Blogger Gathering is Successfully Finished

Standard

ကျွန်မတို့ တစ်လတိတိ မီတင်ပေါင်းများစွာ လုပ်ပြီး စီစဉ်ခဲ့ရတဲ့ Blogger Gathering and Blogging Excursion ရဲ့ ပထမပိုင်း အစီအစဉ်ဖြစ်တဲ့ Gathering ကတော့ ဒီနေ့မှာ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲလေးကို စီစဉ်ထားတဲ့အတိုင်း ကန်တော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ တွေ့ဖူးမြင်ဖူးနေကျဖြစ်သော ဘလောဂ့်ဂါများသာမက၊ မတွေ့ဖူး မမြင်ဖူးသော ဘလောဂ့်တွေလည်း လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ တွေ့ဆုံပွဲလေးမှာ စုစုပေါင်း ဘလောဂ့်ဂါ သုံးဆယ့်ငါးယောက် လာရောက်ခဲ့ကြပါတယ်ရှင်။

မနက်ဆယ်နာရီမှာတော့ ကျွန်မတို့တွေ ကရ၀ိတ်ကျွန်း အ၀င်ဝမှာ လူစုကြပါတယ်။ နောက်တော့ ကန်တော်ကြီး ကလေးကစားကွင်းအနီး မြေကွက်လပ်တစ်ခုကို သွားရောက်ကြပြီး ဘလောဂ့်ဂါ အချင်းချင်း မိတ်ဆက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ Debate လုပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ အစတုန်းက Role Play တွေပါ ဆော့ဖို့ စီစဉ်ထားခဲ့ပေမယ့် လူစုတာ နည်းနည်း အချိန်ကြာသွားတဲ့အတွက် ဒီအစီအစဉ်ကို မလုပ်ဖြစ်ခဲ့ပါဘူးရှင်။ ဆော့ဖြစ်ခဲ့တဲ့ ဂိမ်းလေးကတော့ Blogger ဖွက်တမ်းလို့ အမည်ပေးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

ဘလောဂ့်ဂါတွေရဲ့ နာမည်ကိုတွေ လက်ဟန် ခြေဟန် အမူအရာတွေနဲ့ ဖွက်ပြီး အမည်ဖော်ရတဲ့ ဂိမ်းလေးပါ။ ငယ်ငယ်တုန်းက ရုပ်ရှင်ဖွက်တမ်း ကစားခဲ့သလိုပါပဲ။ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ပျော်ပျော်ပါးပါး ဆော့ကစားခဲ့ကြပါတယ်။ ဆော့ပြီးတော့ နေ့လည်စာ စားသောက်ကြပါတယ်။ နေ့လည်စာ စားပြီးတဲ့ အခါမှာ စောစောက အဖွဲ့နှစ်ဖွဲ့ကပဲ Debate အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ Debate  လုပ်ခဲ့တဲ့ ခေါင်းစဉ်တွေကတော့

  1. Blogger မှာ ရေးရတာကောင်းတယ် နဲ့ WordPress မှာ ရေးရတာ ကောင်းတယ်
  2. Blogger ဖြစ်ရတာ ကောင်းတယ်၊ Blogger ဖြစ်ရတာ မကောင်းဘူး

ဆိုတာတွေပဲ ဖြစ်ပါတယ်။

Debate ပြီးသွားတော့ ကျွန်မတို့ လက်ရှိစုဝေးနေတဲ့ နေရာမှာ နေနည်းနည်းပူနေတာတဲ့ ချစ်သူကျွန်းကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ချစ်သူကျွန်းမှာလည်း ဆော့ခဲ့ကြ၊ ဓါတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဘလောဂ့်ဂါ သားဖြိုးကလည်း ဂစ်တာတီးပြီး သီချင်းတွေ ဆိုပြခဲ့ပါတယ်။

နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုကြက်ခြေခတ်ယှက်ကိုင်ပြီး လက်တွေကို မဖြုတ်ပဲ အားလုံး စက်ဝိုင်းပုံ ပြန်ဖြစ်အောင် လက်တွေကို ဖြေယူရတဲ့ ဆော့ကစားနည်းကို ဆော့ခဲ့ကြပါတယ်။

ရှုံးတဲ့ အဖွဲ့ကို နိုင်တဲ့ အဖွဲ့က ကြိုက်ရာ လုပ်ခိုင်းလို့ ရတယ်လို့ ဒိုင်လူကြီးက ပြောတာနဲ့ လက်တွေကို မဖြည်နိုင်တဲ့ ကျွန်မတို့အဖွဲ့ကတော့ နိုင်တဲ့ အဖွဲ့နှစ်ဖွဲ့ ခိုင်းတာတွေကို မရှက်တမ်း လုပ်ပြခဲ့ရပါသေးတယ်။

