Leaving to Chaung Tha!

Standard

မနက်ဖြန်ဆို ချောင်းသာကို ရောက်နေတော့မယ်။ တွေးကြည့်လိုက်တာနဲ့ တော်တော်ပျော်တယ်။ ပြာလဲ့နေတဲ့ ရေပြင်ကြီးကို မြင်ရင် ခံစားရတဲ့ ခံစားမှုနဲ့ ဘာနဲ့မှ နှိုင်းလို့မရဘူး။ ကျွန်မက ကျွန်းပေါ်ကလာတဲ့ ကျွန်းသူမို့လို့လာတော့ မသိဘူး။ ပင်လယ်ကြီးကိုချစ်တယ်။ လှိုင်းသံကြားရင် ကချင်တယ်ဆိုတဲ့ ဖီလင်တွေဖြစ်တယ်။ ရခိုင်ကမ်းမြောင်ဒေသကပင်လယ်နဲ့ ဧရာဝတီတိုင်းက ပင်လယ်ကြီးကတော့ တူတူပဲ ဖြစ်မှာပါ။ သေသေချာချာအလှဆင်ထားတဲ့ ကမ်းခြေမျိုးကို ကျွန်မ ခုမှ သွားဖူးမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဆီမှာက သီးသန့်ပြုပြင်ထားတဲ့ ကမ်းခြေမျိုး မရှိဘူး။ သဘာဝအတိုင်း လှနေတဲ့ ပင်လယ်စပ်တွေဆီကိုပဲ ကမ်းခြေဆိုပြီး ပျော်ပွဲစားထွက်ရတာပေါ့။ ဟိုတယ်တွေ ဆောက်မထားတာကလွဲရင် ချောင်းသာတို့ ငပလီတို့နဲ့ မကွာပါဘူးရှင်။ အုန်းပင်တွေရယ် သဲဖြူဖြူတွေရယ် လှိုင်းလုံးကြီးတွေရယ်ဟာ ဒီအတိုင်းပါပဲ။ ကျွန်မက ရခိုင်သာဆိုတာ ငပလီကိုလည်း မရောက်ဖူးဘူးရှင့်။ ဘာပဲဖြစ်ဖြစ် ချောင်းသာကိုလိုက်ပို့ပေးတဲ့ ရုံးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်ဘာသာကိုယ် သွားဖို့ဆို ပိုက်ဆံတော်တော်ကုန်မှာ။ မနက်ဖြန်ဆို ပင့်ဂိုလ်းတို့ သောပြင်လွှတ်တဲ့ ရွှေပင့်ကူ ဖြစ်နေပြီပေါ့ရှင်။

မနေ့က ရုံးကလူတွေအားလုံး ရုံးက ဘုရားခန်းမှာပဲ ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့တယ်။ မပြစ်မှားအပ်သော ပုဂ္ဂိုလ်များပေါ့။ ဘုရားအစ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေအဆုံး မြင့်မြတ်သောသူတွေကို ကန်တော့လိုက်ရတော့ စိတ်ထဲမှာ ကြည်လင်လန်းဆန်းသွားတယ်။ နောက်လည်း ကန်တော့ဖြစ်အုံးမှာပါ။ အမှန်အတိုင်းဝန်ခံရရင် နေ့တိုင်းတော့ လုပ်ဖြစ်မယ် မထင်ဘူးရှင့်။ တစ်လ တစ်ခေါက်လောက်တော့ ပုံမှန်ကန်တော့ရမယ်။ ဒါကိုလည်း ရုံးကပဲ ဦးဆောင်ပြီး ရုံးက ဘုရားခန်းမှာပဲ လုပ်မှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်ထဲ လုပ်မှာထက်စာရင် ပျင်းနေမှာ မေ့နေမှာ မပူရတော့ဘူးပေါ့။

ကျွန်မတို့ရုံးက မနက်ဖြန်ကနေ စပိတ်ပြီ။ ဒီနေ့နောက်ဆုံးရက်အနေနဲ့ ရုံးမှာ မုန့်လုံးရေပေါ်အလုံး ပြိုင်ပွဲရှိတယ်။ ဒီနေ့ ဒီဘလောဂ့်ကိုဖတ်မိတဲ့သူတွေ လပြည့်ဝန်း ပလာဇာကို လာခဲ့ဖို့ ဖိတ်ပါတယ်ရှင်။ စတုဒီသာလည်း ကျွေးအုံးမှာဆိုတော့ လာခဲ့ဖို့ ကောင်းတာပေါ့နော်။ နောက်နေ့ဆိုရင်တော့ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူးရှင်။

ကဲ.. ဒီရက်ပိုင်းမှာ ကျွန်မလုပ်ဖြစ်တဲ့ ကုသိုလ်တွေ ပျော်ရွှင်မှုတွေကို အားလုံးနဲ့အတူ မျှဝေခံစားပါတယ်။ အားလုံးလည်း အမျှယူကြပါရှင်။

6 responses »

  1. မနက်တတည်က လာနေတာ ဝင်မရဘူး။ ခုမှဘဲရတော့တယ်။ ပိုပျော်ခဲ့ပါ ပိုပျော်ခဲ့ပါ။ ကမ်းသာယာကိုသွားတာမဟုတ်ဘူး. တစ်ချက်ခုတ်နှစ်ချက်ပြတ်။။ ဓါတ်ပုံတွေရိုက်ခဲ့နော့ ..။ ပြီးတော့လဲပြ။

  2. ရုံးပိတ်ရက်တွေ အများကြီးနော် ကောင်းထှာ။ ဒီမှာတော့ မရ။

  3. ဂူဂယ် အာ့သ်ကနေကြည့်လိုက်မယ်။
    ငါးခြောက်လှမ်းထားသလိုများ တွေ့ရမလား မသိဘူး။
    ပူက ပူပါဘိနဲ့။

  4. ဟား ဟား ဟား…ရေတော့လောင်းသွားပြီ့ဗျား……..ဗွမ်းးးးးးးးးး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s