Monthly Archives: May 2009

Examination!

Standard

စာမေးပွဲ ဖြေဖို့ စာကျက်ရမှာမို့ ဘလောဂ့်ကို 15 ရက်လောက်တော့ ပစ်ထားရလိမ့်မယ်ရှင့်။

ပြန်လာရင် ပိုစ့်တွေ အများကြီးတင်မယ်.. ဖတ်ဖို့ စောင့်နေကြပါနော်။

ဝတ္ထုလည်း ရေးထားပြီး လက်စမသတ်ရသေးတာ ရှိနေတယ်.. ပြန်လာမှ ရသပေါင်းစုံ ခံစားစေမယ်။

အားလုံး တာ့တာ ပါရှင်။.. သြော် နေအုံး မတာ့တာခင် လက်ဆောင် အနေနဲ့ ပိုစ့်လေး တစ်ခုလောက်တော့ ရေးခဲ့ပါအုံးမယ်။ မေလ်းကရတာကို ဘာသာပြန်ထားတာပါရှင်။

The Best Moment in Life

ချစ်ကျွမ်းဝင်တဲ့ အချိန်။

အစာအိမ်တွေ၊ အူတွေ နာတဲ့အထိ ရီနေရတဲ့အချိန်။

ကျေးလက်ဘက်ကို ကားမောင်းထွက်ရတဲ့ အချိန်။

ကိုယ်နှစ်သက်တဲ့ သီချင်းကို ရေဒီယိုမှာ နားသောတဆင်ရတဲ့ အချိန်။

မိုးစက်ကျသံတွေကို နားစွင့်ရင်း အိပ်ရာဝင်ရတဲ့ အချန်။

ရေချိုးပြီးလို့ ခန္ဓာကိုယ်ကို အမွေးထူထူ၊ ခပ်နွေးနွေးတံဘက်တစ်ထည်နဲ့ လွှမ်းခြုံရတဲ့ အချိန်။

စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့အချိန်။

ဆွေးနွေးပွဲတွေနဲ့ စကားဝိုင်းတွေမှာ ကိုယ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ရတဲ့အချိန်။

အင်္ကျီအဟောင်းတွေကနေ မထင်မှတ်ပဲ ပိုက်ဆံရှာတွေ့တဲ့အချိန်။

ကိုယ့်ဟာကိုယ် ရီချင်နေတဲ့အချိန်။

ကိုယ့်ကို ချီးကျုးနေကြတာကို အမှတ်မထင် ကြားရတဲ့အချိန်။

နေ၀င်ချိန်ကို စောင့်ကြည့်ရတဲ့ အချိန်။

ကိုယ့်ဘ၀ရဲ့ အရေးအပါဆုံး လူ တစ်ယောက်ကို သတိရစေမယ့် သီချင်းတစ်ပုဒ်ကို ကြားရတဲ့ အချိန်။

ပထမဆုံး အနမ်းပွင့်ခြွေတဲ့ အချိန်။

ကိုယ့်ရဲ့ တစ်စုံတစ်ယောက်သောသူကို တွေ့ရတဲ့အချိန်မှာ တစ်ကိုယ်လုံးတုန်တဲ့အထိ ရင်ခုန်တဲ့အချိန်။

သူငယ်ချင်းတွေနဲ့ နေရတဲ့အချိန်။

ကိုယ်ချစ်တဲ့သူတစ်ယောက် ပျော်နေတာကို မြင်ရတဲ့အချိန်။

ကိုယ်နှစ်သက်တဲ့၊ ချစ်တဲ့သူတစ်ယောက်ရဲ့ အင်္ကျီကို ၀တ်ရတဲ့အချိန်နဲ့ သူ့ရဲ့ရေမွှေးကို ဆွတ်ရတဲ့အချိန်။

“သိပ်ချစ်တာပဲ” ဆိုတဲ့စကားကို ကြားရတာပဲဖြစ်ဖြစ်၊ ကိုယ်ကပြောရတာပဲဖြစ်ဖြစ် ရရှိတဲ့ အခိုက်အတန့်။

ရေးပြီးမှ ပြန်ဖတ်ကြည့်လိုက်တော့ ကျွန်မဟာ ဘ၀ရဲ့အကောင်းဆုံးပါဆိုတဲ့ အခိုက်အတန့်တွေကို အလုံးစုံအောင် မခံစားဖူးသေးပါလားရှင်။

Advertisements

Photos!

Standard

Photofunia မှာ သွား ကလိထားတဲ့ ပုံလေးတွေပါ.. ရောက်လာသူအပေါင်းကို အမြင်နဲ့ နှိပ်စက်ချင်တဲ့ စိတ်ပေါ်လာလို့ တင်ပေးလိုက်ပါတယ်ရှင့်။

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Portrait

Standard

ဒါက ကျွန်မရဲ့.. Original ပုံပါ..

