Monthly Archives: June 2008

Happy Birthday Ko Nay Phone Latt!

Standard
28-06-2007….

Image Hosted by ImageShack.us

Blogger တစ်ယောက်ဖြစ်တဲ့ ကိုနေဘုန်းလတ်ရဲ့မွေးနေ့ကို Coffee King မှာ ကျင်းပတယ်တဲ့။

အဲဒီတုန်းက ကျွန်မ ဘလောဂ့်စရေးကာစ အချိန်ပေါ့။ နာမည်ကြီး ဘလောဂ့်ဂါတွေရဲ့ ဘလောဂ့်တွေကို အသဲအသန်လိုက်ဖတ်နေချိန်။ ဘလောဂ့်တွေမှာ သူများတွေ ဘာတွေရေးကြလဲလို့ စူးစမ်းလေ့လာနေချိန်။ မမယ်လိုဒီမောင် ရဲ့ ဘလောဂ့်ကနေတစ်ဆင့် ကိုနေဘုန်းလတ်ရဲ့ 27 နှစ်မြောက် မွေးနေ့ကို အမှတ်မထင် သိခွင့်ရခဲ့ပါတယ်။

“နေဘုန်းလတ်” ဆိုတဲ့ နာမည်ဟာ ကျွန်မနဲ့ မစိမ်းပါဘူး။ ၂၀၀၅ ခုနှစ်လောက်ကတည်းက ပလန်းနက်ဖိုရမ်မှာနေဘုန်းလတ်၊ ညီလင်းဆက်၊ ဟနစံ၊ ကိုသံလွင် (ကလိုစေးထူး) တို့ဆိုတာ ထက်မြက်တဲ့ စာပေးအရေးအသားတွေနဲ့ နာမည်ကြီး Forumer တွေမို့ ကျွန်မ လေးစား အားကျခဲ့ရတဲ့ သူတွေပါ။ ဟော.. ခု ကျွန်မ ဘလောဂ့်ရေးပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူက ဘလောဂ့်ဂါ ဖြစ်လို့နေပြန်တယ်လေ။ သူ့ရဲ့ ၂၇ နှစ်မြောက်မွေးနေ့တုန်းက သူနဲ့ မရင်းနှီးသေးလို့၊ သူငယ်ချင်း မဖြစ်သေးလို့ Cbox မှာပဲ Happy Birthday သွားအော်ခဲ့ရတယ်။ ဒီအကိုကြီးရဲ့ ၂၈ နှစ်မြောက်မွေးနေ့မှာတော့ ငါလည်းပါဝင် ဆင်နွှဲနိုင်ကောင်းရဲ့ ဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ်။

ဒါပေမယ့်….. ဒါပေမယ့်…. ဒါပေမယ်…..
ကံကြမ္မာရဲ့ လှည့်စားမှုကြောင့်လား……..
အကြောင်းတိုက်ဆိုင် မှုတွေကြောင့်ပဲလား…….

မထင်မှတ်တာတွေ၊ မကြုံဖူးတာတွေ၊ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့တယ်။ လက်မခံချင်တာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံလိုက်ရတယ်။ ဟော.. ခုတော့ ပိုင်ရှင်မရှိတဲ့ မွေးနေ့ပွဲ၊ မွေးနေ့ရှင် မသိတဲ့ မွေးနေ့ဆုတောင်းကို ကျွန်မတို့တွေ ကျင်းပပြုလုပ်နေရပါလား။ မွေးနေ့ရှင် တစ်ယောက်ကတော့ သူရောက်ရှိနေတဲ့ နေရာမှာ ဘယ်လိုများ ရှိနေပါလိမ့်။

သူ့ရဲ့ မနှစ်တုန်းက မွေးနေ့ကို သတိရနေမလား………
စိတ်မှန်းနဲ့ တမ်းတပြီး.. ဘုရားကို ဦးခိုက်ဆုတောင်းနေမလား……
အရာရာကို ကြံ့ကြံ့ခံပြီး ဖြစ်သမျှအကြောင်း အကောင်းပဲ ထင်နေမလား…….

ဒီနေ့ ဇွန်လ (၂၈) ရက်နေ့ဟာ ဘလောဂ့်ဂါ သူငယ်ချင်း ကိုနေဘုန်းလတ်ရဲ့ (၂၈) နှစ်မြောက် မွေးနေ့ပါ။ မွေးနေ့ရှင် မသိနိုင်ပေမယ့် ကျွန်မ ရင်ထဲကတော့ မွေးနေ့ရှင်အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်။

HAPPY BIRTHDAY KO NAY PHONE LATT!
MAY YOU BE FREE AS SOON AS POSSIBLE!!

ကိုနေဘုန်းလတ်ကို ချစ်ကြတဲ့ သူငယ်ချင်းတွေကလည်း ဒီနေရာလေးမှာ ၀ိုင်းဝန်းပြီး ဆုတောင်းတွေ လုပ်ထားကြပါတယ်။ ဘလောဂ့်ဂါတွေအတွက်၊ ဘလောဂ့်ဂါမဟုတ်တဲ့ သူတွေအတွက် အကျိုးပြုစာပေါင်း များစွာကို ရေးခဲ့တဲ့ စာရေးဆရာ၊ သူငယ်ချင်းတွေကို ချစ်ခင်တတ်တဲ့ သူငယ်ချင်းကောင်း၊ Blogging အပါအ၀င် တစ်ခြား IT နဲ့ပတ်သက်တဲ့ နည်းပညာတွေကို လူထုကြား ချပြချင်တဲ့ စေတနာကောင်းတဲ့ သူ၊ လူတွေကို ကူညီတတ်တဲ့၊ ခပ်ပြုံးပြုံးနေတတ်တဲ့ ကိုနေဘုန်းလတ်ရဲ့ မွေးနေ့ကို ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း comment လေးတွေရေးပြီး ဆုတောင်းပေးစေချင်ပါတယ်။

Arakan Online Social Network

Standard
Image Hosted by ImageShack.us

ရခိုင်လူမျိုးဆိုတာ သမိုင်းကြောင်းတစ်လျှောက်မှာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငန်းနဲ့ တင့်တင့်တယ်တယ် နေထိုင်ခဲ့ကြတဲ့ သူတွေပါ။ ရာဇ၀င်တွေကို ပြန်လှန်ကြည့်မလား… အိမ်ကြီးရခိုင်ရယ်လို့ နာမည်တွင်ခဲ့တဲ့ ကျွန်မတို့ရခိုင်လူမျိုးတွေဟာ အမျိုး ဘာသာ သာသနာ ဆိုတဲ့အပိုင်းတွေမှာလည်း အများထက်သာခဲ့တဲ့ သူတွေပါ။ ရှေးရခိုင်တွေရဲ့ သမိုင်းဟာ သန့်ရှင်းစင်ကြယ်ပြီး ဘယ်နိုင်ငံကမှ တိုက်ခိုက်ခြင်းကို မခံခဲ့ရသလို၊ ဘယ်နိုင်ငံကိုမှလည်း ကျူးကျော်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် မြင့်မြတ်သော လူမျိုးများလို့တောင် တင်စားလိုက်ချင်ပါရဲ့ရှင်။ ဂေါတမ မြတ်စွာဘုရားရဲ့ ညီတော်ရယ်လို့ ခံယူတော် မူခဲ့တဲ့ ရခိုင်ဘုရင် စန္ဒာသူရိယရဲ့ ကြိုးပမ်းမှုကြောင့် မြတ်စွာဘုရားရဲ့ ကိုယ်ငွေ့တော်သွင်းပြီး ထုလုပ်ခဲ့တဲ့ မဟာမုနိဘုရား ဆိုတာတောင် ရခိုင်ပြည်နယ်မှာ ခန့်ခန့်ထည်ထည်ကြီး ရှိသေးတယ် မဟုတ်ပါလား။ သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း ရယ်လို့ ခေါ်တွင်ခြင်းခံခဲ့ရခြင်းဟာလည်း ရခိုင်တွေရဲ့ ဘာသာ သာသနာကို ရိုသေလေးမြတ်မှု တွေကိုအထင်အရှား တွေ့မြင်နိုင်တယ်လေ။

သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ အစဉ်အဆက်တိုင်းမှာ အမျိုးကိုချစ်မြတ်နိုးစွာနဲ့ စည်းစည်းလုံးလုံးနေလာခဲ့ကြတာ ယနေ့တိုင်ပဲ မဟုတ်ပါလားရှင်။ လေးကျွန်းဝတီ (ဓည၀တီ၊ ဒွာရာဝတီ၊ ရမ္မာဝတီ၊ မေဃ၀တီ) နဲ့ဖွဲ့စည်းထားတဲ့ ကျွန်မတို့ ရခိုင်ပြည်နယ်ဟာ ခုချိန်မှာလည်း စည်စည်ပင်ပင်နဲ့ နိုင်ငံရဲ့ စီးပွားရေး အချက်အချာတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ရခိုင်သူ၊ ရခိုင်သား အပေါင်းဟာလည်း ရက္ခိတ လို့ခေါ်တဲ့ အမျိုးကိုချစ်သော စိတ်ဓါတ်နဲ့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် တစ်ဘက်တစ်လမ်းကနေ ကြိုးပမ်းနေကြတဲ့ သူတွေပါ။

မိနဲ့ ဖနဲ့ မခွဲမခွာ ချစ်ခင်စွာ နေထိုင်နိုင်ကြတဲ့ သူတွေရှိသလို၊ မိဝေး ဖဝေးမှာ ဘ၀အတွက် ရုန်းနေရသူတွေလည်း ဒုနဲ့ဒေးပါရှင်။ ရခိုင်မောင်နှမ သွေးချင်းတွေ စုစည်း ဆုံစည်းဖို့ ဆိုတာ ဒီလိုအခြေအနေမျိုးမှာ အိပ်မက်အလား ဝေးကွာလွန်းလှပါတယ်။ ဒါပေမယ့် တိုးတက်ပြောင်းလဲနေတဲ့ အိုင်တီ ခေတ်ကြီးမှာ နည်းပညာတွေ ပေါင်းစပ်၊ ဖန်တီးမှုတွေနဲ့ အသစ်ထွင်ပြီး ရခိုင်မောင်နှမတွေ ဆုံစည်းဖို့ နေရာလေး တစ်နေရာကို ရခိုင်လူမျိုး Web Developer တစ်ယောက်က တည်ဆောက်ခဲ့ပါတယ်။

