Monthly Archives: August 2009

Blogger Gathering is Successfully Finished

Standard

ကျွန်မတို့ တစ်လတိတိ မီတင်ပေါင်းများစွာ လုပ်ပြီး စီစဉ်ခဲ့ရတဲ့ Blogger Gathering and Blogging Excursion ရဲ့ ပထမပိုင်း အစီအစဉ်ဖြစ်တဲ့ Gathering ကတော့ ဒီနေ့မှာ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲလေးကို စီစဉ်ထားတဲ့အတိုင်း ကန်တော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ တွေ့ဖူးမြင်ဖူးနေကျဖြစ်သော ဘလောဂ့်ဂါများသာမက၊ မတွေ့ဖူး မမြင်ဖူးသော ဘလောဂ့်တွေလည်း လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ တွေ့ဆုံပွဲလေးမှာ စုစုပေါင်း ဘလောဂ့်ဂါ သုံးဆယ့်ငါးယောက် လာရောက်ခဲ့ကြပါတယ်ရှင်။

မနက်ဆယ်နာရီမှာတော့ ကျွန်မတို့တွေ ကရ၀ိတ်ကျွန်း အ၀င်ဝမှာ လူစုကြပါတယ်။ နောက်တော့ ကန်တော်ကြီး ကလေးကစားကွင်းအနီး မြေကွက်လပ်တစ်ခုကို သွားရောက်ကြပြီး ဘလောဂ့်ဂါ အချင်းချင်း မိတ်ဆက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ Debate လုပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ အစတုန်းက Role Play တွေပါ ဆော့ဖို့ စီစဉ်ထားခဲ့ပေမယ့် လူစုတာ နည်းနည်း အချိန်ကြာသွားတဲ့အတွက် ဒီအစီအစဉ်ကို မလုပ်ဖြစ်ခဲ့ပါဘူးရှင်။ ဆော့ဖြစ်ခဲ့တဲ့ ဂိမ်းလေးကတော့ Blogger ဖွက်တမ်းလို့ အမည်ပေးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

ဘလောဂ့်ဂါတွေရဲ့ နာမည်ကိုတွေ လက်ဟန် ခြေဟန် အမူအရာတွေနဲ့ ဖွက်ပြီး အမည်ဖော်ရတဲ့ ဂိမ်းလေးပါ။ ငယ်ငယ်တုန်းက ရုပ်ရှင်ဖွက်တမ်း ကစားခဲ့သလိုပါပဲ။ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ပျော်ပျော်ပါးပါး ဆော့ကစားခဲ့ကြပါတယ်။ ဆော့ပြီးတော့ နေ့လည်စာ စားသောက်ကြပါတယ်။ နေ့လည်စာ စားပြီးတဲ့ အခါမှာ စောစောက အဖွဲ့နှစ်ဖွဲ့ကပဲ Debate အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ Debate  လုပ်ခဲ့တဲ့ ခေါင်းစဉ်တွေကတော့

  1. Blogger မှာ ရေးရတာကောင်းတယ် နဲ့ WordPress မှာ ရေးရတာ ကောင်းတယ်
  2. Blogger ဖြစ်ရတာ ကောင်းတယ်၊ Blogger ဖြစ်ရတာ မကောင်းဘူး

ဆိုတာတွေပဲ ဖြစ်ပါတယ်။

Debate ပြီးသွားတော့ ကျွန်မတို့ လက်ရှိစုဝေးနေတဲ့ နေရာမှာ နေနည်းနည်းပူနေတာတဲ့ ချစ်သူကျွန်းကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ချစ်သူကျွန်းမှာလည်း ဆော့ခဲ့ကြ၊ ဓါတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဘလောဂ့်ဂါ သားဖြိုးကလည်း ဂစ်တာတီးပြီး သီချင်းတွေ ဆိုပြခဲ့ပါတယ်။

နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုကြက်ခြေခတ်ယှက်ကိုင်ပြီး လက်တွေကို မဖြုတ်ပဲ အားလုံး စက်ဝိုင်းပုံ ပြန်ဖြစ်အောင် လက်တွေကို ဖြေယူရတဲ့ ဆော့ကစားနည်းကို ဆော့ခဲ့ကြပါတယ်။

ရှုံးတဲ့ အဖွဲ့ကို နိုင်တဲ့ အဖွဲ့က ကြိုက်ရာ လုပ်ခိုင်းလို့ ရတယ်လို့ ဒိုင်လူကြီးက ပြောတာနဲ့ လက်တွေကို မဖြည်နိုင်တဲ့ ကျွန်မတို့အဖွဲ့ကတော့ နိုင်တဲ့ အဖွဲ့နှစ်ဖွဲ့ ခိုင်းတာတွေကို မရှက်တမ်း လုပ်ပြခဲ့ရပါသေးတယ်။

နောက်ဆုံးမှာတော့ အားလုံးစုပြီး ဓါတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲလေးကို လာရောက်ပေးကြတဲ့ ဘလောဂ့်ဂါတွေကို ကျေးဇူးအထူးတင်ပါတယ်လို့ Organizer အားလုံးရဲ့ ကိုယ်စား ကျွန်မက ပြောချင်ပါတယ်။ ဘလောဂ့်ဂါ အချင်းချင်း အွန်လိုင်းမှာသာမက အပြင်မှာပါ ရင်းနှီး နွေးထွေးစေတဲ့ ဒီလိုအစီအစဉ်မျိုးကိ နောက်လည်း အခွင့်အခါသင့်သလို ပြုလုပ်ပေးသွားချင်ပါသေးတယ်။ ဘလောဂ့်ဂါတိုင်းကိုလည်း အွန်လိုင်းမှာသာမက အပြင်မှာ ချစ်ခင် ရင်းနှီးစေချင်ပြီး နောက်ပိုင်းမှာ လူမှုရေး လုပ်ဆောင်ချက်တွေကို တက်တက်ကြွကြွ လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်ရှင်။

