The Science of Love

Standard
ခုတစ်လော အချစ်အကြောင်း ရေးရတာ နည်းနည်းသဘောတွေ့တော့ ဒီတစ်ခါလည်း အချစ်အကြောင်းလေးပဲ ဆက်လက်ပြီး ပိုစ့်တင်ပါရစေ။ ချစ်သူတွေ ချစ်ကြတယ် ဆိုတာ တစ်ကယ်လေ့လာကြည့်လိုက်တော့ ခံစားမှု သက်သက်နဲ့တင် ချစ်တတ်ကြတာ မဟုတ်ပါဘူး။ ခံစားမှုတွေချည်းပဲ ဆိုရင်တော့ ဒါဟာ ART အနုပညာကြောင့် ဖြစ်ပြီး SCIENCE ဘယ်ဟုတ်တော့မလဲနော်။ တစ်ကယ်တော့ အချစ်ကို သိပ္ပံနည်းကျ လေ့လာကြည့်လိုက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ချစ်တတ်ကြတယ်၊ တစ်ယောက်ကို တစ်ယောက်က ချစ်မိသွားတယ် ဆိုတာတွေဟာ နှလုံးသားရဲ့ စေ့ဆော်မှုတွေထက် ခန္ဒာကိုယ်တွင်းမှာ ရှိကြတဲ့ သိပ္ပံနည်းကျ ပြောင်းလဲမှု တစ်ခုကြောင်းပဲ ဖြစ်ပါတယ်ရှင်။

အချစ်ကို ခံစားတယ်၊ အချစ်စိတ်ဖြစ်ပေါ်တယ် ဆိုတာတွေဟာ ဦးနှောက်ထဲမှာ ရှိကြတတဲ့ များပြားလှစွာသော ဓါတ်သတ္တုလေးတွေရဲ့ အလုပ်လုပ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ ဓါတ်ပုံတွေကို ကြည့်နေပြီး စိတ်ကြည်နူးနေချိန်မှာတော့ ဒီသတ္တုလေးတွေ အလုပ်အများဆုံးဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို ဖြစ်ပေါ်ခံစားမှု သုံးမျိုးရှိပါတယ်။ စစချင်း စွဲလမ်းစိတ် ဖြစ်ပေါ်တာပါ။ ဒီအဆင့်မှာတော့ လိင်ဟော်မုန်းတွေ ဖြစ်ကြတဲ့ testosterone နဲ့ estrogen တို့ရဲ့ စေ့ဆော်မှုတွေ ဖြစ်ပါတယ်။ နောက်ဖြစ်ပေါ်မှု အဆင့်တစ်ခုကတော့ Attraction ရှိလာတာ ဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင်တော့ အချစ်ကိုပဲ လုံးလုံးစိတ်ရောက်နေတဲ့ အချိန်ပေါ့။ သူ့ကိုပဲချစ်တယ်၊ စားလည်း စိတ်က သူ့ဆီမှာ၊ သွားလည်း စိတ်က သူ့ဆီမှာ ဆိုတဲ့အခြေအနေတွေမှာ ရောက်နေတဲ့အချိန်ပေါ့ရှင်။ serotonin ဆိုတဲ့ဟော်မုန်းတစ်မျိုးရဲ့ စွမ်းဆောင်ရည် နိမ့်ကျမှုကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ အဲဒီလို serotonin အားနည်းနေတဲ့အချိန်မှာ norepinephrine နဲ့ dopamine ဆိုတာတွေက အိပ်မပျော်၊ စားမ၀င်တာတွေကို ဖြစ်ဖို့ အလားအလာကောင်းတွေ ရရှိလာပါတော့တယ်။ နောက်တစ်ဆင့်ကတော့ သူ့ကိုပဲ သံယောဇဉ်တွယ်လာရတော့တဲ့ အဖြစ်ပါ။ ဒီအချိန်မှာတော့ သူကလည်း ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလည်း တစ်ယောက်ထဲကိုပဲ တစ်သက်လုံးပေါင်းမယ်ဆိုတဲ့ စိတ်ချင်းနီးတဲ့ ဆက်သွယ်မှုတွေ ဖြစ်လာကြပါတော့တယ်။ ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတော့ chemicals oxytocin နဲ့ vasopressin တို့က အဓိကနေရာကနေ ပါဝင်လုပ်ဆောင်နေကြလို့ပဲ ဖြစ်ပါတယ်။

