Journey to One Young World 2011

Standard

Zurich လေဆိပ်ကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းလှတယ်။ အချိန်က နေ့လည်ခင်းဖြစ်ပေမယ့် ကျွန်မရောက်ဖူးတဲ့ တစ်ခြားလေဆိပ်တွေမှာလို လူတွေ ပျားပန်းခတ်လှုပ်ရှားနေတာမျိုး မရှိဘူး။ ကျွန်မစီးလာတဲ့ လေယာဉ်ပေါ်က ဆင်းလာသူတွေကိုပဲ တွေ့ရတယ်။ ရထားစီးလိုက်၊ စက်လှေကားတွေ တစ်ခုပြီး တစ်ခု တက်လိုက်ဆင်းလိုက်နဲ့ပဲ Immigration ဆီသို့ ကျွန်မရောက်လာခဲ့တယ်။ ကျွန်မနဲ့အတူ လေယာဉ်စီးလာတဲ့ သူငယ်ချင်းတွေကလည်း Zurich က တိတ်ဆိတ်လိုက်တာဆိုပြီး ပြောနေကြတယ်။ သူငယ်ချင်းတွေဆိုပေမယ့် Dubai လေဆိပ်မှာခင်လာကြတဲ့ သူတွေပါ။ ကျွန်မလိုပဲ One Young World 2011 ကို လာတက်တဲ့ နိုင်ငံအသီးသီးက လူငယ်ကိုယ်စားလှယ် အယောက် (၅၀) လောက် Duabi လေဆိပ်မှာ တွေ့ပြီး လေယာဉ်တစ်စီးတည်း အတူတူစီးလာကြတာ။ Immigration Officer က မြန်မာပြည်ကနေ ဒီထိတောင် ဘာလာလုပ်တာလဲတဲ့။ Youth Conference တစ်ခု လာတက်တာပါဆိုတော့.. သြော် One Young World လားတဲ့။ ဒီနှစ်မှာ တစ်ခုကောင်းတာက Swiss Authorities တွေကိုယ်တိုင် ဒီပွဲကို တရားဝင်ထောက်ပံ့ပေးတာကြောင့် ဗီဇာကိစ္စတွေ အကုန်အဆင်ပြေပြီး Immigration ကလူတွေလည်း ပွဲအကြောင်းကို သိနေကြတယ်။


လေဆိပ်ကနေ နေရမယ့်ဟိုတယ်ဆီကို ရထားတွေစီး ၊ ကားတွေစီးပြီး လာရသေးတယ်။ ကျွန်မလိုပဲ Crowne Plaza Hotel မှာ နေကြမယ့် လူတွေစုပြီး တူတူသွားကြတာပေါ့။ ကျွန်မတို့အားလုံးကို လေဆိပ်ကထွက်တာနဲ့ OYW က တာဝန်ရှိသူတွေကစောင့်နေပြီး မြေပုံတွေပေး ၊ Swiss Pass တွေ ပေးတယ်။ Swiss Pass ဆိုတာက ဆွဇ်ဇာလန်မှာ နေတုန်းကို ကြိုက်တဲ့ ဘတ်စ်ကားတွေ ၊ ရထားတွေကို အလကားတက်စီးလို့ရတဲ့ ကဒ်တစ်ခုပေါ့။ One Young World Delegate တိုင်းကိုပေးတာ ဆိုတော့ သွားရ လာရ အဆင်ပြေတယ်။ ဟိုတယ်ကိုရောက်တော့ Check In လုပ် ၊ အခန်းထဲရောက်တော့ ထုံးစံအတိုင်း အိပ်ပျော်သွားလိုက်တာ.. အပြင်က တစ်ဒုန်းဒုန်းနဲ့ တံခါးခေါက်သံကြားမှပဲ နိုးလာတော့တယ်။ အာဖဂန်နစ္စတန်က ကျွန်မသူငယ်ချင်းက ညစာစားဖို့ လာနှိုးတာ။ အဲ့လိုနဲ့ ည (၁၁) နာရီလောက်ကြီး အပြင်ထွက်ပြီး ညစာစားဖို့ ဆိုင်ရှာတယ်။ Pizza House တစ်ခုတွေတော့ ၀င်စားလိုက်တာ.. ပီဇာတစ်ခုရယ် ၊ Coke တစ်ဗူးရယ်ကို CHF 28.40 (US 40) လောက်ပေးခဲ့ရလို့ တော်တော်အီစလံ ဝေသွားတယ်။ ဆွဇ်ဇာလန်မှာ အရာရာတိုင်းက ဈေးကြီးလွန်းလှတယ်။ အဲ့ဒီကလူတွေလည်း ချမ်းသာလွန်းအားကြီးတယ် ထင်ပါရဲ့.. စားတော့လည်း ခမ်းခမ်းနားနား၊ ၀တ်တော့လည်း ခမ်းခမ်းနားနား ၊ နေတဲ့ ထိုင်တဲ့ပုံစံတွေလည်း ကြည့်လိုက်တာနဲ့ အဆင်မြင့်မှန်း သိသာတယ်။


