ှုI’ll Stop Posting for a period!!!

Standard

ကျွန်မတို့ မြန်မာပြည်ရဲ့ ကော်နက်ရှင် ခုတစ်လော လုံးဝကို မကောင်းဘူးရှင်။ သိတယ်မလား အသားမဲမဲနဲ့ လူကြီး ရောက်တဲ့နေ့ကတည်းက speed တွေလျှော့ချလိုက်တော ဘာမှကို လုပ်လို့ မရလောက်အောင်ကို ဆိုးတာ။ ကျွန်မ ပိုစ့်အသစ်တွေ ခဏ မတင်ပဲ ထားတော့မှာ ဒါကြောင့်တော့ လုံးလုံး မဟုတ်ပါဘူး။ တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ ပါတာပေါ့လေ။ ကျွန်မ အလုပ်သစ်မှာ အလုပ်စစ၀င်ချင်းကို မီတင်နဲ့ တန်းတိုးပြီး တာဝန်တွေ တစ်လှေကြီး ပေးအပ်ခြင်း ခံရတော့ အလုပ်များတယ်လို့ ဆိုကြပါစို့နော်။ ပြီးတော့ ရုံးမှာ ကျွန်မအတွက် ကွန်ပျူတာ မရသေးဘူးရှင်။ အဲလိုပဲ အားတဲ့ ကွန်ပျူတာကို လိုက်သုံးနေရတာပေါ့။ အလုပ်တက်တာကလည်း ဒီနေ့နဲ့မှ 3 ရက်ပဲ ရှိသေးတာကို။

အလုပ်သစ် ၀န်ကျင်သစ်မှာ အထိုင်မကျ သေးတာကြောင့်ရယ်၊ လေ့လာစရာတွေကို ကြိုးစားလေ့လာ နေတာကြောင့်ရယ်၊ အလုပ်များတာကြောင့်ရယ်၊ ကော်နက်ရှင် မကောင်းတာကြောင့်ရယ် စသော အကြောင်းပြချက် များစွာတွေကြောင့် ခုတစ်လောမှာတော့ ပိုစ့်အသစ်တင်နိုင်မှာ မဟုတ်သလို၊ ဘလောဂ့်လောကမှာလည်း အရင်ကလို ကောင်းကောင်း အလေလိုက်နိုင်တော့မယ် မထင်ဘူးရှင့်။

အားလုံးနဲ့ အဆင်ပြေသွားတဲ့ တစ်နေ့ကျရင် ကျွန်မဘလောဂ့်ပြန်ရေးမှာပါရှင်။ ကျွန်မကို လွမ်းရင်တော့ စီဘောက်မှာ လာ လာ အော်ကြပေါ့။ ဟုတ်ပြီလား။ လာဖတ်သူများကိုတော့ အရမ်း အားနာပါတယ်ရှင်။

7 responses »

  1.ဲမြန်မာပြည်က အင်တာနက်ကွန်နက်ရှင်ကလဲ တော်တော်ဆိုး။

  2. အသားမည်းမည်း..
    မော်ဒယ်ဘွိုင်းလားဟေ့….
    သူ့ကိုအဆက်အသွယ်ဖြတ်တာနေမှာ…

    ထင်ပါတယ်.. သူလာရင်ထူးမယ်ဆိုတာ…
    အခုတွေ့ပီပေါ့လေ..
    ကွန်နက်ရှင်ရယ် .. ဂမ်ဘာရီရယ်ပေါ့….

  3. အားနာတတ်ရင် မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့ဦး။ မရောက်တာ ကြာလို့ လာခါမှ အိမ်ရှင်က ပတ်ပုံးရောက်နေတယ်။ အဲဟုတ်ပါဘူး။ ပတ်ပုန်းနေတယ်။ ပြန်လာရင် မုန့်တွေ အများကြီး ၀ယ်ခဲ့နော် အန်တီ။

  4. အသားမဲမဲနဲ့လူကြီးက ………..ဟိုလူကြီးလားး
    အားတိုင်းလာနေပြီး
    သူများပြောတာ နားထောင်သွားတာလေ
    ဘာမှလဲအကျိုးမရှိဘူးး
    စိတ်ပျက်တယ်
    အဲ့အကြောင်းသိရရင် ထိုင်းမှာပဲ ကားတိုက်ခံချင်တဲ့စိတ်ပေါက်တယ်………….။
    ကွန်နက်ရှင်ကြီးကလဲ ၁၂ ရာသီသောင်းကျန်းနေတာပဲ လည်ပင်းတက်နင်းလိုက်အစ်မရေ့………..။

  5. ဟုတ်ပရှင်။ ပင့်ဂိုးရေ မတွေ့တာတောင် ကြာပြီနော်။ ဆုလည်း အလုပ်ထွက်ထားလို့ ခုအားနေတာပါ။ အားနေခါမှ connection က ဒီလိုဆိုတော့ ဘာမှကိုမလုပ်ဘူး။ အိမ်မှာသာ လှိမ့်ပိတ်အိပ်တာပေါ့။
    Cbox က တက်ကိုတက်မလာလို့ လွမ်းနေကြောင်းကို ဒီမှာလာအော်တာပါ။ နော့

  6. အလုပ်ကိုအရင်အဆင်ပြေအောင်လုပ်လိုက်ဦးညီမလေးရေ..အားလုံးအဆင်ပြေသွားမှာပါ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s