What Men and Women Need?

Standard

ချစ်သူတွေ အချင်းချင်းချစ်ခင်ကြတဲ့အခါ ချစ်ကြတာတွေအပြင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေ အများကြီး လိုအပ်ပါတယ်။ အချစ်ဆိုတာ ချစ်နေကြရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ပဲ အားကိုးယုံကြည်မှုတွေ၊ အပြန်အလှန် အားပေးနှစ်သိမ့်မှုတွေနဲ့ ပေါင်းစပ်မှသာ ပြီးပြည့်စုံတဲ့ အချစ်တစ်ခု၊ ခိုင်မာတဲ့ ချစ်ခြင်းတစ်ခုကို တည်ဆောက်နိုင်ကြမှာပါ။ ယောင်္ကျားနဲ့ မိန်းမ မတူညီတဲ့ ဆန့်ကျင်ဘက်နှစ်ယောက်ကြားမှာ မတူညီတဲ့ အချက်တွေလည်း အများကြီးရှိပါတယ်။ ဒီအချက်တွေကို နားလည်ထားရင်တော့ အလုံးစုံမဟုတ်ရင်တောင် အနည်းဆုံးတော့ ညှိနှိုင်းမှုတွေ ရယူနိုင်ကြမယ်ထင်ပါတယ်။ ကျွန်မဆို ယောင်္ကျားတွေကို နားကိုမလည်တာ။ သူတို့ မိန်းမတွေဆီက ဘာလိုချင်တာလဲ၊ မိန်းမတွေကို ဘယ်လိုမျိုးဖြစ်နေမှ သူတို့ကို ကျေနပ်စေမှာလဲ ဆိုတာတွေ အများကြီး တွေးဖူးတယ်။ ဒီလိုပါပဲ မိန်းမတွေက နားလည်ရခက်လိုက်တာ ဆိုပြီးပြောတဲ့ ယောင်္ကျားတွေကိုလည်း အများကြီး တွေ့ဖူးပါတယ်။ ကိုယ့်ချစ်သူကိုတောင် ကိုယ်နားမလည်ဘူးဆိုရင် ဒီနှစ်ယောက်က ဘ၀တစ်ခုကို ဘယ်လိုပေါင်းစပ်နိုင်မှာတဲ့လဲနော်။ သာယာပြီး ပြသနာ မများတဲ့ အချစ်တစ်ခုကို ရရှိနိုင်ဖို့အတွက် အောက်ပါ အချက်တွေက အများကြီး အကူအညီပေးနိုင်မယ် ထင်ပါတယ်ရှင်။

မိန်းမများ ရယူလိုတာတွေ
1) ဂရုစိုက်မှု
2) နားလည်မှု
3) လေးစားမှု
4) စွဲစွဲမြဲမြဲမြတ်နိုးမှု
5) တရားဝင် ခိုင်ခိုင်မာမာဖြစ်မှု
6) ကတိပြုမှု

ယောင်္ကျားများ ရယူလိုတာတွေ
1) ယုံကြည်ကိုးစားမှု
2) လက်ခံမှု
3) ကျေးဇူးတင်မှု
4) ချီးကျူးမှု
5) သဘောတူညီမှု
6) အားပေးအားမြှောက်ပြုမှု

1။ သူမက ဂရုစိုက်မှုကို လိုအပ်ပြီး သူက ယုံကြည်ကိုးစားမှုကို လိုအပ်တယ်

မိန်းမတစ်ယောက် ခံစားနေရတာတွေကို ယောင်္ကျားတစ်ယောက်က စိတ်ဝင်စားမယ်၊ သူမ စိတ်ချမ်းသာမှုအတွက် ယောင်္ကျားက စိတ်လိုလက်ရ ကြိုးစားပေးမယ်ဆိုရင် ငါ့ကိုချစ်တယ်၊ ငါ့ကိုဂရုစိုက်တယ်လို့ မိန်းမက မှတ်ယူသွားမှာပဲ။ ဒီလိုသာမှတ်ယူသွားပြီဆိုရင်တော့ မိန်းမရဲ့ ပထမဆုံး အခြေခံလိုအပ်ချက်အတွက် ယောင်္ကျားဘက်က အောင်အောင်မြင်မြင်ဖြည့်ဆည်းပေးလိုက်ပြီလို့ ပြောနိုင်ပါပြီ။ မိန်းမကလည်း သူ့အပေါ်ပိုပြီး ယုံကြည်စိတ်ချတော့မှာ ဖြစ်တယ်။ ယုံကြည်စိတ်ချပြီ ဆိုတဲ့နောက်မှာတော့ မိန်းမဟာ ပိုပွင့်လင်းလာတော့မှာ သေချာပါတယ်။ ပိုလက်ခံလာတော့မှာ သေချာပါတယ်။