နောက်တစ်နေ့ မနက်ရောက်တော့ ဟိုတယ်က မနက်စာစားတဲ့ ခမ်းမမှာ ကျွန်မလိုပဲ Returning Ambassador တွေကို တွေ့ရတယ်။ ၀မ်းသာအားရ ပွေ့ဖက်နုတ်ဆက်ကြတယ်။ မသိတဲ့ Delegate တွေနဲ့လည်း ထပ်မိတ်ဆက် ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံအကြောင်းတွေ အပြန်အလှန်ပြောကြ၊ သူ့အကြောင်း ကိုယ့်အကြောင်းမေးကြ မြန်းကြနဲ့ မနက်စာစားပြီးတော့ Conference လုပ်မယ့် Kongrasshaus ဆီကို Tram စီးပြီး ချီတက်ကြတယ်။ အဲ့ဒီမှာ တစ်ခု သတိထားမိတာက Zurich မြို့ထဲမှာလည်း Traffic တွေ မရှိသလောက်နည်းတယ်၊ လူသွား လူလာနည်းတယ်၊ ဆိုင်တွေဆိုရင်လည်း Brand တွေများတယ်၊ လမ်းဘေးကဆိုင်လေးတွေကအစ ခမ်းခမ်းနားနားနဲ့။


Conference လုပ်မယ့် ခမ်းမကိုရောက်တော့ အဲ့ဒီမှာ လူပေါင်း ၁၂၀၀ အစုံအလင်တွေ့ရတော့တာပါပဲ။ ဒီနှစ်က မနှစ်ကထက် လူပိုများတယ်။ မနှစ်က သူငယ်ချင်းတွေကိုလည်း ပြန်တွေ့တယ်။ Register လုပ်ပြီးတော့ တစ်ခြားသူတွေက ခမ်းမထဲ ၀င်ကြတယ်။ ကျွန်မကိုတော့ ကျွန်မပြောရမယ့် Speech အတွက် Rehearsal လုပ်ဖို့ (၉) နာရီမှာ ချိန်းထားတာကြောင့် စင်နောက်ကို ပြေးရတယ်။ ဒီနှစ်က One Young World က ကျွန်မကို Speaker လုပ်ဖို့ ဖိတ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ မှာ ပွဲတက်ပြီး ပြန်သွားတဲ့ သူတွေ လုပ်ကြတဲ့ Project တွေထဲက Impressive အဖြစ်ဆုံး ပရောဂျက် (၈) ခုကိုရွေးတာ Myanmar Youths in Action ပါတယ်။ ဒါကြောင့် Project Impact အကြောင်းကို စကားပြောဖို့ ဖိတ်တာ။
Rehearsal လုပ်ပြီး ပြန်လာတောမှ Conference တက်ဖို့လုပ်ရတယ်။ ပထမနေ့ကတော့ Business Day ပေါ့။ Barclays, Shell, OFID, အစရှိတဲ့ ကုမ္ပဏီအကြီးကြီးတွေက သူတို့လုပ်နေတဲ့ လုပ်ငန်းအကြောင်းတွေကိုရော ၊ CSR လုပ်ငန်းအကြောင်းတွေကိုရော တင်ပြကြတဲ့ နေ့ပေါ့။ ကျွန်မကတော့ မမှီလိုက်ပါဘူး။ ကိုယ်ပြန်ရောက်တဲ့အချိန်မှာ Shell ကလုပ်တဲ့ Presentation တစ်ခုပဲ မှီတော့တယ်။ သြော် ပြောရအုံးမယ်.. ဒီနှစ် ကျွန်မကို စပွန်စာပေးတာက Shell ပါ။ ကိုယ့်စပွန်စာရဲ့ Presentation ကို မှီလိုက်တာ တော်သေးတာပေါ့။ သူတို့တွေ အကုန်ပြီးသွားတော့ မေးခွန်းတွေ မေးကြတယ်။ အာဖရိကတိုက်က ဖွံ့ဖြိုးဆဲ နိုင်ငံကလူငယ်တွေ ပြောကြဆိုကြတယ်.. ငါတို့နိုင်ငံတွေ တိုးတက်ဖို့ လိုနေတယ်.. စီးပွားရေးလုပ်ငန်းကြီးတွေ လိုအပ်နေတယ်.. လျှပ်စစ်မီးတွေ ရရှိဖို့ လိုနေတယ်.. ငါတို့ကို ကူညီပေးပါ ဘာညာပေါ့။ နောက်တော့မှ သူတို့ကို မေးကြည့်တယ်.. အစိုးရက တံခါးဖွင့်ထားပေမယ့်.. အခွင့်အလမ်းတွေ နည်းပါးတာကြောင့် စီးပွားရေး လုပ်ငန်းကြီးတွေ သိပ်မလာကြဘူးတဲ့။ သြော် ငါတို့နိုင်ငံ မတိုးတက်ရခြင်းအကြောင်းနဲ့ ဆန့်ကျင်ဘက်ပါလားနော်။ ကျွန်မကိုတောင် မေးသေးတယ်.. နင့် နိုင်ငံမှာ Shell က ကုမ္ပဏီဖွင့်ထားလို့ နင့်ကို သူတို့က စပွန်စာပေးတာလားတဲ့။ အို ကြံကြီးစည်ရာကွယ်.. ငါတို့ဆီမှာ FDI တို့ E Commerce တို့ဆိုတာ ခုမှ စဖို့လုပ်တုန်းဆိုတော့.. Oh Really? တဲ့။ နောက်ရက်တွေမှာတော့ ကိုယ့်နိုင်ငံအကြောင်း သူတို့ကို သိပ်မပြောပြဖြစ်တော့ဘူး။ မပြောလည်း တစ်ချို့က မြန်မာကလို့ ပြောလိုက်တာနဲ့ အခြအနေဘယ်လိုလဲလို့ တန်းမေးကြတော့တာပါပဲ။ တစ်ချို့များဆိုလည်း နင်တို့နိုင်ငံက ဘယ်မှာလဲတဲ့.. ခုမှ ကြားဖူးတာတဲ့။ တစ်ချို့များဆိုလည်း ဘုရားရေ ငါ့ဘ၀မှာ ဗမာပြည်ကလူကို ခုလိုတွေ့ရတာ ပျော်လိုက်တာတဲ့… ကြာတော့လည်း ကိုယ့်ကို နှိမ်နေသလို ခံစားလာရတယ်။


