Category Archives: တရားဓမ္မ

လူမိုက်တို့၏ သွားရာလမ်း

Standard

ဆရာတော် ရှင်ဥာဏိသရ ဟောကြားတော် မူတဲ့ တရားတော်ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်

Dwonload Link
ပထမပိုင်း (ဖိုင်အမှတ် ၁ – 40MB)

http://www.mediafire.com/?8edjytmnxu9

ပထမပိုင်း (ဖိုင်အမှတ် ၂ – 32MB)

http://www.mediafire.com/?aj2nlgzxlt5

(ကိုနစ်နေမင်းဆီက ကော်ပီ လုပ်လိုက်တာပါ.. download လုပ်ချင်သူတွေ လုပ်နိုင်ပါပြီရှင်)

Advertisements

Vegetarianisms

Standard

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေဟာ ကောင်းမှုတစ်ခုအနေနဲ့ သက်သတ်လွတ်စားလေ့ရှိကြပါတယ်။ တစ်ချို့တွေကတော့ ကုသိုလ်ရချင်လို့စားကြတယ်၊ တစ်ချို့ ကတော့သတ္တ၀ါတွေရဲ့ အသက်ကို ချမ်းသာစေချင်လို့ စသည့်ဖြင့် စိတ်ထားအမျိုးမျိုးနဲ့ စားသောက်တတ်ကြပါတယ်။ ဒီတော့ ကျွန်မတစ်ချက်တော့ တွေးမိတယ်ရှင်. သက်သတ်လွတ်စားတိုင်းသာ ကုသိုလ်ရကြစတမ်းဆိုရင် အရက်သောက်ပြီး အာလူးကြော်ကို အမြည်းအဖြစ်စားနေသူတွေလည်း အလကားနေရင်း ကုသိုလ်တွေရနေမှာပေါ့နော်။ ဒါတော့မဖြစ်နိုင်ဘူးလေ။ ဒီတော့ကျွန်မတို့ သက်သတ်လွတ်စားလို့ပဲ ဖြစ်ဖြစ်၊ သက်သတ်မလွတ်တာ စားလို့ပဲဖြစ်ဖြစ် အစားအသောက်စားခြင်းကြောင့် ဘယ်လိုမျိုး ကုသိုလ်၊ အကုသိုလ်တွေဖြစ်လာနိုင်တယ်ဆိုတာ အရမ်းကိုသိချင်လာခဲ့ပါတယ်။ တိုင်ဆိုင်စွာပဲ ဆရာတော်ရှင်ဆန္ဒာဓိကရေးထားတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်ဆိုတဲ့ စာအုပ်လေးကို ကျွန်မအဒေါ်က ယူလာပေးလို့ ဖတ်လိုက်ရတော့မှပဲ စိတ်ထဲရှင်းရှင်းလင်းလင်း သိမြင်သွားပါရဲ့။ ကျွန်ဆီကိုလာရောက် လည်ပတ်သူတွေကိုလည်း ဒီအကြောင်းလေးပြောချင်တာနဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ် စာအုပ်ထဲက တစ်ချို့ကိုရေးသား တင်ပြလိုက်ရပါကြောင်း………….

အစားအစာတစ်ခုကြောင် လူတစ်ယောက်မှာ ကုသိုလ်စိတ်လည်း ဖြစ်နိုင်သလို အကုသိုလ်စိတ်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားရင် ကုသိုလ်စိတ်ဖြစ်နိုင်ပြီး အကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားရင် အကုသိုလ်စိတ်ဖြစ်နိုင်ပါတယ်။ အစားသက်သက်ကြောင့် ကုသိုလ်စိတ် အကုသိုလ်စိတ် ဖြစ်တာမဟုတ်ပါဘူး။ အစားအစာကို စားသုံးသူရဲ့ နှလုံးသွင်းမှုကြောင့်သာ ကုသိုလ်၊ အကုသိုလ်ဖြစ်ပေါ်လာရတာပါ။ သက်သတ်လွတ်ပဲစားစား သက်သတ်မလွတ်ပဲစားစား၊ ဘာဝနာတစ်ခုခုပွားရင်း စားရင်ကုသိုလ်ရပါတယ်။ ဘာဝနာတစ်ခုခုပွားစားရင်း စားနေသူရဲ့ သန္တာန်မှာ စားနေဆဲ အစားအစာနဲ့ပတ်သက်ပြီး ကောင်းလိုက်တာဆိုတဲ့ လောဘ၊ မကောင်းဘူးဆိုတဲ့ ဒေါသ ဖြစ်ခွင့်မရတဲ့အတွက် အကုသိုလ်စိတ် ကင်းရှင်းနေပါတယ်။ မိမိပွားတဲ့ ဘာဝနာနဲ့ လိုက်လျောညီထွေနေတဲ့ ကုသိုလ်စိတ် ဖြစ်နေတဲ့အတွက် အစားစားရင်း ကုသိုလ်ရနေပါတယ်။

