………………………………………

If it’s true that we are here to help others,
then what exactly are the others here for?
………………………………………………………………

Since light travels faster than sound,
people appear bright until you hear them speak.
………………………………………………………………

How come “abbreviated” is such a long word?
………………………………………………………………

Money is not everything.
There’s Mastercard & Visa.
………………………………………………………………

Behind every successful man, there is a woman
And behind every unsuccessful man, there are two.
………………………………………………………………

Every man should marry.
After all, happiness is not the only thing in
life.
………………………………………………………………

The wise never marry.
and when they marry they become otherwise.
………………………………………………………………

Never put off the work till tomorrow
what you can put off today.
………………………………………………………………

“Your future depends on your dreams”
So go to sleep
………………………………………………………………

“Hard work never killed anybody”
But why take the risk
………………………………………………………………

“Work fascinates me”
I can look at it for hours
………………………………………………………………

God made relatives;
Thank God we can choose our friends.
………………………………………………………………

The more you learn, the more you know,
The more you know, the more you forget
The more you forget, the less you know
So.. why learn.
………………………………………………………………

A bus station is where a bus stops.
A train station is where a train stops.
On my desk, I have a work station….
what more can I say……..

Advertisements

How can we know "2008" ?

Standard

၂၀၀၈ ရောက်နေတာ ဘယ်လိုသိနိုင်လဲ

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်မိနေမယ်။
၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။
၃။ မိသားစုသုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတယ်၁၅ခုရှိနေမယ်။
၎။ ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့လူကို ပြောစရာရှိရင် အီးမေးလ်ပို့တယ်။
၅။ သူငယ်ချင်းတစ်ချို့ အမျိုးတစ်ချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာ အီးမေးလ်လိပ်စာမရှိလို့။
၆။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ၀ယ်လာတဲ့ပစ္စည်းတွေ လာကူသယ်ပေးဖို့ မိုဘိုင်းဖုန်းနဲ့လှမ်းခေါ်မယ်။
၇။ တီဗီမှာ လာသမျှကြော်ငြာတွေအောက်မှာ ၀က်ဘ်ဆိုဒ်လိပ်စာပါနေတယ်။
၈။ သင့်ဘ၀ရဲ့ ပထမ၁၀နှစ် သို့ နှစ်၂၀လောက်မှာ သင်နဲ့အတူတူမရှိခဲ့တဲ့ hand phone အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာ ထိတ်လန့်သွားပြီး နောက်ပြန်လှည့်ပြီး အမြန်ပြန်ယူတော့တာပဲ။
၁၀။ အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ်တက်တယ်။
၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။
၁၂။ ဒါကိုဖတ်ပြီး ခေါင်းငြိမ့်ပြီးပြုံးနေပြီ။
၁၃။ ပိုဆိုးတာက သင်ဒီမဲဆေ့ခ်ျကို ဘယ်သူ့ကို forward လုပ်မလဲစဉ်းစားနေပြီ။
၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ၉ မပါတာတောင် မသိဘူး။
၁၅။ အမယ်… နံပါတ်၉ တကယ်မပါဘူးလားဆိုပြီး အပေါ်ကစာကြောင်းကို ပြန်ဖတ်နေတယ်။
……………………………….. ပြောပါတယ်။ ၂၀၀၈
ရောက်နေတယ်လို့။………………………………..။

Thingyan Feeling

Standard

တစ်ကယ်တော့ မမယ်လိုဒီမောင် မတက်ခင်ကတည်းက သင်္ကြန်အကြောင်းရေးဖို့ အစီအစဉ် ရှိပါတယ်။ သူက တက်လိုက်တော့ လူတွေ အများကြီးလည်း ရေးကြမယ်ဆိုတော့ ပိုပြီး စည်စည်ကားကား ဖြစ်သွားတာပေါ့။ သင်္ကြန်ဆိုတာ ငယ်ငယ်ကတည်းက အသံကြားရုံနဲ့ တွေးပြီး ပျော်ရွှင် ရင်ခုန်ခဲ့ရတဲ့ မြန်မာ့ရိုးရာ ပွဲတော်တစ်ခုပေါ့။ ငုတွေပွင့်ပြီဆိုရင် ကျွန်မမှာ သင်္ကြန်ရောက်တော့မယ် ဆိုတဲ့အသိနဲ့ သင်္ကြန်ကျမယ့် ရက်တွေကို လက်ရှိုးရေတွက်ရတာလည်း မမောနိုင် မပန်းနိုင်အောင်ပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက ကြုံဖူးခဲ့တဲ့ ရခိုင်သင်္ကြန်နဲ့ ခုကုန်သင်္ကြန်မှာ ပျော်ရွှင်ရပုံတွေကို ပြောပြချင်ပါတယ်။

ရခိုင်သင်္ကြန် ဆိုပေမယ့် တစ်ကယ်တမ်းပြောချင်တာက ကျွန်မတို့ မာန်အောင်သင်္ကြန်ပေါ့။ မော်လမြိုင်မှာတော့ သင်္ကြန်က တစ်လလုံးကျတယ်။ ကျွန်မတို့ မာန်အောင်မှာတော့ တစ်နှစ်မှာ သင်္ကြန်နှစ်ခါ ကျတာလေ။ အရင်တုန်းကဆို မာန်အောင်သင်္ကြန်က ရခိုင်ပြည်နယ် မှာ နာမည်ကြီးသင်္ကြန် တစ်ခုပါ။ မာန်အောင်သူလေးတွေက ချောလည်း ချောကြတယ် (မယုံဘူးလား ပင့်ဂိုလ်းကိုကြည့်လေ 😛 ) ဆိုတော့ ရခိုင်ပြည်နယ်တစ်ဝှမ်းက ကိုကိုကာလသားတွေ ဒုတိယအကြိမ် သင်္ကြန်ကျဖို့ မာန်အောင်ကို ရောက်လာတတ်ကြတာ ဆန်းတယ်လို့တော့ မဆိုနိုင်ဘူးရှင့်။ မာန်အောင်ကျွန်းရ ရခိုင်ပြည်နယ်မှာ နာမည်ကြီးတယ်လေ မိန်းမလှကျွန်း လို့…!

