Back in Yangon

Standard

Miss People 2009 Mandalay ပွဲကိုလုပ်ဖို့ အတွက် မန္တလေးကို တစ်ပတ်လောက် သွားရောက်နေထိုင်းပြီး ဒီနေ့ မနက်ပဲ ရန်ကုန်ကို ပြန်ရောက်လာပါတယ်။ မန္တလေးကတော့ အရင်လို့ ပူတုန်းပါပဲ။ အရင်လို လွတ်လပ်မှုတွေ ရှိတုန်းပါပဲ။ ပွဲမတိုင်ခင် တစ်ရက်မှာ YUFC နဲ့ ရတနာပုံ အသင်းနှစ်သင်းရဲ့ ပွဲကြီး ပွဲကောင်းကိုလည်း ကြားရပါသေးတယ်။ မန္တလေးမှာ နေခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ အလွန်များခဲ့သလို ပွဲနေ့ကလည်း အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပါတယ်။

အခုတော့ အရမ်းကို ပင်ပန်းနေပါတယ်။ ပိုစ့်သစ်တွေ ရေးနိုင်ဖို့ အားယူနေပါတယ်။

2 responses »

  1. Wednesday, October 7, 2009
    New York မှ Shenzi / Banzai နဲ့ Ad တို့အဖွဲ့

    ကျောက်တန်းက မောင်ဆန်း ( နယူးယောက်)

    (ကုလသမဂ္ဂမှာ နအဖ ၀န်ကြီးချုပ်ကို ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘ၀င်မကျသူ တစ်ဦးက သူ့အမြင်ကို ရေးပို့လာတာ ဖြစ်ပါတယ်။ ဖိနပ်နဲ့ ပေါက်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒပြခွင့်နဲ့ သက်ဆိုင်ပါသလား ဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ အားလုံး စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ ဒီအဖြစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမြင်ကိုလည်း တင်ပြဖို့ ရည်ရွယ် ထားပါတယ်။ အခုတော့ ကျောက်တန်းက မောင်ဆန်း အမြင်ကို ဖတ်ကြည့် ရအောင်ပါ။ တစ်ချို့ စကားလုံးတွေ ကိုတော့ ဖော်ပြရန် မသင့်လို့ ဖြုတ်ထားပါတယ်။)

    နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးကို ဖိနပ်နဲ့ပေါက်မယ် ဆင်ဖမ်း၊ ကျားဖမ်းကြမယ် သွားကြည့် ကြရအောင်- သူငယ်ချင်းတွေက အဆွယ်ကောင်းလို့ Subway အသွာအပြန် $5 အကုန်ခံပြီး EastGate Hotel ကို မနက် ၇ နာရီလောက် ကျနော် ရောက်သွားခဲ့ပါတယ်။

    အားလုံး သိပြီးတဲ့အတိုင်း ဆန္ဒပြနေကြတာတွေကို UTube၊ blog တွေမှာ တင်ပြီးတာမို့ အသေးစိတ် မရေးတော့ပါဘူးဗျာ New York မှာနေတဲ့ ဗမာတစ်ယောက် အနေနဲ့ကတော့ သိတာ/ တွေ့တာတွေ ပြန်ပြောဖို့ လိုတာကြောင့် ဒီစာ ရေးပို့လိုက် ပါတယ်။ နောက်ပြီး fighterကြီး မိုးသီးရဲ့ ဆောင်ပုဒ်လို မတရားတာ တွေ့ရင် မတရားဘူးလို့ပြော ဆိုသလိုဘဲ မဟုတ်တာ တွေ့ရင် မဟုတ်ဘူးလို့ ပြောရမယ့် တာဝန်ရှိတယ်။ နို့မို့ဆိုရင် Blog တွေမှာ တင်ထားတာတွေကြောင့် အားလုံး အမြင် မှားသွားနိုင်ပါတယ်။