Image Hosted by ImageShack.us

သူငယ်ချင်း မလေးမေက သူ့ရဲ့ အစွမ်းအစတွေနဲ့ ပြုပြင် ပြောင်းလဲပေးလိုက်တဲ့ အခါမှာတော့

Image Hosted by ImageShack.us

အပေါ်က ပုံလေးအတိုင်း ဖြစ်သွားတယ်… အရမ်းမိုက်တယ်နော်…။

ကျွန်မက ပန်းချီတွေကို ချစ်တယ်.. ကိုယ်တိုင်သာ ပန်းချီမဆွဲတတ်တာ.. ပန်းချီဆွဲတတ်တဲ့သူတွေကို အရမ်းလေးစားတယ်။ သူတို့ ဖန်တီးထားတဲ့ အနုပညာကို အားကျတယ်.. ခံစားတယ်။ အရောင်တွေ ပေါင်းစပ်မှုကို စိတ်ဝင်စားတယ်။ စုတ်ချက်တွေနဲ့ ဖန်တီးတဲ့ အနုပညာကိုသာမက ကွန်ပျူတာနဲ့လုပ်တဲ့ Digital Art ကိုလည်း အရမ်းကြိုက်တယ်။ ကျွန်မပုံတူကို ဆွဲပေးတဲ့ သူငယ်ချင်း မလေးမေ ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူက ပန်းချီဆရာမ တစ်ယောက်ပါ။ သူ ဖန်တီးထားတဲ့ ဖန်တီးချက်တွေကို Days of Demon Misty ဆိုတဲ့ ဘလောဂ့်လေးမှာ ခံစားနိုင်ပါတယ်ရှင်။

ကျွန်မလိုပဲ ကိုယ့်ရဲ့ပုံတူလေးတွေ ဖန်တီးဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်မ သူငယ်ချင်းကို ဆက်သွယ်လို့ရပါတယ်ရှင်။ ဈေးကလည်း အလွန်သက်သာပါတယ်။ မြန်မာငွေ နှစ်ထောင် ထဲရယ်ပါရှင်။

ကိုယ်တိုင်သိမ်းထားဖို့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ်၊ သူများတွေရဲ့ ပုံတူတွေကို သိမ်းထားချင်ရင်ပဲ ဖြစ်ဖြစ် မလေးမေကို ဆက်သွယ်နိုင်ကြပါတယ်ရှင်။

Losing of Blogging Mood!

Standard

ခုတစ်လော ဘလောဂ့်ရေးချင်စိတ်တွေ မ၀င်ဘူးဖြစ်နေတယ်။ ရေးမယ့်အကြောင်းအရာကိုလည်း စဉ်းစားလို့မရဘူး။ သူများတွေ ရေးတာကိုလည်း မဖတ်ချင်ဘူး။ နောက်ဆုံး ကိုယ့်ဘလောဂ့်တောင် ကိုယ်မ၀င်ချင်ဘူး။ ဘာကြောင့်မှတော့ မဟုတ်ဘူး အဓိက တရားခံက Face Book လေ။

ကျွန်မ အရင်တုန်းကတော့ Addicted to Twitter ဆိုတဲ့ Mood ၀င်တယ်။ ခုတော့ Addicted to Facebook ဖြစ်နေတယ်ရှင့်။ မိုးလင်းကနေ မိုးချုပ်ထိ Facebook မှာ ရှိနေဖြစ်ပါတယ်။ Blog ရေးစက ပိုးထသလိုပဲ။ အားနေရင် Facebook ကိုပဲ ၀င်ချင်နေတာ။ ဂျီတော့လည်း မ၀င်ဖြစ်တော့ဘူး။ ကိစ္စရှိရင်တော့ ခဏလေး ပြေးတက်ပါတယ်။ တစ်ကယ်တော့ Face Book မှာလည်း ဒီ ဘလောဂ့်ဂါတွေပဲ ရှိနေတာပဲ။ ဘလောဂ့်ရေးတဲ့ သူတွေအကုန်လုံးနဲ့ပဲ FB မှာ သူငယ်ချင်းတွေ ဖြစ်နေတာပါပဲ။ ဒါပေမယ့် ဘလောဂ့်ကို ခြေဦးကို မလှည့်ချင်ဘူး ဖြစ်နေတယ်။ ဒီပိုစ့်လေးကိုတောင် မနည်းကို mood သွင်းပြီး လာရေးရတာ။

