Blog Day Gathering: Update!!

Standard

MBS မှ Blog Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် Blogger Gathering and Blogging Excursion အကြောင်းကို ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲလေးကို ကျင်းပဖို့ အချိန်လည်း နီးကပ်လာပြီ ဖြစ်တာကြောင့် လာရောက်ကြမယ့် ဘလောဂ့်ဂါများ အားလုံးကို ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို ပြန်လည်ကြေငြာပေးချင်ပါတယ်။

Blogger Gathering

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – နံနက် (၁၀ ) နာရီမှ ညနေ (၄) နာရီထိ

နေရာ – ကန်တော်ကြီး ကရ၀ိတ် ၀င်ပေါက်ဝတွင် စုရပ် (ကျနော် တစ်ယောက် စောင့်နေမည် မတွေ့လျှင် 095001570 သို့ တည်နေရာအား မေးမြန်းနိုင်ပါသည်။ )

အစီအစဉ်များ

* ဘလောဂ့်ဂါ အချင်းချင်းမိတ်ဆက်ခြင်း
* ဂိမ်းဆော့ခြင်း
* Quiz ဖြေခြင်းများ
* ဘလောဂ့်ဂါ အချင်းချင်း လက်ဆောင်ပစ္စည်း လဲခြင်း

တွေ့ဆုံပွဲကို လာရောက်ကြသောသူများအတွက် နေ့လည်စာ စီစဉ်ပေးမည်ဖြစ်ပါသည်။ အမှတ်တရ လက်ဆောင်များကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

လက်ဆောင်များ လဲရန်အတွက် ကြိုက်နှစ်သက်ရာ လက်ဆောင်ပစ္စည်းတစ်ခုစီ ယူလာနိုင်ပါသည်။

Blogging Excursion

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – ည (၁၀) နာရီ ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး (၃၁) ရက်နေ့ မနက်ကို ပြန်ရောက်ပါမည်

သွားရောက်လည်ပတ်မည့်နေရာ – ပြည်မြို့ ၊ သရေခေတ္တရာမြို့ဟောင်း

Fees – 5000 ကျပ်

* ခရီးစဉ်အတွက် ကားစီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်စရိတ်များကို ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။
* ခရီးစဉ်အကြောင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားနိုင်သူအား ကိုကျော်ဇေယျမှ ပထမဆု= smart dictionary၊ ဒုတိယဆု = JXD MP3 2GB၊ တတိယဆု = 1GB thumb drive များကို ဆုချီးမြှင့်ပေးမည် ဖြစ်ပါသည်။ (MBS မှ ပေးသောဆု မဟုတ်ပဲ ကိုကျော်ဇေယျမှ သီးသန့်စီစဉ်ပေးသော ဆု ဖြစ်ပါသည်)

အကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်သော သူများ မလိုက်နိုင်သော သူများ မနက်ဖန် ညနေ ၂နာရီ နောက်ဆုံးထား၍ အကြောင်းကြားပေးရန် နိုးဆော်အပ်ပါသည်။ ကားစီစဉ် ပြီးမှ မလိုက်ဖြစ်ဘူးဆိုသော သူများအား ပိုက်ဆံ ပြန်အမ်းပေးမည် မဟုတ်ပါ။

8 responses »

  1. မမ… ကျွန်တော့်ဆိုဒ်မှာလည်း ကူးယူဖေါ်ပြလိုက်တယ်နော်… ကိုကြီးကျော်က ဘာကင်မရာပေးမှာလဲ… တန်ဖိုး ရှိတာ မရှိတာတော့ မသိဘူး… ဒို့တောသားတွေကတော့ ရိုက်ရ ပြီးတာပဲ… (ကဗျာအနေနဲ့ ပြိုင်မယ်ကွ) 😛

    • ဟေ့ မောင်သားဖြိုး ကင်မရာ မဟုတ်ဘူးလေ…….
      ဆုတွေကို သေသေချာချာလဲ ဖတ်ကြည့်ဦး…
      ဒီကင်မရာ ကိစ္စ ပဲ လိုက်ရှင်းနေရတယ်……

  2. Pingback: Blog Day Gathering: Update!! : My Poem Bag

  3. အင်း ရုန်ကန် ရန်ကုန်မှာ ဆိုတော့ကာ…………………………

    ဒါပေမယ့် MBS ကို ပြန်လည် ရှင်သန်စေနိုင်ရင် ကောင်းမယ်နော

  4. ကောင်းလိုက်တဲ့ အစီအစဉ်။ ပျော်စရာကောင်းမှာ သေချာပါတယ်။ လာချင်လိုက်တာ။ ယခုလို ပွဲမျိုးတွေ များများလုပ်ပေးရင် ကောင်းမှာပဲ။

  5. အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေဗျာ။ ချစ်ခင်ပျော်ရွှင်ဖွယ် အချိန်ကာလလေးများ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

Leave a reply to မောင်စေတနာ Cancel reply