မိန်းမက ပွင့်လင်းလာပြီ၊ ပိုလက်ခံလာပြီဆိုရင် ယောင်္ကျားက ငါ့ကိုတော့ ယုံကြည်ကိုးစားသွားပြီလို့ မှတ်ယူနိုင်ပြီပေါ့။ ယောင်္ကျားတစ်ယောက်ကို ယုံကြည်ကိုးစားတယ်ဆိုတာ ယောင်္ကျားက ငါ့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်၊ ငါ့အတွက်သူက အကောင်းဆုံးကို အလိုရှိနေတယ်လို့ ထစ်ထစ်ချတွက်ထားတဲ့ သဘောကို ဆောင်ပါတယ်။ မိန်းမရဲ့ တုန့်ပြန်မှုတွေမှာ သူ့ယောင်္ကျားရဲ့ စွမ်းရည်၊ သူ့ယောင်္ကျားရဲ့ ဂရုစိုက်မှုတွေကို လုံးဝ ယုံကြည်စိတ်ချနေတဲ့ ယောင်္ကျားဖြစ်သူရဲ့ အချစ်နဲ့ပတ်သက်တဲ့ ပထမဆုံးသော အခြေခံအချက်ဟာ ပြည့်ဝသွားပြီလို့ ယူဆဖြစ်သွားပါတယ်။

၂။ သူမက နားလည်မှုကိုလိုအပ်ပြီး သူကလက်ခံမှုကို လိုအပ်တယ်

ယောင်္ကျားက အဆုံးအဖြတ်တွေမချပဲ နားထောင်တဲ့အခါ၊ စာနာမှုနဲ့ နားထောင်ပေးတဲ့အခါ မိန်းမကလည်း ငါပြောတာတွေကို သူနားထောင်သားပဲ၊ ငါ့ကိုသူနားလည်သားပဲ လို့ခံစားသွားရမှာပါ။ မိန်းမက ဒီလိုသာခံစားသွားရပြီဆိုရင်တော့ ယောင်္ကျားလိုအပ်နေတဲ့ လက်ခံမှုကိုပေးဖို့ သူမ ၀န်မလေးတော့ပါဘူး။ ယောင်္ကျားဘက်က ငါ့ကိုလက်ခံသွားပြီလို့ ထင်လိုက်ပြီဆိုရင် နားထောင်ဖို့လည်း အပန်းကြီးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူမလိုအပ်နေတဲ့ သူမနဲ့ ထိုက်လည်းထိုက်တန်တဲ့ နားလည်မှုကို အလွယ်တကူ ပေးသွားတော့မှာပါ။