ကျွန်မ Facebook ကို ပြင်းပြင်းထန်ထန် စွဲနေတာ နှစ်လလောက်ရှိပါပြီ။ သူ့ကိုကြိုက်ရတဲ့ အဓိကအကြောင်းက သူငယ်ချင်း အဟောင်းတွေကို ရှာလို့ရတယ်။ Micro Blogging လုပ်လို့ရတယ်။ ၀ါသနာပါရင် မာဖီယားတို့လို ဂိမ်းဆော့လို့ရတယ်။ အကြိုက်ဆုံးကတော့ Quiz တွေကို ဖြေလို့ရရုံတင်မကပဲ ကိုယ်တိုင်ပါ ဖန်တီးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ခုဆိုရင် မောင်လေးတစ်ယောက်ကတောင် ပြောတယ်.. ခေတ်မီသူတိုင်း FB မှာ “How much do you know about me?” Quiz ကို လုပ်ကြတယ်တဲ့။ ဟုတ်ပါ့ ကျွန်မတောင် “How much do you know about Pink Gold” ဆိုတဲ့ Quiz ကိုလုပ်ပြီး လူတိုင်းကို လိုက်ဖြေခိုင်းသေးတာပဲ။ နောက်တစ်ခုက အဲ့မှာ Chat လုပ်လို့လည်းရတဲ့အတွက် ဂျီတော့ဖက်ကို ခြေဦးမလှည့်ဖြစ်တာပါ။ တော်တော်များများကလည်း ပြောပါတယ်။ FB ကို ၀င်မိရင်၊ မာဖီးယား ဆော့မိရင် ထွက်မရတော့ဘူးတဲ့။ ကျွန်မလည်း ထွက်မရတော့ပါဘူးရှင်။ I’m ever online with Face Book ဖြစ်နေပါတယ်။

ဂျီတော့မှာ စတေးတပ် တင်သလို Facebook မှာလည်း စတေးတပ်တင်၊ သူများစတေးတပ်တွေကို comment တွေလိုက်ပေး၊ လျှောက်နောက်။ ကိုယ့်စတေးတပ်ကို လာနောက်ကြရင်လည်း ပြောချင်တာတွေ ပြနပြော။ ဖိုတိုတွေ၊ ဗီဒီယိုဖိုလ်တွေကို Upload လုပ်နိုင်တာလည်း အားသာချက်တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒီပိုစ့်ကို ဖတ်မိတဲ့သူတွေထဲမှာ FB က လူတွေပါခဲ့ရင်၊ ကျွန်မနဲ့လည်း သူငယ်ချင်း မဖြစ်သေးရင် အက် လိုက်လို့ရပါတယ်။ Pink Gold ဆိုတဲ့ နာမည်ကိုရှာလို့လည်း ရနိုင်သလို cuttiepinkgold@googlemail.com ကိုလည်း invite လုပ်နိုင်ပါတယ်ရှင်။

History of Mascara

Standard

Image Hosted by ImageShack.us

The History of Mascara: Ancient Beauty

အီဂျစ်လူမျိုးတွေဟာ မျက်တောင်ကော့တဲ့ ပစ္စည်းတွေကို အစောဆုံးသုံးတဲ့သူတွေ ဖြစ်ပါတယ်။ ဘီစီ ၃၄၀၀ လောက်ကတည်းက စတင်သုံးစွဲခဲ့ကြတာဖြစ်ပြီး ဆင်စွယ်တွေကို မျက်တောင်ကော့ဖို့ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မျက်တောင်ကော့စေဖို့အတွက် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကတော့ မီးကျောင်းချေးရယ်၊ ပျားရည်ရယ်၊ ရေ ရယ်ကို ရောစပ်ခဲ့ကြတာ ဖြစ်ပါတယ်ရှင်။ အီဂျစ်လူမျိုးတွေဟာ သူတို့မျက်ခမ်းတွေကို လိုင်နာဆွဲတဲ့အခါ ကာချယ်ကို အသုံးပြုလေ့ရှိပါတယ်။ သူတို့တွေ ယုံကြည်တာက မျက်လုံးတွေဟာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေဖြစ်ပြီး နတ်ဆိုးမိတ္ဆာတွေရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို တားဆီးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်တဲ့ရှင်။ အီဂျစ်ယောင်္ကျားတွေလည်း မိန်းမတွေနည်းတူ မျက်တောင်တွေ ကော့ကြပါတယ်။ ရှေးခေတ်အီဂျစ် မင်းသမီးဖြစ်တဲ့ ကလီယိုပါထရာကတော့ မျက်တောင်ကော့ဆေးတွေနဲ့ ခန္ဒာကိုယ်မှာ ဆေးခြယ်တာတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ရော၊ အခမ်းအနားပွဲတွေအတွက်ကော၊ စစ်ပွဲတွေအတွက်ကော၊ ဈာပန အခမ်းအနားတွေအတွက်ပါ ပြုလုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

