Blog Day 2009 and Blogging Excursion

Standard

2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် ဘလောဂ့်ဂါ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက. မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ဘလောဂ့်ဂါတွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ ဘလောဂ့်ဂါတွေလည်း တက်ရောက်နိုင်ပါတယ်ရှင်။

ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ ဘလောဂ့်ဂါတွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုအနေဖြင့် သရေခေတ္တရာ ၊ ပြည်မြို့ကို Blogging Excursion တစ်ခုအနေနဲ့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်ရှင်။ ဒီခရီးစဉ်ကို Shrikittaya 2.0 လို့ အမည်ပေးထားပြီး.. ခရီးစဉ်မှာ လိုက်ပါကြမယ့် ဘလောဂ့်ဂါတိုင်းကို နှစ်သက်ကြည်နူးစေမယ့် အစီအစဉ်တွေ ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ လာရောက်ဆင်နွှဲလိုကြတဲ့ ဘလောဂ့်ဂါများအားလုံးအနေဖြင့် ပွဲကိုလာမယ့်အကြောင်းကို သြဂုတ်လ (22) ရက်နေ့ကို နောက်ဆုံးထားပြီး Register ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Register ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ Registration Fees ကိုပေးဆောင်ရပါမယ် ဆိုတာလေးကိုလည်း သိစေချင်ပါတယ်ရှင်။ Registration Fees ကောက်ခံရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလာဖို့အတွက် စီစဉ်စရာလေးတွေကို အဆင်ပြေပြေစီစဉ်နိုင်အောင် ဖြစ်ပါတယ်ရှင်။ MBS ကို ၀င်ရင် ပေးရမယ့် ၀င်ကြေးမဟုတ်ပါဘူးဆိုတာလည်း အသိပေးအပ်ပါတယ်။

နေ့ရက် –     29 – Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)

အချိန် –      တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ ၊ ခရီးစဉ် @ ည (10) နာရီ

နေရာ –      ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိပဲ ၊ တွေ့ဆုံပွဲသို့လည်း သီးသန့်လာရောက်နိုင်ပါတယ်။

ကဲ.. မြန်မာဘလောဂ့်ဂါတွေ ဘလောဂ့်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြရအောင်နော်… !

7 responses »

  1. ပင့်လေးရေ
    အလုပ်များလို့မရောက်တာကြာနေပြီ
    တွေ့ဆုံပွဲလေးဆီလာချင်လိုက်တာနော်
    ခရီးစဉ်လည်းလိုက်ချင်တယ်
    ပင့်လေးတို့စီစဉ်တာ အလွန်ကောင်းပါတယ်
    အစစအရာရာအဆင်ပြေပျော်ရွှင်ပါစေ
    ချစ်ခင်လျက်

  2. လိုက်ချင်ပါတယ်… ဒီဇင်ဘာမှာ ဘာအစီအစဉ်ရှိလဲညီမလေးရေ… အမကဒီဇင်ဘာမှရန်ကုန်ပြန်မှာ

  3. ရန်ကုန်မှာသာ ကျနော် ရှိခဲ့မယ်ဆိုရင်
    လိုက်ဖြစ်ပါလိမ့်မယ် …
    ပထမဆုံး အကြိမ်ရောက်လာခြင်းဖြစ်ပါတယ်
    ချမ်းမြေ့ပါစေ …

  4. ကန်တော်ကြီး နေရာအတိအကျသိပြီလား လာချင်တယ် အကြောင်းပြန်ပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s