ဒီနေ့ည (10) နာရီမှာတော့ ပြည်မြို့ကို Blogging Excursion အနေနဲ့ ထွက်ခွာကြအုံးမှာ ဖြစ်ပါတယ်။ ခရီးသွား အတွေ့အကြုံလေးတွေကို စောင့်မျှော် ဖတ်ရှုကြပါအုံးနော်။

သီချင်းဆိုနေသော မောင်သားဖြိုး

Image Hosted by ImageShack.us

(Photo Credit to Kyaw Nyo Thway)

ဆော့ကြပြီ

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Advertisements

I Hate Myself

Standard

ငိုချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ကျွန်မ ထပ်ကာ ထပ်ကာ ပြောချင်နေမိတယ်.. ပြောနေတဲ့အတိုင်းလည်း ကျွန်မရဲ့ နီရဲ မို့အစ်နေတဲ့ မျက်လုံးတွေဆီက မျက်ရည်ပူပူတွေ ကျွန်မပါးပြင်ပေါ်ကို အထိန်းအချုပ်မဲ့စွာ စီးဆင်းကြတယ်.. ကျွန်မဘေးမှာ ဘယ်သူမှ မရှိဘူး.. ကျွန်မကို နှစ်သိမ့်ပေးမယ့်သူတွေ ဘယ်ရောက်နေကြပြီလဲ.. အမေရယ်.. လို သံကုန်ဟစ်ပြီး အော်လိုက်ချင်ပေမယ့် ကျွန်မရဲ့ ကွဲအက်နေတဲ့ အသံတွေကို အမေကြားရင် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ ကျွန်မ ၀မ်းထဲမှာပဲ သိမ်းထားလိုက်ရတယ်… ကျွန်မ ရင်ထဲမှာ ဆို့နစ်နေတယ်.. ကျွန်မ နားထင်တွေဆီက ကိုက်ခဲတယ်ဆိုတဲ့ အသိကို ကျွန်မ ရတယ်… ကျွန်မလေ တစ်ယောက်ယောက်ကို ဖက်ပြီး ကျွန်မရင်ထဲမှာ ဖြစ်နေတာတွေကို ကရားရေလွှတ်ပြော.. မကျေနပ်ချက်တွေကိုဖွင့်ဟပြီး အသာကုန် ပေါက်ကွဲချင်လိုက်တာ… ကျွန်မ အော်ဟစ်ငိုကြွေးချင်လိုက်တာ… ကျွန်မ စိတ်လွတ် ကိုယ်လွတ် ရမ်းပစ်ချင်လိုက်တာ… ကျွန်မ ဘာကိုမှ မထိမ်းချုပ်ချင်ဘူး.. လေနှင်ရာ လွှင့်နေတဲ့ တိမ်စိုင်တွေလို… တစ်ဝေါဝေါနဲ့ အနှောင့်အယှက်ကင်းစွာ စီးကျနေတဲ့ ရေတံခွန်က ရေတွေလို… အားကုန် မိုင်ကုန် တိုက်ခတ်လေ့ရှိတဲ့ ဟာရီကိန်း မုန်တိုင်းကြီးတွေလို.. နောက်ဆုံး ဘာဆို ဘာမှ ဂရုစိုက်စရာ မလိုပဲ ရွာချင်တိုင်း ရွာနေကြတဲ့… မုန်သုန်မိုးရေစက်တွေလို.. ကျွန်မ စိတ်တွေ ကိုယ်တွေကို ထွက်ပေါက်တစ်ခု ပေးချင်လိုက်တာ…။

ချောင်မှာ ကုပ်ပြီး လူမမြင် သူမမြင် ငိုခဲ့ရတာမျိုးတွေကို ကျွန်မ မလုပ်ချင်တော့ဘူး..။ ကိုယ်မမှားပဲ မှားနေသလို အပြောခံနေရတဲ့ စကားတွေကို ကျွန်မ သည်းမခံချင်တော့ဘူး။ ၀န်ထုပ်ဝန်ပိုးတွေကို မတန်တစ်ဆ ရွက်ခိုင်းကြပြီးမှာ နင် ဟိုဟာလည်းမနိုင်ဘူး.. ဒီဟာလည်း ဆွဲအုံးလေ.. အသုံးကိုမကျဘူးလို့ ပြောနေတဲ့ စကားတွေကြားက စည်းတစ်ခုကိုလည်း ဂရုမစိုက်ချင်တော့ဘူး။ မဆိုင်ပဲ ၀င်ဝင်တိုက်ခိုက်ကြတဲ့ အဖြစ်မျိုးတွေကိုလည်း မကြုံချင်တော့ဘူး။ မလုပ်ရင်တစ်မျိုး.. လုပ်ပြန်တော့လည်း အကောင်းမမြင်ကြတဲ့ တစ်ချို့လူတွေနဲ့ မဆက်ဆံချင်တော့ဘူး။ နာမည်ကောင်းတွေ ၀င်ယူကြပြီး.. အပြစ်လွတ်ဖို့အတွက်ဆို သူတစ်ပါးကို လွှဲချတတ်တဲ့သူမျိုးနဲ့လည်း အောင့်အီးပြီး မပေါင်းသင်းချင်တော့ဘူး။ နောက်ဆုံး…. မဖိတ်ခေါ်ပဲ ရောက်ရောက်လာတတ်ကြတဲ့ ခံစားချက်တစ်ချို့နဲ့လည်း မိတ်ဆွေမဖွဲ့ချင်တော့ပါဘူး။