The Birth of the First Mascara Product

၁၈၇၂ ခုနှစ်လောက်မှာ ရေနံဂျယ်လီကို mascara တွေတီထွင်ဖို့အတွက် အရေးအပါဆုံး ပစ္စည်းတစ်မျိုးအနေနဲ့ သိသိသာသာကို အသုံးပြုလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို mascara အတွက်ရောစပ်အသုံးပြုဖို့ စမ်းသပ်ခဲ့တာကတော့ နှစ်အတော်လေးကို ကြာခဲ့ပါတယ်။ Maybelline Cosmetic ကို တည်ထောင်ခဲ့တဲ့သူဖြစ်တဲ့ Eugene Rimmel က ၁၉၁၇ ခုနှစ်မှာ ပထမဦးဆုံး လှပစွာ ထုပ်ပိုးထားတဲ့ ရောင်းတန်းဝင် mascara ကို စတင်တီထွင်ခဲ့ပါတယ်။

Waterproof Mascara

ရေစိုခံတဲ့ မျက်တောင်ကော့ဆေးတွေသာ မရှိဘူးဆိုရင် ကျွန်မတို့ ဘာလုပ်ကြမှာလဲ။ မျက်တောင်ကော့ဆေးတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ အမျိုးသမီးတွေကတော့ ဒီလို အမျိုးအစားကို သူတို့ရဲ့ လက်ထပ်ပွဲတွေမှာ၊ တစ်ခြားသော မျက်ရည်လည်ရတဲ့ အခမ်းအနားမျိုးတွေမှာ အသုံးပြုရမှာပါ။ ၁၉၃၈ ခုနှစ်မှာ ရေစိုခံ မျက်တောင်ကော့ဆေးကို စတင်တီထွင်ခဲ့ပြီး တာပင်တိုင်ကို အဓိကအသုံးပြုခဲ့ပါတယ်တဲ့။ ဒီပစ္စည်းတွေဟာ အရေပြားယားယံမှုကို ဖြစ်စေပြီး အနံ့အသက်ကလည်း အတော်လေးကို ဆိုးဝါးပါတယ်။ ရေဆေးလိုက်တဲ့ အချိန်မှာတောင် မျက်တောင်မွေးတွေ ကျွတ်ထွက်တာမျိုး ကြုံရပါတယ်။ နောက်ဆုံးမှာတော့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်တဲ့ ရေစိုခံ မျက်တောင်ကော့ဆေးကို ၁၉၆၀ ခုနှစ်များမှာ တီထွင်နိုင်ခဲ့ပါတယ်တဲ့ရှင်။

Why We Wear Mascara

သင့်တော်တဲ့ မျက်တောင်ကော့ဆေးကိုသာ အသုံးပြုမယ်ဆိုရင် သင့်ရဲ့ အလှအပကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မျက်တောင်တွေဟာ နည်းပါးပြီး ကျဲတောက်တောက်ဖြစ်နေခဲ့ရင်တောင် Read the rest of this entry

10 Persons Who I wanna meet most!

Standard

သူငယ်ချင်း မီးလေးဇာဆိုတာ အွန်လိုင်းပေါ်က ကျွန်မနဲ့ အတော်လေးကိုခင်တဲ့ ဖက်တီးမလေးပါ။ သူဘလောဂ့်မရေးခင်ကတည်း ကျွန်မရဲ့ ဘလောဂ့်ကိုဖတ်ပြီး ကျွန်မရဲ့ ဘလောဂ့်ရီဒါတစ်ယောက်အဖြစ် အရမ်းကို ခင်ခဲ့ကြတဲ့ သူပေါ့။ ခုတော့ သူလည်း ဘလောဂ့်ဂါကြီးဖြစ်လာ.. အပေါင်းအသင်းတွေလည်း များလာပေမယ့် ကျွန်နဲ့ ခင်မြဲ ခင်ဆဲ ချစ်စရာ သူငယ်ချင်း တစ်ယောက်ပေါ့။ ဆိုးတာတစ်ခုတော့ ရှိတယ်ရှင့်.. သူ့ကို လူတကာ တဂ်လုပ်တဲ့ ပိုစ့်တွေကို ရေးပြီး အပုဒ်တိုင်းကိုလည်း ကျွန်မကို ပြန်ပြန် တဂ်တတ်တာလေ။ ခုလည်း အတွေ့ချင်ဆုံးလူ (၁၀)ယောက်ဆိုပြီး ရေးလာခိုင်းပြန်တော့ ကျွန်မလည်း လက်ကလေးပြန်လှုပ်ရတာပေါ့ရှင့်။

