Happy Wedding, Ma Nine Nine Sanay

Standard

မနိုင်းနိုင်း မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်းဟာ ကျွန်မအတွက်တော့ တစ်ကယ်ကို အထူးအဆန်းပါပဲ။ မနိုင်းနိုင်းကို အပျိုကြီးဘ၀နဲ့ပဲ ဆက်လက်ရှိနေစေချင်တာမျိုး မဟုတ်ပေမယ့် ရုတ်တစ်ရက်ကြီး ကြားလိုက်ရတဲ့အတွက် အံ့သြမှင်သက်သွားခဲ့မိတာတော့ အမှန်ပါ။

2009 ခုနှစ် ၊ အောက်တိုဘာလ (28) ရက်နေ့က ကမ္ဘာကျော် ဘလောဂ့်ဂါ မနိုင်းနိုင်းစနေရဲ့ မင်္ဂလာဆောင်ပွဲကို Western Park မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားကတော့ အမေရီးကားမှာနေတဲ့ ကိုမင်းမင်းဆိုတဲ့ အကိုပါရှင်။ မနိုင်းနိုင်းရဲ့ မင်္ဂလာပွဲကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်းများအပြင် နာမည်ကြီး ဘလောဂ့်ဂါများပါ တက်ရောက်ခဲ့ပါတယ်။ အထူးဧည့်သည်အနေနဲ့ကတော့ စင်ကာပူက ခဏပြန်လာတဲ့ ကျွန်မတို့ သူငယ်ချင်း မောင်ပွတ်ကလည်း တက်ရောက်အားပေးခဲ့ပါတယ်။

ကိုမင်းမင်းနဲ့ မနိုင်းနိုင်းစနေ (ခ) မမီးမီး တို့နှစ်ယောက် အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပေါင်းစည်း နိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင်။ ပျော်ရွှင်သာယာ သိုက်သိုက်ဝန်းဝန်းရှိသော မိသာစုတစ်ခုကိုလည်း ဖန်တီးနိုင်ကြပါစေ။

img3855e

img3906

img3911j

Image Hosted by ImageShack.us

About these ads

12 responses »

    • ကိုယ့်သူငယ်ချင်းကို ကိုယ့်ဟာကို ချီးမြှောက်တာ ဘယ်သူဘာပြောချင်လို့တုန်း..

  1. သူငယ်ချင်းရေ -
    ခဏလေးပေမယ့် ရေးဖော်ရေးဘက် သူငယ်ချင်းတွေနဲ့ ပြန်ဆုံလိုက်ရတာ ငါ တကယ်ပျော်ပါတယ်။ အထူးသဖြင့် ငါတို့အားလုံး ချစ်ခင်တဲ့ နိုင်းနိုင်းရဲ့ မင်္ဂလာရက်မြတ်မှာ အမှတ်တရ ဆုံဖြစ်တာကိုလည်း ဝမ်းသာပါတယ်။ မတွေ့တာကြာပေမယ့်လည်း ငါ့ကို အခင်အမင်မပျက် နွေးနွေးထွေးထွေး ဆက်ဆံတဲ့ နင်တို့အားလုံးကို ကျေးဇူးတင် သတိရလျက်

    ခင်တဲ့
    မောင်ပွတ်

  2. ပင့်ဂိုးက ယောကျာ်းလည်းရမှာ မဟုတ်ဘူး ။ မိန်းမလည်းရမှာ မဟုတ်ဘူး ။ သူ့ရုပ်ဆိုးဆိုးကြီးကို မြင်ဖူးပြီးရင် ပန်းတောင် သေချင်သလိုလို ဖြစ်သွားမယ် ။ အာမခံရဲတဲ့ ပင့်ဂိုး တဲ့ ..ဟဟ

  3. တန်းတန်းအင်္ဂါအကြောင်းက မှန်တာပေါ့နော်…

  4. ကိုမင်းမင်းတော်တော်ပျော်နေလား
    မနိုင်းနိုင်းပျော်ရင်ပြီးတာပါပဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s