အဖ ရခိုင်သားရို့ ရွာ… ဆိုတဲ့ Online Community လေးဟာ ရခိုင်သားချင်းများ လွပ်လွပ်လပ်လပ် ဆုံစည်းနိုင်ပြီး ခံစားချက် အတွေးအမြင်တွေကို ဖလှယ်ဖို့ ဖန်တီးထားတဲ့ နေရာလေးပါ။ တစ်ခြား နာမည်ကြီး Online Portal တွေလိုပဲ Forum, Photo, Webpage, Group, Video စတဲ့ ရခိုင်းသားများရဲ့ လက်ရာတွေကို ဝေငှလို့လည်း ရပါသေးတယ်။ ရခိုင်သားတွေပဲ သုံးမှာလား လို့မေးစရာ ဖြစ်လာနိုင်ပါတယ်။ ရခိုင်လူမျိုးတွေအတွက် အဓိက ရည်ရွယ်ခဲ့ပေမယ့် လူမျိုးတိုင်းကို ချစ်ခင်တတ်တဲ့ ရခိုင်လူမျိုးတွေ ဖြစ်တာမို့ တစ်ခြား မိတ်ဆွေ သူငယ်ချင်း မောင်နှမ တွေကိုလည်း ရခိုင်ရွာ ကိုလာရောက်ဖို့ နွေးထွေးလက်နဲ့ ကြိုနေမှာပေါ့ရှင်။

ရခိုင်တွေ စုစည်းပြီး တစ်မျိုးသားလုံးနဲ့ ချစ်ခင်မှုကို တည်ဆောက်မယ့် အဖရခိုင်သားရို့ ရွာ ကို တစ်ခေါက်လောက်တော့ သွားရောက်ဖို့ တိုက်တွန်း ပါရစေ။

2008 Disasters

Standard
After our country had been attacked by Cyclone Nargis and more than 2 million people have become refugees, I’m afraid of the disaster like a nightmare as it can come without notice. Almost spontaneously, China had to face the great problem cos of the earthquake and I started searching the record the great disasters around the world that killed many people and caused much damage. Yes, Infoplease.com let me get the information I wanna know and here are the list of disasters happened from the beginning of the year 2008.

January 2008 Disasters

  • Jan. 1–4, Kenya: more than 300 people are killed and thousands of houses, farms, and businesses are burned nationwide in violent riots between Luo and Kikuyu tribes after incumbent president Mwai Kibaki, a Kikuyu, defeats opposition candidate Raila Odinga, a Luo, in the presidential election.
  • Jan. 7–8, Ark., Ill., Mo., Wis.: a series of tornadoes caused by record-breaking temperatures kill at least six people, including two children, destroy houses, and flood roads.
  • Jan. 28, eastern and southern China: severe snowstorms leave at least 24 people dead and affect 78 million people overall, including 827,000 emergency evacuees. About half of the 31 provinces are without power, which strands at least 600,000 train passengers, and at least 19 major airports close. The economic cost of the storm is projected to be $3.2 billion.

February 2008 Disasters

  • Feb. 3, Dem. Rep. of the Congo: at least 45 people are killed and about 450 more injured after two strong earthquakes, one at 6.0 magnitude and the other at 5.0, strike the Congo.
  • Feb. 5–6, Tenn., Ark., Ala., Ky., Mo.: at least 55 people are killed and hundreds more injured after violent tornadoes rip through the southern United States. According to emergency officials, the victims include 31 people in Tennessee, 13 in Arkansas, 7 in Kentucky, and 3 in Alabama.
  • Feb. 21, Venezuela: a Venezuelan passenger plane crashes into an Andean Mountain within the Sierra La Culata National Park killing all 46 people aboard.

March 2008 Disasters

  • March 14–15, Georgia: two people are killed and at least 30 people are injured when violent tornadoes strike Atlanta and northwestern counties of Georgia including Polk County and Floyd County. The storms cause damage to the CNN Center, the Georgia Dome, and the Convention Center in Atlanta, and leave thousands of homes without power statewide.
  • March 17–19, Ark., Ill., Ky., Mo., Ohio: 13 people die, hundreds of people are evacuated from their homes, and hundreds of roads are closed during major floods that stretch from Texas to Pennsylvania.

April 2008 Disasters

  • Ongoing since January, Brazil: More than 80 people have died and at least 75,399 infected in Rio de Janeiro since January during a dengue fever outbreak. In March, the Brazilian military opened three field hospitals to help control the epidemic. In April, after a month of heavy rains, trained members of the army and navy start a 30-day tour in the Rio State to idenitify mosquito breeding grounds and educate residents on dengue fever prevention.
  • April 29, Virginia: Three tornadoes strike Norfolk, Suffolk, and Colonial Heights, injuring over 200 people and destroying at least 140 homes.
  • May 2008 Disasters

  • May 1–2, Arkansas: seven people are killed and 13 more injured in Arkansas when storms hit 16 counties Thursday night and Friday morning.
  • May 3, Myanmar: Cyclone Nargis hits the Irrawaddy Delta and the city of Yangon, killing about 78,000 people. Most of the deaths and destruction were caused by a 12-foot high tidal wave that formed during the storm. Cyclone Nargis is the worst natural disaster since the tsunami in 2004.
  • May 11, Okla., Mo., Ga.: more than 20 people die and hundreds more are injured when tornadoes hit Missouri, Oklahoma, and Georgia. Racine, a town about 170 miles south of Kansas City, Missouri saw the most damage, leaving about 9,000 people without electricity for over three days.
  • May 12, China: over 67,000 people die and hundreds of thousands more are injured when a 7.9 magnitude earthquake strikes Sichuan, Gansu, and Yunnan Provinces in western China. Nearly 900 students were trapped when Juyuan Middle School in the Sichuan Province collapsed from the quake. On May 19, 158 rescue workers are killed in landslides caused by rain and floods. On May 27, 150,000 people are evacuated from the Sichuan Province in anticipation of major floods.
  • June 2008 Disasters

  • June 9–18, Ind., Iowa, Ill., Mo. and Wis.: severe flooding from storms cause already swollen rivers and lakes to flood, killing 10 people, breaking three dams, and causing thousands to evacuate their homes. In addition, at least 90 roads are closed. According to the National Weather Service, the Cedar River is 17 feet above flood stage, the worst flooding Cedar Rapids has ever seen.
  • June 11, Iowa: a tornado kills four Boy Scouts and injures 48 others, when it tears through the Little Sioux Scout Ranch in western Iowa. The tornado also touched down in Kansas, killing two people.
  • June 17, southern China: the worst flooding in 50 years kills over 60 people, destroys 5.4 million acres of crops, causes landslides, and leaves 13 people missing in nine southern Chinese provinces.

Congratulations!! My Younger Sister

Standard
ဒီနေ့ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပါတယ်။ ကျွန်မရဲ့ ညီမလေးလည်း ဆယ်တန်းဖြေထားတော့ ကျွန်မအတွက် ရင်ခုန်ရတဲ့ နေ့တစ်နေ့ပါပဲ။ ကိုယ့်ရဲ့ အောင်စာရင်းတုန်းကတောင် ဒီလောက် ရင်မခုန်ပါဘူး။ ညကလည်း အိပ်မပျော် တစ်ချက်၊ ပျော်တစ်ချက်နဲ့ မျှော်လင့်ရတာ ရင်တထိတ်ထိတ်ပါပဲ။

မနက် အစောကြီး အဖေဖုန်းဆက်လာတယ်။ ညီမလေး 3Dထွက်တယ်တဲ့။ ဒါပေမယ့် အိမ်မှာ ငိုနေလေရဲ့တဲ့။ ဟုတ်တာပေါ့ All D မှန်းထားတဲ့ သူတစ်ယောက် 3 Dပဲပါလာတော့ ၀မ်းနည်းစရာပေါ့လေ။ ပြီးတော့ ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူ့သူငယ်ချင်း တစ်ယောက်ကလည်း လေးဘာသာထွက်သွားတော့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားနေရမှာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ ဂုဏ်ထူးသုံးဘာသာတောင် ပါတဲ့ ညီမလေးအတွက် ကျွန်မ ၀မ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အစ်မနဲ့ တူလို့ တော်တာလေ.. သိတယ်မဟုတ်လား..ပင့်ဂိုလ်း ညီမက ပင့်ဂိုလ်းလိုပဲပေါ့.. ဟဲဟဲ။ တစ်ကယ်တော့ ညီမလေးက ကျွန်မတုန်းကထက် အများကြီးကြိုးစားပြီးအများကြီးလည်းတော်ပါတယ်။ ဆရာ ဆရာမတွေကလည်း သူ့ကို အမျှော်လင့်ကြီး မျှော်လင့်ထားကြတယ်လေ။

ဒီနေ့တော့ ကျွန်မအတွက် မင်္ဂလာရှိသော နေ့ပါပဲ။ မနက်စောစော မင်္ဂလာသတင်းကို ကြားလိုက်ရတဲ့ အတွက်ကြောင့်ပါ။ ညီမလေးကိုလည်း အဖေကနေ တစ်ဆင့် အားပေးရပါသေးတယ်။ ကိုယ်မှန်းထားသလောက် မပါပေမယ့် ရိုးရိုးအောင်တဲ့ သူတွေထက်စာရင် အများကြီး တော်သေးတာပေါ့လို့။ သုံးဘာသာ ဆိုတာလည်း နည်းတာမဟုတ်ဘူးလို့။ သူငယ်ချင်းက လေးဘာသာထွက်ရင် ကိုယ်ကသူ့အတွက် ပို မ်းသာပေးရမယ်လို့။

ကျွန်မညီမလေး ဆယ်တန်းအောင်သွားတော့ ကျွန်မလည်း အငြိမ်နေရတော့မှာ မဟုတ်ပါဘူး။ အစ်မကြီး အမိအရာ ဆိုသလို (အဟမ်း အဟမ်း…) သူ့အတွက် လိုအပ်တာတွေ၊ စီစဉ်စရာတွေ၊ သူလျှောက်ရမယ့် လမ်းကြောင်းတွေကို ရွေးချယ်ပေးရပါတော့မယ်။ မိဘရဲ့အမြင်၊ ကျွန်မရဲ့ ဆန္ဒ၊ ညီမလေးရဲ့ဝါသနာတွေကို အတတ်နိုင်ဆုံး ညီအောင်ညှိပြီး သူ့ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် စီမံပေးရတော့မှာပါ။ ကျွန်မ၀မ်းနည်းမိတာ တစ်ခုကတော့ သူဆယ်တန်းအောင်ချိန်မှာ သူ့အတွက်ထောက်ပံ့ပေးဖို့ ကျွန်မ အဆင်သင့်ဖြစ်မနေလို့ပါ။ ကျွန်မလည်း တော်တော်ကြိုးစားရပါအုံးမယ်။

ကဲ.. ဒီနေ့ ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း သုံးဘာသာ ဂုဏ်ထူးရှင် ကျွန်မရဲ့ညီမလေးကို ကျွန်မနဲ့အတူ ဂုဏ်ပြုလိုက်ကြရအောင်လားရှင်။
Congratulations My Younger Sister!!!