လူဖြစ်ရတဲ့ အခိုက်မှာ တွေ့ရတဲ့ သူတွေအားလုံးဟာ ရှေးဘ၀က ရေစက်ကြောင့်ပဲလို့ ကျွန်မ မှတ်ယူပါတယ်။ အရင့် အရင်ဖြစ်လာခဲ့သမျှ ဘ၀တွေက ကောင်းမှုကုသိုလ်တွေ အတူတူလုပ်ခွင့် ကြုံခဲ့လို့ ဒီဘ၀မှာလည်း ကလျာဏမိတ်ဆွေများ အဖြစ်နဲ့ ပြန်လည်တွေ့ဆုံကြရတာကြောင့် တွေ့ရတဲ့ သူတိုင်းကို ကျွန်မ ခင်ခင်မင်မင် ပေါင်းသင်းပါတယ်။ တတ်အားသလောက် ကူညီပေးပါတယ်။ ဒီလို ရေစက်ကြောင့် တွေ့ရတဲ့ သူများရှိသလို မီးစက်ကြောင့် တွေ့ရတဲ့ သူများလည်း ရှိပါတယ်ရှင်။ ဒါကတော့ တစ်ခြားမဟုတ်ပါဘူး.. အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်းများပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ မြန်မာပြည်မှာက တစ်ခြားနိုင်ငံများမှာလို မီးမှန်မှန်လာတာ မဟုတ်ဘူးလေ။ အင်တာနက်ကို ကိုယ်တက်ချင်တဲ့ အချိန်မှာတက်ပြီး အွန်လိုင်းမှာ ကိုယ်တွေ့ချင် ပွားချင်သောသူများတဲ့ ပွားများနိုင်ဖို့က မီးစက်မောင်းမှ အလုပ်ဖြစ်တာကိုးရှင့်။ ဒါကြောင့် ကျွန်မအတွက်တော့ အွန်လိုင်းပေါ်က သူငယ်ချင်းများဟာ မီးစက်ကြောင့် တွေ့ရသူများလို့ မှတ်ယူပါတယ်။

ရေစက်ကြောင့်ကော မီးစက်ကြောင့်ကော ကြုံခွင့် ဆုံခွင့်ရတဲ့ သူတွေအကုန်လုံးကို ကျွန်မ ကြုံချင် ဆုံချင်ပါတယ်။ တွေ့ဖူးပြီးသားသူတွေကိုသာမက မတွေ့ရသေးတဲ့ သူတွေကိုလည်း ကျွန်မ တွေ့ချင် မြင်ချင်ပါတယ်။ ခက်တာက ဆယ်ယောက်ပဲ ရေးရမယ်ဆိုတော့ ကျွန်မအနေနဲ့ ရေးဖို့က အခက်ကြုံရပြန်ပါတယ်။ တစ်ချို့တွေက ဘလောဂ့်ဂါတွေကိုချည်းပဲ ရွေးထုတ်ပြီး တွေ့ချင်တဲ့သူတွေကို ဖော်ပြကြသလို၊ တစ်ချို့တွေကလည်း ဘလောဂ့်ဂါရယ် ဘာရယ်လို့ မဟုတ်ပဲ ကိုယ်တစ်ကယ် တွေ့ချင်တဲ့သူတွေကို ရေးထားကြတာ ကျွန်မဖတ်ရပါတယ်။ ကျွန်မအနေနဲ့ အားလုံးကို တွေ့ချင်ပေမယ့်လည်း အတွေ့တကာ့ အတွေ့ချင်ဆုံးသူ ဆယ်ယောက်ကို ရွေးထုတ် ဖော်ပြချင်ပါတယ်။ မီးလေးကိုတော့ နဂိုကတည်းက တွေ့ချင်ပြီးသားမို့ စရင်းထဲ မထည့်တော့ပါဘူး။ မီးလေး + ဆယ်ယောက်ပေါ့နော်။ ဘလောဂ့်လောကမှာတော့ ကျွန်မတွေ့ဖူးတဲ့သူတွေ တော်တော်များတယ်ရှင့်။ ရန်ကုန်ကလူတွေလည်း အားနေရင် တွေ့နေကြ၊ အချင်းချင်းချိန်းပြီး တစ်ခုခုလုပ်လိုက်ကြ၊ စီမီနာတွေ လုပ်လိုက်ကြဆိုတော့ ကျွန်မအနေနဲ့ ဘလောဂ့်ဂါ တော်တော်များများကို တွေ့ဖူးပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ ဘလောဂ့်ဂါတွေဆိုရင်လည်း ရန်ကုန်ရောက်ရင် တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်ဆိုတော့ ကျွန်မ မတွေ့ဖူးသေးတဲ့ အရမ်းလည်း တွေ့ဖူးချင်တဲ့သူ ဆယ်ယောက်ကတော့ လာပါပြီရှင်….။