သင်္ကြန် (3) ရက်ကတော့ သိပ်ပျော်စရာ မကောင်းဘူးရှင့်။ ဒီအတိုင်းပဲ လူကြီးတွေက ဥပုသ်စောင့်ကြတယ်။ ကလေးတွေပဲ လမ်းမှာထွက် ရေလောင်းကြတယ် ဆိုတော့ တစ်ကယ့်သင်္ကြန်ရက်တွေက ခြောက်သွေ့လွန်းလှပါတယ်။ အဲ သင်္ကြန်ပြီးလို့ တစ်ပတ်လောက်နေတော့ ရေစစ်ပွဲဆိုတာ ကျင်းပကြပါတယ်။ အဲဒါကမှ တစ်ကယ့်ကို ပျော်စရာကောင်းတာ။ ရပ်ကွက်အသီးသီးမှာ မဏ္ဍပ်တွေ ထိုးကြတယ်။ ပြီးတော့ ဟိုဘက်ရပ်ကွက်က ကောင်မလေးနဲ့ ဒီဘက်ရပ်ကွက်က ကောင်လေးနဲ့ ပက်ရတယ်။ မဏ္ဍပ်တစ်ခုနဲ့ တစ်ခုကို သွားလည်ပြီး ပက်ရတာပေါ့။ သွားတာကလည်း တစ်ရပ်ကွက်လုံး အုပ်စုလိုက်ကြီး ဗုံတွေ ဆိုင်းတွေ တီးပြီး သွားကြရတာလေ။ စုစု ပေါင်း ရပ်ကွက် (10) ခုရှိတယ်ဆိုရင် မဏ္ဍပ်ကလည်း 10 ခုပေါ့။ စုစုပေါင်း 3 ရက်လုပ်ပါတယ်။ နှစ်ရက်က အပျိုလေး၊ လူပျိုလေးတွေအတွက်၊ နောက်တစ်ရက်ကတော့ အိမ်ထောင်သည်တွေအတွက်။ အဲလို သွားပက်ကြရာမှာ ပထမနေ့က ကိုယ်ကသွားရတဲ့ အလှည့်ဆိုရင် ဒုတိယနေ့မှာ ကိုယ်က သူများရပ်ကွက်ရဲ့ မဏ္ဍပ်ကလူတွေကို ပြန်ဧည့်ခံလှည့်ပေါ့။ ဘယ်နေ့မှာဖြင့် ဘယ်ရပ်ကွက်က ဘယ်တွေကို သွားရမယ်၊ ဘယ်မဏ္ဍပ်လာတာကို စောင့်ရမယ်ဆိုတာတွေကို ရေစစ်ပွဲ အလုပ်ခင်မှာ ရပ်ကွက်လူကြီးတွေ meeting ထိုင်ပြီး schedule ဆွဲကြပါတယ်။ ထွက်လာရင်တော့ အဲဒီအတိုင်း ကိုယ်က သွားလိုက်၊ ဧည့်ခံလိုက်ပေါ့။

အဲဒီ ရေစစ်ပွဲမှာ ကျွန်မ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဟိုဘက်ရပ်ကွက်က ကောင်လေးနဲ့ ဒီဘက်က ကောင်မလေးနဲ့ အပြန်အလှန် ရေပက်ကြတာပေါ့။ ကျွန်မတို့ ငယ်ငယ် ကလေးလေး တုန်းကဆိုရင် အဲလိုပက်ချင်လိုက်တာလေ။ အဲလို ပက်ရအောင် မြန်မြန် အသက်ကြီးပြီး မြန်မြန်အရွယ်ရောက်ပါစေလို့ ဆုတောင်းရတာလေ (မနိုင်ဘူးနော် ပင့်ဂိုလ်းတို့.. ဟီး)။ အရွယ်လည်း ရောက်လာရော လူက ရန်ကုန်ရောက်လာတာ ဆိုတော့ တစ်နှစ်လားပဲ အဲလိုပက်ခဲ့ရတယ်။ အဲဒီမှာ တစ်ချို့တွေဆို ဇတ်လမ်းလေးတွေ ဖြစ်ကြတာပေါ့။ အဲမှာ စတွေ့ အဲမှာ စချစ်ပေါ့..ဟဲဟဲ။ ရေပက်ရာမှာလည်း တစ်ချို့က အကြင်နာလေးနဲ့ ညင်ညင် သာသာ ပက်ကြသလို၊ တစ်ချို့ကလည်း ရေစစ်ပွဲ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ခေါင်းမငုံ့ကြေး မျက်နှာချင်းဆိုင် မျက်နှာတည့်တည့်ကို ရေခွက်တွေနဲ့ ပက်ကြပါတယ်။ သြော် ဒီနေရာမှာ တစ်ခုထပ်ပြောချင်တာက ကျွန်မတို့ဆီမှာ ဆောက်တဲ့ မဏ္ဍပ်ဆိုတာ အုန်းလက်လေးတွေနဲ့ပဲ ဆောက်ကြတာပါ။ ဒီမှာလို ပိုက်နဲ့ထိုးတဲ့ မဏ္ဍပ် မဟုတ်ပါဘူး။ ညကတည်းက စဥ့်အိုးကြီးတွေ ထဲမှာ ရပ်ကွက်ထဲက အပျို လူပျိုတွေက ရေခပ်ထည့်ကြ၊ မဏ္ဍပ်ကို အလှဆင်ကြနဲ့ တော်တော် ပျော်စရာ ကောင်းပါတယ်။ မဏ္ဍပ်အလှပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေလည်း ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်အက ခဏ ခဏ ကရပါတယ်။ အမြဲတမ်းလည်း ပထမ ရပါတယ်။ ဒါက ကြွားတာ။ နှစ်ရက်လည်း ပြီးရော အိမ်ထောင်သည်တွေ ပက်ရတဲ့ ရက်ရောက်လာတာပေါ့။ သူတို့က ပိုတောင်ကဲကြသေး။ ငယ်ငယ်တုန်းက ရည်းစား ချင်းချင်း ပက်ရတာနဲ့၊ သူငယ်ချင်း အချင်းချင်းပက်ရတာနဲ့။ ဘယ်လင်ယောင်္ကျား၊ မိန်းမကမှ သ၀န်မတိုကြပါဘူး။ အပျော်ပက်ကြတယ် ဆိုတော့ အားလုံးက ပျော်ပျော်ပါပဲ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ ရေစစ်ပွဲလေးကတော့ ဘယ်နေရာမှာမှ မရှိတဲ့ မာန်အောင်မြို့ရဲ့ ရိုးရာ တစ်ခုပေါ့ရှင်။ ခုတော့လည်း သူများတွေ ပြောသလို ဂိန်မှန်မှာ အိမ်မပြန်နိုင်သူအဖို့ မှန်းလို့သာဆွေးးးးးး ။