ကျွန်မကပဲ မှားနေတာလား.. အဲ့ဒီလူတွေကပဲ လွဲနေတာလား။ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ဆုံးအထိနာစေတဲ့ အရာတွေဟာ ဘာကြောင့်များ ကျွန်မဆီကို ရောက်ရောက်လာကြတာလဲ။ ကံဆိုးတယ် ဆိုတာ လူတိုင်းအတွက် သဘာဝတရားရဲ့ စွန့်ကျဲမှုတွေအဖြစ် ရှိနေခဲ့တယ်ဆိုရင်.. ဒီအချိန်တွေဟာ ကျွန်မက ကံဆိုးမှုကို လက်ခံရမယ့် အချိန်တွေပဲ ဖြစ်မှာပေါ့။ သူတို့တွေ ကျွန်မစိတ်ဓါတ်တွေကို ဟိုး အောက်ထိ မရောက် ရောက်အောင် ဆွဲချနေကြတာလား။ ကျွန်မ တက်ကြွနေတာကို မမြင်ချင်ကြတော့ဘူးလား။ ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေကို မရှုစိမ့်ကြတော့ဘူးလား။ ဒါမှ မဟုတ်.. ကျွန်မ အရှိုက်ကိုထိပြီး တမင်များ ချောက်ချဖို့ ကြိုးစားနေခဲ့ကြလေသလား။ ကျွန်မကို ကျွန်မ မဟုတ်တဲ့ အခြားသူတစ်ယောက်အဖြစ်များ ပြောင်းလဲဖို့ ကြိုးစားနေကြတာလား။

ဥပေက္ခာ ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်တာပေါ့။ ဒါပေမယ့် အသွေးတွေ၊ အသားတွေ၊ ခံစားချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မ.. ဒါတွေကို မကျင့်သုံးနိုင်သေးတော့လည်း စိတ်ရဲ့ ဒဏ်ခတ်မှုတွေကို လက်ခံပေးလိုက်ရုံပဲ ရှိတော့တာပေါ့။ ကျွန်မ ၀မ်းနည်းတယ်။ ကျွန်မ ငိုချင်တယ်။ ဒါပေမယ့် ကျွန်မ အရှုံးပေးတာ မဟုတ်ဘူးနော်။ ကျွန်မ ငိုချင်လို့ကို ငိုတာပါ။ ကျွန်မဘေးမှာ အမေ ရှိမနေဘူး။ ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ရှိမနေကြဘူး။ နောက်ဆုံး… ကျွန်မကို မျက်ရည် အလိမ်းလိမ်းပေကျံအောင် လုပ်သွားတဲ့သူလည်း ရှိမနေပါဘူး။

ကျွန်မ ကိုယ့်ကိုကိုယ် မုန်းတယ်။ ကိုယ်နဲ့ မသင့်တော်တဲ့ စကားလုံးရိုင်းရိုင်းတွေကို အံကြိတ်ပြီး နားထောင်ခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ ကိုယ်ကိုယ်တိုင်ပဲ မွန်းကျပ်ခံပြီး သူတို့ လုပ်ချင်ရာကို လုပ်ခွင့်ပေးခဲ့တဲ့ ကျွန်မကို ကျွန်မ မုန်းတယ်။ ကွာဟချက်ဆိုတဲ့ သတ်မှတ်မှု တစ်ခုအောက်မှာ ကိုယ့်ကိုကိုယ် နှိမ့်ချနေရတဲ့ အဖြစ်ကို မုန်းတယ်။ တစ်ချို့က မရ အရတက်နင်းခွင့်ဖြစ်အောင် တစ်ချက်လေး သတိလက်လွတ် ဖြစ်သွားခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ရိုးသားစွာ ဆက်ဆံခဲ့မိတာကို မုန်းတယ်။ နောက်ဆုံး မဖြစ်နိုင်တော့တာကို မသိစိတ်တစ်ခုကနေ တမ်းတနေ တဲ့ကျွန်မကို ကျွန်မ သိပ်မုန်းတယ်။

ကျွန်မလေ.. အမုန်းတရားတွေနဲ့ ရှင်သန်နေချင်တာ မဟုတ်ပါဘူး။ ဒါ ကျွန်မရဲ့ ပင်ကိုစိတ်လည်း မဟုတ်ခဲ့ပါဘူး။ လူ တစ်ချို့ရဲ့ စကားတစ်ချို့ကြောင့် ကိုယ့်အခြေအနေတွေကို ပြောင်းလဲပစ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ စိတ်အလိုကို လိုက်ပြီး ထင်ရာ မြင်ရာကို လျှောက်လုပ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုခုကို လွယ်လွယ်နဲ့ ခံစားတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ပြောင်းလဲသွားတယ်။ ကျွန်မဟာ လွန်ခဲ့တဲ့ လေးလေလောက်ကနဲ့ကို မတူတော့တာ ကျွန်မကိုယ် ကျွန်မ သတိထားမိတယ်။ ထစ်ခနဲရှိ ဒေါသထွက်တတ်တာကလည်း ကျွန်မ ပင်ကိုစရိုက်မှ မဟုတ်ခဲ့တာ။ ၀မ်းနည်းလွယ်တာကလည်း အရင်တုန်းက ကျွန်မနဲ့ တစ်ကယ်ကို မသက်ဆိုင်ခဲ့ပါဘူး။ တစ်ခုခုကို အသေအလဲ မုန်းတတ်တာ ကျွန်မနဲ့ နည်းနည်းမှကို မတူဘူး။ မှိုင်တွေဆွေးငေးပြီး စိတ်အလိုမကျ ဖြစ်နေတတ်တာမျိုးကိုလည်း ကျွန်မ အရင်တုန်းက မလုပ်ဖူးပါဘူး။

