Jewelry Trend

Standard

Fashion-Jewelry-2137545739ကျောက်မျက်ရတနာတွေ ၀တ်ဆင်မှုဟာ လူကြိုက်များတဲ့ ဖက်ရှင်ရေစီးကြောင်း တစ်ခုဖြစ်ပါတယ်။ အရင်ကတည်းက နှစ်သစ်စွာ ၀တ်ဆင်ခဲ့ကြသလို နောက်နောင်မှာလည်း ဒီရေစီးကြောင်းဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရတနာတွေကို နှစ်သက်တတ်ကြပြီး နှစ်သက်စွာ ၀တ်ဆင်လိုတတ်ကြတဲ့ အတွက်ပဲ ဖြစ်ပါတယ်ရှင်။
ရွှေ ဆိုတာကတော့ ရတနာတွေ အားလုံးထဲက လူကြိုက်အများဆုံး အနှစ်သက်ဆုံး အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းအပြောင်းအလဲ မတည်ငြိမ်မှုဟာ အမျိုးသမီး တော်တော်များများအတွက် ၀ယ်ယူဝတ်ဆင်ဖို့ အဆင်မပြေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ရွှေကို အမျိုးမျိုးသော သတ္တုများနဲ့ ရောစပ်ပြီး precious jewelry အဖြစ် အသွင်ပြောင်း ၀တ်ဆင်လာကြတာဟာလည်း ခေတ်သစ်ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်လို့လာပါတယ်ရှင်။ ရွှေကို ငွေ၊ စတီလ်း အစရှိသော သတ္တုများနဲ့ ရောစပ်ပြီး Accessories များအဖြစ် ပြောင်းလဲ ၀တ်ဆင်ကြပါတယ်။ ဒီလိုမျိုး တီထွင်ပြောင်းလဲမှုဟာ အသစ်ကြိုက်တတ်တဲ့ အမျိုးသမီးများအတွက် ပိုမိုနှစ်သက်စရာ တစ်ခုဖြစ်သလို ရွှေအစစ်ကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူဝတ်ဆင်နိုင်တဲ့ နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်လို့လာပါတယ်။ သတ္တုတွေနဲ့ ရောစပ်ပြီး အရောင်ပြောင်းလိုက်တဲ့ ရွှေတွေထဲက လူကြိုက်အများဆုံး အရောင်တွေကတော့ အဖြူရောင် (White Gold) ၊ အ၀ါရောင် (Yellow Gold) တွေနဲ့ ပိုတန်ဘိုးရှိပြီး နည်းနည်းလေးလည်း ရှားပါးတဲ့ ပန်းရောင်ရွှေ (Pink Gold ) တို့ပဲ ဖြစ်ပါတယ်။

ငွေ ဆိုတာလည်း လူကြိုက်များတဲ့ အ၀တ်အထည်တစ်ခု ဖြစ်ပါတယ်။ ရွှေဈေး တက်လာတာနဲ့အမျှ ငွေထည်ပစ္စည်းတွေကလည်း ဈေးကွက်ထဲမှာ ရွှေလိုပဲ တန်ဘိုးထားဝတ်ဆင်လာကြတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ အမျိုးသမီးတော်တော်များများဟာ ဈေးကြီးတဲ့ ရွှေရဲ့ အစားထိုး ပစ္စည်းအဖြစ် ငွေထည်တွေကို တန်ဘိုးထားဝတ်ဆင်လာကြပြန်တော့လည်း ငွေထည်တွေရဲ့ ဈေးနှုန်းဟာ ရွှေလိုပဲ တရိပ်ရိပ်တက်လာခဲ့ပါတယ်။ ဒါကြောင့် ရတနာဈေးကွက်မှာ စတီလ်းထည်တွေဟာ နာမည်ကောင်းရလာတဲ့ သတ္တုတစ်ခု ဖြစ်လာပါတယ်။ စတီလ်းထည်တွေဟာ ခိုင်ခန့်တယ်၊ လှပတယ်၊ ပြီးတော့ ဈေးနှုန်းလည်း ချိုသာပါတယ်။ နောက်ပြီးတော့ ရွှေနဲ့ ငွေကို ရောစပ်နိုင်သလိုပဲ.. စတီလ်းဟာ ရွှေနဲ့ အလွယ်တကူ ပေါင်းစပ်နိုင်တဲ့အတွက် လူကြိုက်များလာရခြင်း ဖြစ်ပါတယ်။