For My Beloved Father

Standard

ဇွန်လဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖေများနေ့ကို ကျင်းပကြတဲ့ မင်္ဂလာရှိသော လတစ်လပေါ့။ ကျင်းပတဲ့ နေ့ရက်တွေက နိုင်ငံအလိုက် ကွဲပြားမှုရှိပေမယ့်.. နှစ်တိုင်း နှစ်တိုင်းတော့ အဖေများနေ့ကို မပျက်မကွက် ကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျင်းပတဲ့ အစဉ်အလာ သိပ်မကြီးသေးပေမယ့် အဖေချစ်တဲ့ သူတိုင်းကတော့ ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ကိုယ် အဖေများနေ့ကို ကျင်းပကြတာ မင်္ဂလာတစ်ပါး ပါပဲရှင်။

ကျွန်မကတော့ ပြောရရင် သမီးမိုက် တစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ အဖေများနေ့ကိုတောင် သတိမရနိုင်တဲ့ သူတစ်ယောက် ဖြစ်နေလို့လေ။ MySuboo Website အတွက် အဖေများနေ့ ကဗျာပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ တာဝန်ယူလာရတော့မှ သြော် အဖေများနေ့တောင် ရောက်နေပါပကောလား ဆိုတာ သတိရမိတယ်။ MySuboo မှာ ကဗျာပြိုင်မယ့် သူတွေကို အသိပေးဖို့ announcement လေးတစ်ခု ရေးဖြစ်တော့မှ ဗြုန်းခနဲဆို အဖေ့ကို ပြေးသတိရပြီး ငိုချင်စိတ်တွေကို မနည်း ထိန်းထားမိရတယ်။ ကျွန်မလည်း မြန်မာပြည်ထဲမှာ နေပေမယ့် အဖေနဲ့ အမေနဲ့ ဝေးရာကို ရောက်နေတဲ့ သူတစ်ယောက်ပါ…။

“အဖေ့ကို ချစ်တဲ့ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကဗျာအဖြစ် ပြောင်းလဲသီကုံးပြီး MySuboo မှ တစ်ဆင့် ပြောပြလိုက်ပါ…”

ဒီစာသားလေးကို ရေးနေရင်းနဲ့မှ “ငါရော အဖေ့အတွက် ဘာများ လုပ်ပေးနိုင်လဲ.. အဖေ့ကျေးဇူးကို ငါဘယ်လောက်များ ပြန်ဆပ်ပြီးပြီလဲ.. အဖေ ငါ့ကြောင့် ဘယ်နှစ်ခါ စိတ်ချမ်းသာ ဖူးလဲ….” စသော အတွေများ တစ်စစ ၀င်လာခဲ့တယ်။

ဘုရားရေ….

ကျွန်မဟာ အဖေ အတွက် ဘာမှမလုပ်ပေးနိုင်သေးတဲ့ သမီးဆိုး တစ်ယောက် ဖြစ်မှန်း မသိဖြစ်နေပါ့ကော..

ကျွန်မ အဖေဟာ စည်းကမ်းတင်းကျပ်တဲ့ ကျောင်းဆရာ တစ်ယောက်ပါ။ ကျွန်မတို့ မြို့မှာဆို အဖေကို မသိသူမရှိသလောက်ပါပဲ။ ကျွန်မတို့လည်း အဖေ့အရှိန်ကြောင့် မျက်နှာသာပေးခြင်းတွေ ခံရတာပေါ့လေ။ သြော် ဆရာ့ သမီးလေးလား.. မုန့်စားသွားပါအုံး.. ဘာညာနဲ့ပေါ့။ အဖေ့တပည့်တွေက အဖေ့ကို ချစ် ကြောက် ရို သေ ကြပါတယ်။ သားသမီးကို အုပ်ချုပ်တဲ့ နေရာမှာလည်း တင်းသင့်တဲ့ အချိန်တင်း၊ လျော့သင့်တဲ့ အချိန် လျော့၊ အလို လိုက်စရာရှိ လိုက်၊ ရိုက်စရာ ရှိရိုက်နဲ့ ဆုံးမတတ်ပါတယ်။ ကျောင်းဆရာ ဆိုတော့ လက်သံလည်း ပြောင်ပါတယ်။ ကျွန်မဆို ငယ်ငယ်တုန်းက ပြောမရ ဆိုမရလို့ ခဏ ခဏ အရိုက် ခံရဖူးပါတယ်။ အဖေကလည်း ပြောဖူးပါရဲ့

“ငါ့ သမီးက အရွဲ့တိုက်တတ်၊ အလုပ်တစ်ခုကို မသပ်မရပ် ပြီးပြီးရော လုပ်တတ်တာလေးကလွဲ ရင် တော်ရှာပါတယ်တဲ့..”

ကျွန်မ အမေကလည်း ကျောင်းဆရာမ တစ်ယောက်ပါ။ နယ်မှာသွားပြီး တာဝန်ထမ်းဆောင် ရတာကြောင့် ကျွန်မရဲ့ ငယ်ဘ၀ဟာ အဖေနဲ့ပဲ တူတူနေခဲ့ရတာ များပါတယ်။ ငယ်ငယ်လေး ကတည်းက စာဖတ်ခြင်းကို စိတ်ဝင်စားအောင်၊ အင်္ဂလိပ်စာ ကောင်းအောင်၊ လူတွေနဲ့ ပြောတတ် ဆိုတတ်အောင်၊ မမှားသင့်တာကို မမှားအောင် ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်တတ်အောင် လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စီးပွားရေး ချို့တည့် တဲ့ ကျွန်မတို့ မိသားစုရဲ့ စားဝတ်နေရေး၊ ကျွန်မတို့ရဲ့ ကျောင်းစရိတ်၊ တစ်ခြား အသုံးစရိတ်၊ အိမ်စရိတ်တွေ ကာမိဖို့အတွက် ကျူရှင်သင်ပြီး ကျွေးမွေးပြုစုခဲ့ပါတယ်။ ငယ်ငယ်တုန်းကပေါ့.. ထမင်းစားနေတုန်း ကျွန်မကြိုက်တဲ့ ဟင်းကို ချက်မကျွေးလို့ ကျွန်မ စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး လုပ်နေတာ့ အဖေက ခုလိုပြောပါတယ်…

“သမီးက ခုချိန်မှာ အဖေ့ရှိနေတော့ ဘာမဆို ပူဆာလို့ ရတာပေါ့။ တစ်ချိန် သမီးအရွယ်ရောက်လာလို့ မိဘနဲ့ ဝေးရာမှာ အလုပ်လုပ်ရမယ်၊ ဒါမှ မဟုတ် ဒီမာန်အောင်ကျွန်လောက်တောင် မပြည့်စုံတဲ့ ဝေးလံတဲ့ နေရာကို ရောက်နေမယ်၊ စားစရာရှားတဲ့ နေရာကို သွားရမယ် ဆိုရင် သမီး ဘ၀ကို သမီးပဲ ထိန်းကျောင်းရမှာ။ မစားချင်လည်း စားတတ်အောင် လေ့ကျင့်ရမှာပဲ သမီး။ ဒီလိုပဲ အလုပ်တစ်ခုကိုလည်း ကိုယ့်အတွက် အကျိုးရှိမယ် ထင်ရင် မလုပ်ချင်လည်း လုပ်ရမှာပဲ။ ကိုယ့်အတွက် အကျိုးမရှိတောင် တစ်ခြား သူတွေအတွက် အကျိုးရှိတယ် ဆိုရင် သမီးမကြိုက်လည်း လုပ်ပေးရမှာပဲ..”

ကျွန်မအခု အဖေနဲ့ ဝေးရာမှာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက်၊ အလုပ်တွေလုပ်၊ ပညာတွေ သင်ကြားနေပါတယ်။ ကျွန်မတို့ သူငယ်ချင်း အချင်းချင်းတွေထဲမှာ ယှဉ်လိုက်ရင် ကျွန်မက တော်တော်လေးကို ကံကောင်းပြီး၊ သူငယ်ချင်းတွေထက် နည်းနည်းသာတဲ့ သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူ့ အကူအညီမှ မယူပဲနဲ့ အလုပ်ရအောင်ရှာ၊ လူတွေရဲ့ အထင်ကြီးမှုကို တစ်ခါ တစ်လေခံရ၊ နေရာတစ်ခုကို ရောက်တိုင်း တော်လိုက်တာလို့ အပြောမခံရရင်တောင် ဒီကလေးမလေး တက်လမ်းရှိတယ်၊ ဒီကလေးမလေးက ကြိုးစားတယ် တော်တယ် လို့ အပြောခံရတာ အဖေ့ရဲ့ လေ့ကျင့် သင်ကြားပေးမှုကြောင့်ပါပဲ။ ဘယ်အရာကိုမဆို အခြေခံကောင်းအောင်၊ ဘယ်ပညာကို မဆိုစိတ်ဝင်စားတတ်အောင်၊ ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းတတ်ဖို့ သင်ကြားပေးခဲ့တာ အဖေပါပဲ။ ခုချိန်ထိလည်း ကျွန်မကို ဖုန်းတွေဆက်ပြီး ဆုံးမနေတုန်း ပါပဲ။ အရွဲ့တိုက်တတ်လွန်းတဲ့ ကျွန်မကို မလုပ်ချင်တာကို လုပ်ချင်လာအောင်၊ မလုပ်သင့်တာကို မလုပ်မိအောင် ၀ုန်းဒိုင်းကျဲ ဒေါသထွက်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ပဲ ခပ်အေးအေးလေးနဲ့ နားဝင်အောင် ဆုံးမတတ်တာလည်း ကျွန်မ အဖေပါပဲရှင်။

“အဖေတို့တုန်းက တက္ကသိုလ်တက်တော့ အိမ်ကဆင်းရဲတော့ ကျောင်းစရိတ် မထောက်နိုင်ဘူး။ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး တက်ခဲ့ရတယ်။ အဲဒီ ကတည်းက အဖေဆုံးဖြတ်ခဲ့တာ တစ်ခုက ငါ့ သားသမီး အလှည့်ကျရင် ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး ဆိုတာပဲ။ သမီး ဘာကျောင်းတက်ချင်လဲ၊ ဘာပညာ သင်ချင်လဲ အဖေရအောင် လုပ်ပေးမယ်။ ကျောင်းစရိတ် ပိုက်ဆံကိစ္စ ဘာမှ ပူစရာ မလိုဘူး။ ဒါပေမယ့် အသုံးလည်း မကြမ်းရဘူး။ လိုအပ်သလောက်ပဲ ပေးမယ်.. အပိုတွေ မလုပ်နဲ့…” ဆိုတာ ကျွန်မအဖေရဲ့ လေးစားစရာ စကားတွေထဲက တစ်ခုပေါ့ရှင်။