1. Barack Obama

အိုဘားမားကို တွေ့ဖူးချင်တယ်ဆိုတာ မဖြစ်နိုင်ပေမယ့် တစ်ကယ့်ရင်ထဲမှာ ရှိတဲ့အတိုင်းကို ပြောလိုက်တာပါ။ လူငယ်တွေရဲ့ ဟီးရိုးဖြစ်သလို ကျွန်မအတွက်လည်း သူက ဟီးရိုးပါပဲ။ 2008 ခုနှစ်ရဲ့ ပြောင်းလဲမှုတွေထဲက အကြီးမားဆုံး ပြောင်းလဲမှုဟာ အိုဘားမးပါလို့ ပြောရင်လည်း မမှားဘူး မဟုတ်လားရှင်။ လေဖမ်းပြီး ဒန်းစီးချင်တယ်ပဲ ပြောပြော ကျွန်မကတော့ အိုဘားမားကို အမှန်ကို တွေ့ချင်တာပါ

2. Ko Htike

ကိုထိုက် ကို တွေ့ချင်တယ်ဆိုလို့ တစ်မျိုးတော့ ဖြစ်မသွားကြပါနဲ.။ ကိုထိုက်နဲ့ ကျွန်မက 2006 ခုနှစ်လောက်ကတည်းက သူရော ကျွန်မပါ ဘလောဂ့်မရေးခင် အချိန်ကတည်းက ဖိုရမ်တစ်ခုမှာ ခင်မင်လာခဲ့ကြတဲ့သူတွေပါ။ အခုအချိန်ထိလည်း အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ရှိနေကြတုန်းပါပဲ။ တစ်နေ့နေ့တော့ ဖြစ်လာမယ် ထင်ပါရဲ့။

3. ပန်ဒိုရာ

ဘလောဂ့်လောကမှာ ကျွန်မခင်ရတဲ့ အမ လေးယောက်ရှိတယ်ရှင့်။ မပန်၊ မဂျစ်၊ မမီ၊ မခွန်မြလှိုင်တို့ပါပဲ။ သူတို့တွေ ရေးတဲ့စာကိုဖတ်ပြီး အတွေးအမြင်တွေ ပွင့်လာရသလို ကျွန်မချစ်ပြီး လေးစားရတဲ့ အမတွေပါ။ ကျွန်မတို့တွေဟာ ဂျီတော့ပေါ်မှာ အရည်မရ အဖတ်မရတွေကော အရည်ကော အဖတ်ပါ ရတဲ့အကြောင်းအရာတွေ တော်တော်များများကို ပြောဖြစ်ခဲ့ကြပါတယ်။ မပန် ဟိုတစ်လောက် မြန်မာပြည် လာသွားပေမယ့် တွေ့ခွင့်မကြုံလိုက်ပါဘူးရှင်။ ကျွန်မကို မပန် လက်ဆောင်ပေးထားတဲ့ မီးချောင်းရုပ်ကလေးနဲ့ Key Chain လေးကိုလည်း ကျွန်မ ခုချိန်ထိ သိမ်းထားတုန်းပါပဲ။

4. မဂျစ်တူး

ဘလောဂ့်လောကမှာ ကျွန်မအတွက် ၀မ်းနည်းစရာ အရာတွေထဲက တစ်ခုကို ပြောပါဆိုရင် မဂျစ် တစ်ယောက် ဘလောဂ့်ရေးခြင်းကို ရပ်နားလိုက်တာလည်း တစ်ခုအပါအ၀င်ပါပဲလို့ ပြောပါရစေရှင်။ ကျွန်မကိုလည်း ညီမလိုချစ်တဲ့ ကျွန်မကလည်း အစ်မတစ်ယောက်လို ပြန်ချစ်တဲ့ မဂျစ်ကို ဘလောဂ့်ဆက်ရေးစေချင်သေးတာ မှန်ပေမယ့် သူအလုပ်အင်မတန်များတာကြောင့် ရပ်နားလိုက်ရတာကိုတော့ ကျွန်မတို့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ မဂျစ်ရဲ့စာတွေဟာ လူငယ်တွေအတွက် တစ်ကယ့်ကို ကောင်းတဲ့စာတွေဖြစ်ပါတယ်။ ကျွန်မသူ့ကို တွေ့ခွင့်ရရင် တွေ့ချင်ပါတယ်ရှင်။

5. မခွန်မြလှိုင်

သူကတော့ ကျွန်မနဲ့ ညီအစ်မလိုကော သူငယ်ချင်းလိုကော ပေါင်းတဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့ လိုအပ်ချက်တွေကိုလည်း အမြဲထောက်ပြတတ်တဲ့ စေတနာကောင်းတဲ့ အမတစ်ယောက်ပါရှင်။ အခုတော့ ချင်းမိုင်မှာ သူ့ချစ်တဲ့ သမီးလေးနဲ့ ပျော်နေလေရဲ့။ ကျွန်မတို့တွေ ရေစက်ကော မီးစက်ကောရှိရင် တစ်နေ့နေ့တော့ တွေ့ရမှာပေါ အမရယ်။