ပြီးတော့ ထုံးစံအတိုင်း နိုင်ငံကိုယ်စီက အလံတွေကို ၀င့်ဝင့်ကြွားကြွားလွှင့်ပြီး Zurich Lake ကြီးမှာ သင်္ဘောကြီး စီးကြတယ်။ မနှစ်က Themes မြစ်ကြီးမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေတာကို အံတုပြီး သင်္ဘောစီးခဲ့ရတာလောက် ပျော်စရာ မကောင်းသလိုပဲ။ Lake Cruise အပြီးမှာ ဖွင့်ပွဲလုပ်တယ်… Founder နှစ်ယောက်ရယ် ၊ နိုဘယ်ဆုပိုင်ရှင် Sir Bob Galdof ရယ် Desmond Tu Tu ရယ် ၊ နော်ဝေးနိုင်ငံက Crown Price ရယ်က အဖွင့်အမှာစကားတွေ ပြောကြတယ်။ စိတ်ဓါတ်တွေ တက်ကြွတယ် ၊ အပြောင်းအလဲ လုပ်ချင်လာတယ်။ ကိုယ့်ဘ၀ကို လူတွေအတွက် ပိုပြီးပေးဆပ်ချင်လာတယ်။

“မင်းတို့တွေ ဘာလုပ်ကြမလဲဆိုတာ ကြည့်ချင်လွန်းလို့ ၊ မင်းတို့တွေဟာ အနာဂတ်ရဲ့ ခေါင်ဆောင်တွေဖြစ်တယ်ဆိုတာ အသွေးထဲ အသားထဲကနေ ယုံကြည်လို့ ငါဒီကိုရောက်နေတာ” လို့ သူတို့ကပြောတယ်။

“ငါတို့မျိုးဆက်က မင်းတို့အပေါ်မှာ တာဝန်မကျေဘူး.. မင်းတို့လည်း နောက်မျိုးဆက်အတွက် တာဝန်မကျေလို့ မဖြစ်ဘူး.. မင်းတို့ လုပ်ကို လုပ်ရမယ်.. လိုက်ဆိုစမ်း.. I am a very special person” ဆိုတဲ့ Desmond Tu Tu ရဲ့ စကားက ကြက်သီးမွှေးညှင်းတောင် ထစေတယ်။

“Leader တွေ ဘာမှမလုပ်ပေးတဲ့အတွက် Asia က နိုင်ငံတစ်ချို့မှာ အကြောက်တရားတွေ စုဝေးနေတယ်.. မင်းတို့မျိုးဆက်က ဒါတွေကို ပြောင်းလဲဖို့ လုပ်ရမယ်.. ပျားအုံလို လူ့အဖွဲ့အစည်းမျိုး ဖန်တီးရမယ်..”

“You have to get us out of this mess because we have failed.” ဆိုတဲ့ စကားအပြီးမှာတော့ လက်ခုပ်သံတွေ မိုးလုံးပြည့် ဆူညံသွားခဲ့ပါတော့တယ်။

Conference ရဲ့ ပထမနေ့အပြီးမှာ One Young World ရဲ့ Tag Line တစ်ခုက ကျွန်မစိတ်ထဲ စွဲနေမိပါတော့တယ်။

“If the leaders don’t lead, We must lead”

2 responses »

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s