ခု ကျွန်မ အလုပ်လုပ်.. လစာတွေရ.. ရသလောက်သုံးနေတော့.. “သမီးရယ် သမီးရတဲ့ လခကို သမီးကြိုက်သလို သုံးတာ အဖေဘာမှ မပြောလိုပါဘူး.. အဖေတို့ကိုလည်း ဘာမှ ပေးစရာမလိုဘူး။ ငါ့သမီး ဒီလို ကိုယ့်ဟာကိုယ် ရှာသုံးနိုင်တာ အဖေအရမ်း ဂုဏ်ယူတယ်.. အေး ဒါပေမယ့် လိုအပ်ရင် သုံးဖို့တော့ နည်းနည်း စုဆောင်းထားပေါ့ကွယ်.. ကိုယ့်ဘ၀အတွက် တိုးတက်ရာကိုလည်း အမြဲရှာနေ.. အဖေက တောမှာနေတာ.. ခေတ်ကို လိုက်မမီတော့ဘူး…. ခုတော့ သမီးက အဖေ့ထက်သိ၊ အဖေ့ထက်တတ်၊ ခေတ်ကို အဖေ့ထက် အများကြီး လိုက်နိုင် သွားပြီ။ ဒီတော့ ကိုယ့်အောက်က ညီမလေးတွေ၊ အငယ်တွေကို အဖေတို့ ကိုယ်စား လမ်းညွှန်ပေးရမှာက သမီးဖြစ်သွားပြီ.. သမီးကို အဖေတို့ အားကိုးတယ်” ဆိုပြီး နှိမ့်ချ ပြောဆိုတတ်ပါသေးတယ်။

အဖေဟာ ကျွန်မအတွက်တော့ သူရဲကောင်းပါပဲ။ ကျွန်မရဲ့ ထာဝရ မှီခိုအားထားရာ ရွှေတောင်ကြီးပါ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက ကျွန်မ အဖေ့အတွက် ဘာမှ လုပ်မပေးနိုင်သေးဘူး။ အဖေကျွန်မကို ခုချိန်ထိ စိတ်ပူရတုန်း၊ ဆုံးမရတုန်း၊ အရိပ်တကြည့်ကြည့်နေရတုန်း၊ ပြသနာတွေ ၀င်ဖြေရှင်းရတုန်း။ အဖေများနေ့က စပြီး ကျွန်မ ကတိတစ်ခု ပြုပါတယ်။ နောက်နောင်မှာ အဖေစိတ်ချရတဲ့၊ အဖေအားကိုးရတဲ့ သမီးကောင်းတစ်ယောက် ဖြစ်အောင် သမီးကြိုးစား သွားပါမယ်လို့။

I won’t be on Gtalk!

Standard

Stop chatting in gatlk with no reason…………

Photobucket

Photobucket

စုံစမ်း မေးမြန်းခြင်း သည်းခံပါ။ မတွေ့ချင် မမြင်ချင် သူများအတွက်တော့ မျက်စိနောက် သက်သာတာပေါ့ရှင်.. မဟုတ်ဘူးလား..

မုန်တိုင်းသင့် ကလေးများအား မည်သူ့ကိုမျှ မွေးစားခွင့် ပေးမည်မဟုတ်

Standard

ဝမရှိပဲ ၀ိလုပ်ချင်တဲ့ အထဲမှာ ပင့်ဂိုလ်းတို့ ထိပ်ဆုံးက ပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုတစ်လော နာဂစ် မိဘမဲ့ ကလေးတွေကို ဂေဟာ အကြီးကြီး ဆောက်ပေးချင်တဲ့ စိတ်က တစ်ဖွားဖွားပေါ်နေလို့ပါပဲ။ ဘယ်က ပိုက်ဆံရမလဲတော့ မသိဘူးလေ။ စိတ်ကရှိနေတာကို ပြောပြတာပါ။ ကျွန်မနဲ့ ဂျီတော့မှာ တွေ့ကြတဲ့ သူတိုင်း ကျွန်မရဲ့ Status ကို သတိထားမိကြမယ်ထင်ပါတယ်။ “နာဂစ် မိဘမဲ့ ကလေးတွေအတွက် ဂေဟာဆောက်ပေးချင်တယ် အို သိန်းတစ်ထောင်လောက် လိုချင်လိုက်တာ.. ဘယ်ကရှာရမတုန်း” ဆိုပြီး တင်ထားလိုက်သေးတယ်လေ။ လေနဲ့ ပိုက်ဆံချေးတဲ့ သူတွေကလည်း ပေါပါဘိသနဲ့။ ဒါပေမယ့် မနေ့က ထုတ်တဲ့ 7 Days News Journal မှာတော့ အခုလို သတင်းတစ်ပုဒ် ရေးထားလေရဲ့ရှင်။

မုန်တိုင်းသင့် ကလေးများအား မည်သူ့ကိုမျှ မွေးစားခွင့် ပေးမည်မဟုတ်

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် နာဂစ် မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်ခဲ့ရသော ကလေးများငယ်များကို နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ လုံလောက်သော ပမာဏနှင့် ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်သည့်အတွက် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ကလေးမွေးစားခွင့် ပေးမည် မဟုတ်ကြောင်း လူမှုဝန်ထမ်း (ခတ္တ) ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းလှိုင် 7 Days News သို့ပြောကြားခဲ့သည်။

အဆိုပါ မိဘမဲ့ ကလေးငယ်များအား သက်ဆိုင်ရာနေရာ ဒေသများတွင် မိမိဆွေမျိုးသားချင်းများနှင့် ဆုံဆည်းရန် ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် လက်ရှိအခြေအနေတွင် ဆောင်ရွက်နေကြောင်း၊ မိဘမဲ့၊ မိဘဆွေမျိုးများ မရှိသော ကလေးငယ်များအား နိုင်ငံတော်မှ ဥပဒေဖြင့် မွေးစားပြီး အသက်အရွယ် အပိုင်းအခြားကို လိုက်၍ အခြေခံပညာမှ တက္ကသိုလ်ပညာအထိ သင်ကြားမည် ဖြစ်ကြောင်းနှင့် ဥာဏ်ရည်မမီသော မိဘမဲ့ကလေးများအား အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်မံပြောသည်။

“ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမှ မွေးစားခွင့် မပေးပါဘူး။ ဒီကလေးတွေကို နိုင်ငံတော်က တာဝန်ယူ စောင့်ရှောက်ပေးမှာပါ။ အခု လောလောဆယ်တော့ ဒီကလေးတွေကို မိမိရပ်ရွာက ဆွေမျိုးတွေ အသက်ရှင် ကျန်သေးလား လိုက်ရှာပေးပြီး၊ မိဘဆွေမျိုးတွေနဲ့ ပေါင်းစည်းဖို့ NGO အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မွေးစားခွင့် မပေးခြင်းဟာ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်မှာ စိုးရိမ်လို့ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်မံပြောသည်။

အဆိုပါ မိဘမဲ့ ကလေးများအတွက် မအူပင်မြို့နှင့် မြောင်းမြမြို့တို့တွင် ယာယီစောင့်ရှောက်မှုများ ထားရှိထားလေသည်။ မိဘမဲ့ ကလေးများအတွက် ဖျာပုံနှင့် လပွတ္တာမြို့တို့တွင် တစ်ကျောင်းလျှင် လူ ၃၀၀ ဆန့် မိဘမဲ့ကျောင်း ၂ ကျောင်း ဆောက်လုပ်နေကြောင်း သိရသည်။ ယခု စောင့်ရှောက်မှု ဂေဟာတွင် မိဘမဲ့ကလေးငယ် ၁၃၀ ယောက်ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသတွင် လူအသေအပျောက်များခဲ့ပြီး မိဘမဲ့ကလေး အများအပြားရှိနိုင်ကြောင်း မုန်တိုင်းသင့် ဒေသများမှ ဒေသခံ များက ပြောကြားသည်။ တရားဝင်မဟုတ်သော စာရင်းများအရ မိဘမဲ့ကလေး ၅၀၀ အထက်တွင် ရှိနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။

“မိဘမဲ့ ကလေးတွေ အများကြီး ရှိတယ်၊ ဦးတို့ ရွာမှာတောင် မိဘမဲ့ကလေး ၁၅ ယောက်ထက် မနည်းရှိတယ်။ ရွာနီးနားက ရွာတွေတော့ အကုန်လုံးပါတဲ့ ရွာကပါနဲ့ လူအသေအပျောက် များခဲ့တယ်” ဟု ဖျာပုံမြို့နယ် ကျုံဖယ်ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မိဘမဲ့ကလေးများ ပြန်လည်ထိမ်းသိမ်း စောင့်ရှောက်ရေးအတွက် နိုင်ငံတော် အစိုးရနဲ့ Unicef, World Vision, Save the Children, CARE Myanmar စသည့် NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

ကလေးငယ်များ ကံကောင်းနိုင်ကြပါစေလို့ ကျွန်မ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်း မိနေပါတယ်ရှင်။

Let’s Laugh Together

Standard

7 Days News Journal မှာ ဖော်ပြခဲ့ဖူးတဲ့ “ကျွန်တော်တို့ ရယ်ကြရအောင်” ဆိုတဲ့ ဆောင်းပါးလေးကို ဘလောဂ့်ရောက်လာ မိတ်သဟာ အပေါင်းအတွက် ပြန်လည်ဝေငှ ပေးချင်ပါတယ်ရှင်။ ရယ်မောခြင်းက ဘာအတွက် ကောင်းတာလဲ၊ ကျွန်မတို့ ဘာကြောင့် ရယ်သင့်သလဲ ဆိုတာတွေကို ကလောင်ရှင် “သာတူ” ကရေးသား ဖော်ပြပေးထားပါတယ်ရှင်။ ဖတ်ကြည့်လိုက်ကြပါအုံးနော်။

ရယ်မောခြင်းဖြင့် နဂိုရုပ်သွင်ထက်ပိုမိုနုပျိုသွားသည့်အပြင် ကိုယ်တိုင်အတွက်ကော တစ်ဖက်လူအတွက်ပါ တက်ကြွရွှင်လန်းမှုကိုပေးသည်။

ကျွန်တော်တို့ ရယ်ကြရအောင်

(သာတူ)