ဒေါသကိလာသာ လောဘစိတ်တွေနဲ့စားနေရင် အကုသိုလ်စိတ်တွေဖြစ်နေပါလိမ့်မယ်။ ကိုယ်စားနေဆဲ အစားအစာနဲ့ပတ်သက်တဲ့ လောဘ၊ ဒေါသပဲဖြစ်ဖြစ်၊ အစာစားရင်း သူများအကြောင်း၊ တစ်ခြားအကြောင်း တွေးလို့ပဲဖြစ်ဖြစ် လောဘ ဒေါသတွေ ဖြစ်လာရင်တော့ အကုသိုလ်တွေ ချည်းပါပဲ။

လူတစ်ယောက်ဟာ သက်သတ်လွတ်အစာတစ်ခုကို စားနေတယ်ဆိုပါစို့။ ဟယ်အသားတုဟင်းလေးကရှယ်ပဲ ကောင်းလိုက်တာ ဆိုပြီးတွေးရင် လောဘကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ ဟွန်း ဒီနေ့သက်သတ်လွတ်စားမယ်မှန်း သိလျက်နဲ့ ဟင်းကိုကောင်းကောင်း ချက်မထားဘူး၊ တစ်ခါလာလည်း ဒီကန်ဇွန်းရွက်ပဲ ဆိုရင် ဒေါသကိလေသာနဲ့ အကုသိုလ်ဖြစ်ပါတယ်။ ဟင်း ငါမို့လို့ သက်သတ်လွတ် စားနိုင်တာ၊ ဟိုကောင်မတွေဆို သက်သတ်လွတ် စားနိုင်တာမဟုတ်ဘူး ဆိုရင် မာနကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ သက်သတ်လွတ်စားမှ မေတ္တာသမား၊ သက်သတ်လွတ်စားတာ ကုသိုလ်ရတယ်၊ ငါတော့ဒီနေ့အတော်လေး ကုသိုလ်ရသွားပြီဆိုရင်တော့ ဒိဌိကိလေသာနဲ့ အကုသိုလ်တွေဖြစ်ရပါတယ်။ ဒါကအစားအသာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အကုသိုလ်စိတ်တွေပါ။ သက်သတ်လွတ် အစားကိုစားနေရင် သူများအကြောင်းတွေးပြီး လောဘ၊ ဒေါသ၊ မစ္ဆရိယ ဖြစ်နေမယ်ဆိုရင်လည်း အကုသိုလ်တွေ တိုးပွားနေမှာပါပဲ။

သက်သတ်လွတ်အစာကို စားလိုက်ရုံနဲ့ လူတစ်ယောက်ဟာ အလိုလိုနေရင်း ကုသိုလ်တွေရမသွားပါဘူး။ ကုသိုလ်စိတ်နဲ့စားမှ ကုသိုလ်ရနိုင်ပါတယ်။ ဘ၀နာတစ်ခုခုပွားများခြင်း၊ လောဘ ဒေါသစတဲ့ကိလေသာ မဖြစ်အောင် နှလုံးသွင်းနိုင်မှသာ ကုသိုလ်ရနိုင်မှာ ဖြစ်ပါတယ်။

The Rules of being a human.

Standard

၁. သင်ဟာခန္ဓာကိုယ်ကြီးတစ်ခု ပိုင်ဆိုင်ရမှာပါ။
သင်ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အဲဒီခန္ဓာကိုယ်ကြီးဟာ သင်အသက်ရှင်နေသရွေ့ သင်နှင့်အတူရှိနေမှာ ဖြစ်ပါတယ်။

၂. သင်ဟာ သင်ခန်းစာတွေကို လေ့လာသင်ယူရပါလိမ့်မယ်။
သင်ဟာ ဘ၀ လို့ခေါ်တဲ့ ပုံစံမကျတကျ အချိန်ပြည့်ကျောင်းတော်ကြီးမှာ ကျောင်းအပ်နှံခြင်းခံရပါလိမ့်မယ်။ အဲဒီကျောင်းကြီးမှာ နေ့စဉ်နေ့တိုင်း သင်ခန်းစာတွေကို လေ့လာသင်ယူရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာတော့ အဲဒီသင်ခန်းစာတွေဟာ သင့်အကြိုက်ဖြစ်နိုင်သလို၊ တစ်ခါတစ်ရံမှာတော့လည်း ဒီသင်ခန်းစာတွေကို သင်ယူနေရတာဟာ မိုက်မဲလှတဲ့အလုပ်တစ်ရပ်လို့လည်း ထင်ချင်ထင်နေပါလိမ့်မယ်။

