Longing for “Mee”

Standard

မီးရယ် မီးရယ်
မီးမလာတဲ့ နေ့တွေ ညတွေအလယ်
ရှင်သန်ရတာ ငါတစ်ကယ် မောတယ်…။

ရန်ကုန်မြို့မှာ ခုတလော မီးက အတော်လေးကို ဆိုးဆိုးဝါးဝါးပျက်နေတယ်။ နေ့လည်ဘက်လည်း မလာ၊ ညနေဘက်လည်းမလာ။ လာပြန်တော့လည်း ၁၅ မိနစ်၊ နာရီဝက်ထက် မပိုဘူး။ တစ်ခါ တစ်လေတော့လည်း သုံး လေး နာရီလောက် ကြာကြာ လာပေးတတ်ပါတယ်။ အချိန်က ည ၂ နာရီတို့၊ မနက် ၄ နာရီလောက်တို့။ ဘာလုပ်ရမှာလဲ.. တစ်နေကုန် ပင်ပန်းလာလို့ အိပ်မောကျနေတဲ့ကြတဲ့ ကျွန်မတို့လို လူမျိုးတွေအတွက် အဲဒီအချိန်မှာမှ မီးလာပေးလို့ ဘာလုပ်နိုင်မှာလဲ။

နွေရောက်ပြီ။ ရာသီဥတု ပူသည်။ မီးမလာလို့ ပိုပူသည်။ မီးမလာလို့ ရေမလာသည့် နေ့တွေလည်း ရှိသည်။ မီးမလာလို့ ညဘက်တွေ ၀ရံတာမှာ ယပ်တောင် တစ်ချောင်းနဲ့ ယပ်ခပ်ပြီး အချိန်သွားသည့် နေ့မျိုးတွေလည်း များလှပြီ။ သြော်.. ရက်စက်ပါ့ မီးရယ်။ EPC က ကိုကိုတွေများ အချောင်သဘောနဲ့ ဆီခိုးနေတာလားကွယ်။

မီးမလာတော့… စာမကျက်ချင်ဘူး။ မီးမွှေးရတာ ဒုက္ခရောက်တယ်။ မြန်မာပြည်မှာ မီးကို အားကိုးပြီး အလုပ်လုပ်လို့ မရမှန်းတော့ သိတာပေါ့ မီးရယ်။ ဒါပေမယ့် ခုဟာက လွန် လွန်း နေလို့ပါကွယ်။ အရင်တုန်းက ၁၁ နာရီလာ ၅ နာရီပြတ်ဆိုတဲ့ အချိန်မျိုးတွေ ရှိသေးတော့ မီးလာမယ့် အချိန်ကို မျှော်ရတာ အားရှိတာပေါ့။ မီးလာလို့ ကလေးတွေရဲ့ ဟေးးးးးးးးးး ခနဲ အော်သံကလည်း မင်္ဂလာရှိတဲ့ အသံပါပဲ မီးရယ်။ ခုတော့ မီးက လာချင်သလိုလာ.. ပြန်ချင်သလိုပြန်နဲ့ မီးကိုများ စောင့်နေရင် ဘ၀ပျက်သွားနိုင်တယ်။

မြန်မာပြည်မှာ နေမိမှတော့ မီးနဲ့ အချိန်တိုင်းဆုံခွင့် မရှိမှန်း နားလည်ပါတယ် မီးရယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်၊ လာချင်သလို လာနေတာမျိုးထက် စာရင် အရင်လိုမျိုး အချိန် အကန့် အသတ်လေးနဲ့ဖြစ်ဖြစ် လာပေးပါလားကွယ်။ အချိန်နဲ့မျှော်၊ အချိန်နဲ့ လုပ်ရတာဟာ.. မရေရာတဲ့ ဗလာသက်သက်ထက်စာရင် ကောင်းကျိုးတော့ ရှိသေးတယ် မဟုတ်လား။

မီးကို အရင်လိုအမြဲ ပြန်တွေ့ရဖို့ဆိုတာ ငါ့အတွက်တော့ အိပ်မက်မက်တာလောက်တောင် မသေချာတဲ့ ကိစ္စမျိုးပါလား မီးရယ်။

11 responses »

  1. Hello PK,

    It’s been a long time that i could not reach to your blog and now it seems much greater than before in WordPress.

    I m sorry to hear the worse electricity situation there and i wish this situation may overcome soonest!

  2. ကျွန်တော်လဲ အရင်ကဆို မီးပျက်ရင်အိပ် မီးလာမှ အိပ်ယာထပြီး လုပ်စရာလေးတွေလုပ်ခဲ့ရတယ်။ လွယ်ပါဘူးဗျာ။

  3. ဟုတ်ပါ့ စိတ်ကုန်တယ်
    တစ်နေ.တစ်နေ. မီးမလာလို. အိပ်နေရတာ မျက်နှာတောင် အစ်နေပြီ

  4. မီးက မလာတာ မဟုတ်ဘူးဗျ၊ ခဏခဏ လာနေတာ….။ သူအလာကောင်းလို့ မော်နီတာတောင် တစ်ခါလောင်ပြီး သွားပြီ… တစ်ခါလောက် လာရင် ကျေနပ်ပါပြီ။ ခဏခဏ မလာပါနဲ့ မီးရာ

  5. အဲဒါဆို နေ့အိပ်မက်က အညားကြီး ကံကောင်းတေးတာပေါ့…… ဒီမှာတော့ လာတာမှန်တယ်… အချိန်မှန်တာကို ပြောပါတယ်….. 😛

  6. မီးလား…….အမြဲတမ်း လောင်တယ်ဗျို့(ဟာ..မှားသွားလို့)
    အမြဲတမ်းလာတော့မှာပါ
    မန္တလေးမှာတော့ ကျွတ်တွေ ၀ယ်ထားပြီဗျို့…
    ရဲရွာရေလှောင်တမံ ကြီးပြီးသွားလို့လေ………

    ည..ညအိပ်ရင်တောင် ရွှေမန်းသားတွေက လည်ပင်းမှာ ကျွတ်စွပ်ပြီးအိပ်တယ်

    ရေကူးသင်တန်းတွေလည်း အလုပ်ဖြစ်တယ်ဆိုပဲ

Leave a comment