London Trip to attend One Young World Summit (Second day of Summit)

Standard

London Excel where One Young World Summit was held

Summit ရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာတော့ မနက်စောစော ၇ နာရီလောက်ကို အိပ်ရာက ထရပါတယ်။ ဟိုတယ်မှာပဲ မနက်စာစားပြီး Summit ကျင်းပမယ့် London Excel ကို မနက် (၈) နာရီ အရောက်သွားရပါတယ်။ Travel Lodge – London City Airport မှာနေတဲ့သူတွေ အားလုံးအတွက် စီစဉ်ပေးထားတဲ့ ကားတွေနဲ့ သွားရပါတယ်။ Excel ခန်းမကြီးဟာ တစ်ကယ်ကို အကျယ်ကြီးပါပဲ။ လူ ၂၀၀၀ လောက်အသာလေး ဆံ့ပါတယ်။ ကျွန်မတို့တွေ Excel ကိုရောက်တော့ တစ်ခြားဟိုတယ်က delegate တွေလည်း အသီးသီးရောက်နေပါပြီ။ အဲ့ဒီမှာ ခန်းမရဲ့ အပြင်ဘက်မှာ Laptop တွေနဲ့ Desktop တွေ ထားပေးထားပါတယ်။ အင်တာနက်သုံးချင်သူတွေ သုံးလို့ရပါတယ်။ Conqueror လို့ခေါ်တဲ့ Company က ပေးတဲ့ One Young World စာအုပ်နဲ့ စက္ကူအမာသားတွေနဲ့ လုပ်ထားတဲ့ 100% recycle ball pen ကိုလည်း လက်ဆောင်ပေးပါတယ်။ ပြီးတော့ Change Start with a Blank Sheet of Paper ဆိုတဲ့စာသားနဲ့အတူ Blank Sheet Project လို့ အမည်ပေးထားတဲ့ ဘုတ်အဖြူကြီး တစ်ခုလည်း ရှိပါတယ်။ အဲ့ဒီမှာ ကျွန်မတို့တွေ စာသားတိုလေးတွေနဲ့ အမှတ်တရလေးတွေကို ဆော့ပင်နဲ့ လျှောက်ခြစ်လို့ရတာပေါ့။

Blank Sheet Project

In our national dress.

Voting Handset

အဲ့ဒီနေ့က ကျွန်မရယ် Trishina ရယ်က ကိုယ့်နိုင်ငံရဲ့ အမျိုးသားဝတ်စုံတွေ ၀တ်ထားကြပါတယ်။ ကျွန်မလည်း မြန်မာဝတ်စုံလေးနဲ့ သူကလည်း ဘူတန်ဝတ်စုံလေးနဲ့ပေါ့။ နှစ်ယောက်လုံးရဲ့ ၀တ်စုံက ဆင်တူနေကြပါတယ်။ သူလည်း ချိတ်ထမီလေးနဲ့ အင်္ကျီလေးနဲ့ဆိုတော့ ကျွန်မတို့နှစ်ယောက်ကို တစ်နိုင်ငံတည်းကလို့တောင် ထင်ကြပါသေးတယ်။ အင်ဒိုနီးရှားကလူတွေကတော့ မြန်မာပြည်ကထင်တယ်လို့ လာနုတ်ဆက်ကြပါတယ်။ ခမ်းမထဲကို မ၀င်ခင် ကျွန်မတို့တွေ Voting Handset လေးတွေယူကြရပါတယ်။ ပြီးတော့ အသီးသီးနေရာတွေ ယူကြတာပေါ့။ အဲ့ဒီနေ့မှာ ကျင်းပမှာက Environment and its Protection, Global Business, Interfaith Dialogue ဆိုတဲ့ PlenarySession သုံးခုပါ။ ခမ်းမထဲဝင်ပြီး ခဏနေတော့ ပွဲလည်းစပါတယ်။ David နဲ့ Kate က နုတ်ဆက်စကားပြောပြီး Counsellor တွေ Delegate Speaker တွေက စင်ပေါ်တက် နေရာယူကြပါတယ်။ Environment Session မှာ Counsellor အဖြစ် တာဝန်ယူကြသူတွေက Kofi Annan, Bob Gelford, Alejandro Toledo, Professor Nick Hayson တို့ပဲဖြစ်ပါတယ်။ Delegate Speaker တွေက စုစုပေါင်း ခြောက်ယောက်ရှိပြီး သူတို့တွေ ပြောသွားတာတွေကလည်း မှတ်သားစရာ၊ အတုယူစရာတွေပါပဲ။ Climate Change အတွက် အဓိကသတ်မှတ်ထားတဲ့ Resolution ကတော့..

