I was Taged by Ko Thagyan

Standard
ကိုသင်္ကြန်က ကျွန်မကို “tag” လိုက်တော့… သူ့ရဲ့ လူသားဘ၀ ခံစားမှုကို ကျွန်မလည်း ကိုယ်တိုင်ခံစားဖို့ အကြောင်းဖန်လာတာပေါ့ရှင်။ ကျွန်မ ရေးတာ ကြာနေလို့ ထင်တယ်.. ကိုသင်္ကြန်ကတောင် လှမ်းမေးနေသေးတယ်.. မပြီးသေးဘူးလား ပင့်ကူရေတဲ့။ ဟုတ်ပါ့ရှင် ကျွန်မကလည်း ရေးလိုက် ပြန်ဖျက်လိုက် လုပ်နေတာကိုး။ သူကတောင် ဆက်မေးသေးတယ် ဘာတွေများ ရေးနေလို့တုန်းတဲ့။ သြော် ကိုသင်္ကြန်ရယ် မသေချင် Obama နဲ့ လက်ထပ်သွားချင်တဲ့ အကြောင်းလေး ရေးနေတာပါလို့ ဟဲဟဲ…. နည်းနည်း လျှော့ပါအုံး ပင့်ကူရယ် တွမ်ခရုစ် လောက်ဆို တော်ရောပေါ့တဲ့။ အို မင်းသားတွေ ကျွန်မ မကြိုက်ပါဘူးရှင်။ ခုယူလိုက် ခဏနေကွဲလိုက်နဲ့… တော်ကြာ ကျွန်မ သတင်းက မီဒီယာတွေထဲ ဟိုးဟိုးကျော်နေရင် ရှက်စရာ ကောင်းသားနော်.. 😀

အင်း ပေါတာလေး ခဏလျှော့ပြီး လူသားဘ၀ အကြောင်းလေးကို ဆက်ရေးလိုက်ပါအုံးမယ်။ လူရယ်လို့ ဖြစ်လာရင် စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာ၊ အလုပ်လုပ်တာ၊ ပညာသင်တာနဲ့ပဲ ဘ၀ကြီးက ပြီးဆုံးရတော့မှာလားရှင်။ အချစ် ဆိုတာဘာလဲ ဆိုတာကို ဖွင့်ဆိုရ ခက်သလိုပါပဲ.. လူ့ဘ၀ ဆိုတာ ဘာလဲ ဆိုတာကို ပညာရှင်တွေက အမျိုးမျိုးဖွင့်ဆိုကြလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ခုက လူ ရယ်လို့ ဖြစ်လာမှတော့ လူနဲ့တူတဲ့ အလုပ်တွေ၊ လူသားဆန်တဲ့ အပြုအမူတွေ၊ လူပီသတဲ့ နေထိုင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းမှ တော်ကာကျမှာပေါ့။ အဲတော့ ဒါတွေဟာ ဘယ်လိုနေထိုင်မှုတွေလည်း၊ လူသားဆန်တယ်ဆိုတာ ဘာလဲ၊ လူပီသတယ်ဆိုတာ ဘာလဲ ဆိုတာတွေ မေးလာနိုင်ပါတယ်။ ကျွန်မ မဖြေလိုပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွေးနဲ့ သူများအတွေး မတူညီခဲ့လျင် အငြင်းပွားစရာလေးများ ဖြစ်လာမှာ စိုးလို့ပါ။

ကျွန်မရော မသေခင်လေးမှာ လူ တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ချင်လဲ။ ကျွန်မ ဘာတွေလုပ်မှာလဲ ကိုယ့်ကိုကိုယ့် ပြန်မေးပြီး ကိုသင်္ကြန်လိုပဲ အဖြစ်ချင်ဆုံး၊ အလုပ်ချင်ဆုံး အချက်ကလေးတွေ ရေးပါ့မယ်။

နံပတ် (၁) က ကျွန်မနဲ့ personally ပတ်သက်ပါတယ်။ ကျွန်မ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေး တစ်ခုကို ဖန်တီးချင်ပါတယ်။ Obama တွေ ဘာတွေနဲ့ လက်မထပ်ရချင်လည်း နေပါစေလေ။ ကျွန်မ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်သလိုပဲ ကျွန်မရဲ့ မျိုးဆက်သစ်ကလေးတွေကို လောကကို အလှဆင်နိုင်တဲ့ လူသားကလေးတွေ ဖြစ်အောင် သွန်သင်ပေးချင်ပါတယ်။ ကျွန်မ မလုပ်နိုင်ခဲ့ သမျှကို လုပ်ဖို့ သူတို့ကို တာဝန်တွေ ပေးခဲ့ချင်တယ်။