၃. မတော်တဆအမှားဆိုတာ မရှိပါဘူး။ သင်ခန်းစာတွေ ချည်းပဲဖြစ်ပါတယ်။
တိုးတက်ဖြစ်ထွန်းမှုဆိုတာ လေ့လာစမ်းသပ်မှုတစ်ခုရဲ့ ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ပါတယ်။ မအောင်မြင်(ကျရှုံး) တဲ့ စမ်းသပ်လုပ်ဆောင်မှု (လက်တွေ့သုတေသန)များသည် နောက်ဆုံးဖြစ်သော အလုပ် ဆီသို့ လက်တွေ့ စမ်းသပ်မှုဖြစ်စဉ်၏ အစိတ်အပိုင်းမျှသာဖြစ်သည်တဲ့

၎. သင်ခန်းစာတစ်ခုကို အလွတ်မရမချင်း ထပ်ကာထပ်ကာ သင်ယူရမှာပါ။
သင်ခန်းစာတစ်ကို သင်အလွတ်မရမချင်း ပုံစံမျိုးစုံနဲ့ သင့်ကိုသင်ကြားပေးပါလိမ့်မယ်။ ပိုင်နိုင်မှသာလျှင် နောက်အသစ်တစ်ခုကို တက်လှမ်းခွင့်ရှိပါတယ်။

၅. သင်ခန်းစာတွေ သင်ယူခြင်းဟာ အဆုံးမရှိပါဘူး။
သင်ခန်းစာမရှိတဲ့ ဘ၀အစိတ်အပိုင်းဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ သင်အသက်ရှင်သန်နေသရွေ့ လေ့လာစရာတွေ ရှိနေဆဲပါပဲ။

၆. သင်မျှော်လင့်နေသောအရာသည် လက်ရှိအရာလောက် မကောင်းပါ။
သင်ရည်မှန်းပြီး ကြိုးစားနေသော အရာတစ်ခုသည် သင့်လက်ဝယ်ကိုရောက်ရှိလာသောအခါ၊ သင့်အတွက် နောက်လိုချင်သော၊ အရေးကြီးသော၊ ယခုထက်ပိုကောင်းသောအရာတစ်ခု ပေါ်ပေါက်လာပေလိမ့်အုံးမည်။

၇. တစ်ခြားသူများသည် သင့်အတွက်မှန်တစ်ချပ်မျှသာ ဖြစ်သည်။
ကိုယ်ကိုယ်တိုင် ချစ်သလား မုန်းသလားဆိုတာ တစုံတရာ တန်ပြန် မခံစားရသေးမချင်း တခြားလူအတွက် မင်း မချစ်နိုင်၊ မမုန်းနိုင်ဘူး။

၈. သင့်ဘ၀တွင် သင်လုပ်သောအရာမှန်သမျှသည် သင့်အပေါ်တွင်သာ မူတည်သည်။
သင့်မှာ သင်လိုအ်တဲ့ အရင်းအမြစ်တွေ၊ ကီရိယာတန်ဆာပလာတွေ အစုံရှိပါတယ်။ အဲဒါတွေကို အသုံးတည့်အောင် ဘယ်လိုအသုံးချမလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သင့်ဟာသင် ရွေးချယ်ရမှာပါ။

၉. သင်ခန်းစာတွေသင်ကြားပြီး ဘ၀ရဲ့မေးခွန်းတွေအတွက် ဖြေဆိုဖို့ အဖြေဟာ သင့်ရဲ့ကိုယ်၊ စိတ်တွေထဲမှာပဲရှိနေပါတယ်။
သင်လုပ်ရမှာကတော့ ကြည့်ရှုပ်၊ နားဆင်ပါ၊ ယုံကြည်ပါ..စသောအရာတွေပဲ ဖြစ်ပါတယ်။

၁၀. နောက်ဆုံးမှာတော့ ဒါတွေအားလုံးကို မေ့မေ့ပျေက်ပျောက် ထားခဲ့ရမှာဖြစ်ပါတယ်။

Sources: Cherie Carter-Scott