Environment and Its Protection
အခု ကမ္ဘာကြီးမှာ ရာသီဥတု ပြောင်းလဲတာတွေကို အပြင်းအထန်ခံစားနေရပါတယ်။ ဒါတွေကို မထိမ်းချုပ်နိုင်ဘူးဆိုရင် ကျွန်မတို့ရဲ့ နောက်မျိုးဆက်တွေအထိ ဆက်လက်အကျိုးသက်ရောက်သွားမှာပါ။ သဘာဝပတ်ဝန်းကျင်ကို အဓိကပြောင်းလဲစေတဲ့ အရာတွေက စက်မှုတိုးတက်ခြင်း၊ နည်းပညာတိုးတက်ခြင်းတွေကြောင့်ရယ် ကာဗွန်ထုတ်လုပ်မှုတွေ များပြားခြင်းရယ်ကြောင့် ဖြစ်ပါတယ်။ ဒါတွေကို လုံးဝလျှော့ချနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်ကို Target ထားပြီး လုပ်ဆောင်နေကြပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံလည်း ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေးသဘောတူညီမှု စာချုပ်မှာ လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ထိမ်းသိမ်း ကာကွယ်မှ ဆိုးရွားတဲ့ အကျိုးဆက်တွေကို တစ်ဖြည်းဖြည်းလျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီအပေါ်မှာ အခြေခံပြီး Delegate Speaker တွေက စကားပြောသွားကြတာဖြစ်ပါတယ်။ သူတို့တွေ အဓိကပြောသွားတာကတော့.
– ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုတာ နိုင်ငံရေးတစ်ရပ်အနေနဲ့ ပါဝင်နေရမှာဖြစ်တယ်
– လူငယ်တွေဟာ ကိုယ့်နိုင်ငံရဲ့ အစိုးရနဲ့ ခေါင်းဆောင်တွေကို ကိုယ်လိုချင်တဲ့ အနာဂတ်အတွက် တွန်းအားပေးရမယ်
– ၂၀၂၀ မှာ အဆုံးသတ်ဖို့လုပ်ထားတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေးအတွက်လည်း အင်တိုက်အားတိုက်ဆောင်ရွက်ရမယ်
– ပတ်ဝန်းကျင်းထိမ်းသိမ်းရေးအတွက် စည်းကမ်းရှိတဲ့ စနစ်ကျတဲ့ မူဝါဒတွေ၊ ပေါ်လစီတွေကို ချမှတ်ဖို့ အစိုးရနဲ့ ခေါင်းဆောင်သူတွေကို တွန်းအားပေးရမယ်
– သူငယ်ချင်းတွေ၊ ကိုယ့်ပတ်ဝန်းကျင်တွေကို တွန်းအားပေးပြီး ပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့အတွက် လှုံ့ဆော်ပေးရမှာ ဖြစ်တယ်။
– လူငယ်တွေရဲ့ အသံတွေကို ကမ္ဘာကသာမက ကိုယ့်နိုင်ငံကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေကပါ ကြားအောင် တတ်နိုင်သေရွေ့ မြှင့်တင်ပေးရမှာ ဖြစ်တယ်..

စတာတွေကို အဓိကထားဆွေးနွေးသွားကြပါတယ်။ သူတို့တွေအားလုံး စကားပြောပြီးတော့ Floor Speech အစီအစဉ်လေးဖြစ်ပါတယ်။ နာရီဝက်လောက် အကုန်လုံးဝိုင်းဆွေးနွေးပြီးတော့ နောက်အစီအစဉ်တစ်ခု မစခင် ကျွန်မတို့တွေကို ခဏ Break ပေးပါတယ်။ အဲ့ဒီမှာ အအေးသောက်၊ ကော်ဖီသောက်၊ မုန့်စားဖို့ အချိန် မိနစ် (၂၀) လောက်ပေးတာပေါ့။