ဒီနေ့ခေတ်မှာ ကျွန်တော်တို့မှာ စိတ်ဖိစီးမှု တွေ သိပ်များပါတယ်။ စားဝတ်နေ အရေးသုံးပါးကို အလျင်မီအောင်မနည်းရုန်းကန် နေရတဲ့အထဲ ကမ္ဘာကြီးပူနွေးလာမှု ဂယက် ကြောင့် ရာသီဥတုတွေက အရင်ကထက် ပိုမိုပြင်းထန် ပူပြင်းလာပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတော့ လူတွေလည်း ပိုဖောက်ပြန်လာတာပေါ့။ လောဘ၊ ဒေါသ၊ မောဟတွေပိုများလာကြ တယ်။ ရတုန်းယူထားမှ ယူနိုင်သမျှယူထား မှ ဆိုပြီး လောဘတွေပိုများလာကြတယ်။ ထစ်ကနဲဆို ဒေါသကြီးပြီး ဒါသတွေပို များလာကြတယ်။ အမှားအမှန်ကို အရင် လောက် မခွဲနိုင်တော့ဘူး။ မောဟတွေ ပို များလာကြတယ်။ အခုတလောဆို နေကပိုပူလာ၊ မီးက မလာဆိုတော့ နေရထိုင်ရတာ အတော်ကို ခက်ခဲလာပါတယ်။ စိတ်ညစ်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒီအချိန်မှာ ဖတ်မိတဲ့ အကြောင်းကတော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ဟာ မေ ၆ (တနင်္ဂနွေ)မှာ ကျရောက်မယ်ဆိုတဲ့အ ကြာင်းပါ။ ဖတ်ကြည့်တော့ စိတ်ဝင်စား စရာကောင်းပါတယ်။

ကမ္ဘာ့အရယ်နေ့ (World Laughter Day)

ကမ္ဘာ့အရယ်နေ့ World Laughter Day ကို ၁၉၉၈ မှာ အိန္ဒိယဒေါက်တာ မဒန်း ကာတာရီးယား Dr Madan Kataria က စတင်ဖန်တီးသတ်မှတ်ခဲ့တာ ဖစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်း ယောဂလှုပ်ရှားမှုကို တည်ထောင်ခဲ့သူ လည်းဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့အရယ်နေ့ကို ၁၉၉၈ ဇန်န၀ါရီ ၁၁ မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ မှာကျင်းပခဲ့ပြီး၊ အိန္ဒိယနဲ့ နိုင်ငံတကာမှ ပရိသတ် ၁၂၀၀၀ တက်ရောက်ခဲ့ကြပါ တယ်။ အဲဒီပရိသတ်တွေဟာ ရယ်မောခြင်း ကလပ်တွေက အဖွဲ့ဝင်တွေဖြစ်ကြပြီး၊ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ် နေ့မှာ လူအများဆုံပါဝင်တဲ့ ရယ်မောခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရဲ့ နိုင်ငံပေါင်း ၅၀ ကျာ်မှာ ရယ်မောခြင်း ကလပ်ပေါင်း ၅,၀၀၀ ကျာ်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်းယောဂ လှုပ်ရှားမှုကို တည်ထောင်ခဲ့သူက အိန္ဒိယ နိုင်ငံသားဖြစ်လေတော့ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ်နေ့ကို မွန်ဘိုင်း မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ အပြင်ဘက်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ တဲ့ ရယ်မောခြင်းလှုပ်ရှားမှုကိုတော့ ဥရောပက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာ ၂၀၀၀ ပည့်နှစ်၊ ဇန်န၀ါရီ ၉ မှာ ကျင်းပခဲ့ ပါတယ်။ ကိုပင်ဟေဂင်မြို့တော်ခန်းမ ရင်ပြင် မှာ ကျင်းပခဲ့တဲ့ ရယ်မောခြင်းအခမ်းအနား ကို Happy-Demic လို့ခေါ်ခဲ့ကြပြီး၊ ပရိသတ် ၁၀,၀၀၀ ကျာ်တက်ရောက်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှားမှုကို ကမ္ဘာ့စံချိန်များ မှတ်တမ်းတင်စာအုပ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင် ဖ်ာပြခံခဲ့ရပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ကို နှစ်စဉ်မေလ ရဲ့ ပထမတနင်္ဂနွေနေ့ကို သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာဆို လည်း အဲဒီနေ့ကျရင် လူတွေရာနဲ့ချီပြီး (တစ်ခါတလေလည်း ထောင်နဲ့ချီလို့) အတူ တကွ စုပေါင်းရယ်မောကြပါတယ်။

ရယ်မောခြင်း၏အကျိုးအာနိသင်များ


မရယ်တော့မှိုင် ရယ်တော့ပိုင်တဲ့။ မရယ်ဘဲ နေတော့ မှိုင်တွေတွေနဲ့ စိတ်ကလန်းဆန်း မှုမရှိပါဘူး။ ဒီနေ့ခေတ်ရဲ့ အလိုမပြည့်နိုင် မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ဘ၀အ မောတွေနဲ့ အခက်အခဲတွေကြားမှာ လူ ဘ၀ဟာ ပျင်းရိငြီးငွေ့ဖွယ်၊ ခြောက်သွေ့ အက်ကွဲဖွယ်၊ လူ့ပတ်ဝန်းကျင်က ခွဲထွက် စွန့်ခွာဖွယ် အနေအထားတွေနဲ့ချည်း ကြုံ ရမှာ ဖြစ်ပါတယ်။ ရယ်မောတော့ ဘာဖြစ်သလဲ။ အနည်းဆုံးသက်သာရာ ရစေပါတယ်။ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အခက်အခဲတွေ့လို့ပဲ ဖြစ် ဖြစ်၊ ရှ့မတိုး နောက်မဆုတ်သာ အနေ အထားရောက်လို့ပဲဖြစ်ဖြစ် တစ်ချက်ရယ် မောလိုကတိုင်း တစ်ချက်စိတ်သက်သာရ စေပါတယ်။

ရယ်မောခြင်းဟာ အပေါင်းလက္ခ ဏာဆောင်သော၊ စွမ်းအားရှိသော စိတ် ခံစားမှုဖြစ်ပြီး၊ လူတွေအတွက် လိုအပ် တဲ့ ဓာတ်တွေအားလုံးဟာ ရယ်မော ခြင်းမှာ ပါဝင်နေပါတယ်။ ရယ်မော လိုက်ခြင်းကြောင့် အဲဒီလိုအပ်တဲ့ ဓာတ် တွေကို ရရှိလိုက်ပြီး ရယ်မောသူကိုယ် တိုင်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ပြီး အပေါင်းလက္ခဏာဆောင်စေပါ တယ်။ ရယ်မောခြင်းကြောင့် လူတွေက ထွက်တဲ့ လျှပ်စစ်သံလိုက်စက်ဝန်းကို တိုက်ရိုက် အကျိုးသက်ရောက်စေပြီး၊ ရယ်မောလိုက်တဲ့အခါ အဲဒီလူရဲ့ ပတ်လည်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖစ်စေပါတယ်။ တစ်ဦးချင်းစီပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စုပေါင်း ရယ်မောကြတဲ့အခါ အပေါင်းလက္ခဏာဆောင်တဲ့ အင်အားရှိတဲ့ စုပေါင်းဝန်းကျင်တစ်ခုဖြစ်ပေါ်ပါတယ်။ န့စဉ်နေ့တိုင်း ရယ်မောကြတဲ့ အုပ်စု တစ်ခုထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေက အနုတ်လက္ခဏာဆောင်တဲ့ ၀န်းကျင်(မကောင်းကျိုးဖြစ်ပေါ်စေမဲ့အ ရာတွေ) မဖြစ်အောင် တားဆီးကာ ကွယ်ပေးပါတယ်။ရှးရှေးတုန်းက အိန္ဒိယကလူတွေ ယုံကြည်လက်ခံထားတဲ့ သူတို့ရွာမှာ သူ တ်ာကောင်းတစ်ယောက်ရှိရင် တစ် ရွာလုံးကို မကောင်းဆိုးဝါးတွေဒဏ်က အကာအကွယ်ပေးနိုင်တယ်၊ လုံခြုံ တယ်ဆိုသလို ရယ်မောခြင်းဖြင့်လည်း အလားတူအကျိုးရနိုင်ပါတယ်။ ရယ်မောခြင်းဟာ ကမ္ဘာသုံးဘာသာ စကားတစ်မျိုးလည်း ဖစ်ပါတယ်။ လူမျိုး၊ ဘာသာအယူအစွဲတွေ မပါဝင်ဘဲ လူတွေ ပဲဆိုပြီး ပေါင်းစည်းမှုကို ရယ်မောခြင်းဖြင့် ရနိုင်ပါတယ်။ ဘာသာမတူတဲ့ လူတွေကြား ထဲမှာ ရယ်မောခြင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ကြပြီး၊ အားလုံးကောင်းမယ့် ပေါင်းစည်းမှု တစခုရနိုင်ပါတယ်။ ရယ် မောရုံနဲ့ ဒီလောက်တောင် ဖြစ်နိုင်ပါ့မလား လို့ တွေးထင်နိုင်ပေမယ့် ဒါဟာ တကယ် ပဲ ဖစ်နိုင်ပါတယ်။ ရယ်မောခြင်းဖြင့်ပင် စိတ်ဖိစီးမှုတွေ ကနေ ကင်းလွတ်ပြီး ပျာ်ပျော်ရွှင်ရွှင်နဲ့ ရင်းနှီးချစ်ကြည်စွာ ညီရင်းအစ်ကို မောင် ရင်းနှမ စိတ်ဓာတ်တွေနဲ့ ပိုမိုကာင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ကြပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးလည်း ဖြစ်တာမို့ လူတွေဟာရယ် ဖို့ လိုပါတယ်။ ရယ်ခြင်းဖြင့် လူတွေမှာရှိ နေတဲ့ စိတ်ဖိစီးတွေကို ဖယ်ရှားနိုင်ပါ တယ်။ ရယ်မောခြင်းဖြင့် စိတ်ကြည်လင် ရွှင်ပြပြီး တက်ကြလာပါတယ်။ ဒါကြောင့် ပျူငှာတဲ့အမူအရာဖြစ်လာပြီး တစ်ပါးသူ တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာပါတယ်။ အရင်မျိုးဆက်တွေကဆိုရင် ကျန်းမာ ပျော်ရွှင်တဲ့ အရွယ်ရောက်ပြီး လူတစ်ဦး ဟာ တစ်နေ့ကို အနည်းဆုံးမိနစ် ၂၀ လာက် ရယ်မောခဲ့ကြပါတယ်။ ဒီနေ့ ခတ်မှာတော့ နိုင်ငံများစွာမှာ အရွယ် ရောက်ပြီး လူတစ်ဦးဟာ တစ်နေ့ကို ငါး မိနစ်လောက်တောင် မရယ်ကြတော့တာ တွေ့ရပါတယ်။ ဒါဟာ ဒီနေ့ခေတ် လူ့ဘ၀ ရဲ့ ဆိုးရွားမှုတစ်ခုလို့ ပြောလို့ရပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက် ဟာ ဘယ်လောက်ပဲအလုပ်များများ တစ် နေ့ကို မိနစ် ၂၀ လာက်တော့ ရယ်မော သင့်ပါတယ်။ ဒါမှ စိတ်ကြည်လင်ပြီး ပျော် ရွှငလန်းဆန်းကျန်းမာမှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာကောင်းကြောင်း၊ လူ့ကျန်း မာရေးအတွက် အထောက်အကူပြုကြောင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာ ပျောက်ကင်းစေကြောင်း သိထားပါလျက် နဲ့ ကျွန်တော်တို့ဘာကြောင့် မရယ်ကြရ မှာလဲ။ ကျွန်တော်တို့ ရယ်ကြရအောင်။