နောက် ရန်ကုန် သင်္ကြန်ကတော့ အားလုံးလည်း သိကြပါတယ်။ လျှောက်လည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်၊ တစ်ခုမှ မလုပ်ချင်ရင် တရားစခန်းဝင်၊ မဟုတ်ရင်တော့ အိမ်မှာနေပေါ့။ သင်္ကြန်တွင်းဆိုတာ တစ်ကယ်တော့ အိမ်မှာ နေရင် ဘာမှ အကျိုးမရှိတဲ့ အရာလို့ ကျွန်မထင်ပါတယ်။ စာမေးပွဲ ရှိနေကြတဲ့ သူတွေကို မပြောဘူးနော်။ ရန်ကုန်ရောက်လာတော့ တစ်နှစ် နှစ်နှစ်လောက်ကတော့ လည်ဖြစ်ပါတယ်။ သင်္ကြန်ရေထိရင်တော့ ပျော်ပေမယ့် မဏ္ဍပ်တွေကို မရောက်ခင် ကားတန်းရှည်ကြီးတွေ ပိတ်မိနေတာ စောင့်နေရတာကိုတော့ တော်တော်စိတ်ကုန်ပါတယ်။ လမ်းလျှောက်လို့သာ မဏ္ဍပ်ရောက်အောင် သွားလိုက်ချင်တော့တယ်။ မဏ္ဍပ်တွေ ဆီရောက်တေည့လည်း ကျွန်မက တစ်မျိုးရှင့်။ သူများတွေ မီးသတ်ပိုက်ကို ရှောင်ကြတယ်။ ကျွန်မကတော့ မီးသတ်ပိုက်နဲ့ အထိုးခံတယ်။ ပြောသားပဲ အရူးပါဆို ပင့်ဂိုလ်းက…။ ရေတွေ အလုံးလိုက် အရင်းလိုက်ဝင်လာတာကို ပျော်လို့ပါ။ ပြန်လည်းရောက်ရော အသားတွေ နီစပ်စပ်နဲ့ ဘာရုပ်ပေါက်နေမှန်း မသိဘူးလူက။ မဏ္ဍပ်ထိုင်တော့လည်း ပိုက်ဆံကုန်ပါတယ်။ အ၀တ်အစားဖိုး၊ လက်မှတ်ဖိုး၊ တက္ကစီဖိုးနဲ့ မွဲကိန်းရောက်တော့ မတတ်ပါပဲ။ ဘဲဘဲရှိရင်တော့ မိုက်တယ်ရှင်။ စပွန်စာရှိတာပေါ့။ ကိုယ်ကမှ အဲလို မစွမ်းတာလေ.. ကိုယ့်အားကို ကိုးပေးအုံးပေါ့။ နောက်တော့လည်း ရန်ကုန်သင်္ကြန်ကို နည်းနည်းစိတ်ကုန် သွားတော့ သီလရှင် ၀တ်တာ၊ တရားစခန်းဝင်တာပဲ လုပ်ဖြစ်ပါတော့တယ်။ ပြောရင်တော့ ဘယ်သူမှ မယုံကြဘူးရှင့်. ရွှေထက်ရယ် ဟုတ်မှလည်း ပြောပါဟယ်ဆိုတာကို အမြဲ အပြောခံရပေမယ့် ကျွန်မတစ်ကယ် သီလရှင်ဝတ်၊ တရားစခန်းဝင်တာကို လုပ်ပါတယ်။ ဒီနှစ်လည်း ၀င်ဖို့ အစီအစဉ်ရှိပေမယ့် ဘန်ကောက်ကေ သူငယ်ချင်းတစ်ယောက်၊ စင်ကာပူက တစ်ယောက် ပြန်ရောက်နေတယ်။ ဘယ်လိုဖြစ်မလဲတော့ မပြောတတ် သေးဘူး။