Break ပေးပြီးတော့ Professor Mohammad Yunus ရဲ့ Social Business ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ပါမောက္ခ ယူနန်ပြောသွားတဲ့ အကြောင်းအရာတွေက မှတ်သားစရာပါ။ ယူနန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Micro Finance ကိုစတင်ခဲ့တာဖြစ်ပြီး အဲ့ဒါကြောင့်ပဲ နိုဘယ်ဆုချီးမြှင့်ခံထားရတာဖြစ်ပါတယ်။ လူသားတွေအတွက် ရည်ရွယ်တဲ့ စီးပွားရေး လုပ်ခြင်းမှာ လူသားတိုင်းက တတ်နိုင်တဲ့ ၀ယ်နိုင်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ခြင်းဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ အယ်လ်ဘေးနီးယားနဲ့ ဟေတီမှာ Social Business အတွက် တစ်ဒေါ်လာ နှစ်ဒေါ်လာတန် Affordable Shoes တွေကို ထုတ်လုပ်ပေးနေပါတယ်။ ယူနန်ပြောသွားတဲ့အထဲမှာ ကျွန်မ အကြိုက်ဆုံး စာကြောင်းလေးကတော့ “People shouldn’t go to bank, bank should go to the people” ဆိုတဲ့ ဘဏ်လုပ်ငန်းနဲ့ဆိုင်တာလေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးဖို့ လိုအပ်ပါသေးတယ်လို့ မြင်မိပါတယ်။

ပြီးတော့ Interfaith Dialogue Session ကို စပါတယ်။ အဲ့ဒီအတွက် ပေးထားတဲ့ Resolution လေးကတော့

Interfaith Dialogue
ဘာသာရေး ၊ ယုံကြည်မှု မတူညီခြင်းတွေကြောင့် စစ်ဖြစ်တယ်ဆိုတာ အရင်ခေတ်ကပဲ ရှိခဲ့တာပါ။ ဗဟုသုတတွေ၊ စဉ်းစားမြော်မြင်ရှိမှုတွေ တိုးတက်လာတဲ့ ဒီနေ့ခေတ်လူသားတွေအတွက် ဘာသာရေးကြောင့် စိတ်ဝမ်းကွဲပြားမှုတွေ မရှိသင့်တော့ပါဘူး။ မတူညီတဲ့ ယုံကြည်ချက်တိုင်းမှာ တူညီတဲ့ အခြေခံအကြောင်းတရားလေးတွေ ရှိပါတယ်။ လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားတဲ့ တူညီနေတဲ့ အခြေခံလေးတွေကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

Delegate Speaker တွေဟာ ဒီအပေါ်မှာ အခြေခံပြီး Speech တွေပြောသွားခဲ့ပါတယ်။ မတူညီတဲ့ ဘာသာတရားတွေရဲ့ တူညီမှုတွေကို အခြေခံပြီး လူအချင်းချင်းရိုင်းပင်းကြရမှာ ဖြစ်ပါတယ်။ ဘာသာချင်းချင်းရိုင်းပင်းကူညီရမှာဖြစ်ပြီး ဘာသာရေးကြောင့် လူကြီးတွေစခဲ့တဲ့ စစ်ပွဲတွေကို ဒီလူငယ်မျိုးဆက်တွေက ရပ်တန့်ပစ်ရမှာဖြစ်တယ်၊ မွတ်စလင်တွေ၊ ခရစ်ယန်တွေ ဆိုပြီး ခွဲခြားနေဖို့ မလိုအပ်ပါဘူး.. ဘယ်ဘာသာတရားကမှ သတ်ဖို့ ဖြတ်ဖို့ မသင်ပေးပါဘူး.. ဒါတွေဟာ လူတွေက လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်.. မွတ်ဆလင်တွေ၊ ခရစ်ယန်တွေ ဆိုတာထက် လူတွေကသာ လုပ်နေကြတာဖြစ်တယ် အစရှိတာတွေကို Delegate Speaker တွေသာမက Floor delegate တွေပါ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာပြည်မှာကတော့ ဘာသာရေး ခွဲခြားမှုဆိုတာ မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် အီရတ်တို့ အာဖဂန်တို့မှာ ဒါတွေကြောင့်ပဲ ဒီနေ့အထိစစ်ပွဲတွေ မရပ်တန့်နိုင်သေးပါတယ်။ “ငါတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေက အချင်းချင်း မုန်းတီးနေကြတယ် ငါတို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘေးချင်းယှဉ်ထိုင်ပြီး ချစ်ချစ်ခင်ခင်ဆွေးနွေးနေကြတယ်” လို့ ပါလက်စတိုင်းနိုင်ငံသားတစ်ယောက်က ပြောသွားပါတယ်။ Delegate Speaker တွေထဲမှ အာဖဂန်က Yama ပြောသွားတဲ့စကားလေးကိုတော့ ကျွန်မ သဘောအကျဆုံးပါပဲ “You are yellow, I’m red, then let’s be orange” တဲ့။ သိပ်ကိုချစ်ဖို့ ကောင်းပြီး အပြုသဘောဆောင်တဲ့ ဟောပြောချက်လေးပါပဲ။ ကျွန်မ တစ်ကယ်ပဲ လိမ္မော်သီးဖြစ် ချင်ပါတယ်ရှင်။

