Yearn

Standard

ပန်းကလေး

အလှမ်းဝေးလွန်းတယ်

အလွမ်းချစ်

ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်

မနမ်း ဝံ့ ပါဘူး။

မြစ်တစင်းထဲ

ချစ်ခြင်းတွေ အပြည့်တင်

ဘယ်သောင်ပြင် ကပ်ရမယ် မသိ

ဖြတ်မရသည့် သံယောဇဉ်ကြိုး

တိုးလို့ နှောင်မိ။

ဒီ ဘဝမှာတော့

ညီမျှမှ တော်ရာကျမှာမို့

တေးသီခါ ဖေါ်ကာပြချင်ပေမယ့်

အဝေးဆီသာ မျှော်ကာတရတယ်

အချစ်ရယ် … တော်ရာကပဲ လွမ်းနေမယ်။

ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

Advertisements

5 responses »

  1. တိတ်တိတ်လေးပဲ ၀င်လာခဲ့သူ
    တိတ်တိတ်လေးပဲ ထွက်သွားသူ
    သူကလည်း..သူ့သဘောနဲ့သူ၊

    တိတ်တိတ်လေးပဲ ချစ်ခဲ့သလို(လို)
    တိတ်တိတ်လေးပဲ လွမ်းခဲ့သလို(လို)
    ကိုယ်ကလည်း…ကိုယ့်သဘောနဲ့ကိုယ်

    မမပင်းရယ်…တော်ရာကပဲ လွမ်းနေမယ်။

  2. တိတ်တခိုးနဲ့ ကျိတ်ပိုး ပိုးရသမို့
    နေကျဲကျဲမှာလည်း အသည်းကွဲရသည်
    မိုးသဲသဲမှာလည်း အသည်းကွဲရသည်
    နှင်းဖွဲဖွဲမှာလည်း အသည်းကွဲရသည်

    ///တိတ်တိတ်လေးပဲ ၀င်လာခဲ့သူ
    တိတ်တိတ်လေးပဲ ထွက်သွားသူ
    သူကလည်း..သူ့သဘောနဲ့သူ၊

    တိတ်တိတ်လေးပဲ ချစ်ခဲ့သလို(လို)
    တိတ်တိတ်လေးပဲ လွမ်းခဲ့သလို(လို)
    ကိုယ်ကလည်း…ကိုယ့်သဘောနဲ့ကိုယ်///

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s