နံပတ် (2) ကျွန်မ ပတ်ဝန်းကျင်နဲ့ လူ့လောက အတွက် တတ်နိုင်သလောက်လေး ကောင်းတာလေးတွေနဲ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ကောင်းတာလေးတွေ ဆိုတဲ့အထဲမှာ မရှိဆင်းရဲတွေကို ထောက်ပံ့ပေးတာ၊ ထောက်ပံ့ပေးရုံတင်မက ကိုယ်တိုင် ဘ၀ တစ်ခုကို ထူထောင်နိုင်ဖို့ သင်ကြားပေးတာ၊ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ စိတ်ကို အတတ်နိုင်ဆုံး ရှင်းအောင်ထားဖို့ အားပေးတာတွေ၊ အိုမင်းမစွမ်းတွေအတွက် အချိန်တစ်ခုပေးပြီး စောင့်ရှောက်တာတွေ၊ ပရဟိတ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်ပေးတာ စတာတွေပါ ၀င်ပါတယ်။

နံပတ် (3) ကျွန်မအတွက် ကျွန်မတို့ နောက်မှာ လာမယ့် ကလေးတွေအတွက် နိုင်ငံတော် ကောင်းစားတာကို မြင်သွားချင်တယ်။ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီချင်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က တိုးတက်ပြီး ပြည်သူပြည်သားတွေကို ရင်ဝယ်သားတွေလို အုပ်ချုပ်တဲ့ အစိုးရ ပေါ်ထွန်းတာကို တွေ့သွားချင်တယ်။

နံပတ် (4) သေသွားပြီးတဲ့ နောက်ဘ၀အတွက် အလုပ်ကလေးတွေ ဆက်လုပ်သွားမယ်။ တရား ဘာဝနာ ကိုတတ်နိုင်သလောက်လေး ပွားများပြီး ဘ၀ကူကောင်းအောင် လုပ်သွားချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ သံသရာကို ယုံကြည်တဲ့ သူတစ်ယောက်ပီပီ သံသရာရဲ့ ကောင်းရာ သူဂတိမှာ ကျင်လည်နိုင်စေဖို့ ကြိုးစားသွားချင်တယ်။

နံပတ် (5) ကျွန်မရဲ့ မိဘ နှစ်ပါးကို ကျေးဇူးဆပ်ချင်တယ်။ စိတ်ချမ်းသာအောင် ထားချင်တယ်။ အိုကံ ကောင်းစေချင်တယ်။ အိုကံ ကောင်းဖို့က သမီးလုပ်တဲ့ ကျွန်မအပေါ် အများကြီး မူတည်နေပါတယ်။ မိဘကို ပြည့်စုံအောင် ထားပေးချင်တယ်။ မိဘတွေ မသေခင်မှာ ကျွန်မကို သူတို့ စိတ်ချရလောက်တဲ့ အခြေအနေမှာ ရှိနေတာကို မြင်သွားစေချင်တယ်။

နံပတ် (6) အပေါ်က (5) ချက်စလုံးကို ကျွန်မ အတတ်နိုင်ဆုံး လုပ်ဖြစ်အောင် လုပ်သွားမယ်။

ကိုသင်္ကြန်ရေ ကျေနပ်တော့နော်။

7 responses »

  1. ပင့်ဂိုးလ်ရေ ရိုးရိုးလေးနဲ့ ငြိမ်းချမ်းတယ်။ မိမိအတွက် အားလုံးအတွက် ကောင်းမွန်တဲ့ ညီမစိတ်ကူးတွေ ရည်ရွယ်ရွက်တွေ အားလုံး ပြီးမြောက်အောင်မြင်ပါစေ။ 🙂

  2. ဆရာဇော်ဂျီကဗျာ သွားသတိရပါရဲ့
    သင်သေသွားသော် သင်ဖွားသောမြေ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ဆိုလား.. ဖ်ြမြောက်ပါစေဗျာ.. ဖြစ်မြောက်ပါစေဆိုတာထက်
    ပြီးမြောက်ပါစေလို့ ပြောရင်ပိုကောင်းမလားပဲ…

  3. ဆောရီး စာကျန်ခဲ့လို့
    သင်သေသွားသော် သင်ဖွားသော်မြေ သင်၏မြေသည် အခြေတိုးမြင့်ကျန်ကောင်းသင့်၏

  4. ကောင်းလှပါပေတယ်ဗျာ.. ကျွန်တော်ကတော့ ဒီနေ့မှ အကြွေးလာဆပ်နိုင်တယ်… ခရီးထွက်ရင်းကနေ.. နောက်ဆံတင်းနေတာ..

  5. ရေးသားမှုတွေမှာငြိမ်းချမ်းမြင့်မြတ်ခြင်းတွေနဲ့တွေ့ရတယ်

Leave a reply to Mintasay Cancel reply