ဒီလို ဒီလို ပြောင်းလဲသွားတဲ့ ကျွန်မဟာ ကျွန်မ ပတ်ဝန်းကျင်က မုန်းစရာ ကောင်းတဲ့ လူတစ်ချို့ကို မုန်းနေမယ့် အစား.. ကိုယ့်ကိုကိုယ် မုန်းလိုက်တာက ပိုကောင်းမှာပေါ့နော်။

ဟုတ်တယ်.. လောလောဆယ်မှာ ကျွန်မကိုယ် ကျွန်မ သိပ်မုန်းနေတယ်။ ကျွန်မ ဘာတွေ လျှောက်ရေးနေတာလဲလို့ ထင်နေကြတယ် မဟုတ်လား။ ကျွန်မကိုယ် ကျွန်မ မုန်းတဲ့အကြောင်းတွေကို အစီ အစဉ်မကျ ရေးနေခဲ့မိတာပါ။

Blog Day Gathering: Update!!

Standard

MBS မှ Blog Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် Blogger Gathering and Blogging Excursion အကြောင်းကို ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲလေးကို ကျင်းပဖို့ အချိန်လည်း နီးကပ်လာပြီ ဖြစ်တာကြောင့် လာရောက်ကြမယ့် ဘလောဂ့်ဂါများ အားလုံးကို ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို ပြန်လည်ကြေငြာပေးချင်ပါတယ်။

Blogger Gathering

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – နံနက် (၁၀ ) နာရီမှ ညနေ (၄) နာရီထိ

နေရာ – ကန်တော်ကြီး ကရ၀ိတ် ၀င်ပေါက်ဝတွင် စုရပ် (ကျနော် တစ်ယောက် စောင့်နေမည် မတွေ့လျှင် 095001570 သို့ တည်နေရာအား မေးမြန်းနိုင်ပါသည်။ )

အစီအစဉ်များ

* ဘလောဂ့်ဂါ အချင်းချင်းမိတ်ဆက်ခြင်း
* ဂိမ်းဆော့ခြင်း
* Quiz ဖြေခြင်းများ
* ဘလောဂ့်ဂါ အချင်းချင်း လက်ဆောင်ပစ္စည်း လဲခြင်း

တွေ့ဆုံပွဲကို လာရောက်ကြသောသူများအတွက် နေ့လည်စာ စီစဉ်ပေးမည်ဖြစ်ပါသည်။ အမှတ်တရ လက်ဆောင်များကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

လက်ဆောင်များ လဲရန်အတွက် ကြိုက်နှစ်သက်ရာ လက်ဆောင်ပစ္စည်းတစ်ခုစီ ယူလာနိုင်ပါသည်။

Blogging Excursion

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – ည (၁၀) နာရီ ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး (၃၁) ရက်နေ့ မနက်ကို ပြန်ရောက်ပါမည်

သွားရောက်လည်ပတ်မည့်နေရာ – ပြည်မြို့ ၊ သရေခေတ္တရာမြို့ဟောင်း

Fees – 5000 ကျပ်

* ခရီးစဉ်အတွက် ကားစီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်စရိတ်များကို ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။
* ခရီးစဉ်အကြောင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားနိုင်သူအား ကိုကျော်ဇေယျမှ ပထမဆု= smart dictionary၊ ဒုတိယဆု = JXD MP3 2GB၊ တတိယဆု = 1GB thumb drive များကို ဆုချီးမြှင့်ပေးမည် ဖြစ်ပါသည်။ (MBS မှ ပေးသောဆု မဟုတ်ပဲ ကိုကျော်ဇေယျမှ သီးသန့်စီစဉ်ပေးသော ဆု ဖြစ်ပါသည်)

အကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်သော သူများ မလိုက်နိုင်သော သူများ မနက်ဖန် ညနေ ၂နာရီ နောက်ဆုံးထား၍ အကြောင်းကြားပေးရန် နိုးဆော်အပ်ပါသည်။ ကားစီစဉ် ပြီးမှ မလိုက်ဖြစ်ဘူးဆိုသော သူများအား ပိုက်ဆံ ပြန်အမ်းပေးမည် မဟုတ်ပါ။

My Romeo (Last Episode)

Standard

ကျွန်မ၏ ရိုမီယို (ဇာတ်သိမ်း)