နောက်တစ်ခု ပြောချင်တာက ပိတောက်ဖီလင်ပါ။ ပြောလက်စနဲ့တော့ ဘယ်လောက် ရှည်ရှည် ကုန်အောင် ပြောတော့မယ်ရှင့်။ ပြီးအောင်ဖတ်ကြနော်။ ကျွန်မ ပိတောက်ပန်းကို ကြိုက်ပါတယ်။ ဒါပေမယ့် အပင်မှာ ရှိနေပြီး တစ်ပင်လုံး ၀ါထိန်နေမှ ကြိုက်တာပါ။ ပိတောက်ခူးတဲ့ သူတွေကို သိပ်မုန်းတာပဲ။ အလှတရားကို ဖျက်ဆီးသူတွေလို့တောင် ထင်မိပါသေးတယ်။ တစ်နှစ်မှ တစ်ခါပွင့်တဲ့ ပိတောက် ပင်ယံထက်မှာ ကောင်းကောင်းလေး လှပနေပါစေလားရှင်။ ခူးလိုက်တော့လည်း ခဏနေ နွမ်းသွားတဲ့ဟာကိုများ။ ပြီးတော့ ပိတောက်တွေ ကြွေလို့ မြေပြင်တစ်ခုလုံး ၀ါထိန်နေရင် အရမ်းပျော်ပါတယ်။ အဲဒီအပေါ်မှာ လမ်းလျှောက်သွားရတာလေ ဘယ်လို ဖီလင်လာမှန်းကို မသိဘူး။ ဘ၀င်မြင့်သလိုလို ဘာလိုလိုပေါ့။

သင်္ကြန်ဆိုတာ လူတိုင်းပျော်ကြတဲ့ ပွဲတောင်တစ်ခုလို့ ကျွန်မထင်ပါတယ်။ ကျွန်မ ကိုယ့်ဆီက သင်္ကြန်အကြောင်းလေးကို ရေးခဲ့သလိုပဲ နိုင်ငံအသီးသီးက မြန်မာတွေလည်း ကိုယ်ရောက်နေတဲ့ နေရာမှာ သင်္ကြန်ကို ဘယ်လိုကျင်းပတယ်ဆိုတာ လေးများ ရေးပေးနိုင်ကြမလားရှင်။ ကျွန်မ သိချင်လို့ပါ။ ထိုင်းသင်္ကြန်၊ မဲခေါင်သင်္ကြန် ဆိုတာတွေကိုလည်း ဘယ်လို ကျင်းပကြတယ်ဆိုတာ သိချင်ပါတယ်။ ကဲဒီတော့ ကျွန်မကတော့ မျက်နှာမလိုက် လူမရွေးပဲ အကုန်လုံးကို တက် (tag) ပါတယ်ရှင်း။ ပြောသားပဲ အားလုံးကို ပင့်ဂိုလ်းက ချစ်ပါတယ်ဆို။

Summer Art

Standard

Image Hosted by ImageShack.us

နွေဦး……….
လေရူးတွေ သုတ်ဆော်သွေးလို့..
ဥသြငယ် တွန်သံကြူး။

အတာကူး…
လတန်ခူးမှာ သင်္ကြန်အခါကူးလို့…
ငု ပိတောက်တွေ ရွှေဝါလူး။

ရွှင်မြူး….
ဂိမှန်မှာ အသွင်သစ်ထူးလို့….
နှစ်သစ်သို့ ပြောင်းကာကူး။

Trip To Kaw Hmu

Standard

ကိုကြီးစေးထူးရဲ့ ကမကထ ပြုလုပ်တဲ့ အလှူငွေနဲ့ ကျွန်မတို့တွေ ကော့မှူးမှာ ရှိတဲ့ အောင်ဇမ္ဘူ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို သွားရောက် လှူဒန်းခဲ့ကြပါတယ်။ အစတုန်းကတော့ ကော့မှူးဆိုတာ ရန်ကုန်တိုင်း တွင်းမှာလည်း ဖြစ်တယ်၊ ပြီးတော့ သွားရတဲ့ အချိန်ကလည်း သိပ်မကြာဘူးဆိုတော့ သက်သက်သာသာလေးပဲ သွားရမယ် ထင်တာပေါ့လေ။ ကျွန်မတို့လည်း မသွားခင်ကတည်းက လူတွေလိုက်စု၊ ဟိုလူ့သတင်းပေး ဒီလူ့ခေါ်နဲ့ တစ်ပျော်တစ်ပါးကြီးကို ခရီးအတွက် ပြင်ဆင်ခဲ့တာပါ။ ဒီအလှူအတွက် ဘယ်လောက်တောင် တက်ကြွသလဲ ဆိုရင် အားလုံး အင်္ကျီဆင်တူဝတ်ပြီး သွားကြဖို့ တိုင်ပင်ပြီး England စာတန်းပါတဲ့ T-Shirt အဖြူရောင်တွေ လိုက်ဝယ်ကြသေးတယ်။ အားလုံးကလည်း England မှ England ပါပဲတဲ့။ ခရီးမသွားရတာလည်း ကြာပြီဆိုတော့ အကုန်လုံးက စိတ်လွတ် ကိုယ်လွတ် တစ်ပျော်တစ်ပါးကြီးကို သွားကြဖို့ တက်ကြွ နေတော့တာပေါ့။ ဒါပေမယ့် မမယ်လိုဒီမောင် တစ်ယောက် မအားလို့ မလိုက်နိုင်ခဲ့တာတော့ တစ်ကယ်စိတ်မကောင်းဘူးရှင်။ ဒီလိုနဲ့ ကျွန်မတို့တွေ မတ်လ 9 ရက် တနင်္ဂနွေနေ့ နံနက် 10 နာရီလောက်မှာ ကော့မှူးကို သွားဖို့အတွက် ထွက်လာခဲ့ကြပါတော့တယ်။