အချစ်ဆိုတာ လူတိုင်းကို နှလုံးခုန်သံ မြန်စေတယ်၊ ခံစားချက်တွေ ကမောက်ကမ ဖြစ်စေတယ်။ ဒါဆိုရင် ဒီလောက်ဆိုးရွားနေတာတောင် ဘာလို့များ ဆရာဝန်နဲ့ မတွေ့ကြတာပါလိမ့်နော်။ အချစ်ကို ကုစားဖို့ ဆေးတွေ မရှိကြတော့ဘူးတဲ့လား။ တစ်ကယ်တော့ အချစ်ဆိုတာ Mistry မဟုတ်ပါဘူးရှင်၊ Biochemistry သာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောကပြောခဲ့သလိုပဲ ခန္ဒာကိုယ်တွင်းမှာရှိကြတဲ့ များစွာသော ဟော်မုန်းတွေကြောင့် ဒီခံစားချက်တွေ ဖြစ်နေကြရတာပါ။ Serotonin ဆိုတဲ့အရာက မိုးပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရစေတယ်။ Dopamine ကတောသူ့ကိုပဲ တမ်းတမ်းစွဲစေပါတယ်တဲ့။ ချောကလက်စားရင်လည်း ဒိုဖာမင် များများထွက်စေပါတယ်။

ဒီလို ဓါတ်သတ္တုတွေရဲ့ အလုပ်လုပ်မှုကြောင့် စစချင်းကျွန်မတို့ ချစ်ကျွမ်းဝင်ကြတယ်၊ နောက်တော့ လက်ထပ်ကြတယ်၊ တစ်သက်လုံးအတူနေကြတယ် ဆိုတာတွေအားလုံးဟာ anthropologically correct ဖြစ်ပြီး medically သက်သေပြလို့ ရနိုင်ပါတယ်တဲ့ရှင်။

Advertisements

7 responses »

  1. အချစ်ကိုတစ်ခါ တူးဖော်ပြစ်ပြန်ပြီ… ဖတ်မှတ်သွားတယ်ဗျာ..

  2. nice post… thanks for sharing

    ကြာတော့ကြာပြီ။ Times magazin ထဲမှာ တစ်ခါက Chemistry of Love ဆိုပြီး အထူး ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ဖူးတယ်ဗျ။ အခု ပင့်ဂိုး ရေးတာမျိုးဆန်ဆန်ပဲ အချစ်ကို ဓါတုဗေဒ ပညာနဲ့ ခွဲခြမ်းစိပ်ဖြာထားတာ။ ကြာပြီဆိုတော့ မမှတ်မိတော့ဘူး

  3. အချစ် ဆိုတာ biochemistry တစ်ခုထဲနဲ့တော့ မဟုတ်ဘူး ထင်တယ် ခင်ဗျ၊ ဘာလို့လဲ ဆိုတော့ hormone level တူတဲ့ လူတိုင်းကို ထားလို့ ချစ်သွားကြတာ မဟုတ်ဘူးလေ။ ချစ်လွယ်တတ်တဲ့ သူတွေဆိုရင်တော့ မပြောတတ်ဘူး။ ဟော်မုန်းအကြောင်းရေးထားတာတော့ ကျနော်တော် အဲဒီလောက် မမှတ်မိတော့ဘူး။ တော်တယ်။ ပြောကြကြေးဆိုရင် multifactorial လို့ ပြောရမှာပဲ။ အချစ်ကို အချစ်လို့ပဲ ထားလိုက်တာ ကောင်းမယ် ထင်ပါတယ်။

  4. ကိုကူးလ်းရေ

    အချစ်ဆိုတာ တစ်ကယ်တော့ အကိုပြောသလို အချစ်ပါပဲရှင့်.. ဒါပေမယ့် ချစ်ကြတဲ့အချိန်မှာ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှု ဘယ်လိုရှိတယ်ဆိုတာ တင်ပြချင်ရုံလေး သက်သက်ပါရှင်.. လာဖတ်လို့ရော၊ မိတ်ဆွေဟောင်းကို ပြန်တွေ့ရလို့ရော ၀မ်းသာရပါတယ်ရှင့်

  5. အမှန်အတိုင်းပြောရရင် ရုပ်ဝါဒီတွေ အကြိုက် ရှင်းပြချက်ပဲ။

    ဒါပေမယ့် ကျုပ်ကတော့ “ဟော်မုန်းကြောင့် romantic” ဖြစ်တယ်လို့ မယူဆဘူး။ “ချစ်တတ်တဲ့ သဘောကြောင့် ဟော်မုန်းတွေ ဓာတ်ပြုလာတယ်”လို့ ထင်တယ်။

    သင်ကာ

  6. အချစ်မှာ မျက်စိမရှိ
    လူသည် အချစ်နှင့်မကင်း
    ထို့ကြောင့် လူသည် မျက်စိမရှိ…။

  7. Chemistry and the reaction of biochemistry between each other making a strong feeling, so-called LOVE…

    Cool…!..very interesting and notable post…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s