ပုလဲတွေကတော့ တောက်ပတဲ့အသွင်နဲ့ လှပတဲ့ ရတနာတစ်မျိုး ဖြစ်ပါတယ်။ ပုလဲတွေကို ဆွဲကြိုး၊ လော့ကတ် အစရှိတဲ့ အဆင်တန်ဆာအဖြစ် ၀တ်ဆင်လာကြတာဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ ပိုမိုခေတ်စားလာပါတယ်။ ပုလဲတွေထဲမှာတော့ ဆင်စွယ်ရောင်က နာမည်အကြီးဆုံး လူကြိုက်အများဆုံး ဖြစ်ပြီး အခြားအရောင်အသွေးစုံလင်တဲ့ ပုလဲတွေလည်း ရှိပါသေးတယ်ရှင်။ ပန်းရောင်၊ အညိုရောင်၊ ရွှေရောင်၊ မီးခိုးရောင် အနက်ရောင်တွေဟာ လူကြိုက်များတဲ့ အရောင်မျိုးတွေ ဖြစ်ပါတယ်။ အရွယ်အစားကတော့ ၄ မီလီမီတာလောက်မှ ၁၂ မီလီမီတာ လောက်အထိရှိတဲ့ ဆိုဒ်မျိုးကို ရွေးချယ်ဝတ်ဆင်လေ့ ရှိကြပါတယ်။ အရောင်တွေ စုံတဲ့အပြင် ပုံသဏ္ဍန်စုံတဲ့ ပုလဲမျိုးကိုလည်း ၂၀၀၉ ခုနှစ်ကို ရောက်လာတဲ့ အခါမှာတော့ ကြီးမား လေးလံတဲ့ ပုတီးစေ့တွေကို ဖက်ရှင်တစ်ခုအနေနဲ့ ၀တ်ဆင်လာကြပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ပုတီးစေ့တွေဟာ အရင်တုန်းက နာမည်ကြီးခဲ့ပေမယ့် ဒီနှစ်ထဲ ရောက်လာတဲ့ အခါမှာတော့ သန္တာ၊ နဲ့ အခြားကျောက်မျက်မျိုးကို ပိုနှစ်သက်လာကြပါတယ်။ ပုတီးတွေနဲ့အတူ ဒီဇိုင်းဆန်းတဲ့ ဆွဲပြားခပ်ကြီးကြီးတွေဟာလည်း Fashion Trend တစ်ခု ဖြစ်လို့လာပါတယ်။

ဒီနှစ်မှာ ထပ်ပြီး ရေပန်းစားလာတာကတော့ လက်ကောက်ကြီးတွေပဲ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ စတိုလ်ကို ချစ်ခင်နှစ်သက်တဲ့ အမျိုးသမီးတိုင်း မရှိမဖြစ်ဆောင်ထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ နားဆွဲတွေ နားကပ်တွေကလည်း ဖန်စီတွေထဲမှာ အတော်လေးကို Popular ဖြစ်လာပါတယ်။ နားဆွဲတွေကို ဒီဇိုင်း ဆန်းတေးတွေ ၀တ်ဆင်ပြီး ကိုယ်ပိုင်စတိုလ်တစ်မျိုးကို ဖော်ဆောင်နိုင်ကြပါတယ်ရှင်။

6 responses »

  1. ခေတ်မမီလည်း နေပါစေတော့.. လက်ကောက်တော့ သိပ်မ၀တ်ဖြစ်ဘူး.. ကိုယ်နဲ့တော်တဲ့အရွယ် မတွေ့တတ်လို့..း)
    တင်ထားတဲ့ ပုံလေးကတော့ လှလို့ကြိုက်တယ်..

  2. စာလာဖတ်သွားတယ်…နားကပ်ပန်ရတာနဲ့ဆွဲကြိုးဆွဲရတာတော့ကြိုက်တယ်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s