Interfaith အကြောင်းကို ဆွေးနွေးပြီးတော့ နေ့လည်စာကျွေးပါတယ်။ ကျွန်မကတော့ ကိုယ့်အစားအစာ မဟုတ်လို့ထင်တယ် ဘာမှကို မစားနိုင်တာပါ။ ကျွန်မသာ နိုင်ငံခြားမှာ နှစ်ရှည်လများနေရမယ်ဆိုရင် သေရချည်ရဲ့လို့တောင် တွေးယူရတဲ့အထိ သူတို့ကျွေးတာတွေကို ကျွန်မ မစားနိုင်ခဲ့ပါဘူး။ နေ့လည်စာ စားပြီးတော့ Global Business and its Role in Shaping Society ဆိုတဲ့ Plenary Session ကို ပြန်စပါတယ်။ အဲ့ဒီဆွေးနွေးပွဲအတွက် ပေးထားတဲ့ Resolution ကတော့

Global Business and Its Role in Shaping Society
စီးပွားရေးတွေ ဘာကြောင့်လုပ်ကြတာလဲ။ အမြတ်ရဖို့ပါ.. Profit Maximization အတွက် အလုပ်လုပ်ကြတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းက အမြတ်ကိုဘယ်ကနေရရှိလာတာလဲ.. လူမှုဝန်းကျင်က အရင်းအမြစ်တွေကို အသုံးချပြီးရလာတာပါ။ ဒါဆိုရင်သူတို့တွေဟာလည်း လူမှုဘ၀ တိုးတက်ဖို့အတွက် အရေးပါတဲ့ နေရာကနေပါဝင်နေကြပါတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ စီးပွားရေးတွေ အတိုင်းထက်အလွန် တိုးတက်နေသလို ငတ်မွတ်မှုပြသနာကို ရင်ဆိုင်နေရတဲ့ တိုင်းပြည်နိုင်ငံတွေလည်း မနည်းမနောပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ Profit Maximizing အတွက် အလုပ်လုပ်ကြသလို ဒီနေ့ Globalization ခေတ်မှာ လူသားတွေကို အကျိုးပြုတဲ့၊ လူသားတွေကို ထောက်ပံ့ပေးနိုင်တဲ့ Social Business ကိုလည်း လုပ်ကြဖို့လိုအပ်နေပါပြီ။

