History of Mascara

Standard

Image Hosted by ImageShack.us

The History of Mascara: Ancient Beauty

အီဂျစ်လူမျိုးတွေဟာ မျက်တောင်ကော့တဲ့ ပစ္စည်းတွေကို အစောဆုံးသုံးတဲ့သူတွေ ဖြစ်ပါတယ်။ ဘီစီ ၃၄၀၀ လောက်ကတည်းက စတင်သုံးစွဲခဲ့ကြတာဖြစ်ပြီး ဆင်စွယ်တွေကို မျက်တောင်ကော့ဖို့ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မျက်တောင်ကော့စေဖို့အတွက် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကတော့ မီးကျောင်းချေးရယ်၊ ပျားရည်ရယ်၊ ရေ ရယ်ကို ရောစပ်ခဲ့ကြတာ ဖြစ်ပါတယ်ရှင်။ အီဂျစ်လူမျိုးတွေဟာ သူတို့မျက်ခမ်းတွေကို လိုင်နာဆွဲတဲ့အခါ ကာချယ်ကို အသုံးပြုလေ့ရှိပါတယ်။ သူတို့တွေ ယုံကြည်တာက မျက်လုံးတွေဟာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေဖြစ်ပြီး နတ်ဆိုးမိတ္ဆာတွေရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို တားဆီးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်တဲ့ရှင်။ အီဂျစ်ယောင်္ကျားတွေလည်း မိန်းမတွေနည်းတူ မျက်တောင်တွေ ကော့ကြပါတယ်။ ရှေးခေတ်အီဂျစ် မင်းသမီးဖြစ်တဲ့ ကလီယိုပါထရာကတော့ မျက်တောင်ကော့ဆေးတွေနဲ့ ခန္ဒာကိုယ်မှာ ဆေးခြယ်တာတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ရော၊ အခမ်းအနားပွဲတွေအတွက်ကော၊ စစ်ပွဲတွေအတွက်ကော၊ ဈာပန အခမ်းအနားတွေအတွက်ပါ ပြုလုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

The Birth of the First Mascara Product

၁၈၇၂ ခုနှစ်လောက်မှာ ရေနံဂျယ်လီကို mascara တွေတီထွင်ဖို့အတွက် အရေးအပါဆုံး ပစ္စည်းတစ်မျိုးအနေနဲ့ သိသိသာသာကို အသုံးပြုလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို mascara အတွက်ရောစပ်အသုံးပြုဖို့ စမ်းသပ်ခဲ့တာကတော့ နှစ်အတော်လေးကို ကြာခဲ့ပါတယ်။ Maybelline Cosmetic ကို တည်ထောင်ခဲ့တဲ့သူဖြစ်တဲ့ Eugene Rimmel က ၁၉၁၇ ခုနှစ်မှာ ပထမဦးဆုံး လှပစွာ ထုပ်ပိုးထားတဲ့ ရောင်းတန်းဝင် mascara ကို စတင်တီထွင်ခဲ့ပါတယ်။

Waterproof Mascara

ရေစိုခံတဲ့ မျက်တောင်ကော့ဆေးတွေသာ မရှိဘူးဆိုရင် ကျွန်မတို့ ဘာလုပ်ကြမှာလဲ။ မျက်တောင်ကော့ဆေးတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ အမျိုးသမီးတွေကတော့ ဒီလို အမျိုးအစားကို သူတို့ရဲ့ လက်ထပ်ပွဲတွေမှာ၊ တစ်ခြားသော မျက်ရည်လည်ရတဲ့ အခမ်းအနားမျိုးတွေမှာ အသုံးပြုရမှာပါ။ ၁၉၃၈ ခုနှစ်မှာ ရေစိုခံ မျက်တောင်ကော့ဆေးကို စတင်တီထွင်ခဲ့ပြီး တာပင်တိုင်ကို အဓိကအသုံးပြုခဲ့ပါတယ်တဲ့။ ဒီပစ္စည်းတွေဟာ အရေပြားယားယံမှုကို ဖြစ်စေပြီး အနံ့အသက်ကလည်း အတော်လေးကို ဆိုးဝါးပါတယ်။ ရေဆေးလိုက်တဲ့ အချိန်မှာတောင် မျက်တောင်မွေးတွေ ကျွတ်ထွက်တာမျိုး ကြုံရပါတယ်။ နောက်ဆုံးမှာတော့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်တဲ့ ရေစိုခံ မျက်တောင်ကော့ဆေးကို ၁၉၆၀ ခုနှစ်များမှာ တီထွင်နိုင်ခဲ့ပါတယ်တဲ့ရှင်။