ကျွန်တော်တို့ရယ်ကြမယ်မယ်


ရယ်မောခြင်းဟာ အးဆေးသက်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုလည်းဖြစ် ပါတယ်။ ရယ်မောခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ အဆုတ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖည့်တင်းပေးပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း သန့်ရှင်း စေပြီး အဆုတ်ကို လ့ကျင့်ခန်းလုပ်ပေး ရာလည်းရောက်ပါတယ်။ ရယ်မောခြင်းဟာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် မလုပ်နိုင်သူတွေ၊ အေရိုးဗစ်လေ့ကျင့်ခန်း မလုပ် နိုင်သူ ပျိုပျိုမေတို့အတွက် အလွန်ပဲအကျိုး ရှိလှပါတယ်။ ကျွန်တော်တို့ ရယ်တဲ့အခါ ခန္ဓာကိုယ် ကနေ ဟိုမုန်းဓာတ်တွေနဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးပြု တယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ သွေးတိုးကျတယ်။ စိတ်အားတက်တယ်။ ခန္ဓာကိုယ်ခုခံအားစနစ်တက်လာတယ်။ အနောက်တိုင်း ဆေးသိပ္ပံကတော့ ရယမောခြင်းရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းကြီး သုတေသနပြုနေကြပြီ။

အရယ်ကလပ်ထောင်ကြမယ်
အရက်ကလပ်မဟုတ်ဘူးနော်။ အရယ် ကလပ် Laughter Club ထာင်ကြရင် သိပ်ကောင်းမှာပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ လိုအပ်လာပြီ၊ စိတ်ပါဝင်စားသူတွေက ဦး ဆောင်ပြီး လုပ်ကြရမှာပဲ။ စိတ်ဖိစီးမှုတွေ အာက်မှာ စိတ်သောကတွေအောက်မှာ ချည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ လူ တွေဖြစ်လို့ ဒါတွေကို ကျော်လွှားလွန် မြောက်အောင် ကြိုးစားရမှာပဲ။ လမှာက စိတ်က ဦးဆောင်နေတော့ စိတ်ပျော်ရွှင် အောင် စိတ်ကြည်အောင် လုပ်ကြရမှာပဲ။ အရယ်ကလပ်တွေမှာ နိုင်ငံရေး မလုပ်ဘူး။ ဘာသာရေး မဆွေးနွေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက် ဘူး။ မပြိုင်ဆိုင်ကြဘူး။ ဖိအားတွေ မပေး ကြဘူး။ ကိုယ့်အကြောင်းတွေ မကြားဘူး။ လူတိုင်းကို ကြိုဆိုကြမယ်၊ လူတိုင်းပါဝင်နိုင် ရမယ်။ လူတိုင်းရယ်မော ပျာ်ရွှင်နိုင်ရမယ်။ အရယ်ကလပ်တစ်ခု ထူထောင်ဖို့ လူ ရယ်၊ နေရာရယ်၊ အချိန်ရယ်သုံးခုလိုအပ် တယ်။ အရယ်ကလပ်မှာ လူတွေစုစည်းပြီး ရယ်မောကြမယ့် နေရာဖြစ်လို့ လူတွေလို တယ်။ လူတွေရှိလာရင် ခေါင်းဆောင်တစ် ယောက်လိုတယ်။ ခေါင်းဆောင်ကို ထောက် ကူဖို့ အကူတစ်ယောက်လိုမယ်။ လူတွေရှိလာရင် နေရာလိုလာမယ်။ နေရာမှာ အမျိုးမျိုးရှိတယ်။ အခမဲ့နေရာ၊ အခပေးနေရာဆိုပြီးရှိတယ်။ ရုံးမှာလုပ် မလား၊ အိမ်မှာလုပ်မလား၊ ခြံတစ်ခုမှာလုပ် မလား၊ အခန်းငှားမလား စဉ်းစားရမယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ပြည်သူ့ပန်းခြံတေက အရယ်ကလပ်အတွက် ရှယ်ပဲ။ အိန္ဒိယမှာ ပည်သူ့ပန်းခြံတွေက ပြည်သူတွေအတွက် အခမဲ့ဖြစ်တယ်။ မနက်တိုင်းလည်း လူ တွေက ပန်းခြံမှာလမ်းလျှောက်ကြ၊ လေ့ ကျင့်ခန်းလုပ်ကြတယ်။ ရုံးဆိုလည်း ကောင်းတာပါပဲ။ နံနက် စောစောရုံးမတက်ခင် ဒါမှမဟုတ် ရုံးဆင်း ချိန်တွေမှာ အရယ်ကလပ်အတွက် ဆောင် ရွက်နိုင်ကြတယ်။ မနက်ပိုင်းရယ်မောခြင်း ဟာ တစ်နေ့တာလုံးအတွက် ကောင်းတယ်။ တစ်နေကုန် စိတ်ကြည်လင်ရွှင်ပြနေလို့ အလုပ်လုပ်လို့ ကောင်းတယ်။ ညနေပိုင်း ရုံးဆင်းချိန်ကလည်း ကာင်းတာပါပဲ။ အချိန်ကတော့ ကလပ်အဖွဲ့ဝင်တွေ အားလုံး အဆင်ပြေမယ့် အချိန်ကိုရွေးရ မယ်။ မနက်ဆိုလည်း မနက်ပိုင်း၊ ညနေဆို လည်း ညနေပိုင်းပေါ့။ ဒါပေမယ့် အချိန် သတ်မှတ်ပြီးဆိုကတည်းက လူတိုင်းအ တွက် ၁၀၀ ရာခိုင်နှုန်း ပြေလည်နိုင်မှာ တာ့မဟုတ်ဘူး။ အများစု အဆင်ပြေမယ့် အချိန်ကိုရွေးရမှာပေါ့။ လူတိုင်းဟာ တစ်နေ့ကို မိနစ် ၂၀ မရယ်နိုင်ကြဘူး။ ဒါကြောင့် ကလပ်မှာ ရယ်လည်းရယ်မယ အသက်ပြင်းပြင်းရှု လေ့ကျင့်ခန်းကိုလည်း လုပ်ကြမယ်။ ဒါကို သူတို့က အရယ်ယောဂလို့ခေါ်ကြတယ်။ အုပ်စုလိုက်ရယ်လည်း ရယ်ကြ၊ အသက်ရှု လေ့ကျင့်ခန်းလည်း လုပ်ကြပေါ့။ အရယ်ကလပ်တစ်ခုကို ပုံမှန်လေး လည်ပတ်သွားနိုင်အောင်ကိုတော့ အချိန် တစ်နှစ်လောက်ယူကြရမှာ ဖြစ်ပါတယ်။ စမ်းသပ်ဖို့လာတဲ့လူ၊ စိတ်ဝင်စားတဲ့လူ၊ အပျော်အပြက်လာတဲ့လူ စတဲ့လူတွေဝင် ရင်း ထွက်ရင်း စိစစ်ရင်းနဲ့မှ ရယ်မောခြင်း အကျိုးကို တကယ်သိသွားတဲ့ လူတွေတင် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရယ်ကြရ အောင်ပါ။

Great Value in Disaster

Standard
သောမတ်စ် အက်ဒီဆင်ရဲ့ ဓါတ်ခွဲခန်းဟာ 1914 ခုနှစ်၊ ဒီဇင်ဘာ ညတစ်ညမှာ မီးလောင် ပျက်စီးခဲ့ပါတယ်။ ပျက်စီးမှု စုစုပေါင်းရဲ့ တန်ဘိုးဟာ 2 မီလျံဓေလာလောက် ရှိပေမယ့် အဆာက်အဦးအတွက် အာမခံကြေးကတော့ 238,000 ဒေါ်လာဘို့းပဲ ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဆောက်အဦးကို ကွန်ကရစ်တွေနဲ့ ဆောက်ထားတဲ့အတွက် မီးလောင်ခံတယ်လို့ ယူဆကြလို့ပဲ ဖြစ်ပါတယ်။ အက်ဒီဆင်ရဲ့ ဘ၀တစ်လျှောက်လုံး ကြိုးစားလုပ်ကိုင် ခဲ့သမျှဟာ အဲဒီ ဒီဇင်ဘာညရဲ့ မီးတောက်အတွင်းမှာ ဆုံးရှုံးခြင်းမလှ ဆုံးရှုံးခဲ့ရပါတယ်။

မီးတောက်တွေ ပြင်းထန်လာချိန်အတွင်းမှာ အက်ဒီဆင်ရဲ့ 24 နှစ်အရွယ်ရှိတဲ့ သားကလေး Charles ဟာ သူ့အဖေကို အပျက်အစီးတွေ မီးခိုးတွေကြားမှာ ကသုတ်ကရက် ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖေကို မီးလောင်နေတဲ့ မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေတာကို တွေ့ခဲ့ရပါတယ်။ အက်ဒီဆင်ရဲ့ မျက်နှာဟာ မီးရောင်ထက်ဟပ်မှုကြောင့် ၀င်းထိန်နေပြီး ဆံပင်ဖြူတွေကလည်း လေထဲမှာ ဝေ့၀ဲနေကြပါတယ်။

“ကျွန်တော့်ရဲ့ အသဲနှလုံးတွေ ကျွန်တော့် အဖေအတွက် နာကျင် ကြေကွဲရပါတယ်ဗျာ” လို့ ချာလ်စ်းက ပြောဆိုခဲ့ပါတယ်။ “အဖေက အသက် 67 နှစ်အရွယ်ရှိနေပြီ.. သူငယ်ရွယ်တော့တဲ့ အရွယ် မဟုတ်ဘူးဗျ၊ သူ ကြိုးစားခဲ့သမျှ မီးထဲ အကုန်ပါကုန်ပြီလေ။ သူကျွန်တော့်ကို မြင်တော့ လှမ်းခေါ်လိုက်တယ်။ “ချာလ်စ်းရေ မင်းအမေကောကွ”။ ကျွန်တော်က မတွေ့ဘူးလို့ ပြောတော့ “မြန်မြန် လိုက်ရှာစမ်းကွာ.. သူ့တစ်သက် ဒီလိုမြင်ကွင်းကို မြင်ဖူးမှာ မဟုတ်ဘူး..သူ့ကို ဒီခေါ်လာခဲ့လို့” အော်ပြောနေပါတယ်။

နောက်နေ့မနက်မှာတော့ အက်ဒီဆင်က အပျက်အစီးတွေကို ကြည့်ပြီး ပြောလိုက်တယ်။ “ဒါဟာ အဆိုးထဲက အကောင်းပဲ၊ ငါတို့ မှားခဲ့သမျှ၊ မတော်တစ်ဆ လုပ်ခဲ့သမျှတွေတော့ သွားကုန်ပြီ။ တော်သေးတာပေါ့.. ခုမှပဲ ငါတော့တွေ အသစ်ပြန်စနိုင်တော့မယ်”