နောက်ဆုံးမှာတော့ အားလုံးစုပြီး ဓါတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲလေးကို လာရောက်ပေးကြတဲ့ ဘလောဂ့်ဂါတွေကို ကျေးဇူးအထူးတင်ပါတယ်လို့ Organizer အားလုံးရဲ့ ကိုယ်စား ကျွန်မက ပြောချင်ပါတယ်။ ဘလောဂ့်ဂါ အချင်းချင်း အွန်လိုင်းမှာသာမက အပြင်မှာပါ ရင်းနှီး နွေးထွေးစေတဲ့ ဒီလိုအစီအစဉ်မျိုးကိ နောက်လည်း အခွင့်အခါသင့်သလို ပြုလုပ်ပေးသွားချင်ပါသေးတယ်။ ဘလောဂ့်ဂါတိုင်းကိုလည်း အွန်လိုင်းမှာသာမက အပြင်မှာ ချစ်ခင် ရင်းနှီးစေချင်ပြီး နောက်ပိုင်းမှာ လူမှုရေး လုပ်ဆောင်ချက်တွေကို တက်တက်ကြွကြွ လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်ရှင်။

ဒီနေ့ည (10) နာရီမှာတော့ ပြည်မြို့ကို Blogging Excursion အနေနဲ့ ထွက်ခွာကြအုံးမှာ ဖြစ်ပါတယ်။ ခရီးသွား အတွေ့အကြုံလေးတွေကို စောင့်မျှော် ဖတ်ရှုကြပါအုံးနော်။

သီချင်းဆိုနေသော မောင်သားဖြိုး

Image Hosted by ImageShack.us

(Photo Credit to Kyaw Nyo Thway)

ဆော့ကြပြီ

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Image Hosted by ImageShack.us

(Photo Credit to Nyi Lynn Seck)

Advertisements

16 responses »

  1. တကယ်ကို လှပါပေ့… ကျွန်တော်တို့ ပထမဆုံး ဘလော့ဒ်ဒေးမှာ အင်ဘား လေးငါးခြောက်ရာလောက် တက်ခဲ့တာကို မမီပေမယ့်… အရင်တစ်နှစ် အားငယ်စွာ စောင့်ခဲ့ရတာကို ဒီတစ်ကြိမ် အရမ်းကို ကျေနပ် အားရပါတယ်။ အရေအတွက်နဲ့ ယှဉ်ရင် ဘာမှ မပြောပ မနှိုင်းသာပေမယ့် ဒီလို တွေ့ဆုံပွဲလေး ဖြစ်မြောက် အောင်မြင်သွားတာကို ကျွန်တော်တစ်ယောက် အပါအ၀င်မို့ အရမ်းကို ၀မ်းသာ ဂုဏ်ယူမိပါတယ်…

  2. Pingback: Blogger Gatehring in Myanmar | All Together on A Planet ...

  3. လုပ်သင့်လုပ်ထိုက်တဲ့လူမှုရေးပွဲကလေးတွေပါ။ ကောင်းပါတယ်။ ဒါပေမယ့် မသင်္ကာလို့ စောင့်ကြည့်နေတဲ့လူတွေကတော့ သေချာပေါက်ရှိမှာပါ။ ရှိလဲ ဂရုစိုက်စရာတော့ မလိုပါဘူး။ ဘလော့ဂါတွေပဲလေ။

  4. မိုက်တယ်ကွာ အဲဒီနေ့ကတော်တော်ပျော်ဖို.ကောင်းတယ်နော် မပင့်ကူရေ
    မြန်မာဘလော့ဂါ အဓွန်ရှည်ပါစေနော်

  5. သူငယ်ချင်းရေ –
    ဘလော့ဂါဒေး ကျင်းပခဲ့တာလေး ဖတ်ပြီး အဝေးကနေ ငါတို့ကြည်နူးမိပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်ပေမယ့် ရှိနေတဲ့ လူဟောင်းလူသစ်တွေ ညီညီညွှတ်ညွတ် ရှေ့ဆက်နေနိုင်တာကို တကယ်ပဲ ဝမ်းသာပါတယ်။ အစစ အရာအရာ အောင်မြင်ပါစေ …

  6. ချစ်ရေ..လာသွားတယ်။ ဒုံပတ်တွေလည်း ထပ်ကြည့်သွားတယ်။ ပျော်စရာကြီးဟာ..နင်ပျော်ခဲ့ကတယ်ဟုတ်။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ..

  7. ဝေး မပင့်ဂိုးလ် .. အဲ့နေ့ကမရောက်လိုက်တာတော့ နာတယ်ဗျ .. စီဘောက်မှာအော်မရလို့ ဒီလာအော်လိုက်တာ …း(

    • ဟုတ်တယ် စိုင်းသူရရေ.. စီဘောက်မှာ အဆဲခံရလို့ ပိတ်ထားတာ

  8. ပင့်ပင့်ရေ…….. ဆက်ရေးအုံးလေ..
    ဟိုပုံလေးလည်း ထည့်နော်…. တို့တွေ ရိုက်ထားတဲ့ပုံလေ။
    ဂျူနီယာ မျက်လုံးလေးလည်းပါတယ်လေ။
    နော် …..
    အဲ့လိုမှ မဟုတ်ရင် သိချင်ကြတဲ့ သမိုင်းကြောင်းတွေ ပြောမပြတော့ဘူး….။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s