Passion After One Young World

Standard

လူတွေက ကျွန်မကို မေးကြတယ်ရှင့်။ One Young World ကို ဘာကြောင့် သွားတက်တာလဲ။ တက်ပြီးရင် ဘာရလဲ လို့ပေါ့။ 2010 တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်ပါဘူး။ ဒီအတိုင်း နိုင်ငံခြားကိုလည်း သွားချင်တာကြောင့်ရယ်၊ နောက်ပြီး လူသစ်တွေနဲ့ တွေ့ချင်တယ်၊ အတွေ့အကြုံသစ်တွေ လိုချင်တယ်။ ဒါတွေကြောင့် လျှောက်ဖြစ်ခဲ့တာပါ။ ကံက ကောင်းချင်တော့ Amex Sponsor နဲ့ သွားတက်ခွင့် ရခဲ့တာပေါ့။ ကျွန်မတို့ မြန်မာပြည်က လူတွေမှာက ဓလေ့လို့ပဲ ပြောရမလား၊ သမားရိုးကျ တွေးတယ်လို့ပဲ ပြောရမလား။ စပွန်စာကလည်း ရတယ်ဆိုတော့ ကျွန်မတို့လက်ထဲကို ပိုက်ဆံရောက်လာမယ်လို့ ထင်ကြတဲ့ သူတွေလည်း မနည်းမနောပဲကို။ တစ်ယောက်ယောက်ကများ ပိုက်ဆံရှိလို့ နိုင်ငံခြားသွားတာမဟုတ်ပဲ Program လေးတစ်ခုနဲ့ သွားရရင်ကိုပဲ အဲ့လူအကြောင်းကို ကောင်းတာတွေကော မကောင်းတာတွေကော ပြောလို့ မဆုံးကြတော့ပါဘူး။ လူငယ်တွေမှာ အကောင်းဘက်ကို များများတွေးတတ်တဲ့ အကျင့်ကလေးတွေလည်း ရလာဖို့လိုတယ်လို့ ကျွန်မရဲ့ အပြောအဆိုပေါင်းမြောက်များစွာကို ခံခဲ့ရတဲ့ အတွေ့အကြုံအရလည်း ပြောချင်ပါသေးတယ်။

2010 One Young World တက်လို့အပြီးမှာ ကျွန်မ ဘာတွေပြောင်းလဲသွားလဲဆိုတော့ နည်းနည်းမြောက်ကြွကြွ ဖြစ်သွားတာကို ၀န်ခံပါတယ်။ တစ်ခြားဟာကြောင့်တော့ မဟုတ်ပါဘူး။ ဘာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးဝင်လာခဲ့လို့ပါပဲ။ လူငယ်တွေကို Speech လာပေးကြတဲ့ ခေါင်းဆောင်တွေရဲ့ စကားကလည်း သေလို့ရလောက်အောင် ကောင်းနေတော့ ကျွန်မမှ မဟုတ်ပါဘူး။ လူတိုင်းကို ဒီလို တက်ကြွမှုမျိုး ဖြစ်ကြတာ ချည်းပါပဲ။

“You are the very unique generation of human beings”

“You all are amazing bunch of young people”

“You must send poverty, wars and conflicts to the museum”

“Go and speak to your Government and challenge”

“Our generation has failed to you. You all are just to begin. You must change the world”

ကဲ ကြည့်… အဲ့ဒီ စကားတွေကို ကြားရတဲ့ အသက် 25 နှစ်ဝန်ကျင် ၊ အသက် 20 အောက် လူငယ်တိုင်း ဘယ်သူ မတက်ကြွပဲ နေမလဲရှင်။ အဲ့တော့ One Young World ကို မြန်မာပြည် ကိုယ်စားပြု တက်ပြီး ပြန်လာတဲ့ နောက်ပိုင်း ကျွန်မ ဘာဖြစ်သွားလဲဆိုတော့.. ငါ့ပတ်ဝန်းကျင်အတွက် ၊ ငါ့ထက်ငယ်တဲ့သူတွေ၊ ငါနဲ့သက်တူ ရွယ်တူ လူငယ်တွေအတွက် ၊ မြန်မာနိုင်ငံမှာ လူငယ်တွေ ပြောရေးဆိုခွင့် ရှိသထက် ရှိစေဖို့အတွက် ငါလုပ်ကို လုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ကူးအကြီးကြီးတွေ၊ အိပ်မက်အကြီးကြီးတွေ ရှိလာခဲ့တော့တာပေါ့။ ကျွန်မမှာ အရင်ကတည်းက အဲ့ဒီစိတ်အခံလေးတော့ ရှိပါတယ်။ တစ်ခြား လူမှုရေးအသင်းအဖွဲ့တွေဆီမှာလည်း တတ်အားသလောက် Volunteer လုပ်ပေးခဲ့ဖူးပါတယ်။ One Young World က ပြန်လာအပြီးမှာတော့ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေနဲ့ တွေ့ပြီး နောက်ဆုံး Myanmar Youths in Action ကို ဖွဲ့ဖြစ်ခဲ့တယ်။ MYiA တွေနဲ့အတူ Youth Movement တွေ အများကြီးလုပ်ခဲ့တယ်၊ Environmental Education Program တွေ အများကြီးလုပ်ခဲ့တယ်။ ဒီ ပရောဂျက်က One Young World ရဲ့ The Most Impressive Projects တွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပြီး ဒီနှစ်မှာ ကျွန်မကို Project Impact အကြောင်း စကားပြောဖို့ ဖိတ်ခံရတဲ့အထိ (အတိုင်းအတာတစ်ခုထိ) ခရီးရောက်ခဲ့ပါတယ်။

See MYiA?