Why We Wear Mascara

သင့်တော်တဲ့ မျက်တောင်ကော့ဆေးကိုသာ အသုံးပြုမယ်ဆိုရင် သင့်ရဲ့ အလှအပကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မျက်တောင်တွေဟာ နည်းပါးပြီး ကျဲတောက်တောက်ဖြစ်နေခဲ့ရင်တောင် mascara တွေက အဲ့ဒါတွေကို ထူထဲ ကော့ပျံတဲ့ အသွင်ကို ပြောင်းလဲပေးစေနိုင်မှာပါ။ မျက်တောင်တွေဟာ တိုနေတယ်ဆိုရင်လည်း ကော့ဆေးတွေရဲ့ အစွမ်းနဲ့ အတိုင်းအဆမရှိ ရှည်ထွက်လာသယောင် ပြုပြင်နိုင်ပါသေးတယ်။ ကိုယ်နဲ့သင့်တော်တဲ့ mascara ကို ရှာမတွေ့ဘူးဆိုရင်တော့ တစ်ခုပြီး တစ်ခုစမ်းသုံးကြည့်ဖို့တော့ လိုပါလိမ့်မယ်။ ပြိုင်ဆိုင်မှုတွေ အရမ်းများပြား ပြင်းထန်လာတဲ့ ဒီနေ့ အလှကုန်ဈေးကွက်မှာ တီထွင်သူတွေကလည်း ပိုကောင်းတဲ့ မျက်တောင်ကော့ဆေးတွေကို စဉ်ဆက်မပြတ် တီထွင်နေတာမို့၊ ကိုယ်နဲ့ သင့်တော်မယ့် ပစ္စည်းလေးကို ရှာဖွေတွေ့ရှိနိုင်မှာပါရှင်။


Selecting a Mascara

mascara တွေ ၀ယ်တဲ့အခါ အရောင်မျိုးစုံ၊ တံဆိပ်မျိုးစုံ တွေ့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေရယ်၊ ကိုယ်တစ်ကယ် လိုအပ်နေတဲ့ အချက်တွေရယ်ပေါ်မှာ မူတည်ပြီး ရွေးချယ်ဝယ်ယူတတ်ဖို့ လိုပါတယ်။ ဘာကို ရွေးဝယ်ရမယ်မှန်း မသိဘူးဆိုရင်တော့ အနက်ရောင်ကိုသာ ၀ယ်လိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကော့ဆေးအကြည်တွေကတော့ သဘာဝအတိုင်း လှပနေစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ကော့ဆေးအကြည်ရောင်တွေဟာ မျက်ခုံးကိုလည်း ပိုလှအောင် အသုံးပြုပေးနိုင်ပါတယ်။ မျက်ခုံးမွေးတွေကို သေသပ်လှပစေဖို့အတွက် ကော့ဆေးတွေက စွမ်းဆောင်ပေးနိုင်မှာပါ။
အနက်ရောင်နဲ့ အညိုရောင် ကော့ဆေးတွေကတော့ ဈေးကွက်မှာ နာမည်အကြီးဆုံးတွေ ဖြစ်ပါတယ်။ အနက်ရောင်ဟာ လူတိုင်းနဲ့ လိုက်ဖက်မှုရှိပြီး အညိုရောင်ကတော့ အသားအရောင်း ရွေးပါတယ်။ ဒါပမေယ့် သဘာ အရမ်းကို ဆန်ပါတယ်ရှင်။ အပြာရောင်၊ ခရမ်းရောင်နဲ့ အခြားသော ကော့ဆေးအရောင်တွေလည်း မျိုးစုံရှိပါသေးတယ်။ ဒီလိုအရောင်တွေကတော့ ညပိုင်းပွဲတွေကို သွားတဲ့အခါ အသုံးပြုဖို့ ပိုမိုသင့်တော်ပါတယ်တဲ့ရှင်။ နေ့စဉ်သုံးဖို့အတွက်ကတော့ အမျိုးသမီးတော်တော်များများဟာ အနက်ရောင်ကိုပဲ ရွေးချယ်ဝယ်ယူကြပါတယ်။