အဲ့ဒီမှာလည်း Delegate Speaker တွေနဲ့ တစ်ခြား Delegate တွေဟာ Corporate Social Responsibility (CSR) အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အမြတ်ရဖို့ စီးပွားရေးလုပ်တယ်ဆိုတာက ကိုယ်လည်ပတ်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အကျိုးဖြစ်ထွန်းဖို့အတွက် စီးပွားရေးလုပ်တာမျိုးပဲ ဖြစ်ရပါမယ်။ Fair Trade, Free Market ဆိုတာတွေကလည်း လူ့သားတွေအတွက် အရေးပါလှပါတယ်။ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့အတွက်ကိုလည်း Multinational, Local Organization တွေက လုပ်ဆောင်ပေးရမှာဖြစ်တယ်.. အစရှိတာတွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်မှာလည်း လူ့အသိုင်းအ၀ိုင်းအတွက် အလုပ်လုပ်နေတဲ့ Company တွေရှိပါတယ်။ Smart Technical Service ဆိုရင် Environment နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ လုပ်ပါတယ်။ Total ဆိုရင်လည်း Micro Financing တွေ လုပ်ပေးပါတယ်။ တစ်ခြား Donation လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိအုံးမှာပါ။ ဒါပေမယ့် ဆင်းရဲမှုနှုန်းများပြားတဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးလုပ်ငန်းကြီးများရဲ့ လုပ်ဆောင်မှုဟာ အများကြီးလိုအပ်ပါသေးတယ်။ Global Business ပြီးတော့ Beyond Sport ဆိုတဲ့ Panel Discussion လေးကို ပြုလုပ်ခဲ့ပါတယ်။ အားကစား အကျော်အမော်တွေနဲ့ Desmond Tutu တို့က ဆွေးနွေးပေးခဲ့ကြပါတယ်။ “Sport is not just sport, it’s incredible and means to society” လို့ Desmond Tutu ကပြောခဲ့ပါတယ်။ HRH Haakon of Norway ရဲ့ Global Dignity, Hugh Evan ရဲ့ Global Poverty Project Presentation တွေကလည်း တစ်ကယ်ကို ကောင်းခဲ့ပါတယ်။

My Message

ဒီလိုနဲ့ ည (၉) နာရီလောက်မှာ Summit ဒုတိယနေ့အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ကျွန်မမှာတော့ မြန်မာပြည် ပြန်ရောက်ရင် လုပ်ချင်တာတွေက တန်းစီလို့ပါပဲ။ အထူးသဖြင့် ကျွန်မက Environment နဲ့ Poverty Reduction ကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကိုလည်း အဓိကထားပြီး လုပ်ချင်နေခဲ့မိပါတယ်။ နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ စိတ်ကို ကြီးစိုးနေတာကလည်း ပတ်ဝန်းကျင်ကို ဘယ်လိုထိမ်းသိမ်းမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အရာရာအားလုံးကို ကျွန်မတစ်ယောက်တည်း လုပ်လို့ မရပါဘူး။ လုပ်လို့လည်း မနိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်ပြန်ရောက်ရင် ကျွန်မ လုပ်နိုင်တာတွေကို အရင်စလုပ်ရမှာပါ။ ကျွန်မလုပ်နိုင်တယ်ဆိုတာကလည်း လူငယ်တွေကို တွန်းအားပေးဖို့နဲ့ ကျွန်မရခဲ့တဲ့ ဗဟုသုတတွေ၊ လုပ်ချင်စိတ်တွေကို ဒီကလူငယ်တွေကို ပြန်လည်ရိုက်သွင်းပေးတာပဲ မဟုတ်လားရှင်။ Young People are the Leaders of Tomorrow လေ။ ကျွန်မတို့ လူငယ်တွေ မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အများကြီးပါ။ လက်ရှိမှာ မဖြစ်နိုင်သေးတာကို အပြစ်တင်ပြီး စိတ်လိုလက်ရလုပ်ကြလို့ လူငယ်အင်အားထုကို မဆုံးရှုံးစေချင်ပါဘူး။ လက်ရှိမြန်မာပြည်မှာ ရင်ဆိုင်နေရတာကလည်း ဦးနှောက်ယိုစီးမှု ပြသနာပါ။ ကျွန်မစဉ်းစားမိတယ် ဒီမျိုးဆက်သာ အနစ်နာခံလိုက်ရင် နောက်မျိုးဆက်အတွက် ကောင်းလာမလား.. အနစ်နာခံရကျိုးနပ်မလား.. ကျွန်မတို့ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရမလားပေါ့လေ။ ကျွန်မတို့ မြန်မာတွေ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ တိုးတက်ကြပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာမဟုတ်တာကတော့ ၀မ်းနည်းစရာပါ။ အခွင့်အလမ်းတွေ တစ်ကယ်ပဲ ပြန်မပွင့်တော့ဘူးလား။ Summit ရဲ့ နောက်ဆုံးနေ့ကို ရင်ခုန် တက်ကြွ ၀မ်းနည်းစွာနဲ့ ကျွန်မစောင့်စားနေခဲ့မိပါတယ်။ နောက်တစ်ရက် ဆွေးနွေးပြီးရင် ကျွန်မတို့တွေ ခွဲခွာရပြီး နေရပ်ကို ပြန်ကြရတော့မယ် မဟုတ်လား။

One response »

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s