၃။ သူမက လေးစားမှုကိုလိုအပ်ပြီး သူက ကျေးဇူးတင်မှုကို လိုအပ်တယ

မိန်းမရဲ့ လိုအပ်မှုတွေ၊ အလိုဆန္ဒတွေ၊ အခွင့်အရေးတွေကို ယောင်္ကျားက အသိအမှတ်ပြုပုံမျိုး၊ ဦးစားပေးပုံမျိုးနဲ့ တုံ့ပြန်သမှု ပြုမယ်ဆိုရင် မိန်းမဟာ ငါ့ကိုလေးစားသားပဲလို့ ယူဆလိုက်တော့မှာပါ။ ဒီလိုသာ ယူဆလိုက်ပြီဆိုရင် ယောင်္ကျားလိုအပ်နေတဲ့ ကျေးဇူးတင်မှုကိုလည်း သူမကပေးဖို့ သိပ်ကိုလွယ်ကူသွားပါပြီ။ ယောင်္ကျားရဲ့ ကြိုးစားအားထုတ်မှုများနဲ့ အပြုအမူများကြောင့်ပေါ်ထွက်လာတဲ့ ကောင်းကျိုးတွေကို မိန်းမက ကောင်းကောင်းကြီးခံစားနေရကြောင်း သိသာပေါ်လွင်နေတဲ့အခါမှာ ယောင်္ကျားအနေနဲ့ ငါတော့ ကျေးဇူးတင်ခံနေရတာတော့ သေချာပြီ လို့ ကောက်ချက်ချနိုင်ပါပြီ။ အမှန်တော့ ကျေးဇူးတင်မှုဆိုတာ အထောက်အပံ့ခံရမှုအတွက် တုန့်ပြန်မှုပဲဖြစ်တယ်။ ငါ ကျေးဇူးတင်ခံရပြီလို့ ယောင်္ကျားက ထင်လိုက်ပြီဆိုရင် သူ့ကြိုးပမ်းအားထုတ်မှုတွေက အလကားမဖြစ်တော့ဘူးလို့ သဘောပိုက်လိုက်ပါတယ်။ သူ့ဘက်က ဆတန်ပိုးတိုးပြီး ကြိုးပမ်းအားထုတ်တော့မှာလည်း သေချာနေပါပြီ။ ယောင်္ကျားတစ်ယောက် ကျေးဇူးတင်ခံရပြီဆိုရင် သူ့မှာ စွမ်းရည်အထူးတွေ အလိုအလျောက်ရလာပါတယ်။ မိန်းမကို လေးစားလိုစိတ်တွေလည်း အလိုအလျောက် မြင့်တက်လာပါတယ်။

၎။ သူမက စွဲစွဲမြဲမြဲမြတ်နိုးမှုကို လိုလားပြီး သူက ချီးကျူးမှုကို လိုအပ်တယ်

ယောင်္ကျားက မိန်းမလိုအပ်မှုတွေကို ဦးစားပေးမယ်၊ သူမလိုအပ်သမျှတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖြည့်ဆည်းပေးမယ်ဆိုရင် မိန်းမတွေရဲ့ စတုတ္ထမြောက်လိုအပ်မှုဟာ ပြည့်ဝသွားပါပြီ။ ကြည်ညိုလေးစားခံရတယ်၊ အထူးဦးစားပေးတယ်လို့ ခံစားနေရရင် မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ လန်းစွင့်နေတော့တာပါပဲ။ ယောင်္ကျားက အခြားအရေးတွေ ဥပမာ – အလုပ်အကိုင်၊ လေ့လာစရာ၊ အပန်းဖြေမှုများထက်၊ မိန်းမအရေးတွေကို ဦးစားပေးရင် မိန်းမတွေက သိပ်ကိုကျေနပ်အားရ ဖြစ်ကြပါတယ်။ ငါ့ကို ပထမ နေရာမှားထားတယ်လို့ သိနေထင်နေတဲ့ မိန်းမတစ်ယောက်ဟာ ယောင်္ကျားကို ချီးကျူးဖို့ လုံးဝ လွယ်ကူနေပြီပေါ့။ အမှန်တော့ ယောင်္ကျားကို ချီးကျူးတယ်ဆိုတာ ယောင်္ကျားကို အံ့သြစရာအဖြစ်၊ ပျော်စရာအဖြစ် ကျေကျေနပ်နပ်သဘောတူစရာအဖြစ် မှတ်ယူထားခြင်းပဲ ဖြစ်ပါတယ်။

၅။ သူမက တရားဝင် ခိုင်ခိုင်မာမာဖြစ်မှုကို လိုလားပြီး၊ သူက သဘောတူညီမှုကို လိုအပ်တယ်