စစချင်းတော့ ဒလကို ဇက်စီးရတယ်ရှင့်။ ရန်ကုန်ခဏ ရောက်နေတဲ့ စိန်မမ ကတော့ သင်္ဘောတွေ သိပ်မစီးဖူးလို့ ဇက်စီးရမှာကို ပျော်နေလေရဲ့။ လက်မှတ်တစ်စောင်ကို ဘယ်လောက်လဲ သိကြလား….? 10 ပါရှင်။ ကျပ်ငွေ တစ်ဆယ်ပါ။ ကျွန်မတို့ အုပ်စုက စုစုပေါင်း 7 ယောက်ဆိုတော့ 70 ဖိုးဇက်စီးကြတာပေါ့။ ဇက်ပေါ်မှာ ထိုင်ခုံလေးနဲ့ ထိုင်စီးချင်ရင်တော့ ထိုင်ခုံတစ်ခုံအတွက် ငွေ 150 ကျပ်ပေးပြီး ထိုင်စီးလို့ ရနိုင်ပါတယ်။ ဒလ နဲ့ ရန်ကုန်ကို 7 မိနစ်လောက်ပဲ မောင်းရပါတယ်။ ရေထဲမှာ ဇင်ယော်လေးတွေကိုလည်း အစားကျွေးလို့ ရပါသေးတယ်။ လေလေးက တစ်ဖြူးဖြူး.. ဇင်ယော်လေးတွေကိုလည်း အစာကျွေးနဲ့ သွားရတာ တစ်ကယ့်ကို Relax ဖြစ်ပါတယ်။

ဒါကတော့ ဇက်ပေါ်မှာ ရိုက်လာတဲ့ ပုံတွေပါ……..

ဒါကတော့ ရန်ကုန်ဘက်ကို လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့… လှပါတယ် ကျွန်မတို့ ရန်ကုန်မြို့ကြီး.. စင်ကာပူနဲ့ နင်လား ငါလား….:P

ဒလ ဘက်ကိုရောက်တော့ ကော့မှူး၊ တွံတေး စတဲ့မြို့တွေကို သွားဖို့ ဒိုင်နာတွေ ရှိပါတယ်။ ခုထွက်မယ် လာထားနော်၊ ခဏနေထွက်မှာနော်.. ချက်ချင်းထွက်မှာနော် စသဖြင့် စပယာတွေက ခရီးသည်တွေကို လိုက်ခေါ်ပါတယ်။ ကျွန်မတို့လည်း ကော့မှူးသွားမယ့် ကားတစ်စီးပေါ်ကို တက်ထိုင်ပြီး ဆင်ခြံကျေးရွာမှာ သေချာချပေးဖို့ စပယာကို မှာရပါတယ်။ ကားပေါ်တက်ထိုင်လို့ တော်တော်ကြာတဲ့ အထိ ကားကလည်း မထွက်ပါဘူး။ နောက်ခရီးသည်တွေကို စောင့်နေတယ်နဲ့ တူပါတယ်ရှင်။ ဒါပေမယ့် ကံဆိုးစွာပဲ ကားပေါ်မှာ ကျွန်မတို့ အုပ်စုရယ် နောက်ကောင်မလေး တစ်ယောက်ရယ်ကလွဲရင် ကော့မှူးသွားမယ့်သူက ထပ်မလာတော့ ကားလည်း မထွက်ဘူးပေါ့။ ကျွန်မတို့လည်း 11 နာရီလောက်ကတည်းက တက်ထိုင်တာ 12 သာထိုးတော့မယ် ကားမထွက်တာနဲ့ နည်းနည်းတော့ စိတ်တိုစ ပြူလာကြတာပေါ့။ ဇော်မျိုးနဲ့ ဖိုးသူတော်တောက် စပယာယောင်ဆောင်ပြီး ကော့မှူးသွားမယ်နော် ကားက ခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်လို့ အပြောင်အပျက် အော်နေကြပါသေးတယ်။ နောက်တော့မှ ဟိုဘက်နားမှာ ထွက်မယ့် ဒိုင်နာ တစ်စီးတွေ့တာနဲ့ ကျွန်မတို့လည်း အပြေးအလွှားသွားပြီး နေရာယူကြပါသေးတယ်။ လူတွေလည်း ပြည့်ကျပ်သပ်နေတာပါပဲ။ တစ်ချို့ကွမ်းရောင်းတဲ့ မိန်းမကြီးတွေဆို နောက်ကနေတောင် တွယ်စီးကြပါသေးတယ်။ ကားခ ကတော့ တစ်ယောက်ကို 300 ပေးရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကျပ်ပိတ်သိပ်နေတဲ့ ကားပေါ်မှာ မသက်မသာ စီးရင်း ခရီးထွက်လာခဲ့ကြပါတော့တယ်………….

ဒါက ကားပေါ်မှာ….