Where to Buy Mascara

Mascara တွေကို စတိုးဆိုင်ကြီးတွေ၊ စူပါမားကတ်ကြီးတွေဝယ် ၀ယ်ယူရရှိနိုင်ပါတယ်။ ကိုယ်သုံးစွဲနိုင်တဲ့ ပိုက်ဆံ ပမာဏအပေါ်မှာ မူတည်ပြီး ရွေးချယ်ဝယ်ယူလို့ ရပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ ပစ္စည်းလေးကို ရရှိနိုင်ဖို့အတွက် အမျိုးအစားစုံအောင် စမ်းသပ်ကြည့်ဖို့လည်း လိုအပ်ပါတယ်ရှင်။
ကဲ Mascara တွေ ဘယ်လို ပြောင်းလဲ တိုးတက်လာသလဲဆိုတဲ့ မှတ်တမ်းလေးကိုလည်း တစ်ချက်ကြည့်လိုက်ရအောင်နော်….

3400–30 BC ရှေးခေတ် အီဂျစ်လူမျိုးတွေက မျက်တောင်ကော့ဆေးတွေအဖြစ် ကာချယ်ကို အသုံးပြုခဲ့ကြတယ်။ မျက်တောင်ကော့စေဖို့အတွက် မီးကျောင်းချေး၊ ပျားရည်၊ ကော့ပါး၊ ခဲ နဲ့ ရေတို့ကို ရောစပ်ပြီးတော့လည်း အသုံးပြုကြပါတယ်။ ဒါတွေကိုမျက်တောင်ပေါ်တင်ဖို့ အသုံးပြုခဲ့တာကတော့ ဆင်စွယ်တွေပဲ ဖြစ်ပါတယ်။

1830s ၀ိတိုရိယခေတ်ကလူတွေဟာ မျက်တောင်ကော့စေဖို့အတွက် ကြက်ဆူဆီတွေကို အသုံးပြုခဲ့ကြတယ်။ အလှအပနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကတော့ မျက်တောင်တွေကို ပိုမည်းနက်စေဖို့အတွက် မီးအိမ်ရဲ့ မီးခွက်ချေးကို လိမ်းဖို့ အကြံပြုခဲ့ပါသတဲ့ (ကြံကြံဖန်ဖန်နော်)။

1872 ရေနံဂျယ်လီဟာ မျက်တောင်ကော့ဆေးတွေ တီထွင်ဖို့ အကောင်းဆုံး ပစ္စည်းဆိုတာ တွေ့ရှိခဲ့ပါတယ်။

1917 မျက်တောင်ကော့ဆေးအမှုန့်ကို စတင်တီထွင်ပြီး မျက်တောင်ပေါ်မှာ လိမ်းဖို့အတွက် ရေဆွတ်ထားတဲ့ ဘရပ်ရှပ်လေးတွေကို အသုံးပြုပါတယ်။

