Losing of Blogging Mood!

Standard

ခုတစ်လော ဘလောဂ့်ရေးချင်စိတ်တွေ မ၀င်ဘူးဖြစ်နေတယ်။ ရေးမယ့်အကြောင်းအရာကိုလည်း စဉ်းစားလို့မရဘူး။ သူများတွေ ရေးတာကိုလည်း မဖတ်ချင်ဘူး။ နောက်ဆုံး ကိုယ့်ဘလောဂ့်တောင် ကိုယ်မ၀င်ချင်ဘူး။ ဘာကြောင့်မှတော့ မဟုတ်ဘူး အဓိက တရားခံက Face Book လေ။

ကျွန်မ အရင်တုန်းကတော့ Addicted to Twitter ဆိုတဲ့ Mood ၀င်တယ်။ ခုတော့ Addicted to Facebook ဖြစ်နေတယ်ရှင့်။ မိုးလင်းကနေ မိုးချုပ်ထိ Facebook မှာ ရှိနေဖြစ်ပါတယ်။ Blog ရေးစက ပိုးထသလိုပဲ။ အားနေရင် Facebook ကိုပဲ ၀င်ချင်နေတာ။ ဂျီတော့လည်း မ၀င်ဖြစ်တော့ဘူး။ ကိစ္စရှိရင်တော့ ခဏလေး ပြေးတက်ပါတယ်။ တစ်ကယ်တော့ Face Book မှာလည်း ဒီ ဘလောဂ့်ဂါတွေပဲ ရှိနေတာပဲ။ ဘလောဂ့်ရေးတဲ့ သူတွေအကုန်လုံးနဲ့ပဲ FB မှာ သူငယ်ချင်းတွေ ဖြစ်နေတာပါပဲ။ ဒါပေမယ့် ဘလောဂ့်ကို ခြေဦးကို မလှည့်ချင်ဘူး ဖြစ်နေတယ်။ ဒီပိုစ့်လေးကိုတောင် မနည်းကို mood သွင်းပြီး လာရေးရတာ။

ကျွန်မ Facebook ကို ပြင်းပြင်းထန်ထန် စွဲနေတာ နှစ်လလောက်ရှိပါပြီ။ သူ့ကိုကြိုက်ရတဲ့ အဓိကအကြောင်းက သူငယ်ချင်း အဟောင်းတွေကို ရှာလို့ရတယ်။ Micro Blogging လုပ်လို့ရတယ်။ ၀ါသနာပါရင် မာဖီယားတို့လို ဂိမ်းဆော့လို့ရတယ်။ အကြိုက်ဆုံးကတော့ Quiz တွေကို ဖြေလို့ရရုံတင်မကပဲ ကိုယ်တိုင်ပါ ဖန်တီးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ခုဆိုရင် မောင်လေးတစ်ယောက်ကတောင် ပြောတယ်.. ခေတ်မီသူတိုင်း FB မှာ “How much do you know about me?” Quiz ကို လုပ်ကြတယ်တဲ့။ ဟုတ်ပါ့ ကျွန်မတောင် “How much do you know about Pink Gold” ဆိုတဲ့ Quiz ကိုလုပ်ပြီး လူတိုင်းကို လိုက်ဖြေခိုင်းသေးတာပဲ။ နောက်တစ်ခုက အဲ့မှာ Chat လုပ်လို့လည်းရတဲ့အတွက် ဂျီတော့ဖက်ကို ခြေဦးမလှည့်ဖြစ်တာပါ။ တော်တော်များများကလည်း ပြောပါတယ်။ FB ကို ၀င်မိရင်၊ မာဖီးယား ဆော့မိရင် ထွက်မရတော့ဘူးတဲ့။ ကျွန်မလည်း ထွက်မရတော့ပါဘူးရှင်။ I’m ever online with Face Book ဖြစ်နေပါတယ်။

ဂျီတော့မှာ စတေးတပ် တင်သလို Facebook မှာလည်း စတေးတပ်တင်၊ သူများစတေးတပ်တွေကို comment တွေလိုက်ပေး၊ လျှောက်နောက်။ ကိုယ့်စတေးတပ်ကို လာနောက်ကြရင်လည်း ပြောချင်တာတွေ ပြနပြော။ ဖိုတိုတွေ၊ ဗီဒီယိုဖိုလ်တွေကို Upload လုပ်နိုင်တာလည်း အားသာချက်တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒီပိုစ့်ကို ဖတ်မိတဲ့သူတွေထဲမှာ FB က လူတွေပါခဲ့ရင်၊ ကျွန်မနဲ့လည်း သူငယ်ချင်း မဖြစ်သေးရင် အက် လိုက်လို့ရပါတယ်။ Pink Gold ဆိုတဲ့ နာမည်ကိုရှာလို့လည်း ရနိုင်သလို cuttiepinkgold@googlemail.com ကိုလည်း invite လုပ်နိုင်ပါတယ်ရှင်။

11 responses »

  1. ဟုတ်ကဲ့ မမ.. မမနဲ့ မီးက နေရာတိုင်းမှာ သူငယ်ချင်း ဖြစ်ပြီးသား

    • ဘာမှ မလုပ်ပဲ ၀င်ရုံပဲ ၀င်လို့ ဖြစ်မှာပေါ့.. တစ်ခုခု လုပ်ကြည့်ပါလား စထရိုက် ၇ဲ့.. ထွက်မရအောင် ဖြစ်လိမ့်မယ်😀

      • လျှော့ပါကွယ်၊ကိုယ်တို့နဲ့ပဲနေပါ

      • ဟုတ်ကဲ့ ဟုတ်ကဲ့.. ဘလောဂ့်ကိုတော့ ဘယ်တော့မှ စိတ်မလျှော့ပါဘူး ကိုယ်တို့ရယ်.. အဟ

  2. အစက အိမ်အရောင်း အဝယ်လုပ်တယ်။ နောက်တော့ ကားပြိုင်မောင်းတယ်။ အခုတော့ သဉ္ဖာကောင်းမှုနဲ့ လယ်စိုက်နေတယ်။🙂
    Add လိုက်မယ်။

  3. ဟာ..ဟ ခုမှ အဖြစ်တူတွေ တွေ့နေတယ်.။ ကျွန်တော်လည်း ခု Facebook နဲ့ Twitter ကိုစွဲနေပြီ Twitter ကို ပိုစွဲနေတယ်..မ၀င်ရင်မနေနိုင်ဘူးလေ..။ What Men and Women Need? ဖတ်သွားဖြစ်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s