Advantages of Blood Donation

Standard

သွေးဆိုတာ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ ကိုယ့်ရဲ့သွေးကို သူတစ်ပါး အသက်ရှင်သန်ဖို့အတွက် လှူဒါန်းမှုပြုတဲ့သူတွေဟာ အံ့သြလေးစားစရာ ကောင်းတဲ့ အလှူရှင်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့သွေးနဲ့ လည်ပတ်ပြီး အသက်ရှင်သန်ခွင့်ရသွားတဲ့သူတွေကိုကြည့်ရင်း ဖြစ်ရတဲ့ ပီတိဟာလည်း ဘာနဲ့မှ လဲလို့မရနိုင်ပါဘူး။ တစ်ကယ်တော့ သွေးလှူဒန်းမှူဟာ ကုသိုလ်ရတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း အများကြီး ဖြစ်ထွန်းစေပါသေးတယ်။ လူ့အသက်ကိုကယ်တဲ့ ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အသက်ကိုကယ်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်တယ်လို့တောင် ကျွန်မကဆိုချင်ပါတယ်။ ကိုယ်လှူဒါန်းတဲ့သွေးကို ချက်ချင်းအသုံးပြုဖို့ အသက်တစ်မျှအရေးကြီးနေတဲ့ လူနာမရှိသေးဘူးဆိုရင်လည်း ကိုယ့်ရဲ့သွေးကို သွေးဘဏ်မှာ ထိမ်းသိမ်းထားပြီး လိုအပ်ရင် ချက်ချင်းသွေးသွင်းတာကို ပြုလုပ်နိုင်ဖို့ အကျိုးပြုစေမှာ ဖြစ်ပါတယ်။

သွေးလှူဒါန်းခြင်းကြောင့် ပထမဦးဆုံးရတဲ့ ကောင်းကျိုးကတော့ ကုသိုလ်ပဲပေါ့ရှင်။ ဒါကတော့ ကြီး ရွယ် ငယ် လတ် မရွေးသိကြတဲ့အရာ တစ်ခုပါ။ ကိုယ့်ခန္ဒာကိုယ်ထဲက ပိုနေတဲ့ သွေးတစ်ချို့ကို တစ်ခြားသူတွေ အသက်ရှင်သန်ရေးအတွက် လှူဒါန်းမှုပြုလိုက်ရခြင်းကြောင့် ကိုယ့်အတွက်လည်း ကြီးမားတဲ့ ဆိုးကျိုးဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ သွေးလှူဒါန်းလိုက်တာကြောင့်ပဲ ကျွန်မတို့တွေအတွက် နှလုံးရောဂါကို အလိုလိုကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ သွေးလှူဒါန်းတယ်ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် ခန္ဒာကိုယ်ထဲမှာရှိတဲ့ ပိုလျှံနေတဲ့ သံဓါတ်တွေကို ဖယ်ရှားပေးလိုက်တာပါပဲ။ ခန္ဒာကိုယ်ထဲမှာ သံဓါတ်တွေ သိပ်များလွန်းနေခြင်းဟာ ဆဲလ်တွေ၊ တစ်ရှူးတွေကို အလွယ်တစ်ကူပျက်စီးစေတဲ့ free radicals တွေကို လျှော့ချပေးပါတယ်။ အဲ့ဒီ free radicals တွေကြောင့်လည်း နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ အစပျိုးလာရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သံဓါတ်တွေဟာ ကိုလက်စထရောတွေကိုလည်း များပြားလာစေပါတယ်။ Hemochromatosis ဆိုတဲ့ ရောဂါကတော့ သံဓါတ်လွန်ကဲခြင်းနှင့် ခန္ဒာကိုယ်ထဲက မညီညွတ်တဲ့ ဇီဝဖြစ်စဉ်တွေကြောင့် ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါပဲဖြစ်ပါတယ်။ အဲ့ဒီရောဂါဟာ ပန်ကရိယ၊ adrenal gland နဲ့ အခြားသော ဂလင်းတွေကို ပျက်စီးစေတတ်ပါတယ်။ နောက်ပြီးတော့ ဆီးချိုရောဂါ၊ အသဲရောဂါနဲ့ နှလုံးရောဂါတို့ကိုလည်း အစပျိုးစေတတ်ပါသေးတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းခြင်းဟာ ပိုလျှံနေတဲ့ သံဓါတ်ကိုလျှော့ချပေးနိုင်ပြီး အထူးသဖြင့်တော့ လူငယ်တွေဆီမှာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။