မီးလောင်ပြီး 3 ပတ်အကြာမှာတော့ အက်ဒီဆင်ဟာ သူ့ရဲ့ ပထမဆုံး phonograph ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

Two Nights, Three Days Trip to Bogalay

Standard
ကျွန်မဒီတစ်ခေါက်တော့ ဘာညာတို့၊ ကိုဂေါက်တို့နဲ့ ဘိုကလေးကို လိုက်သွား ဖြစ်ပါတယ်။ အဲဒီဘက်တွေကို တစ်ခေါက်မှ မရောက်သေးတာရယ်၊ ကိုယ်တိုင်လည်း တတ်အားသလောက် ပါဝင်လုပ်ကိုင်ပေးချင် တာရယ်ကြောင့် သွားဖြစ်တာပါ။ ကိုဂေါက်တို့ ဘာညာတို့ကတော့ ဘိုကလေးကို ခဏ ခဏ သွားပြီးလှူနေကြပါ။ ဒီတစ်ခေါက်ကတော့ ဘာညာတို့တွေအတွက် စတုတ္ထအကြိမ်မြောက်၊ ကျွန်မအတွက် ပထမဆုံးအကြိမ်မြောက် သွားရောက်ခြင်းပေါ့။ သူတို့တွေကတော့ ဘိုကလေးနဲ့ အနီးတစ်ဝိုက်က ရွာတွေကိုပဲ အာရုံ စိုက်ပြီး ထောက်ပံ့ရေးတွေ လုပ်ဆောင်ကြတာပါ။ ထိထိရောက်ရောက်လည်း လုပ်တယ်၊ တောဘက်က တစ်ကယ် ဒုက္ခရောက်နေတဲ့ ရွာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒန်းကြတာဆိုတော့ အားရစရာလည်း ကောင်းလှပါတယ်။ အရင်အခေါက်တွေတုန်းက ကွမ်းခြံကုန်း၊ ဒေးဒရဲဘက် သွားနေလို့ မလိုက်ဖြစ်တာရယ်၊ ရုံးမှာ အလုပ်တွေများလို့ မလိုက်ဖြစ်တာရယ်ကို ပေါင်းပြီး ဒီတစ်ခေါက်တော့ နှစ်ညအိပ် သုံးရက်တိတိ ဘိုကလေး မြို့ကို လိုက်သွား ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ဘလောဂ့်ဂါတွေ ချည်းပဲ သွားတာလား ဆိုတော့ မဟုတ်ပါဘူး။ တိပိဋက ဘုန်းတော်ကြီး ကျောင်းက ဆရာတော် ဘုရားတွေနဲ့ တစ်ခြား volunteer ၁၅ ယောက်လောက်လည်း ပါပါသေးတယ်။ လှူမယ့် ပစ္စည်းတွေကတော့ ဆယ်ဘီးကားကြီး တစ်စီးစာ လောက်ရှိတယ် ဆိုတော့ လူအင်အား များများလေးပါလေ ပိုကောင်းလေပဲ မဟုတ်လား။

ကျွန်မတို့ ဒီကစထွက်တော့ လမ်းခရီးမှာ ကားဘီကလည်း နှစ်ခါပေါက်တာကြောင့် မှန်းထားတဲ့ အချိန်ကိုတော့ ကွက်တိရောက် မသွားဘူးရှင့်။ ဒါပေမယ့် ဘိုကလေးက တည်းနေကျ ဘုန်းကြီးကျောင်းကို ရောက်ရောက်ချင်းပဲ ပစ္စည်းတွေကို ငှားထားတဲ့ စက်လှေပေါ် ချက်ချင်းတင်ပြီး မရောက်သေးတဲ့ ရွာသုံးရွာလောက်ကို လှူဖို့ သွားခဲ့ကြပါတယ်။ နောက်နေ့မှာတော့ ရွာတွေ များများကို ရောက်နိုင်အောင် မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်ကြတယ်လေ။ မနက်ခြောက်နာရီလောက် စထွက်မှာ သွားရမယ့် ရွာတွေကို အချိန်မီ ရောက်မှာ ဖြစ်သလို ဘိုကလေးကိုလည်း မမှောင်ခင် ပြန်ရောက်မှာ မဟုတ်လားရှင်။ ဒါတောင် မှန်းထားသလို မနက် ခြောက်နာ၇ီကို မထွက်ဖြစ်ဘူး၊ ပစ္စည်းတွေတင်ရတာ အရမ်းများတော့ မနက် ၇ နာရီလောက်မှ ထွက်ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ မိုးတွေ ပက်ပက်စက်စက်ကို ရွာတာ၊ ဘယ်ပြောကောင်းမလဲ လူတွေလည်း ကြွက်စုတ်တွေကို ဖြစ်ရော။ ကျွန်မတို့ သွားခဲ့တာ နာမည်တွေတော့ သေချာ မမှတ်မိပေမယ့် (၁၀) ရွာလောက် သွားဖြစ်ခဲ့ပါတယ်။ လိုအပ်တဲ့ data တွေကိုလည်း သေချာကောက်ပြီး ဘာတွေဆက်လှူရင် ကောင်းမလဲ၊ ဘယ်နေရာတွေကို ဆက်သွားမလဲ ဆိုတာလည်း ပြန်တိုင်ပင်ရပါသေးတယ်။ ကျွန်မတို့ သွားခဲ့တဲ့ ရွာတွေမှာ ကောက်ခဲ့တဲ့ အချက်အလက်တွေကို စုပြီး သူတို့ ဘာတွေလိုအပ်နေတယ်၊ ဘာတွေလုပ်ပေးဖို့ လိုအပ်တယ်၊ လက်ရှိမှာ ဘယ်လို အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ အားလုံးလည်း သိအောင် ကျွန်မ တစ်ချက် ပြောပြချင်ပါတယ်။

သွားရောက်ခဲ့သော ရွာများ………………… (၁၃) ရွာ၊ နာမည်များကို အသေးစိတ် မပြောပြတော့ပါ

လက်ရှိနေထိုင်စား သောက်မှု

လက်ရှိမှာတော့ သူတို့တွေ ပုဂ္ဂလိက အလှူရှင်တွေရဲ့ စေတနာကို မှီခိုအားထားပြီး နေထိုင်နေရပါတယ်။ တစ်ချို့ရွာတွေမှာတော့ ငါးဖမ်းတဲ့ အလုပ်ကို လုပ်ကိုင်စား သောက်ကြပေမယ့်၊ တစ်ချို့ရွာတွေမှာတော့ ဘာမှ လုပ်ကိုင်စရာ မရှိတော့တဲ့ အတွက် ထောက်ပံ့ရေးတွေကိုပဲ မျှောလင့်ရပါတယ်။ နေထိုင်စရာ အနေနဲ့ကတော့ တဲလေးတွေ ထိုးပြီး နေကြသလို၊ UNICEF, WFP အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်များက ပေးတဲ့ တာလာပတ်တွေကို အမိုးအကာ လုပ်ပြီး နေထိုင်ကြတာ တွေ့ရပါတယ်။ ရွာတွေထဲက ခပ်ကောင်းကောင်းလေး ကျန်တဲ့ အိမ်မျိုးမှာ စုဝေးနေထိုင်ကြသလို ခပ်ကောင်းကောင်းလေး ကျန်တဲ့ ဓနိပင်တွေကို အမိုးအကာ ပြုလုပ်ပြီး နေထိုင်ကြပါတယ်။

ရေရရှိမှု အခြေအနေ

ရွာတွေမှာ အရင်တုန်းကတော့ သောက်ရေကန်တွေ ရှိပေမယ့်၊ မုန်တိုင်းပြီးတဲ့ အချိန်ကတည်းက အဲဒီကန်တွေလည်း အကုန်ပျက်စီးပြီး သုံးလို့မရတော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။ တစ်ချို့ရွာတွေမှာ ကန်တွေကို ပြန်လည်ပြုပြင်ပြီး၊ Water Guard ရေသန့်ဆေးတွေ ထည့်ထားကြပေမယ့် အဲဒါတွေဟာ လောက်ငမှု မရှိတာကို တွေ့ရပါတယ်။ သောက်ရေအခက်အခဲကို ရွာတိုင်းမှာ လိုလိုကြုံတွေ့ရပြီး မိုးရွာမှသာ ရေသောက်ရတဲ့ အခြေအနေကို ရောက်နေပါတယ်။ ကန်တွေကို ပြန်လည်သန့်စင်နိုင်တဲ့ ရွာတွေ တော်တော်ရှားနေပြီး ရွာတစ်ခုမှတော့ စင်ကာပူရောက် မျိုးချစ်မြန်မာများက ကန်ကို ပြန်လည်ပြုပြင်ပေးထားတာ တွေ့ရှိခဲ့ရပါတယ်။ မှတ်မှတ်ရရ “ငယ်သူ” ဆိုတဲ့ ရွာမှာ ဆိုရင် ရေကန်တစ်ဝိုက်မှ အသေကောင်တွေ အရိုးတွေ စုဝေးနေပြီး ကန်ရေဟာလည်း ပုပ်စော်နဲလျက် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ထောက်ပံ့ရေး ရရှိမှု အခြေအနေများ

ဘိုကလေး တစ်ဝိုက်မှာ UN, WFP, နယ်စည်းမခြား ဆရာဝန်များ၊ မွန်မြတ်ကရုဏာရှင်များ အဖွဲ့က အဓိက ထောက်ပံ့နေတာကို တွေ့ရပြီး ပုဂ္ဂလိက ထောက်ပံ့ရေး အဖွဲ့တွေလည်း ရက်ခြားလောက် ရောက်နေတယ်လို့ သိရပါတယ်။ ရွာတစ်ရွာကို အများဆုံး ထောက်ပံ့ရေးအဖွဲ့ (၈) ဖွဲ့လောက် ရောက်ပေမယ့်၊ တစ်ချို့ရွာတွေကျတော့ တစ်ဖွဲ့နှစ်ဖွဲ့လောက်သာ ရောက်ပြီး ရတဲ့ပမာဏဟာလည်း လောက်ငမှု မရှိဘူးလို့ သိရပါတယ်။ အဓိက ရရှိတဲ့ ထောက်ပံ့ပစ္စည်းတွေကတော့ ဆန်၊ တာလာပတ်၊ ခေါက်ဆွဲခြောက် စတဲ့အရာများ ဖြစ်ပြီး Red Cross ကလည်း တစ်ခါတစ်လေ ဆေးလာကုပေးတယ်လို့ သိရပါတယ်။