မိန်းမတစ်ယောက်ရဲ့ ခံစားမှုတွေကို အလိုဆန္ဒတွေကို ယောင်္ကျားက မကန့်ကွက်ဘူး၊ ခံစားသင့်တယ် အလိုဆန္ဒ ရှိသင့်တယ်လို့ ခိုင်ခိုင်မာမာလက်ခံပေးရင် ငါ့ကို တစ်ကယ်ချစ်တာပဲလို့ ထင်သွားမှာပါ။ ဒီလိုထင်သွားရင် မိန်းမရဲ့ ပဉ္စမမြောက်အခြေခံလိုအပ်ချက် ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။

၆။ သူမက ကတိပြုမှုကို လိုအပ်ပြီး၊ သူက အားပေးအားမြှောက်ပြုမှုကို လိုအပ်တယ်

ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ လေးစားမှုတွေ၊ ခိုင်မာမှုတွေ၊ မြတ်နိုးမှုတွေကို ယောင်္ကျားဘက်က အထပ်ထပ်အခါခါပြနေရင် ကတိပြုမှု၊ တစ်နည်းအားဖြင့် ယေင်္ကျားတို့ရဲ့ ကတိစကားတွေကို ကြားနေရသလို မိန်းမက ထင်မှတ်နေပါတယ်။ ဒီလိုကတိတွေ ထပ်တစ်လဲလဲ ပေးနေခြင်းဟာ အမှန်တော့ သူမဟာ ထာဝရ အချစ်ခံနေရတယ်ဆိုတာ သက်သေထူပေးတာပါပဲ။

ယောင်္ကျားဟာ အများအားဖြင့် မိန်းမရဲ့ ချစ်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီးပြီ၊ မိန်းမကလည်း ပျော်ရွှင်ကြည်နူးနေပြီဆိုရင် မိန်းမဘက်က ငါ့ကိုချစ်တယ်လို့ တစ်သက်လုံးမှတ်ယူလိုက်နိုင်တာပဲလို့ မှားယွင်းစွာ ယူဆတတ်ကြပါတယ်။ တစ်ကယ်တော့ ဒီလိုမဟုတ်ပါဘူး။ မိန်းမရဲ့ အဌမမြောက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မိန်းကို ထပ်ခါ ထပ်ခါ ကတိတွေပေးနေဖို့ လိုအပ်ပါတယ်။

Source: Men are from Mars, Women are from Venus

4 responses »

  1. ms. pinky… i sincerely wish you will meet the right person of your life and receive this kind of beautiful love and companionship… you wrote ( copy from some where:)..but still very pleasant!! ) …

  2. ချစ်သော မပင့်..
    ကျွန်တော်လည်း ချစ်တယ်ဆိုတာ ထက် ယုံကြည်မြတ်နိုးနားလည်မှုဆိုတာကို ပိုပြီး တန်ဖိုးထား ကြိုက်တဲ့သူပါ… အဓိက က သေချာ သိနားလည်ရင် ရပါပြီး.. တနပ်စား သမီးရည်းစား တွေကို တော့ ဘယ်လိုမှ နားမလည်ပါ… အဲ့လိုမျိုးဆိုရင်တော့ ဖိုးသူတော်လည်း ၁၀၀၁ လောက်ရှိပြီ (ဒါကကြော်ငြာ.. ဟီးဟီး)

  3. “ချစ်သူတွေ အချင်းချင်းချစ်ခင်ကြတဲ့အခါ ချစ်ကြတာတွေအပြင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေ အများကြီး လိုအပ်ပါတယ်။.”…………

    အဲ့ဒီစာသားလေးကအရမ်းမှန်ပါတယ်.
    ယုံကြည့်မှု..နားလည်မှုမရှိရင်..ခိုင်မြဲဘို့ဆိုတာတကယ်မလွယ်တာပါ..

    cute

  4. မိန်းမများ ရယူလိုတာတွေ
    1) ဂရုစိုက်မှု
    2) နားလည်မှု
    3) လေးစားမှု
    4) စွဲစွဲမြဲမြဲမြတ်နိုးမှု
    5) တရားဝင် ခိုင်ခိုင်မာမာဖြစ်မှု
    6) ကတိပြုမှု

    မှန်တာပေါ့ကွယ်
    သစ္စာတရားလည်းလိုတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s