6. ကိုကောင်းကင်ကို

လေပြင်းတွေ ခြွေလာလို့ သေမင်းဆီ ငါကြွေသွားရင်တောင် ကဗျာတွေကို စုပ်ခဲ့တဲ့နှုတ်ခမ်းနဲ့ ကမ္ဘာမြေကိုနုတ်ဆက်နမ်းခဲ့မယ်ဆိုတဲ့ မိတ်ဆက်စာသားနဲ့ အလန်းဆုံး ကဗျာစာသားတွေကို ရေးဖွဲ့ပေးနေသူပေါ့ရှင်။ ဘန်ကောက်ရောက်ရင် ဘီယာတူတူသောက်ကြမယ်လို့တော့ စကားခံထားတာပဲရှင့်။ တစ်ကယ်တွေ့လို့ ထွက်ပြေးရင်တော့ မပြောတတ်ဘူး။ ဘလောဂ့်ပေါ်က ကျွန်မရဲ့ အကိုတစ်ယောက်ပါ။

7. ကိုလူအေး

သူ့ကတော့ ကျွန်မရဲ့ မျိုးတူအကိုပါ။ ရခိုင်အချင်းချင်းမို့ ရိုင်းပင်းကြပါတယ်။ ယောင်္ကျားများ ယူမနေပါနဲ့ ပင့်ကူရယ်။ ကလေးလိုချင်ရဲ့ အကိုမိန်းမယူပြီး ရလာမယ့် ညည်းရဲ့ တူတွေ တူမတွေကို လာထိမ်းလို့ ပြောပြောနေတတ်တယ်လေ။ မကြာသေးခင်ကမှ ဒေါ့ကွမ်းကြီး ၀ယ်ပြီး လာသမျှလူကို လိပ်စာပြောင်းပြီ လိပ်စာပြောင်းပြီလို့ လိုက်ကြွားနေတတ်တဲ့ လူကြီးပါရှင့်။

8. ကိုထွန်းတောက်နေ

ထွန်းတောက်နေ ဆိုတဲ့ နာမည်နဲ့ ဘလောဂ့်ရေးတဲ့ ရုပ်ဆိုးဆိုးအကိုကြီး တစ်ယောက်ပါ။ အလကား စတာပါ။ ရုပ်မဆိုးပါဘူး.. စိတ်နှလုံးကောင်းပြီး ခင်ဖို့အလွန်ကောင်းပါတယ်။ ခုတော့ ချင်းမိုင်မှာ ပုလင်းကိုင်နေတယ် ထင်ရဲ့။ အရက်လည်း အင်မတန်သောက်တာပေါ့ရှင်။ အကိုရေ.. အကိုနဲ့ ကျွန်မတွေ့တဲ့ နေ့ဟာ အကိုအသဲခြောက်ပြီး ဘ၀ပြောင်းတဲ့နေ့တော့ မဖြစ်ချင်ဘူးနော်(အလကား စတာပါ.. သူက စလို့ကောင်းတယ်လေ)။

9. Sunday

To My Dearest ဆိုတဲ့ ပိုစ့်ကို ဖတ်မိတဲ့သူတိုင်း ကျွန်မမှာ အခင်ဆုံး သူငယ်ချင်း လေးယောက်ရှိတာ သိကြမှာပါ။ အဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျစ် ဆန်းဒေးကိုတော့ ရင်ထဲ အသဲထဲကကို လှိုက်လှိုက်လှဲလှဲ နင့်နင့်သီးသီး တွေ့ချင်တာပါရှင်။ တစ်ကယ်ပါ။ သူနဲ့ တွေ့ဖြစ်ကြဖို့ ကျွန်မကို ၀ိုင်းဆုတောင်းပေးကြပါနော်။

10. ပါရမီ

The last, but not least ပါ ကျဲကျဲရေ။ အချစ်ဆုံး လေးယောက်ထဲက ကျွန်မနဲ့ မဆုံဖြစ်သေးတဲ့ အမပါ။ Padonma Forum က မော်ဒီရေတာ မမကြီးပေါ့။ ကျွန်မတို့ ငါးယောက်လုံးဆုံးနိုင်မယ့် နေ့ကလေးကို ရောက်လာဖို့ကလည်း ကျွန်မရဲ့ အတောင့်တဆုံး အိပ်မက်တွေထဲက တစ်ခုပါပဲရှင်။

