Endless Error

Standard

ဘလောဂ့်လည်း မရေးဘူး.. အသစ်လည်း မတင်ဘူးတဲ့.. ကျွန်မကို ပြောနေကြလေရဲ့။ တစ်ကယ်က ပိုစ့်တွေတင်ချင်ပါတယ်။ ရေးဖို့စဉ်းစားထားတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ.. ကော်နက်ရှင်က ပိုးစိုး ပက်စက်ကိုနှေးနေတာ… ဘာဆို ဘာမှကို လုပ်လို့မရဘူးလေ။ Google ပဲတက်ပြီး ကျန်တာ ဘာမှကို မတက်တာ။ Gmail ၀င်ဖို့အရေး F5 ကို အခါ 100 လောက်နှိပ်ပေးရလွန်းလို့ သူ့ခမျာလည်း တော်တော်နဲ့နေပြီ။ WordPress ကလည်း homepage ပဲတက်ပြီး Log in လည်းဝင်လိုက်ရော အယ်ရာတက်သွားရော။ ကျန်တဲ့ ကိုယ်ကြည့်နေကျ website တွေလည်း အကုန် Access Denied ဖြစ်ကုန်တော့တာပါပဲ။ ပုဂံနက်ကလူတွေလည်း ပြင်ရင်းများ ပိုပျက်သွားသလား မပြောတတ်ပါဘူးရှင်.. အစက ငါးရက်နဲ့ ပြင်ပြီးမယ်ပြောတာ သိတော်မူကြတဲ့အတိုင်း ဆယ်ရက်ဖြစ်သွားတယ်။ ဧပရယ် (၁) ရက်နေ့ ပြန်ကောင်းမယ် ပြောတာတောင် ဧပရယ်ဖူးလ် လုပ်တာ ဖြစ်ချင် ဖြစ်နေနိုင်တယ်။ မြန်မာပြည်မှာ နေရာက ဒါလည်း စိတ်ညစ်စရာ တစ်ခုကောင်းတယ်။

WordPress ကို ၀င်လိုက်တာနဲ့ အပေါ်မှာ မြင်ရသလိုမျိုး ဖြစ်သွားပါလေရဲ့။ ဒါတောင် Proxy ကျော်ပြီး ၀င်လာတာ။ ဘာပရောက်ဆီလဲဆိုတော့ အင်း မပြောတော့ပါဘူး။

Advertisements

5 responses »

  1. ကျွန်တော်ခွင့်ပြန်တုန်းကလဲကြုံခဲ့ဘူးလို့ ကိုယ်ချင်းစာပါသည်။

    strike

    ဆိုးလိုက်တာညီမရယ်

    strike တော်တော်စိတ်မကောင်းဖြစ်သွားတာဖြစ်နိုင်တယ်။ စကားလုံးတွေတောင် နူးညံ့လို့ ..

  2. ခုတော့ ၀င်လို့ ရသွားပြီကွယ် Strike ရယ် ပျော်လိုက်တာဆို.. အဟိ

  3. အချင်းချင်းပဲ ပြောနေတော့မှာလား?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s