****10****

နောက်တစ်နေ့ မနက်ခင်းတွင် ရင်ခုန်မှု ပြင်းပြစွာဖြင့် ကျွန်မနိုးထလာခဲ့သည်။ ခပ်စောစောလေးနိုးနေသဖြင့် အိမ်ရှေ့ဝရံတာတွင် ထွက်ရပ်ကာ ပတ်ဝန်းကျင်ကို ဟိုကြည့် ဒီကြည့်လုပ်မိသေးသည်။ မနက်ခင်းသည် တောက်ပသော နေရာင်ဖြင့် သာယာနေခဲ့ပါသည်။ လမ်းမကို ဖြတ်သန်းတိုက်ခတ်လာသည့် လေညှင်းတွေ ကျွန်မရဲ့ ပါးပြင်တွေကို ကလူကျီစယ်ကြသည်။ နုညံ့လွန်းသဖြင့် မွေးညှင်းပေါက်လေးများဆီသို့ လေးတိုးသံ သဲ့သဲ့လေးကိုတောင် ကျွန်မခံစားမိပါသည်။ လမ်းပေါ်မှာ လူတွေနဲ့ စည်ကားစပြုပြီ။ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ လူတွေ တိုးနေကြပြီ။ ဟော.. ဟိုမှာ ခပ်ငယ်ငယ် ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် လက်ချင်းချိတ်ကာ မနက်ခင်းကိုခံစားရင်း လမ်းလျှောက်နေကြသည်။ ကောင်လေးက သူ့ကောင်မလေးကို စကားတစ်ခု လှမ်းပြောလိုက်တော့ ကောင်မလေး သဘောကျစွာပြုံးသည်။ ထို့နောက် ကောင်မလေးက ကောင်လေးကို ရွှန်းရွှန်းစားစားလေး ကြည့်ကာ ကောင်လေး၏ပခုံးကို ခေါင်းကလေး မှီနွှဲ့ရင်း ဆက်လျှောက်သွားကြသည်။ ကျွန်မ အလိုလိုပျော်လာသည်။ ရုတ်တရက် သူ့ကို သတိရသည်။ ဘုရားရေ.. ဒီနေ့ သူ့ကို ကျွန်မ ဘယ်လိုများ ရင်ဆိုင်ရမှာပါလိမ့်။ မနေ့ညနေက ရည်းစားစကား အပြောခံထားရသည့် ကျွန်မဟာ ဒီနေ့မှာတော့ သူ့ကိုရင်ဆိုင်ရန် အလွန်ခက်ခဲနေပါတော့သည်။ ကျွန်မ ရုံးကနေ ခွင့်ယူလိုက်လျှင်ကောင်းမည်လား။ သည်လိုဆိုလျှင် သူ ကျွန်မအိမ်ကို လိုက်ချင်လည်း လိုက်လာနိုင်ပါသေးသည်။ မဖြစ်သေးပါဘူး…. မိန်းကလေးက အထာပေးကာ အိမ်ကိုလာခိုင်သည်ဟု ထင်သွားလျှင် အခက်ကြီး ခက်နေအုံးတော့မည်။ ကျွန်မရုံးသွားဖို့ ပြင်ဆင်ရပါတော့သည်။

တစ်ခါမှ မဖြစ်ဖူးသည့် အလွဲတွေ ကျွန်မ ဒီနေ့ဖြစ်သည်။ ရေးချိုးခန်းဝင်တော့ ဆပ်ပြာခွက် မေ့ကျန်ခဲ့သဖြင့် အပြင်တစ်ခေါက်ထွက်ကာ ပြန်ယူရသေးသည်။ သနပ်ခါးလိမ်းပြီး ခေါင်းဖီးသောအခါ လက်ထဲမှ ဘီး ခဏ ခဏ လွတ်ကျသည်။ ယူနီဖောင်းကို အရောင်မှား ၀တ်လာမိသဖြင့် လမ်းတစ်ဝက်ရောက်မှ အိမ်တစ်ခေါက်ပြန်လာကာ လဲရသေးသည်။ ကျွန်မ ဘာတွေများဖြစ်နေပါလိမ့်။ နေ့တိုင်းတွေ့နေကျ သူ့ကိုတွေ့ဖို့ ဒီနေ့မှာမှ ဘာကြောင့်များ စိုးထိတ်နေရတာလဲ။ သူ့ရှေ့ရောက်လျှင်ကော ကျွန်မ ပုံမှန်အတိုင်း နေနိုင်ပါ့မလား။ သူကကော ကျွန်မကို တွေ့ရင် ဘယ်လိုများ ဖြစ်နေလိမ့်မလဲ။ ကျွန်မဆီက ချက်ချင်းကြီး အဖြေတောင်းလျှင် ကျွန်မ ဘာလုပ်ရပါမည်လဲ။ ခက်တော့ နေပါပြီ ကိုနေသန့်ရယ်။ ကျွန်မ ရှင့်ကို ချစ်တဲ့ စိတ်တွေကို တိုးတိတ်ကျိတ်မှိတ်ပြီး ဖုံးကွယ်တတ်ပြီ ထင်ခဲ့တာ တစ်ကယ်တော့ အချိန်တွေကြာလာသည်နဲ့ အမျှ ရှင့်ကို ချစ်တဲ့ စိတ်တွေလည်း ပိုမိုလာခဲ့တယ်ဆိုတာ ကျွန်မရဲ့ ဂဏာမငြိမ်မှုတွေက ဖော်ပြနေခဲ့ပါပြီကော။

