Environmental Protection by Youth Participation Conference

Standard

2010 – 2011 သည် United Nations မှ Year of International Youth အဖြစ် သတ်မှတ်ထားသော နှစ်ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်းတွင်လည်း August 12 ကို International Youth Day အဖြစ် သတ်မှတ်ထားလေ့ရှိပြီး Youth Participation, Youth Development, Youth Movement အစရှိသည့် အခမ်းအနားများ ၊ လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်လေ့ ရှိကြသည်။ အသက် (30) နှစ်အောက် လူငယ်များဖြင့် ဖွဲ့စည်းထားသော Myanmar Youths In Action မှလည်း International Youth Day အထိမ်းအမှတ် အဖြစ်. 2010 ခုနှစ် August 14 ရက်နေ့တွင် Conference တစ်ခုကို ပြုလုပ်ရန် စီစဉ်နေပါသည်။

2010 ခုနှစ်သည် လူသားတိုင်းအတွက် ပြောင်းလဲမှုများကို အကြုံတွေ့ရဆုံး ကာလဖြစ်သည်။ အသိသာဆုံး ပြောင်းလဲမှုများတွင် Climate Change သည် လူသားတိုင်းကို အဆိုးရွားဆုံး ထိခိုက်သော အရာတစ်ခု ဖြစ်လာသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း နိုင်ငံ့ခေါင်းဆောင်များ၏ တွန်းအားပေးမှု ၊ ဦးဆောင်မှုများဖြင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ ၊ လှုပ်ရှားမှုများ ၊ စာတမ်းဖတ်ပွဲများ ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို အားတက်သရော ဆောင်ရွက်လျက် ရှိကြသည်။ International Youth Year ဖြစ်သည့် 2010 – 2011 ခုနှစ်တွင် လူငယ်များ၏ ပူးပေါင်းပါဝင်မှုများသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်သောကြောင့် နိုင်ငံတကာတွင်လည်း Youth Led Initiative, Youth Movement များကို အလေးပေး ဆောင်ရွက်လျက်ရှိသည်။

Myanmar Youths In Action သည်လည်း မြန်မာလူငယ်များ၏ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ဆောင်ချက်များကို မြှင့်တင်ပေးလိုသော ရည်ရွယ်ချက်ဖြင့် “Environmental Protection by Youth Participation” Conference ကို ကျင်းပမည် ဖြစ်သည်။ ထို ဆွေးနွေးပွဲတွင် လူငယ်များ၏ အရေးပါမှုများ ၊ သဘာပ၀ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လုပ်ဆောင်သင့်သည့် အရာများကို သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်သူ ဆရာ ၊ ဆရာမကြီးများမှ ဆွေးနွေးဟောပြော သွားမည်ဖြစ်သည်။ ထို့အပြင် လူငယ်များမှလည်း မိမိတို့၏ အိုင်ဒီယာများကို လွတ်လပ်စွာ တင်ပြသွားကြမည် ဖြစ်သည်။

Open Call for Participation

Environmental Protection by Youth Participation Conference ကို စိတ်ဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ပါသည်။ ဆရာ / ဆရာမကြီးများ အပြင် ဟောပြောသူများအဖြစ် လူငယ်များကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ စိတ်ကူးများကို ဟောပြော ဆေးနွေးလိုသူ လူငယ်များအနေဖြင့် အနည်းဆုံး အချက် (10) ချက်ထက် မပိုသည့် ဟောပြောချက် အကြမ်းများကို info@myanmar-youths.com သို့ သြဂုတ်လ (10) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ ပေးပို့လာသူများထဲမှ အကောင်းဆုံး အိုင်ဒီယာများကို ပေးပို့သည် လူငယ် (3) ဦးအား Speaker များအဖြစ် ရွေးချယ် သွားမည်ဖြစ်ပါသည်။

Conference ကျင်းပမည့် နေရာမှ Myanmar Info Tech တွင် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို Myanmar Youths In Action Wall ပေါ်မှ Update လုပ်ပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s