လမ်းခရီးက ထင်ထားသလို မချောမွေ့ပါဘူး။ ကတ္တရာလမ်းမှာ အပေါက်တစ်ရာ ဖာရာတစ်သောင်းနဲ့ပါ။ စီးရတာကလည်း ဒိုင်နာဆိုတော့ ကားက ခုန်လိုက်တာ လွန်ပါရောရှင်။ အထဲက အူတွေ၊ ကလီင်္စာတွေ အကုန်ကြေကုန်ပြီတောင် ထင်ရတယ်။ လမ်းတစ်လျှောက် ဖုန်တွေလည်း တစ်လုံးလုံးနဲ့ စီးရတော် ကသီလင်တ တော်တော်နိုင်ပါတယ်။ တေဇာ ကတော့ ညက အိပ်ရေးမ၀လို့တဲ့ အဲလောက် ခုန်ပျံနေတဲ့ ကားပေါ်မှာ အိပ်ငိုက်နေသေးတယ်။ ကားမောင်းချိန် 1 နာရီ 45 မိနစ်လောက်တော့ ကြာမယ်ထင်ပါရဲ့။ တွံတေး နဲ့ ကောမှူး လမ်းဆုံကို ရောက်လာပါတယ်။ ကော့မှူးဘက်လမ်းကို ကားကွေ့ချိန်မှာတော့ ကားပေါ်မှာါလာတဲ့ အန်တီကြီး တစ်ယောက်က ဆင်ခြံရွာကို ရောက်တော့မယ်လို့ ပြောပါတယ်။ ကျွန်မတို့လည်း တော်တော်ဝမ်းသာသွားကြပါတယ်။ ဒီက ပေါ်က ဆင်းရဖို့ထက် အရေးကြိးတာ အဲဒီအချိန်မှာ မရှိဘူးလေ။ ကျွန်တို့ အုပ်စုကလည်း အင်္ကျီဆင်တူတွေ၊ လူငယ်လေးတွေ၊ ဒီဘက်ကို မရောက်ဖူးမှန်း သိသာနေတဲ့ သူတွေဆိုတော့ ကားပေါ်က လူတိုင်းကတော့ ဟိုပြော ဒီပြောတော့ ပြောကြပါသေးတယ်။ လမ်းက ဆိုးတယ် နောက်တစ်ခါဆို တက္ကစီစီးကြ ဘာညာပေါ့ရှင်။ ဘုန်းကြီးကျောင်းရှေ့မှာလည်း ကားရပ်ပေးရော ၀မ်းသာ အားရ ခုန်ပေါက် ဆင်ကြတော့တာပါပဲ။ တစ်ကိုယ်လုံလည်း နာလိုက်တာ.. ဗိုက်ကလည်း ဆာလိုက်တာ..ဘုန်းဘုန်းဆီက ဘာတောင်းစားရရင် ကောင်းမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့.. အဟ

စာသင်ဆောင်တွေက ခိုင်ခိင်ခံ့ခံ့ ရှိပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က ကျောင်းပိတ်ချိန်ဆိုတော့ ကလေးတွေ သိပ်မရှိကြတော့ပါဘူး။ မူလတန်းကနေ အထက်တန်းထိ သင်ပေးပါတယ်။ ဘုန်းဘုန်းက ဆရာတွေကို ငှားပြီး သင်ပါတယ်။ လောကုတ္တရာ ပညာရေး အနေနဲ့ကတော့ သံဃာတော်လေးတွေကို သံဃာတက္ကသိုလ်ထိ ပညာသင်ကြားစေပါတယ်။ ဒီထက်မကလည်း တိုးတက်အောင်၊ ပညာသင်နိုင်အောင် နောက်ပိုင်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ စတာတွေကိုလည်း သင်ပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့။ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ချင်ရင် ကျွန်မတို့ကို ဆက်သွယ်ဖို့၊ ကျွန်မတို့လည်း လာရောက်လုပ်အားပေးနိုင်တဲ့ အကြောင်း ဘုန်းဘုန်းကို လျှောက်ပြီး လိပ်စာတွေ ပေးခဲ့ပါသေးတယ်။

စာသင်ဆောင်တွေက ဒီလိုမျိုးတွေ…..

ကျောင်းမှာ စာကြည့်တိုက်လည်း ရှိပါတယ်။ စာအုပ်တွေလည်း တော်တော်များပါတယ်။ နာမည်တွေတေ့ သေချာ မမှတ်မိတော့ပေမယ့် စာအုပ်ကောင်းတွေ ချည်းပါပဲ။ ဘာသာရေး၊ အနုပညာ၊ အင်္ဂလိပ်စာ စတဲ့စာအုပ်တွေ တော်တော်ကို များပါတယ်။ ၀တ္ထုစာအုပ်ကောင်းတွေလည်း အများကြီးပါပဲ။ ကျွန်မတို့ သွားတဲ့ အချိန်မှာ ပညာရည်ချွန် ဆုပေးပွဲ အတွက် ပြင်ဆင်နေကြပါတယ်။ ဇတ်ပွဲတွေ ဘာတွေနဲ့ပေါ့။ ကျွန်မတို့ကိုတောင် လာခဲ့ဖို့ ဖိတ်ပါသေးတယ်။ အဲလိုပွဲမျိုးက အရမ်းစည်ကားပါတယ်တဲ့။ အနီးအနားရွာတွေက ညအိပ် ညနေတောင် လာကြည့်ကြပါတယ်တဲ့။

ဒါကတော့ စာကြည့်တိုက်ရှေ့မှာပါ

ရှိတဲ့ ကလေးတွေကို ခေါ်ပြီး ဓါတ်ပုံ ရိုက်လာခဲ့သေးတယ်….

အားလုံး ပြီးသွားတော့ ဗိုက်က တော်တော်ဆာနေပါပြီ။ ဘုန်းဘုန်းက မုန့်ဆီကြော်တော့ ကျွေးပါရဲ့။ သိပ်မကြိုက်လို့ မစားကြဘူးလေ။ နောက်တော့ ဘုန်းကြီးကျောင်း ရှေ့က အသုတ်ဆိုင်မှာ အငတ်တွေလို ရှိသမျှ အကုန် စားကြပါတော့တယ်။ အအေးတွေလည်း သောက်၊ အသုတ်တွေလည်းစားပေါ့။ ဗိုက်က တော်တော် ဆာနေလို့လား မသိဘူး။ စားလို့ မြိန်လိုက်တာရှင်….