အလွဲတွေ တစ်ခုပြီး တစ်ခုဖြစ်ပြီးနောက်ဆုံးတွင်တော့ ကျွန်မရုံးကိုရောက်လာခဲ့သည်။ Attendance လက်မှတ်မထိုးပဲ အခန်းထဲဝင်လာသဖြင့် ပြန်ထွက်လာကာ လက်မှတ်ထိုးရသေးသည်။ ရုံးတက်ချိန်ထက် နာရီဝက် နောက်ကျပြီးသည်အထိ သူ ရုံးကိုရောက်မလာသေးပါ။ ကျွန်မ အလုပ်တွေ တစ်ခုပြီး တစ်ခုလုပ်ရင်း သူ ဒီနေ့မလာလျှင် ကောင်းမည်ဟု တွေးမိသေးသည်။ သို့သော် နေ့လည် ၁၁ နာရီထိုးသည်ထိ သူ တစ်ကယ်ရောက်မလာသေးသောအခါ ကျွန်မ ဘယ်လိုမှ မနေနိုင်တော့ပါ။ ကျွန်မလိုပဲ သူကော ရင်ဆိုင်ဖို့ ခက်နေသလား။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ နိုင်ငံခြားတွင် လေးနှစ်လောက်နေဖူးသည့် ယောက်ျားတစ်ယောက်ဟာ သူ ရည်းစားစကားပြောထားသည့် မိန်းကလေးတစ်ယောက်ကို ရင်ဆိုင်ဖို့ ခက်ခဲရလောက်အောင်တော့ ရှက်ရွံ့မနေနိုင်ပါ။ မနေ့ညက ကျွန်မဆီမှ ပြန်သွားပြီးနောက် လမ်းတွင် တစ်ခုခုများ ဖြစ်သေးသလားဆိုသည့် စိတ်က ကျွန်မရင်ကို ထပ်မံပူလောင်စေခဲ့သည်။ မလာနိုင်ရင်လည်း ခွင့်လေးတော့ တိုင်လိမ့်မည်ဟု တွေးမိကာ မမိုးကို မေးကြည့်ရန် သတိရသည်။ သို့သော် ဘာကြောင့်မှန်း မသိပဲ ကိုနေသန့် ရုံးလာ မလာကို မေးရမည့် အရေးကို ကျွန်မ မ၀ံ့မရဲဖြစ်နေမိပြန်ပါသည်။ တစ်ယောက်ယောက်များ တစ်ခုခုထင်သွားခဲ့လျှင်ဟု ကိုယ့်ဟာကိုယ် မလုံမလဲ ဖြစ်မိပြန်ပါသေးသည်။ ထို့ကြောင့် နေ့တစ်ဝက်တော့ လာနိုင်တန် ကောင်းပါရဲ့ဟု ကိုယ့်ဟာကိုယ် ဖြေသိမ့်ပြီး အလုပ်တွေကို ကြိုးစားစိတ်နှစ်ကာ လုပ်မိပြန်ပါသည်။ သူနဲ့ ရည်စားမဖြစ်ခင်ကတည်းက ကျွန်မဒီလိုတွေ စိတ်ယောက်ယက်ခတ်နေလျှင် သူနဲ့များ ရည်းစားတွေဖြစ်သွားလို့ကတော့ ဘယ်လိုစိုးရိမ်ပူပန်မှုတွေကများ ကျွန်မကို ထပ်နှိပ်စက်အုံးမှာ ပါလိမ့်။ Read the rest of this entry

Blog Day 2009 and Blogging Excursion

Standard

2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် ဘလောဂ့်ဂါ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက. မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ဘလောဂ့်ဂါတွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ ဘလောဂ့်ဂါတွေလည်း တက်ရောက်နိုင်ပါတယ်ရှင်။

ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ ဘလောဂ့်ဂါတွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုအနေဖြင့် သရေခေတ္တရာ ၊ ပြည်မြို့ကို Blogging Excursion တစ်ခုအနေနဲ့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်ရှင်။ ဒီခရီးစဉ်ကို Shrikittaya 2.0 လို့ အမည်ပေးထားပြီး.. ခရီးစဉ်မှာ လိုက်ပါကြမယ့် ဘလောဂ့်ဂါတိုင်းကို နှစ်သက်ကြည်နူးစေမယ့် အစီအစဉ်တွေ ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ လာရောက်ဆင်နွှဲလိုကြတဲ့ ဘလောဂ့်ဂါများအားလုံးအနေဖြင့် ပွဲကိုလာမယ့်အကြောင်းကို သြဂုတ်လ (22) ရက်နေ့ကို နောက်ဆုံးထားပြီး Register ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Register ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ Registration Fees ကိုပေးဆောင်ရပါမယ် ဆိုတာလေးကိုလည်း သိစေချင်ပါတယ်ရှင်။ Registration Fees ကောက်ခံရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလာဖို့အတွက် စီစဉ်စရာလေးတွေကို အဆင်ပြေပြေစီစဉ်နိုင်အောင် ဖြစ်ပါတယ်ရှင်။ MBS ကို ၀င်ရင် ပေးရမယ့် ၀င်ကြေးမဟုတ်ပါဘူးဆိုတာလည်း အသိပေးအပ်ပါတယ်။

နေ့ရက် –     29 – Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)

အချိန် –      တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ ၊ ခရီးစဉ် @ ည (10) နာရီ

နေရာ –      ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိပဲ ၊ တွေ့ဆုံပွဲသို့လည်း သီးသန့်လာရောက်နိုင်ပါတယ်။

ကဲ.. မြန်မာဘလောဂ့်ဂါတွေ ဘလောဂ့်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြရအောင်နော်… !

My Romeo (4)