အဲ့တော့ One Young World လိုပွဲမျိုးကို ဒီနှစ်မှာ ကျွန်မ ဘာကြောင့် ထပ်တက်ချင်ခဲ့ရသလဲ ဆိုတာကတော့ ရှင်းပါတယ်။

  1. လူသစ်တွေနဲ့ ထပ်တွေ့ချင်တယ်၊ အတွေ့အကြုံတွေ ဖလှယ်ချင်တယ်
  2. ခေါင်းဆောင်တွေနဲ့ တွေ့ချင်တယ်၊ သူတို့ရဲ့ အဖိုးတန်တဲ့ စကားကို ထပ်ပြီးတော့ နားထောင်ချင်တယ်
  3. ဇူးရစ်ကို ရောက်ဖူးချင်တယ်။ ကမ္ဘာ့အလှဆုံးနိုင်ငံတွေထဲက ဆွဇ်ဇာလန်ကို ကိုယ်တိုင်သွားကြည့်ချင်တယ်
  4. တစ်ခြားနိုင်ငံက လူငယ်တွေ ဘာလုပ်နေကြလဲ၊ သူတို့ ဘ၀ကို ဘယ်လိုလျှောက်နေကြလဲ ပိုနားလည်ချင်တယ်။ ဒီက ကျွန်မအသိုင်းအ၀ိုင်းကလူတွေကို သူတို့ကိုယ်တိုင် OYW တက်ခဲ့ရသလိုမျိုးဖြစ်အောင် ကျွန်မ အတွေ့အကြုံတွေ ပြန်လည် မျှဝေချင်တယ်
  5. Development Project လုပ်နေကြသူတွေ အချင်းချင်း Network တွေ ပိုခိုင်မာအောင် လုပ်ပြီး ကိုယ့် ပရောဂျက်ရဲ့ ပန်းတိုင်အတွက် အထောက်အပံ့တစ်ခု ဖြစ်အောင် လုပ်ချင်တယ်
  6. သူများနိုင်ငံမှာ လုပ်နေကြတဲ့ ပရောဂျက်တွေကို လေ့လာပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမှု ရှိတာတွေကို ဒီမှာ ပြန်လုပ်ချင်တယ်
  7. Of Course ပညာများများရချင်တယ်
  8. လူငယ်ခေါင်းဆောင်တွေဆီက ငါလုပ်နိုင်တယ် ၊ ငါတတ်နိုင်တယ်ဆိုတဲ့ ဓါတ်တွေလည်း ကူးချင်တယ်
  9. ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာကို (ကောင်းတာ ၊ ဆိုးတာ တွေကို ) လူတွေများများသိအောင် ပြောချင်တယ် (တစ်ကယ်တမ်းမှာ မြန်မာပြည်ဘယ်မှာ ရှိတယ်ဆိုတာ သိတောင် မသိတဲ့သူတွေလည်း အများကြီးပါပဲ)
  10. နောက်ဆုံး အနေနဲ့ ကျွန်မ အခုလို နိုင်ငံတကာ လှည့်နေတာတွေကို မြန်မာနိုင်ငံက လူငယ်တွေ အားကျပြီး သူတို့ကိုယ်တိုင်လည်း တက်ချင်လာစေချင်တယ် ။ အတွေ့အကြုံတွေ ယူလာစေချင်တယ် ။ ပညာတွေ ရလာစေချင်တယ်။ ဒါမှ ကျွန်မလို လူငယ်တွေ များသထက် များလာမှာပေါ့ရှင်။

နောက်ဆုံးမှာ စကားလုံးတွေနဲ့ ပြောပြ ရေးပြလို့ မရတဲ့ ၊ ရေးလို့ မလောက်နိုင်တဲ့ ခံစားမှုတွေလည်း အများကြီး ဖြစ်လာခဲ့တာပါပဲ။

အဲ့တော့ ကျွန်မလုပ်နေတဲ့ Project တွေကြောင့် Shell က ဒီနှစ် ကျွန်မကို စပွန်စာ ထပ်ပေးတယ်။ ထပ်တက်ခွင့်ရခဲ့ပါတယ်။

နောက်နှစ် (2012) မှာ One Young World ကို Pittsberg – US မှာ လုပ်ပါမယ်။ 2013 မှာကတော့ Johenersberg – South Africa မှာ လုပ်ပါမယ်။ Myanmar Youths in Action က အဖွဲ့သားတိုင်းကို One Young World အတွက်လျှောက်ဖို့ ကျွန်မ တိုက်တွန်းနေပါတယ်။ ဒီလိုပဲ တစ်ခြား လူငယ်တိုင်းကိုလည်း တက်ခွင့် ရတာ မရတာ အသာထား။ လျှောက်ဖြစ်အောင် လျှောက်ကြဖို့ ကျွန်မ တိုက်တွန်းပါတယ်။ ဘယ်သူတွေတက်လို့ရလဲဆိုတော့ လူမှုအကျိုးပြုလုပ်ငန်းကို လုပ်နေတဲ့ လူငယ်တိုင်း တက်ခွင့်ရှိပါတယ်။ Business, Technology, IT, Social Workers, Technicians ဘယ်သူမဆို တက်ခွင့်ရှိပါတယ်။

One Young World ကို လျှောက်ဖို့အတွက် www.oneyoungworld.com မှာ အသေးစိတ်ကြည့်လို့ရပါတယ်။

One response »

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s