အပြန်လမ်းမှာတော့ ကားစီးလို့ ပင်ပန်းတဲ့ ဒဏ်ကို ပြန်ခဲရတာပေါ့။ ဒါပေမယ့် အလာတုန်းကလောက်တော့ မဆိုးဘူး ထင်တာပါပဲ။ ဒလ ရောက်တော့ ခဏတောင် မနားပဲ ချက်ချင်း ဇက်စီးကြပါတယ်။ ဇင်ယော်လေးတွေကို တွေ့တော့ ပင်ပန်းတာတောင် ဘယ်ရောက်သွားလဲ မသိဘူး။ ပျော်လိုက်တာ အရမ်းပဲ။

ဒါကတော့ စိန်မမ နဲ့ တူတူရိုက်လာတာ……

ဒီခရီးကို သွားရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ ကုသိုလ်လည်းရ ပျော်လည်း ပျော်ရတဲ့ ဒီလို ခရီးမျိုး နောက်ထပ် သွားချင်ပါသေးတယ်။ ကိုကြီး စေးထူးအတွက်လည်း သာဓု သုံးကြိမ်ခေါ်ပါတယ်။ သွားရောက်ခဲ့ကြတဲ့ သူတွေကတော့ ကိုဂေါက် ဘာညာ ဇော်မျိုး (ဗမာပြည်သား) ဖိုးသူတော် စိန်မမ တေဇာ နဲ့ ကျွန်မ ပင့်ဂိုလ်းတို့ပဲ ဖြစ်ပါတယ်ရှင်။

Exhibitors @ Exhibition!

Standard

Myanmar ICT Exhibition 2008 ကို မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့ထိ (၃)ရက်တိုင်တိုင် တပ်မတော် ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပိုစ့်မှာလည်း ပြပွဲကျင်းပရတဲ့ ရည်ရွယ်ချက်တွေ အကြောင်းကို ကျွန်မ ရေးသားခဲ့ပြီးပါပြီ။ အဲဒါကိုတော့ ICT Guide Book မှာပါတဲ့ Message From the Organizers ဆိုတာလေးကို ကျွန်မ ကော်ပီကူးထားတာပါ။ (ဒီဒီကို မေးလို့ ဖြေတာ)။ ဒီပြပွဲမှာ ကွန်ပျူတာနဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီတွေ၊ Branded Computer and other accessories တွေကို တင်သွင်းရောင်းချ နေတဲ့ Company ကြီးတွေ၊ ကွန်ပျူတာ သင်တန်းတွေ၊ Software, Website များရေးသား ပေးနေကြသော ကုမ္ပဏီးတွေ နဲ့ အီလက်ထရောနစ် ပစ္စည်းများ တင်သွင်းရောင်းချကြတဲ့ ကုမ္ပဏီကြီးတွေရဲ့ ပြခန်းတွေကို ခင်းကျင်းပြသ ကြတာတွေ့ရပါတယ်ရှင်။ ကွန်ပျူတာ ကုမ္ပဏီတွေ အနေနဲ့ကတော့ laptop, LCD Moniter, Ipod နှင့် တစ်ခြားသော ဆက်စပ်ပစ္စည်းများကို ဈေးနှုန်းသက်သက်သာသာ နဲ့ရောင်းချခဲ့ကြတာ တွေ့ရပါတယ်ရှင်။ 1 GB Flash Drive တစ်ခုကိုတောင် ဈေးနှုန်း ကျပ် ၇၅၀၀ လောက်ထိ လျှော့ရောင်းကြတော့ ၀ယ်တဲ့သူတွေလည်း ပျော်ပျော်ပါးပါး ၀ယ်ကြတော့တာပေါ့။ ကျွန်မ အနေနဲ့ကတော့ သူတို့တွေ ဘာပစ္စည်းတွေ ရောင်းတယ်ဆိုတာထက် ပြခန်းကို ဘယ်လိုခင်းကျင်းပြသတယ်ဆိုတဲ့ အပြင်အဆင်ကိုပဲ ပိုစိတ်ဝင်စားတယ်ရှင့်။ Advertising ပိုင်းကို တာဝန်ယူရတဲ့ သူလို့ မပြောရဘူးနော်။ အဲဒီတော့ ကုမ္ပဏီကြီးတွေ ဘယ်လိုပြင်ဆင်ကြတယ် ဆိုတာကို ဓါတ်ပုံရိုက်ပြီး သူတို့ အိုင်ဒီယာကို ကူးချ (အဲလေ.. ဟုတ်ပါဘူး) သူတို့ အိုင်ဒီယာကို base ယူပြီး စိတ်ကူးအသစ်တွေ ကွန့်မြူးနိုင်အောင် မအားတဲ့ကြားက၊ ကိုယ့်ပြခန်းမှာ အလုပ်တွေ ရှုပ်နေတဲ့ကြားက သွားဖြစ်အောင် သွားပြီး ရိုက်ယူခဲ့ သေးတယ်ရှင့်။

ဒါကတော့ http://www.planet.com.mm, http://www.mysuboo.com, Internet Journal, 7-Days Nwes Journal, 7-Days Sport Journal, Myanmar People Magazine တို့ကို ထုတ်လုပ်ဖန်တီးပေးနေတဲ့ Inforithm-Maze ရဲ့ ပြခန်းဖြစ်ပါတယ်။ Website, Software, E-Gov စသော ၀န်ဆောင်မှု ပေါင်း မြောက်များစွာကိုလည်း Inforithm-Maze က တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

