April Fool

Standard

April (1) ရက်နေ့မှာ သူများကို အရူးလုပ်ရတာလည်း ပျော်စရာကောင်းတယ်။ ကိုယ့်ကို အရူးလုပ်ခံရတာလည်း အောင့်သက်သက်နဲ့ ခံရတယ်။ ဒီနှစ် ဧပရယ်လ်မှာ ကိုယ်တိုင်ပါဝင်စီစဉ်တဲ့ အရူးလုပ်ခြင်း အစီအစဉ်လေး ပေါက်သွားတာတော့ ပျော်တယ်။ (သူများကို အရူးလုပ်ရဖို့ဆို ပင့်ဂိုလ်းတို့ အဲလိုကြိုးစားတာ)။ All Channel က ကိုသီဟ နဲ့ပေါင်းပြီးတော့ All Channel ကနေ မြန်မာပြည်ကို အခမဲ့ ဖုန်းခေါ်နိုင်မယ့် ၀န်ဆောင်မှုကို စတင်နေပါပြီ ဆိုတဲ့ ကြေငြာချက်နဲ့ အရူးလုပ်ကြတာလေ။ ကျွန်မက ကြေငြာချက် ထုတ်ပေး၊ ကိုသီဟက April Fool ဆိုတဲ့ Message လေးပေါ်လာအောင် Program ရေးနဲ့ ကြိုးစားလိုက်ကြတာ ယူဇာ တော်တော်များများ ထိသွားတာပေါ့ရှင်။ ပျော်စေ ပျက်စေလုပ်တာမို့ အားလုံးကို ဒီကနေ အနူးအညွတ်တောင်းပန်ပါတယ်။

မနက်စောစော ရုံးရောက်ရောက်ချင်းမှာပဲ ကျွန်မလည်း အရူးလုပ်တာ ခံရတော့တာပါပဲ။ ကိုဂျွန်က ဖိုရမ်မှာ ပိုစ့်တစ်ခုတင်ထားတယ်။ အိုဘားမား လုပ်ကြံခံရတယ်တဲ့။ အမလေး အချစ်တော့ သွားပါပြီဆိုပြီး ဖွင့်ကြည့်လိုက်တာ.. ထိတော့တာပဲ။ နောက် ရုံးက ပရိုဂရမ်မာ တစ်ယောက်ကလည်း NASA reported about “Waters on Mars” ဆိုတဲ့ ခေါင်းစဉ်ကြီးတဲ့ ပိုစ့်တင်ပြီး Click here to see “How waters exist on Mars” တဲ့။ ယုံချင်စရာကြီးဆိုတော့လည်း သွားနှိပ်တာပေါ့။ ခံရပြန်တော့တာပါပဲရှင်။ နောက်တော့လည်း ဘယ်သူ ဘာလင့်ခ် ပို့ပို့ မနှိပ်ဘူး လို့ ဆုံးဖြတ်ပြီး တစ်ကယ် ဂျီတော့ပေါ်ကနေ လှမ်းပို့ကြတဲ့ လင့်တွေကို ကိုယ်မနှိပ်ပဲ သူများတွေကို သွားသွားပြီး ပေစ့်လုပ်လိုက်တာပေါ့။ ဟဲဟဲ ဖွင့်ကြည့်မိသူ ခံပေးရော့ပဲလေ။

ဒါနဲ့လည်း ပြီးပြီလားမှတ်တယ် မပြီးသေးဘူး။ အင်္ဂလန်က အင်မတန်ချစ်ရသော ကျဲကျဲပေါ့.. မေ့မေ့ရေ ကိုမျိုးသော်ကြီး မင်္ဂလာဆောင်တော့မယ် သိလားတဲ့။ ကိုမျိုးသော်ဆိုတာက ပဒုမ္မာဖိုရမ်က အက်ဒမင်ကြီးပါ။ ကိုမွန်းစတားကြီးလို့လည်း ခေါ်ကြတယ်လေ။ သူ့ကောင်မလေးနဲ့ လက်ထပ်မှာတဲ့။ ဧပရယ်လ်မှာ ကျမယ့် သူ့မွေးနေ့မှာပဲ လက်ထပ်ပွဲလုပ်မှာတဲ့။ မင်္ဂလာပွဲကိုတော့ စင်ကာပူမှာပဲ လုပ်မယ်ဆိုပြီး ပြောပါလေရော။ ကျဲကျဲက တစ်ခါမှ မနောက်ဖူးဘူး။ ဒါပေမယ့် သေချာအောင် ထပ်မေးလိုက်သေးတယ်။ ကျဲကျဲ ထက်ကို အရူးလုပ်တာတော့ မဟုတ်ပါဘူးနော ဆိုပြီးတော့။ မရွှေချောက ပြောသွားသေးတယ်.. အယ် ဒီနေ့ ဧပရယ်လ် (၁) ရက်နေ့ဆိုတာ မေ့မေ့ပြောမှ သတိရတယ် ကြည့်စမ်း တဲ့။ သူများက အကောင်းပြောတာကို သူက အရူးလုပ်လားလို့ မေးတယ် ဘာညာ ဆိုပြီး စိတ်ကောက်ပြတော့ ဒီကလည်း မယုံပဲ မနေနိုင်တော့ဘူးလေ။ ကျွန်မက ယုံလွယ်သူကြီးကိုရှင့်။ ဒါနဲ့ ကိုမျိုးသော်ကို ဂျီတော့ကနေပဲ လှမ်းမေးတော့ အရူးမ တဲ့။ ကောင်းရော။

ဧပရယ်လ်ဖူးလ်မှာ သူများကို အရူးလုပ်ရတာတော့ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံမဖြစ်စေဖို့တော့ လူတိုင်း သတိထားရမှာပေါ့နော်။

5 responses »

  1. အော်။ လက်စသတ်တော့ တရားခံက ဒီမှာကိုး။ အဲဒီလို သူများကို အရူးလုပ်တာတော့ ဘယ်ကောင်းမလဲ။ (မနေ့က ကျွန်တော့် ဘလော့ခ်မှာ ခံလိုက်ရတဲ့သူတွေ သာ အခုလို ရေးတာတွေ့ရင် ဝိုင်းမေတ္တာပို့ ကြမှာ သေချာတယ်။😀 )

  2. ဟုတ်ပါ့ ZT ဘလောဂ့်ကဆိုပြီး သတင်းကောင်းတွေ ရောက်လာသေးတယ်လေ.. သူလည်း လူဆိုးပေပဲ။

  3. မလေးတို့မြို့မှာ တနှစ်က အဆောက်အဦးဆောက်တာ မြေတူးရင်း ဒိုင်နိုဆော အရိုးကြီးပေါ်လာတယ် ကြည့်ချင်ရင် ဧပြီ၁ရက်နဲ့ ၂ရက်နေ့မှာ လာကြည့်လိုရတယ်ဆိုပြီး လူတွေကို စတာ လူတွေ အများကြီး ကြိတ်ကြိတ်တိုးသွားကြည့်ကြတယ်လေ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s