ဆယ်ယောက်ပဲ ရေးခိုင်းလို့ပေါ့ရှင်။ မဟုတ်ရင်တော့ ကျွန်မ တွေ့ချင်တဲ့ သူတွေကို တွေ့ချင်သလောက်ကို ချရေးပစ်လိုက်အုံးမှာ။ ကိုရန်အောင်တို့၊ တစ်နိုင်ငံတည်းနေပြီး မတွေ့ဖြစ်ကြသေးတဲ့ လင်းဦးတို့၊ ကိုကြီးစေးထူးတို့ အို အများကြီး အများကြီး ကျန်နေသေးတာ။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ ဘလောဂ့်ဂါတွေ အကုန်လုံးစုပြီး Blogger Conference ကြီးတစ်ခုလောက် လုပ်ရရင် ကောင်းမယ်လို့တောင် မျှော်လင့်မိပါသေးရဲ့ရှင်။

The Nargis Nightmare!

Standard

နာဂစ်…. မနှစ်တုန်းက ဒီလိုအချိန်မှာ မုန်တိုင်းတိုက်မယ်လို့ ကြေငြာထားပေမယ့်.. ရာသီဥတုက သာယာနေတုန်းပဲ.. ညဘက်မှာတော့ နာဂစ်ဟာ တစ်ကယ်ပဲ ရောက်လာခဲ့ပြီး.. မြန်မာပြည်ကို ငရဲဘုံဖြစ်စေခဲ့တယ်။ လူ့အသက်တွေကို ခြွေယူခဲ့တယ်။ စည်းစိမ်တွေ ပြုတ်စေခဲ့တယ်။ ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေဟာ မြန်မာပြည်သားတွေရဲ့ ညတွေကို ခဏခဏ နှောင့်ယှက်ပြီး အထိတ်တလန့်နဲ့ နိုးထစေခဲ့တယ်။ ခုတော့ တစ်နှစ်တောင် ပြည့်သွားပါပြီကော။

မနှစ်တုန်းက မြင်တွေ့ရတဲ့ ရန်ကုန်ငရဲဘုံကို မျက်စိထဲက မထွက်သေးဘူး။ ကိုယ်တိုင်သွားရောက် လှူဒန်းခဲ့တဲ့ ဒေသတွေက ဆင်းရဲမှုတွေဟာ ကျွန်မကို ၀မ်းနည်းစေတုန်းပဲ။ အိမ်ယာမဲ့တွေရဲ့ သနားစရာ အဖြစ်တွေအတွက် ကြေကွဲမှုဟာ လတ်ဆတ်နေတုန်းပဲ။ ဖြစ်ပျက်ခဲ့သမျှတွေဟာ စေ့စေ့တွေးစရာမလိုပဲ ရေးရေး ထင်တုန်းပဲ။ ဒီတစ်သက် ဒါမျိုးအဖြစ်ဆိုးတွေ နောက်တစ်ခေါက် မလာပါနဲ့တော့။ မကြုံပါရစေနဲ့တော့။ နတ်ကောင်း နတ်မြတ်တွေ မြန်မာပြည်ကို သနားသဖြင့် စောင့်ရှောက်တော် မူကြပါ။

နာဂစ်ဒါဏ် ခံရသူတွေကို ကျွန်မတို့ လုပ်နိုင်သလောက်၊ တတ်နိုင်သလောက် ကူညီခွင့်ရခဲ့တယ်။ ဒုက္ခကြုံနေရသူတွေကို ကိုယ်တိုင်နှစ်သိမ့်ခွင့်ရခဲ့တယ်။ ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ စေတနာတွေကို သူတို့တွေ ရင်ဘတ်ထဲသို့ ကိုယ်တိုင် ထည့်သွင်းခဲ့ရခဲ့တယ်။ နာဂစ်ကြောင့်တွေ့တဲဒုက္ခ၊ နာဂစ်ကြောင့်ဖြစ်တဲ့ ၀မ်းနည်းမှု၊ နာဂစ်ကြောင့် ဖြစ်တဲ့ ဆုံးရှုံးမှုတွေဟာ ခုချိန်ထိ ပြန်လည်အစားထိုး ပြုပြင်ဖို့ အတော်ကြီးကို လိုအပ်နေပါသေးတယ်။ ဘာပဲပြောပြော နာဂစ်ရယ်… တွေးမိတိုင်း ဆို့တက်လာတဲ့ ၀မ်းနည်းမှုတွေဟာ ဒီတစ်သက်မှာတော့ ပျောက်နိုင်တော့မှာကို မဟုတ်တော့ပါဘူး။

နာဂစ်မှတ်တမ်းများ………… (ပုံများကို ဘာညာမှ ထောက်ပံ့ပါသည်)

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Related Link : One Day at Day Da Yea

Donation at Kun Chan Kone

Two Nights, Three Days Trip to Bogalay

Advantages of Nargis