Photobucket

ဒါကတော့ View Sonic ရဲ့ ပြခန်းပါ။ Laptop, LCD Moniter, Handset စတာတွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးတာကို တွေ့ရပါတယ်

Photobucket

ဒါကတော့ EPSON ရဲ့ ပြခန်းပါ.. မိုက်တယ်နော်.. လန်ထွက်နေတာပဲ

Photobucket

ကဲ မြန်မာ့ နံပတ် (၁) Notebook ဖြစ်တဲ့ TOSHIBA Brand ကတော့ ပိုက်ဆံတွေ အကုန်အကျ တော်တော်ခံပြီး ဒီလိုပြင်ဆင်ခဲ့ပါတယ်

Photobucket

သူ့ဘေးက SONY ကလည်း ဘယ်အညံ့ခံပါ့မလဲ… အားကျမခံ အပြိုင်အဆိုင်ပေါ့

Photobucket

ဒါကတော့ ASUS ရဲ့ ပြခန်းပါ။ သူက မြန်မာပြည်မှာ စတင်ဈေးကွက်ထိုးဖောက်နေတဲ့ Brand မို့လို့ ငွေကုန်ကြေးကျ တော်တော်ခံပါတယ်။ ပြခန်းပြင်ဆင်တာတောင် သိန်း ၁၀၀ လောက်ရှိတယ်လို့ ကြားရပါတယ်။ အဲဒီက ပိုင်ရှင် မမကြီးကလည်း တော်တော် သဘောကောင်းပါတယ်။ ကျွန်မတို့ ပြခန်းအတွက်တောင် Flat Moniter, LCD Moniter တွေ ငှားပေးသေးတယ်ရှင့်.. အဲဒီမှာ ကျောင်းသားတွေ အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Notebook များကို ကျပ် သုံးသိန်းလောက်နဲ့ ရောင်းချ ပြသပေးခဲ့ပါတယ်။ Windows Vista Home Premium ကိုလည်း ထည့်ထားပါတယ်တဲ့။

Photobucket

Photobucket

ဒါကတော့ BENQ ပါ.. ကျွန်မဆိုရင် သူ့ရဲ့ mouse တွေကို သိပ်ကြိုက်တာ

ict-8

MSI ကတော့ Model Show တစ်ခုနဲ့ စည်စည်ကားကား ပြသခဲ့ပါတယ်.. သူကလည်းပြောမနေနဲ့.. LCD တွေ ပေါများတိုင်းကို ချိတ်ထားတော့တာပဲ ပြခန်းရဲ့ ထိပ်မှာ၊ ဘေးမှာ၊ နံရံမှာ အို အရွယ်အစားတွေ စုံနေအောင် ကြွားသွားခဲ့လေရဲ့

Photobucket

Photobucket

လာပါပြီ Canon….. Canon Camera ကတော့ ကျွန်မရဲ့ အခိုက်ဆုံး ပစ္စည်းပေါ့.. ဒီဓါတ်ပုံတွေကိုလည်း canaon digital camera နဲ့ပဲ ရိုက်ခဲ့တာလေ

Photobucket

ဒါကတော့ acer laptop တွေကိုတင်သွင်းတဲ့ Thein Minn Company ရဲ့ပြခန်းပါ

Photobucket

Laptop တွေရမယ်နော်.. Brand စုံတယ် ဈေးစုံတယ်..လာထား

Photobucket

ဒီလို ဒီလို ခမ်းခမ်း နားနား ခင်းကျင်းပြသတဲ့ မြန်မာ့ သတင်းအချက်အလက်နဲ့ နည်းပညာ ပြပွဲကြီးမှာ ပင့်ဂိုလ်းတို့ကတော့ ဘာတစ်ခုမှကို မ၀ယ်နိုင်ပဲ ငေးရုံသာ ငေးနိုင်ခဲ့ကြောင်းပါရှင်။

Myanmar ICT Exhibition 2008

Standard

Myanmar ICT Exhibition 2008 will be started on 23-March-2008 and ended on 25-March-2008 at Savoy Hall. The International ICT Exhibition has been conducted once a year in October Since 1999. With ever increasing exhibitors and visitors and wider coverage of ICT products and services it has been the main ICT promotion event in Myanmar.

The exhibitors include international and Local ICT companies and Computer Associations and organizations. For the exhibitors the event provides the best opportunities for promoting their products and services, innovation and ideas. The exhibition also provides a very good opportunity for business matching.

The exhibition is jointly organized by MCPA (Myanmar Computer Professionals Association), MCIA (Myanmar Computer Industry Association) with the support of MCF (Myanmar Computer Federation). As organizers we assure you that, this ICT Exhibition will give you the opportunities for:
– Launching of new product
– Technologies and services
– Enter from international alliances
– Benefit from international exposure
– Corporate image building and
– Get critical insights into the consumers’ mind.

OBJECTIVES

• To generate awareness in advancements in information and communication technology
• To promote technological transfer
• To open the door of ICT business opportunities in the local as well as the regional and global markets

SCOPE

• Hardware, Software & Solution
• Internet, Intranet & e-commerce
• Telecom & Networking
• Digital Consumer Products

OPPORTUNITIES

• Launch new products, technologies and services
• Enter into strategic alliance
• Gain Myanmar ICT industry exposure
• Critical insights into the consumers’ mind
• Benefit from the international exposure
• Corporate image building