    ၁။ ပထမအချက်က BBC က ဆန္ဒပြတဲ့သူ ၂၀၀ လို့ ပြောတယ်။ ကျနော်တွေ့တာတော့ လူ ၂၀ လောက်ပဲ ရှိမယ်။ လူ ၂၀၀ ပြည့်စေချင် ရင်တော့ လမ်းဘေးက ခလေးတွေ၊ ခွေးတွေနဲ့ မဆီမဆိုင် နိုင်ငံခြားသားတွေ ထည့်တွက်ရမှာ ပဲပေါ့။

    ၂။ စစ်အစိုးရရဲ့ လူကြီး ၂ ယောက်စလုံးကို ဖိနပ်နဲ့ ပေါက်နိုင်တယ်လို့ အားပါးတရ အော်ဟစ်နေတယ်။ နိုင်ငံခြားရေးဝန်ကြီး စီးသွားတဲ့ ကားကို ဖိနပ်နဲ့ ပေါက်တယ်။ မှန်တယ်။ America မှာ လမ်းဘေးက သူတောင်းစား တောင်မှ အမေရိကန် သမ္မတရဲ့ကားကို ဖိနပ်နဲ့ ပေါက်ရင် မှန်နိုင်တာပဲဗျာ။ ဘာမှ ပြောပလောက်တဲ့ အောင်ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်ကိုတော့ မြင်တောင် မမြင်လိုက်ရဘူး။ ကားကိုလည်း ဘာမှ မလုပ်လိုက်နိုင်ပါဘူး။

    ၃။ ဆန္ဒပြတဲ့အခါ ဆဲဆိုနေတာ မကြားဝံ့ မနာခံပါ၊ ဘေးက ရပ်ကြည့်နေတဲ့ ဗမာတစ်ယောက် အနေနဲ့ ရှက်တောင် ရှက်တယ်။ ဖြတ်သွားတဲ့ နိုင်ငံခြားသားတွေက ဗမာစကား မတတ်ဘူးထား အောက်တန်းကျတဲ့ အမူအယာ တွေက International Language ဘဲ၊ နှာခေါင်း ရှုံ့ကြတယ်။ သူတို့ မဆိုထားနဲ့ New York မှာ နေတဲ့ ဗမာတွေ အားလုံးနီးပါး ဒီလိုလုပ်တာ မကြိုက်ဘူး။

    ၄။ ရဲတွကေ ဟိုတယ် ဆင်ဝင်အောက်မှာ လူရှင်းပေးထားတယ်၊ ဆန္ဒပြတဲ့သူတွေ အတွက် ကြိုးဝါတွေ တားပေးထားတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဆင်းလာတယ်။ ဟိုတယ် အပေါက်နဲ့ နီးတဲ့ ကားတံခါးဘက်က မတက်ဘဲ ဆန္ဒပြတဲ့လူတွ ရှိတဲ့ဘက်က တံခါးက ဝင်တယ်။ ကားထဲ မဝင်ခင် ဆန္ဒပြတဲ့လူတွေကို ဘာမထီ အကြည့်နဲ့ ကြည့်သွားသေးတယ်။

    ကျနော်ကတော့ တထိတ်ထိတ်နဲ့ ဘေးကနေပြီး ဘယ်ကောင် ပြေးထွက်လာပြီး ဖိနပ်နဲ့ ပေါက်မလဲ၊ ဓါးနဲ့ ခုတ်မလဲ၊ လက်သီးနဲ့ထိုးမလဲ အသဲတယားယားနဲ့ ကြည့်နေတာ ဒါပေမယ့် ဘယ်သူမှ ထွက်မလာပါ။ xxxxတွေ အော်နေသလိုဘဲ အဝေးက အော်နေလိုက်ကြတာ ဆူညံ ပွက်လောရိုက်ပေါ့။

