Category Archives: Announcement

Thanlwin Magazine is Back Online!!

Standard

သံလွင်မဂ္ဂဇင်း အတွဲ (2)၊ အမှတ် (1) ထွက်ပေါ်လာပါပြီ ဆိုတဲ့ အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ။ သံလွင်ကို ချစ်တဲ့၊ သံလွင်ကို မျှော်လင့်နေတဲ့ သံလွင်ရဲ့ စာဖတ် ပရိတ်သတ်တွေ အတွက်၊ သံလွင်ရဲ့ မောင်နှမတွေကလည်း အားတက်သရော ကြိုးစား ဖန်တီး ပေးထားကြပါတယ်ရှင်။ စာဖတ်သူတွေ အကြိုက်တွေ့စေမယ် ကာတွန်း၊ အက်ဆေး၊ အင်တာဗျူး၊ ကဗျာ၊ ၀တ္ထုတွေ အပြင် တစ်ခြား ပါနေကျ ကဏ္ဍလေးတွေနဲ့ ဝေေ၀ ဆာဆာ ဖော်ပြထားတဲ့ ဒီမဂ္ဂဇင်းကို
သံလွင်အိပ်မက်
မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ရှင်!!!!

Advertisements

Announcement with 101st Post

Standard
ဘာညာက 101 ကြိမ်မြောက် ပိုစ့်တင်ပါ ဆိုလို ဒီပိုစ့်လေးနဲ့ အတူ ကြေငြာချက်လေးတစ်ခု ထုတ်ချင်ပါတယ်။ ကျွန်မ သတိထားမိသလောက် ကျွန်မဘလောဂ့်မှာ comment ပေးသူ တော်တော် များများဟာ ပိုစ့်မှား ပေးနေကြတာကို တွေ့ရပါတယ်။ ကျွန်မကလည်း သူများထက် ထူးချင်တဲ့သူဆိုတော့ မထူး ထူးအောင် comment တွေကို သက်ဆိုင်ရာ ပိုစ့်ရဲ့ အပေါ်မှာ အညွှန်းတပ်ထားတယ်လေ။ ဒီတော့ ဘလောဂ့်ဖတ် ပရိတ်သတ် အပေါင်းက အပေါ်က ကွန်းမန့်လေးတွေကို သတိမထားမိကြပါ ဘလောဂ့်တော်တော် များများမှာ ပါနေကျ ထုံးစံအတိုင်း အောက်ခြေနားမှာရှိတဲ့ comment ကိုပဲ နှိပ်နှပ်ပြီးရေးကြတော့ အပေါ်ပိုစ့်ကို ကွန့်မန့်ပေးရာ မရောက်ပဲ နောက်တစ်ပိုစ့်မှာ မဆီမဆိုင် သွားရေး သလို ဖြစ်နေပါတယ်ရှင်။ ဒီတော့ ကျွန်မရဲ့ ဘလောဂ့်မှာ comment များသည် သက်ဆိုင်ရာပိုစ့်တွေရဲ့ Post Title ဘေးမှာ (ပိုစ့်တွေရဲ့ အပေါ်မှာ) ရှိနေကြောင်းကို ပြောလိုက်ရပါတယ်ရှင်။

သြော် ပြီးတော့ ဒီပိုစ့်လေးကို ကျွန်မ Date ရွှေ့ပြီးရေးထား ပါတယ်။ လူတော်တော်များများ သတိထားမိအောင် တစ်လလောက် အပေါ်မှာ ရှိနေစေချင်လို့ပါ။

Changing the Title

Standard
ကျွန်မရဲ့ The World Of Physical and Mental Beauty ဆိုတဲ့ ဘလောဂ့် Title ကို The World Of Pinkgold လို့ ပြောင်းလဲ လိုက်ပါတယ်ရှင်။ ခုလောလောဆယ်တော့ ဘန်နာ ပျောက်နေပါတယ်။ ဘန်နာ ဆွဲပေမယ့် စေတနာရှင်၊ အလှူရှင် လေးများ ရှိရင် ကျွန်မကို ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်။ ဘန်နာဆွဲပေးရင် မုန့်ကျွေးမှာနော်.. ကွိကွိ.. အိုကေပါ The World Of Pinkgold မှာ ကျွန်မရေး ချင်တာတွေ ပွားချင်တာတွေကို အရင်လိုပဲ ဆက်ရေး ဆက်ပွား သွားမယ့်အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။