First Day of Thingyan

Standard

ချောင်းသာကတော့ ပြန်ရောက်ပြီ.. အသားလေးတွေ နည်းနည်းမဲလာသည်.။ ပြန်ဖြူအောင် အိမ်တွင်း အောင်းရပေအုံးမည်။

ချောင်းသာမှာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ရေထဲမှာ စိမ်နေရတာ တစ်ကယ့်ကို ဇိမ်ပါပဲရှင်။ ဒါပေမယ့် ခရီးကကြမ်းတော့ သွားရတာ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။ နောက်မှ ချောင်းသာအကြောင်း သပ်သပ်ပို့စ်တင်ပြီး ပုံတွေပါ တင်ပေးပါအုံးမယ်။

ရန်ကုန်သင်္ကြန်ကတော့ ထုံးစံအတိုင်း ကဲသူကကဲ မူးသူကမူးနဲ့ အရောင်အသွေးစုံလင်လို့ပါပဲ။ လမ်းမ တစ်လျှောက်မှာ ရေပက်ခံကားတွေ ကနေ အော်သံ၊ သီချင်းဆိုသံတွေဟာ အရင်နှစ်တွေက သင်္ကြန်တွေ အတိုင်းဘာမှ မပြောင်းလဲပါဘူး။ ဘယ်နေရာမှာ ဘယ်လိုစည်တယ်ဆိုတာကတော့ ကျွန်မလည်း အပြင်မထွက်တော့ မပြောတတ်ဘူးရှင့်။ အင်းယားလမ်းတို့ ဘာတို့မှာတော့ အရင်အတိုင်းပဲ စည်မှာပါ။ စိုးဇေယျ ဘလောဂ့်မှာတော့ ပုံတွေ တင်ထားတာ တွေ့တယ်။ လူတိုင်းကတော့ သင်္ကြန်မှာကဲဖို့ အားခဲထားကြတာပဲလေ။ ကျွန်မကတော့ သင်္ကြန်မှာ လူတိုင်းကို ပျော်စေချင်တယ်။

သင်္ကြန် အကျနေ့မှာ ကျွန်မအဖို့တော့ ဘာမှ မထူးခြားပါဘူးရှင်။ မနက်က ငါးပါးသီလ ယူတယ်။ တစ်ကယ်က ရှစ်ပါးသီလ ယူမလို့ပဲ။ ဒါပေမယ့် အကုန်မရတဲ့အပြင် စာအုပ်မှာလည်း ရှာမတွေ့လို့ မယူဖြစ်လိုက်ဘူး။ ဒါကြောင့် အွန်လိုင်းတက်လာပြီး သူငယ်ချင်းတွေကို လိုက်မေးရသေးတယ်။ ခုတော့ ရှစ်ပါးသီလလည်း ရသွားပြီဆိုတော့ မနက်ဖြန် သီလယူဖို့ အသင့်ပဲပေါ့။

သင်္ကြန်မှာ ပျော်နိုင်ကြပါစေ.. ကောင်းမှုကုသိုလ်လည်း များများ ယူနိုင်ကြပါစေရှင်။

6 responses »

  1. စီပုံးမတွေ့လို့ ဒီမှာလာပက်သွားတယ် ဗွမ်းးးးး သင်္ကြန်မှာပျော်ရွှင်ပါစေ…

  2. ညီမလေးရေ မတွေ့တာတောင်ကြာပြီနော်.
    သင်္ကြန်မှာ ပျော်ရွှင်စွာနဲ့ ကုသိုလ်ယူနိုင်ပါစေ
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
    ရေလည်းလောင်းသွားတယ်နော်…

  3. အဲ ဥပုသ်သည်ကို ရေပက်နေကြတယ်တော့ ငရဲကတော့ ကြီးကြအုံးမယ် 😛

  4. သင်္ကြန်ရေလို အေးမြပါစေ
    မြန်မာပြည်သူများ သာယာဝပြောပါစေ
    ငြိမ်းချမ်းကြပါစေ
    ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

  5. ဖတ်လို့ကောင်းတယ်ဗျာ။ချောင်းသာဆိုတာဘယ်နားကမှန်းတောင်မသိတဲ့
    ဘ၀ပါဗျာ။သွားချင်စိတ်ကိုချက်ချင်းပေါက်သွားတယ်။သင်္ကြန်ဆိုတာလည်း
    ဘာမှန်းတောင်မသိလိုက်ပါဘူးဗျာ။

    နှစ်သစ်မှာပျော်ရွင်ပါစေ……

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s