    ၅။ ဝန်ကြီးရဲ့ ကားအထွက်မှာ သင်္ကြန်ခလေးတွေ နို့ဆီခွက် အစုတ်နဲ့ ရေပက်သလို ကော်ဖီနဲ့ လှမ်းပက်တယ်။ ပြီးတော့ ဝမ်းသာ အားရနဲ့ တိုက်ပွဲမှာ အကျအဆုံးမရှိ၊ ငါတို့xxxxတွေလို ဝိုင်းအော်တဲ့ နည်းဗျူဟာကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်သတဲ့။ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးစလုံး စစ်ကျောင်းက ဆင်းပြီးကတည်းက တပ်မတော်မှာ တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ ခဲ့ပြီးပြီ။ xxxxတွေ အော်သလို ဆဲနေတာလောက် လေးနဲ့တော့ သွေးပျက်မလားဗျာ။ အသေခံ ဗုံးခွဲလိုက်ရင် တောင်မှ သွေးပျက်ချင်မှ ပျက်မှာ…. ဒါပေမဲ့ ခင်ဗျားတို့ ဒီလောက်ထိ မလုပ်နိုင်ပါဘူး… ဆောရီး….ဆောရီး

    ကဲ ဆက်ပြီးတော့ New York လေသေနတ် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အချက်တွေကို ကျနော် သုံးသပ်ပြမယ်။

    ၁။ New York မှာနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေနဲ့ မြန်မာ လူမျိုးအားလုံးကို အရိုင်းအစိုင်း ပုံစံမျိုး သက်ရောက်စေတယ်။ ဟုတ်တယ်။ ဆန္ဒပြတာ ရှိသမျှ အဖေတွေ၊ အမေနဲ့ နှမတွေ ထုတ်ပြီး ပက်ပက်စက်စက် ဆဲတာက နည်းဗျူဟာလား။ ဆန္ဒပြပွဲမှာပါတဲ့ မိန်းမတွေကလည်း ငါးစိမ်းသည်က အဖွား ခေါ်ရလောက်တယ်။ ဒီ့ထက် ညံ့ဖျင်းတဲ့ နည်းဗျူဟာ ပြောင်းသုံးပါဗျာ။

    ၂။ New York မှာ အေးချမ်းစွာ ဆန္ဒပြချင်တဲ့အခါ ပါမစ် တင်ရင်တောင် မလွယ်တော့ဘူး။ ၂၈ ရက်နေ့က ဆန္ဒပြဖို့ ခွင့်ပြု ပါမစ် ရပေမယ့် ရိုင်းစိုင်း ရန်လိုတဲ့ အပြုအမူတွေကြောင့် အိမ်ရှင်နိုင်ငံက ၂၉ ရက်နေ့ ပါမစ် မပေးတော့ဘူး မဟုတ်လား။

    ၃။ မဟုတ်တာတွကေို လူအထင်ကြီးအောင် လျှောက်ရေးတော့ အမှန်သိတဲ့ လူတွေက ကျုပ်တို့လို တကယ် ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ လူတွေအားလုံးကို ညာဖြီးနေတဲ့ အကောင်တွေလို့ ထင်သွားနိုင်တယ်။ ကြည့်လုပ်အုံး ကိုယ့်လူ။

    ၄။ အရေးကြီးဆုံး အချက်က အစိုးရနဲ့ အတိုက်အခံတွေကြား ကွာဟချက်က ဒီလို စရိုက်တွေကြောင့် ပိုပြီး ကွာဟနိုင်တယ်၊ သူ့တာဝန်သူ ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း လက်ညှိုး ငေါက်ငေါက်ထိုး ထီး တရမ်းရမ်းနဲ့၊ ရန်လိုပြီး အပြစ်မြင်နေတဲ့ လူတွေနဲ့ ညှိနှိုင်း အချိန်ကုန်နေတာထက် လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဘာမှ ညှိနှိုင်းစရာ မလိုဘူး ဆိုတဲ့ အသိစိတ်ဓါတ်ကို ထပ် ရေလောင်း မပေးပါနဲ့ဗျာ။ သေမထူး နေမထူး ဒီမှာနေလဲ ပိုက်ဆံ အလကား တောင်းရနေတဲ့ လူတစ်စု အတွက်ကတော့ ဘာအရေးလဲ။