နောက်တစ်ချက်ကတော့ သွေးလှူဒါန်းခြင်းဟာ ကယ်လိုရီများကို လျော့ကျစေနိုင်ပြီး ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးလှူဒါန်းပြီးတဲ့နောက်မှာ ခန္ဒာကိုယ်ထဲမှာ blood cell တွေလျော့နည်းသွားပါတယ်။ အဲ့ဒါကြောင့်ပဲ ရိုးတွင်းခြင်ဆီထဲကနေ လျော့နည်းသွားတဲ့ ပမာဏကို ပြန်လည်ဖြည့်တင်းပေးဖို့ ဆဲလ်အသစ်တွေ ထပ်မံမွေးထုတ်ရပါတယ်။ ဒါကြောင့် သွေးလှူဒါန်းခြင်းဟာ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်တွေကို ဖြစ်ထွ်းစေတဲ့ ခန္ဒာကိုယ်ထဲမှာရှိတဲ့ organs and systems တွေကို ပြန်လည်းသစ်လွင်စေတဲ့ အချက်လည်းဖြစ်လာပါတယ်ရှင်။

ဒါပေမယ့် သွေးမလှူခင်တော့ ကျွန်မတို့တွေဟာ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင်ပမာဏကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဟေမိုဂလိုဘင် နည်းနေခဲ့မယ်ဆိုရင်တော့ သွေးလှူလို့ မရပါဘူး။ ဒါ့အပြင် သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်ကိုလည်း တိုင်းတာရပါအုံးမယ်။ သွေးလှူဒန်းမယ့်လူဟာ hepatitis B, hepatitis C, Syphilis, HIV/AIDS နှင့် malaria ရောဂါများမှ ကင်းရှင်းနေဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒီရောဂါတွေလည်း မရှိဘူး၊ ဟေမိုဂလိုဘင်လည်း ပြည့်တယ်ဆိုရင်တော့ သွေးလှူဒါန်းဖို့ အိုကေပြီပေါ့ရှင်။ သွေးလှူဒါန်းလို့ ဖြစ်လာတဲ့ ဆိုးကျိုးတွေကတော့ များများစားစားမရှိလှပါဘူး။ တစ်ခါတစ်ရံမှာတော့ သွေးပေါင်ကျတာတွေ၊ သွေးပမာဏ နည်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မူးမောတာတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ဒါပေမယ့် သွေးလှူဒါန်းခြင်းကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဒီလိုခဏတာခံစားမှုတွေဟာ ဘာမှ မပြောပလောက်တော့ပါဘူးရှင်။ ဒါကြောင့် ကျွန်မကတော့ သူတစ်ပါးအသက်ကို ကယ်ဖို့နဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့ သွေးလှူကြပါလို့ တိုက်တွန်းချင်ပါတယ်။

သွေးလှူဒါန်းချင်စိတ်ရှိကြပြီး သွေးလှူဒန်းတဲ့ အဖွဲ့အစည်းတွေနဲ့ အချိတ်အဆက်မရှိသေးကြသူများကတော့ ကျွန်မတို့ရဲ့ ရင်ခုန်သံ သွေးလှူရှင်များအသင်းကို ဆက်သွယ်နိုင်ပါတယ်။ နှစ်လလျှင်တစ်ကြိမ် သွေးလှူဒန်ပွဲများကို ပုံမှန်ကျင်းပပေးနေပြီး ရန်ကုန်ဆေးရုံးကြီးရဲ့ သွေးဘဏ်ကို လှူဒန်းပေးပါတယ်။ ကိုယ်အဆင်ပြေတဲ့ အကြိမ်မှာ လာရောက်လှူဒန်လို့ရပါတယ်။ အရေးတစ်ကြီး သွေးလိုသူများ အနေနဲ့လည်း ရင်ခုန်သံကို ဆက်သွယ်နိုင်ပါတယ်။ Emergency Case များအတွက်ကိုလည်း အခြားသွေးလှူရှင်းများအသင်းနဲ့ ချိတ်ဆက်ပြီး သွေးလှူဒါန်းမှုများကို ပြုလုပ်ပေးပါတယ်။

“လောကတွင် နှလုံးခုန်သံ ကင်းမဲ့နေသူသည် ရှင်သန်ခြင်း အလျှင်းမရှိ”
“Give Blood, Save Life”

Yin Khone Than Blood Donation Group
Ph: +95 01 243 542, 393 458,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s