Standard

**** 9****
ကျွန်မ တစ်ပတ်ခန့် အနားယူလိုက်ရသည်။ သွေးပေါင်တွေကျပြီး အားနည်းနေသဖြင့် ဆရာဝန်မှ အနားယူရန် အကြံပေးသည်။ ကျွန်မနှင့် အတူနေသော သူငယ်ချင်းများ ကျွန်မအပေါ်တွင် တစ်ကယ်ကောင်းကြပါသည်။ တစ်ယောက်တစ်လှည့် ခွင့်ယူကာ ကျွန်မ အနားနေပေးကြသည်။ ခင်ရာဆွေမျိုး ဟူသောစကား၏ အနက်ကို ကျွန်မ ယခုမှပင် သေသေချာချာ သဘောပေါက်သွားတော့သည်။ ဆွေမျိုးသားချင်း နည်းပါးသောကျွန်မအတွက် အမှန်တစ်ကယ် အရေးကြုံလာသည့်အခါ အနီးဆုံးရှိနေသော သူငယ်ချင်းများသည်သာ အားကိုးရာဖြစ်ခဲ့သည်။ ကျွန်မ မူးလဲသွားစဉ်တုန်းက ကိုနေသန့်က ကျွန်မကို ပွေ့ကာ ဆေးခန်းလိုက်ပို့ပေးသည်ဟု ဆိုသည်။ ကျွန်မ သတိပြန်ရလာသည်အထိ စိုးရိမ်တကြီးဖြင့် ကျွန်မနား နေပေးခဲ့သည်ဟု သူငယ်ချင်းများက ပြန်ပြောပြသည်။ ကျွန်မ ၀မ်းလည်းသာသလို ၀မ်းလည်းနည်းမိပါသည်။ သူ့ရှေ့တွင် ယခုလို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့မိသည့် အတွက်လည်း ကိုယ့်ကိုကိုယ် အပြစ်တင် မဆုံးတော့ပါ။ နောက်နေ့များတွင် သူအိမ်ကိုရောက်လာသောလည်း အိပ်နေသည် ဟူသော အကြောင်းပြချက်များဖြင့် သူ့ကို ထွက်မတွေ့ဖြစ်ခဲ့ပါ။ ကျွန်မနဲ့ တွေ့ပြန်တော့လည်း “အလုပ်တွေ ပျက်နေပါ့မယ် အကိုရယ်.. ကျွန်မ နေကောင်းပါတယ်” ဟု အသာယာဆုံး ငြင်းဆိုကာ ကျွန်မအိမ်သို့ မလာခိုင်းခဲ့ပြန်။ သူဝယ်ပေးသော အားဆေးများ၊ မုန့်များကို ကျွန်မ အားနာစွာ လက်ခံရင်း ဂရုတစိုက်ရှိလှသော သူ့ကိုလည်း ကျေးဇူးတွေ တင်မိသည်။ နှလုံးသားထဲတွင်လည်း ကြည်နူးမှုများနှင့် ၀မ်းနည်းမှုများက အလှည့်ကျ ကခုန်နေကြတော့သည်။ ကျွန်မ ငယ်ငယ်တုန်းက သူဆင်းရဲနဲ့ ရွှေမင်းသမီးလေး၏ ပုံပြင်များ၊ မင်းသားလေးနှင့် တောသူမလေး၏ ပုံပြင်များကို မြောက်များစွာ ဖတ်ဖူးပါသည်။ အခြေအနေချင်းမတူပဲ ပေါင်းစပ်ကြသည့် ၀တ္ထုစာအုပ်များကိုလည်း ဖတ်ဖူးသည်။ ကျွန်မ နေမကောင်းတော့မှ ကိုနေသန့်တစ်ယောက် ပျာယာတွေခတ်ကာ ကျွန်မအပေါ်တွင် ထားသည့် သူ့သဘောထားများကိုလည်း ရိပ်မိသည်။ သူ၏ စိတ်ခံစားချက်များသည်လည်း ကျွန်မ အပေါ်တွင် လယ်ဗယ်တစ်ဆင့် မြင့်တက်နေပြီဖြစ်သည်။ သို့သော် ကျွန်မသည် ပုံပြင်ထဲမှ သူဆင်းရဲမလေး မဟုတ်သလို၊ ကိုးရီးယား ဇာတ်ကားများထဲမှ ဇာတ်လိုက်မ တစ်ယောက်လည်း မဟုတ်ပြန်ပါ။ လက်တွေ့ဘ၀ထဲမှ ရုန်းကန်လှုပ်ရှားမှုများကို ယုတ္တိကျကျရင်ဆိုင်နေရသူ တစ်ယောက်သာ ဖြစ်သည်။ အခြေအနေချင်းမတူညီသော ကိုယ့်အဖြစ်ကိုယ် သနားမိရင်းသာ သူနဲ့ ခပ်ဝေးဝေးနေရန် ဆုံးဖြတ်လိုက်မိပါတော့သည်။