    ၅။ နောက်ဆုံး အချက်ကတော့ အိမ်ရှင်နိုင်ငံရဲ့ လုံခြုံရေး ဆောင်ရွက်ထားတာ ပြောပြဦးမယ် အိမ်ရှင်နိုင်ငံရဲ့ Secret Service ကပေါက်မဲ့ ဖိနပ်အစုတ်တွေ ကျောပိုးအိတ်ထဲထည့် လမ်းဘေး ဖိနပ်အစုတ် ကောက်တဲ့ ကောင်လို ကျောပိုးအိတ်ကို တစ်ယောက်က လွယ်ထား ကော်ဖီနဲ့ ပက်မဲ့လူက သူခိုးဦးထုပ်ဆောင်း ကော်ဖီခွက် ကိုင်ပြီး လူအုပ်ကြားမှာ မယောင်မလည်နဲ့ ရပ်နေ၊ ပွဲဆူအောင်လို့ ဆဲနည်းပေါင်းစုံနဲ့ ဆဲ၊ ချောက်တီးချောက်ချက် တိုက်ကွက်တွေ ညမအိပ်ဘဲ တိုင်ပင်ကြ နောက်နေ့ကျ အကောင်အထည်ဖေါ် အဲ့လိုမျိုး ခပ်ချာချာ အဖွဲ့အစည်းမျိုး မဟုတ်ဘူး။ သူတို့ တာဝန်ယူထားတဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး မျက်နှာ အပျက် ခံနိုင်ပါ့မလား။ Secret Service က ဝန်ကြီးချုပ်ကို ဟိုတယ် ဘေးပေါက်က ခေါ်ထုတ်ပြီး ၃၉ လမ်းပြောင်းပြန် မောင်းထွက်သွားမှ ခွေးအတွေ လန့်အော်သလို အော်ကြတာဘဲ။ New York မှာ လမ်းပြောင်းပြန် မောင်းသွားဖို့ မလွယ်ဘူး ဆိုတာ အားလုံး သိပါတယ်။ မီးပွိုင့်ဒေါင့်မှာ ငေါင်ကြောင်ပြီး ကျန်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ပုံတွေကိုလည်း Blog မှာ တင်ဖို့ မမေ့နဲ့အုံး။

    xxxxxxxxxxxxxxxxxxxxxxx…. Subway စီးခ $5 ကို Subway Sandwich ဝယ်စားလိုက်ရင် ကောင်းသားလို့ ကျိန်ဆဲရင်း ကျောက်တန်းကို နေ့တွက်စီဖို့ အဲ့ဒီနေ့က ကုန်းကြောင်း ပြန်ပြေး ခဲ့ရကြောင်းပါ။

    ဪ ပြောဖို့ တစ်ခု ကျန်ခဲ့သေးတယ် —- Shenzi / Banzai နဲ့ Ad ဆိုတာက Lion King ရုပ်ရှင်ထဲက ခွေးအ သုံးကောင် နာမည်ပါ။ သူတို့ရဲ့ အမူအယာတွေက ဟော်တယ်ရှေ့မှာ ဆန္ဒပြတဲ့ သူတွေနဲ့ တူလို့ အဲဒီခေါင်းစဉ် ပေးလိုက်တာ။ ကိုမိုးသီးလည်း သူ့ဘလော့ဂ်က ခြင်္သေ့ နေရာမှာ ဘာပုံ ထည့်သင့်တယ် ဆိုတဲ့ အတွေးလေး ၀င်သွားအောင်ပါ။

    ကျောက်တန်းက မောင်ဆန်း (နယူးယောက်)

  2. အဲဒီပွဲကြီးပွဲကောင်းအကြောင်းလည်းဖတ်ချင်တယ်… မမတို့ရဲ့စတိုင်ပြိုင်ပွဲလည်းဖတ်ချင်တယ်…. နောက်ပြီးတော့.. ဟဲဟဲ.. မှာထားတဲ့ ရည်မွန်လည်း စားချင်တယ်…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s