ရွာသားများ၏ ကျန်းမာရေး အခြေအနေများ

ကျန်းမာရေး အခြေအနေကတော့ မဆိုးလှသလို၊ အသဲအသန်ဖြစ်နေတဲ့ လူမျိုးလည်း တော်တော်တော့ ရှားပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဒဏ်ရာအနာတစ်ရ ဖြစ်ခြင်း၊ ပွန်းပဲ့ထိခိုက်ခြင်းများနဲ့ ဖျားနာခြင်း တို့ပဲ ဖြစ်ပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးတာတွေပါ။ သူတို့တွေ မုန်တိုင်း ပြီးပြီးချင်းတုန်းက စားစရာတွေ သောက်စရာတွေ ဘာမှ မရှိတာကြောင့် အုန်းသီးရည်တွေကိုပဲ မှီခိုအားထားရတယ်လို့ သိရပါတယ်။ ချောင်းဆိုးတာဟာ ဒါတွေကြောင့်လည်း ဖြစ်နိုင်သလို၊ အမိုးအကာ ပြည့်ပြည့် စုံစုံ မရှိတဲ့ နေရာတွေမှာ နေရတာကြောင့် အအေးမိတာလည်း ဖြစ်နိုင်ပါတယ်ရှင်။

လက်ရှိနှင့် အနာဂတ်အတွက် အလုပ်အကိုင် အခြေအနေ

လက်ရှိမှာတော့ တစ်ချို့တွေဟာ ငါးတွေ၊ ဖားတွေ ရှာစားကြပေမယ့် ဒါတွေဟာလည်း လတ်တစ်လော ငတ်မွတ်မှုကို ဖြေရှင်းဖို့ အတွက်ပါပဲ။ အဓိက လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းကို ဘယ်လိုမှ ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ အဓိက ပြသနာကတော့ ကျွဲ၊ နွား များ သေဆုံးမှုနဲ့ မျိုးစပါးများ ရေစိုပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ တပ်မတော် အနေနဲ့ လယ်ထွန်စက်များကို ချပေးနေတာကို တွေ့ရပါတယ်။ ဘိုကလေး မရောက်ခင် လမ်းပေါ်မှာ ရှိကြတဲ့ လယ်ကွင်းတစ်ချို့မှာတော့ စက်ကိုအသုံးပြုပြီး လယ်ထွန်နေတာကို တွေ့ခဲ့ရပေမယ့်၊တစ်ချို့ရွာတွေမှာတော့ ခုချိန်ထိ စက်မရရှိသေးပါဘူး။ လောလောဆယ်မှာ တပ်မတော်ကနေ စစ်ကား အစီးတစ်ရာလောက် နဲ့ လယ်ထွန်စက်များကို ဘိုကလေးမြို့နဲ့ အနီးတစ်ဝိုက် ရွာတွေအတွက် ပို့ဆောင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ မျိုးစပါးပြသနာကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာကိုတော့ မသိခဲ့ရသေးပါဘူးရှင်။

မုန်တိုင်းသင့် ရွာများ၏ ပညာရေး အခြေအနေများ

နိုင်ငံတော်ကတော့ မုန်တိုင်းသင့် ဒေသတွေအတွက် ကျောင်းဖွင့်ဖို့ကို တစ်လ တိတိနောက်ဆုတ်ပေးထား ပါတယ်။ ဒါပေမယ့် စာသင်ကျောင်း တော်တော်များများဟာ လေဒဏ်ကြောင့် ပျက်စီး ပြိုလဲသွားပြီး တစ်လ အတွင်း ပြန်လည်ထူတောင်နိုင်ဖို့ ဖြစ်နိုင်ပါ့ မလားဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ ကျောင်းပြန်ဖွင့်ရင်တောင်မှ ကလေးသူငယ်မျာ သေဆုံးမှု များပြားတာကြောင့်ရယ်၊ လက်ရှိ စားဝတ်နေရေးကို ဖြေရှင်းဖို့ လုံးပန်းနေရတာကြောင့်ရယ်နဲ့ ကျောင်းစရိတ် ပြသနာကြောင့် ကျောင်းကို ကလေး ဘယ်နှစ်ယောက်များ ပြန်လာနိုင်မလဲ ဆိုတာတော့ တစ်ချက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိ လိုအပ်ချက်များနှင့် အရေးပေါ် လိုအပ်ချက်များ

ရွာတိုင်း လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တာကတော့ ဆန်ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်ကတော့ သောက်ရေပါ၊ နောက်လို အပ်တာတွေကတော့ အမိုးအကာတွေရယ်၊ တာရှည်ခံ အစားအသောက်တွေရယ် ဖြစ်ပါတယ်။ အ၀တ်အထည် အနေနဲ့ကတော့ ရှိတာလေးနဲ့ နေထိုင်လို့ ရနိုင်ပေမယ့် သူတို့တွေမှာ လုံးဝ မရှိတာကတော့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်မ အရင်တုန်းက သွားခဲ့တဲ့ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်မှာလည်း ဖိနပ်စီးထားတဲ့ ဒုက္ခသည်တွေ ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီတော့ သူတို့တွေ ခြေထောက်မှာ သံစူးတာတို့၊ ဆူးစူးတာတို့ကို မကြာခဏ ခံရလေ့ရှိတဲ့ အတွက် ဖိနပ်ကိုလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ထင်မြင်မိပါတယ်ရှင်။ အဲတော့ အဓိက လိုအပ်ချက်တွေဟာ…

(၁) ဆန်
(၂) သောက်ရေ
(၃)အမိုးအကာ
(၄)ဖိနပ်
(၅) တာရှည်ခံ အစားအစာနှင့် ဆန်၊ ဆီ၊ ကြက်သွန်…. စသည်တို့ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့၏ ထောက်ပံ့မှုများ..

ကျွန်မတို့ အဓိက ထောက်ပံ့တာကတော့ ဆန်၊ တာရှည်ခံ အစားအစာ၊ ရေသန့်၊ ပလပ်စတစ် ဖျာများ၊ ဆေးပစ္စည်း နည်းနည်းပါးပါးနဲ့ အ၀တ်အထည် တွေပဲ ဖြစ်ပါတယ်ရှင်။ ရန်ကုန်မှာ ရှိတဲ့ ကိုဘလာဂေါက်၊ ဘာညာ၊ ဖိုးသူတော် စတဲ့ ဘလောဂ့်ဂါတွေ အပြင် တစ်ခြား လိုက်နိုင်တဲ့ လိုက်ချင်တဲ့ သူတွေက ထိုင်းနိုင်ငံမှ အလှူရှင်များ ပို့ပေးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သွားရောက် လှူဒန်းပေးနေပါတယ်ရှင်။ ကျွန်မတို့တွေ အခုလိုသွားရောက် လှူဒါန်းပေးနေတဲ့ ပစ္စည်း တွေကို ထိုင်းမြန်မာ ကူညီရေးအဖွဲ့နဲ့စေတနာရှင်တွေက မဟာချူုလာလောင်ကွန်း တက္ကသိုလ်က အရှင် ဇောတိကကို လှူဒါန်းထားတာတွေဖြစ်ပြီး ၊ တိပိဋက ဆရာတော် ဦးဝံသပါလ ကိုလှူဒါန်းထားတာတွေလဲ ပါဝင် ခဲ့ ပါတယ်။ တစ်ခြား စိတ်ပါဝင်စားတဲ့ သူတွေလည်း ထောက်ပံ့ရေးတွေ ပါဝင်ချင်တယ် ဆိုရင် ကျွန်မတို့ကို ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်ရမယ့် မေလ်းတွေကတော့…..

ဘာညာ…. barnyar.demo@gmail.com
Pinkgold…… cuttiepinkgold@googlemail.com
ကိုဘလာဂေါက်…… zzml33@gmail.com
ဖိုးသူတော်………….mgphoethutaw@gmail.com….. တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

ကဲ ခုတော့ ရိုက်လာတဲ့ ပုံလေးတွေကို ရှုစားလိုက်ကြပါ အုံးနော်

ပစ္စည်းတွေ တင်ကြတယ် (မနက် လေးနာရီ ထပြီးတော့)

Photobucket

တည်းတဲ့ဘုန်းကြီး ကျောင်းရှေ့မှာ ပစ္စည်းတွေ တင်ပြီးလို့ မောလို့ ခဏ နားနေတာ
Photobucket

စထွက်ကြပြီ…ရွာတွေဆီသို့….

Photobucket

အက်စစ်မိုးကြောင့်တဲ့.. အုန်းပင်တွေ ပျက်စီးနေတာ

Photobucket

ရွာသူ ရွာသားတွေကို ဆေးလည်း ကုပေး.. မေးချင်တာတွေလည်း မေးပေါ့

Photobucket

ဒီလို ဒီလိုတွေ အများကြီး တွေ့ခဲ့ရတယ်.. တရားကို ရရော..

Photobucket

ဖိနပ်တွေလည်း မစီးကြဘူး.. ရှိမှ မရှိတာကိုး…

Photobucket

တစ်ချို့တွေကြတော့ ဒီလိုနေကြ ရရှာတယ်..

Photobucket

ဒုက္ခသည်များ….

Photobucket

အလှူပစ္စည်းတွေ နဲ့ ရွာသားတွေ…

Photobucket

အားလုံးက ဆင်တူတွေနဲ့ ရေလည် လန်းတယ်…..

Photobucket

စင်ကာပူက အလှူရှင်တွေရဲ့ ကောင်းမှု

Photobucket

ကားဘီးက ခဏ ခဏ ပေါက်တော့ နားရတာ အညောင်း အညာပြေတာပေါ့

Photobucket

ကျွန်မတို့ အရမ်းပင်ပန်း ခဲ့ကြပါတယ်။ ရွာတွေဆီ သွားရာ လမ်းမှာ မိုးကလည်း သဲသဲ မဲမဲ ရွာတာကြောင့် လူတွေလည်း အချမ်းတွေတက်၊ ညဘက်မှာ ဖျားတဲ့ သူကဖျား၊ ကိုယ်တွေ လက်တွေ ကိုက်တဲ့ သူကကိုက်နဲ့ပေါ့။ ဒါပေမယ့် လှူဒန်းရတာ အရမ်းကို ပျော်ပါတယ်။ နောက်လည်း ဘိုကလေးကို ဆက်တိုက် သွားလှူအုံးမှာပါ။ ဘာညာ ဆိုရင်လည်း ဘိုကလေးမှကို တစ်လလောက် နေပြီး ဒေတာတွေ ကောက်ပါလိမ့်မယ်။ ဘာတွေ လိုအပ်တယ်.. ဘယ်လိုအခြေအနေ ရှိတယ် စတာတွေကိုပေါ့။

ဒီလို ဆိုးဝါးတဲ့ ကပ်ဒုက္ခ၊ ဘေးဒုက္ခမျိုး မြန်မာပြည်ကို နောက်တစ်ကြိမ် မလာပါ စေနဲ့တော့ရှင်။