ကျွန်မ ရုံးပြန်တက်သောအခါ “နေကောင်းပြီလား.. ရုံးတက်ပြီလား” ဟု သတင်းမေးသူများထက် “နေသန့် တစ်ယောက် တော်တော်မှ ဂရုစိုက်ရဲ့လား” ဟု မေးသူအရေအတွက်ကသာ ပိုများခဲ့သည်။ ရုံးတွင်းတွင်ကား ကျွန်မနှင့်သူ့ကို အားလုံးက ချစ်သူဖြစ်မည့်သူ နှစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီဖြစ်မည် ထင်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် ကိုယ်သဘောကျနေသည့် အမျိုးသားတစ်ယောက်နဲ့ တွဲစခြင်းခံရသော မိန်းကလေးတစ်ယောက် ဖြစ်သည်နဲ့အညီ ကျွန်မ ရှက်ရွံ့ကြည်နူးမိပါသည်။ ရင်တစ်လှပ်လှပ်ဖြစ်ကာ သူ့အနားကို သွားကာနီးတိုင်း ခြေလှမ်းတွေလည်း မှားတတ်ပါသည်။ သူ့အကြောင်းတွေ စဉ်းစားမိလိုက်တိုင်းလည်း ရင်အစုံက နွေးထွေးသွားတတ်ပါသည်။ သို့သော် အခြေအနေ ကွာခြားမှုကို နားလည်ထားပြီးဖြစ်သောကြောင့် ကျွန်မ၏ စိတ်ခံစားချက်များသည် နှလုံးသားထဲမှ အပြင်မရောက်မီ သိမ်ငယ်ပျောက်ကွယ် သွားတတ်ကြသည်။ ကျွန်မ ၀မ်းနည်းသည်။ ကျွန်မ မျှော်လင့်ချက်တွေ ပျောက်ဆုံးလု နီးနီးဖြစ်သည်။ ကျွန်မ ဘ၀ပေး ကုသိုလ်ကံကို အပြစ်တင်မိသည်။ ကျွန်မ သူနဲ့ ခပ်ဝေးဝေးတွင် နေပြီး ရင်တွင်းဖြစ်များကို အဆုံးသတ်နိုင်ဖို့ ကြိုးစားရသည်။ ဟုတ်ပါသည်.. ကျွန်မအရင်လို ရင်းရင်းနှီးနှီးနေခြင်းကို ဆင်ခြင်လိုက်သည်။ အလုပ်ကိစ္စမဟုတ်သော ဟိုဟိုဒီဒီ ကိစ္စများ လျှောက်ပြောခြင်းကို ရပ်နားလိုက်ရသည်။ မလိုအပ်ပဲ ခဏ ခဏ ခိုးကြည့်တတ်ခြင်းကို ထိမ်းချုပ်လိုက်ရသည်။ ကျွန်မနှင့် သူ၏ ဆက်ဆံရေးကို ဘောင်တစ်ခုထက် မပိုစေရန် ကိုယ်ပိုင် ကန့်သတ်ချက်များဖြင့် ကန့်သတ်လိုက်ရသည်။ ကျွန်မ၏ ပြောင်းလဲခြင်းများသည် မသိသာလွန်းခဲ့သော်လည်း ကျွန်မကို စိတ်ဝင်စားနေသော သူ့ အဖို့တော့ လွယ်လွယ်ကူကူ သတိပြုမိသွားစေသည်။ သူ့ကိုလည်း ကျွန်မနှင့် တွဲပြီး စနောက်ခြင်းများ ရှိကောင်းရှိနေနိုင်ပါသည်။ “လူပျိုကြီး ရင်ခုန်တတ်ပြီပေါ့” ဆိုသည့် စကားများကို ကျွန်မရှေ့တွင်လည်း ပေါ်ပေါ်ထင်ထင်ပြောကြသည်။ သူသည်လည်း ရင်ခုန်ကောင်း ခုန်ပါလိမ့်မည်။ သို့သော် ကျွန်မတို့ နှစ်ယောက်၏ ဇာတ်လမ်းသည် ရုပ်ရှင်ကားများထဲကလို ဇာတ်သိမ်းလှလိမ့်မည်ဟု ကျွန်မ မမျှော်လင့်ရဲခဲ့ပါ။

ကျွန်မဘက်မှာ ခပ်ခွာခွာနေခဲ့သော်လည်း သူ့ဘက်မှတော့ ကျွန်မနှင့် ပိုမိုနီးစပ်အောင် ကြိုးစားခဲ့ပါသည်။ ကျွန်မနဲ့အတူ နေ့လည်စာ လိုက်စားသည်။ ကျွန်မ သူငယ်ချင်းများနှင့် မသိမသာ အရောဝင်သည်။ ကျွန်မတို့ အဖွဲ့ကျနေလျှင် သူလည်း ရောယောင်ကာ ၀င်ပါတတ်သည်။ ယောက်ျားတော်တော်များများ ကျင့်သုံးသော ပိုးပန်းနည်း၏ အစပျိုးခြင်းကို သူလည်း ကျင့်သုံးခဲ့ပါသည်။ သူ ကျွန်မကို ချစ်သည်ဟုလည်း ကျွန်မ စိတ်ထဲမှ အလိုလို နားလည်လာခဲ့သည်။ သို့သော် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းသွေးထိုးမှုကြောင့်များ စိတ်တွေ ပြောင်းလဲ လာသလားဟု ကျွန်မ တစ်ထင့်ထင့်လည်း ဖြစ်ရပြန်ပါသည်။ မည်သို့ပင် ဖြစ်စေဦးတော့ ကျွန်မ သူ့ကို မချစ်ရဲခဲ့ပါ။ သူ၏ အရေးပေးမှုများကို ထပ်မံ လက်မခံရဲခဲ့တော့ပါ။ သူ၏ စာနာ ကြင်နာမှုများကို မသာယာရဲခဲ့တော့ပါ။ အိမ်ပြန်နောက်ကျသည့် နေ့များတွင် ကျွန်မကို အရင်လိုမျိုး သူ့ ကားနဲ့ လိုက်ပို့ပေးဖို့ ပြောခဲ့သော်လည်း ကျွန်မ စကားလှလှများဖြင့် ၊ အကြောင်းတစ်ခုမဟုတ် တစ်ခုပြကာ ငြင်းဆိုခဲ့သည်ချည်း။ ကျွန်မအတွက် လက်ဆောင်များ ၀ယ်ပေးပြန်တော့လည်း အကြောင်းအမျိုးမျိုးဖြင့် ဖယ်ရှားခဲ့သည်ချည်း။ သို့သော် အလုပ်နှင့် ပတ်သက်လာသည့် အခါမျိုးတွင်တော့ ကျွန်မ မည်သည့်အရာကိုမှ မထိမ်းချုပ်ခဲ့ပြန်ပါ။ မေးရာရှိသည်ကို ရဲရဲမေးသည်.. မသိသော မတတ်သော အရာများကို သင်ယူသည်။ အလုပ်ထက်ပိုသည့် ပတ်သက်မှုမျိုး မဖြစ်စေရန်သာ ရှောင်ရှားခဲ့ပါသည်။ တစ်ပတ်…… နှစ်ပတ်… တစ်လ ကြာသည်အထိ သူ့ဘက်မှလည်း ရှေ့မတိုးခဲ့သော်လည်း သည်ထက် နည်းနည်းကြာလာသည့် အခါ. သူ ကျွန်မကို ထုတ်ဖော်မေးမြန်း လာပါတော့သည်။ Read the rest of this entry