Monthly Archives: May 2010

Do you SEARCH? Do you READ? Do you KNOW?

Standard

ဒီလိုဆောင်းပါး ပုံစံမျိုးကိုရေးဖို့ ခုချိန်မှာ မလိုတော့ဘူးလို့ ကျွန်မ ထင်ခဲ့မိတယ်.. အဲ့လိုထင်နေတုန်းမှာပဲ ဒီဆောင်းပါးမျိုးဟာ ရေးနေဖို့ ပြောနေဖို့ လိုအပ်ဆဲမှန်း ကျွန်မသိလာရတယ်။ ရှာကြ၊ ဖတ်ကြ၊ သိကြတဲ့ သူတွေကို ကျွန်မမရည်ရွယ်ပါဘူးဆိုတာကိုတော့ အလေးအနက်ပြောပါရစေရှင်။ ကျွန်မတို့အားလုံးဟာ အင်တာနက်ကမ္ဘာကြီးထဲမှာ ဗဟုသုတ ရှာမှီးနေသူတွေပါ။ တစ်ချို့အတွက်ကတော့ အင်တာနက်ဆိုတာ ဗဟုသုတ ရှာဖို့ သက်သက် ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခု သိချင်တယ် ရှာချင်တယ်ဆိုရင် Google ကိုတော့ အားကိုးရတာ အမှန်ပါပဲ။ သိချင်တာတွေအပေါ်မှာ ကျွန်မတို့ ရှာကြတယ်.. အဖြေတွေ ထွက်ချင်သလို ထွက်လာတယ်.. ဒီလို ထွက်လာတဲ့ အဖြေတွေထဲကပဲ ကိုယ့်လိုအပ်ချက်နဲ့ အသင့်တော်ဆုံးတွေကို ကျွန်မတို့ ရွေးထုတ်ကြတယ်.. နောက်ပြီး Social Media တွေကနေတစ်ဆင့် ကျွန်မတို့ ရှာဖွေရင်း တွေ့လာ သိလာတာတွေကို မျှဝေကြတယ်.. ဒါကြောင့်ပဲ ဒီလိုမျိုးတွေကို တစ်ကယ်လိုအပ်နေတဲ့ တစ်ခြားသူတွေအတွက် အဆင်အသင့်ဆုံးသော အဖြေတွေရှိလာတယ်.. တစ်ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် အများကောင်းကျိုးဖြစ်ရတယ်လို့ပဲ ဆိုလိုက်ပါရစေ။ သူလည်းရှာတယ်.. ကိုယ်လည်းရှာတယ်.ု.. ရှာလို့ရလာတာတွေကို သူလည်း မျှဝေတယ်.. ကိုယ်လည်း မျှဝေတယ်.. ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီလိုလုပ်နေခြင်းတွေဟာ တစ်ခြားလူတွေကို အကျင့်ပျက်ရာ ရောက်စေသလား.. ကိုယ့်အားကို ကိုးဖို့ တွန်းအားမပေးရာ ရောက်နေသလားလို့ ကျွန်မ စဉ်းစားမိတယ်။ တစ်ချို့ တစ်ချို့တွေဟာ.. တစ်ခုခုကို သိချင်တယ်ဆိုရင် ကိုယ်တိုင်အရင် ရှာကြည့်ဖို့ထက်.. သူများကို မေးဖို့ကို ဦးတည်နေတတ်ကြတယ်။ အဆိုးဆုံးကတော့ Ready Made တွေကို လိုချင်တတ်ကြတာပေါ့။ ငါ့မှာ အဲ့ဒါမျိုး ရှာထားတာ မရှိဘူးလို့ ပြောလိုက်မိရင်ပဲ “ဒါဆိုရှာပေးလေ” ဆိုတဲ့ စကားမျိုးကို ပြောဖို့ ၀န်မလေးကြတော့ဘူး။ “ဘယ်လိုရှာရမလဲ” လို့ မေးတာကို ကျွန်မ လေးစားပေမယ့်.. “ရှာပေးလေ” လို့ ပြောတာမျိုးကိုတော့ ကျွန်မ သည်းမခံနိုင် ဖြစ်ရပါတယ်။ မြန်မာပြည်မှာ အင်တာနက် သုံးစွဲမှု အကန့်အသတ်တွေ ရှိပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း Youtube, Flickr နဲ့ အခြား Ban ထားတဲ့ ဆိုဒ်မျိုးမှာရှိတဲ့ Information တွေအတွက် နိုင်ငံခြားက အရမ်းကိုရင်းနှီးသူငယ်ချင်းတစ်ချို့ကို “ရှာပေးလေ” လို့ အနိုင်ကျင့်ရပါတယ်။ ဒါပေမယ့် ကျွန်မတိုက်တွန်းချင်တာကတော့ “ရှာပါ” ဆိုတာပဲ ဖြစ်ပါတယ်။ Read the rest of this entry

Advertisements

Drought in Myanmar (Burma)

Standard

Since the year 2008, Myanmar has suffered from many disasters like Cyclone Nargis, Earth Quake, severe climate change, etc. Now again, there is an unbelievable Water Crisis in Myanmar. Even the big Inlay lake, one of the tourist attraction places in Myanmar, is nearly dry out. Thousands of people especially from country sides and remote villages are suffering from drought.  With the drought, even simple everyday living becomes increasingly difficult and misery. All small and big lakes are drying out and people have to face worsening shortage of clean and drinking water.

In the short run, we are trying to solve that problem by donating drinking water to the effected areas. In many villages in Dala, Pegu, Innma and Kyee Myin Daing townships, people are queuing up with buckets and barrels to get water as in the photos. It’s really hear breaking. As all of you know, water is essential for human’s life after Oxygen.

On Sunday (16-May-2010) we’ll go to Dala township to donate drinking water. I’d like to invite all of you and your family to do the great merits by helping the drought victims. You can contribute small amount to as much as you can ($ 5, 10, 15, etc) as donation. Your donation is a great help for the victims for survival.

Contact
Pinkgold @ Tin Myat Htet
cuttiepinkgold@googlemail.com

Soe Zeya (Mobile – 098629412)

Dr Kaung Htet (Mobile – 095014494)

For those who are in Thai, you can transfer money to the following account.
Ms. Phyu Phyu Thi
Moblile : + 66 801298673
Bank Account: Bank: Siam Commercial Public Company Limited
Account No: 667-263912-6

Thank you very much.


The Giving Tree

Standard

သစ်တစ်ပင်၏ ပေးဆပ်ခြင်း

The Giving Tree ဟာ သစ်ပင်တစ်ပင်နဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတဲ့ ကလေးပုံပြင်လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးကို Shel Silverstein က ရေးသားခဲ့ပြီး သူကိုယ်တိုင်ကပဲ ပုံဖော်ရေးဆွဲပေးခဲ့ပါတယ်။ ဒီပုံပြင်လေးကို ၁၉၆၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း ၃၀ ကျော်သို့ ပြန်ဆိုထုတ်ဝေခြင်းကို ခံခဲ့ရပါတယ်။ The Giving Tree ဟာ သစ်ပင်နဲ့ လူတို့ရဲ့ ဆက်စပ်မှုအကြောင်းကို ရေးသားထားတဲ့ ပုံပြင်လေးဖြစ်တယ်ဆိုရင်လည်း မမှားပါဘူးရှင်။ ကျွန်မကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့် ဒီမှာ ပြန်လည်မျှဝေလိုက်ရပါတယ်။ Read the rest of this entry