1920s ရုပ်ရှင်မင်းသမီး Greta Garbo ကသူမရဲ့ ဖြူဆွတ်နေတဲ့ မျက်တောင်တွေကို mascara ကို အသုံးပြုပြီး မည်းနက်စေခဲ့ပါတယ်။ Marlene Dietrich နဲ့ Bette Davis တို့ကလည်း သူတို့ရဲ့ အလှအပအတွက် mascara တွေကို အတော်လေး အသုံးပြုခဲ့ပါတယ်။

1920s မိပ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Max Factor ဟာ သူ့ရဲ့ mascara ကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။ သူတီထွင်လိုက်တဲ့ ဆေးဟာ အပူနဲ့တွေ့တဲ့အခါ အရည်ပျော်ပြီး မျက်တောင်ကော့စေဖို့အတွက် မျက်တောင်တစ်ခုချင်းစီကို အပေါ်သို့ ကော့တင်ရပါတယ်။

1930s မျက်တောင်ကော့ဆေး အသုံးပြုတဲ့သူတွေက ထိပ်ပိုင်းမှာဘရပ်ရှ်ပါတဲ့ ဇာဂနာတွေကို တီထွင်ခဲ့ကြပြီး နောက်ပိုင်းမှာ ရေမြှပ်ပါတာတွေကိုလည်း အသုံးပြုလိုက်တော့ အရမ်းကို နာမည်ကြီးသွားတာပါပဲ။ ဒါပေမယ့် နှစ်ခုလုံးကတော့ ကိုင်တွယ် အသုံးပြုဖို့ ခက်ခဲပါတယ်။

1930s အလှကုန်ပစ္စည်းတွေအတွက် သေသေချာချာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မရှိသေးတာကြောင့် အဲ့ဒီတုန်းက mascara တွေမှာပါတဲ့ ရောင်ခြယ်ပစ္စည်းတစ်ချို့ဟာ အမျိုးသမီးတွေကို မျက်ကန်းတွေဖြစ်စေခဲ့ပါတယ်။

1938 ရေစိုခံမျက်တောင်ကော့ဆေးတွေကို စတင်အသုံးပြုလာကြပြီး မိန်းမတွေကလည်း ပိုလို့လှပလာကြတာပဲပေါ့။ ဒါပေမယ့် အရေပြားကို ယားယံစေတဲ့ ပြသနာကတော့ ရှိတုန်းပါပဲ။

1958 ဖောင်တိန်သဏ္ဍန် သေးသွယ်တဲ့ ခေတ်မီ mascara များကို စတင်ထုတ်လုပ်ပါတယ်။ မျက်တောင်ကော့ဆေးဟာ အရည်ဖြစ်ပြီး မျက်တောင်တွေကို ကော့စေဖို့ မြောင်းပါတဲ့စုတ်တံလေးတွေ ပါပါတယ်ရှင်။

1950s–1960s ရေနံဂျယ်လီကို အစားထိုးဖို့အတွက် စနစ်တကျတီထွင်လာတဲ့ mascara formula တွေကို စတင်ခဲ့ပါတယ်။

Early 1960s ရေစိုလည်းခံတဲ့၊ ရေနဲ့ဆေးရင်လည်း ရတဲ့ အန္တရာယ်ကင်းတဲ့ mascara တွေ ပေါ်ပေါက်လာပါတယ်။

Beyond Mascaras တွေ တိုးတက်သတက်ကို တိုးတက်လာပါတယ်။ အမျိုးအစားတွေကလည်းစုံ၊ အရောင်အသွေးကလည်းစုံ၊ ရွေးစရာတွေလည်း စုံလိုက်တာမှရှင်……….။

2 responses »

  1. တော်တော်လေ့လာထားပုံပဲ… နေ့အိပ်မက်တော့ အလှပြင်တဲ့ပစ္စည်း တစ်ခုမှစိတ်မ၀င်စားဘူး….😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s