Category Archives: Birthday

Rememberance of Bogyoke

Standard

ဗိုလ်ချုပ်ရေ..
ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို
ဒီနေ့ ကိုးဆယ့်လေးနှစ် ပြည့်မှာပေါ့နော်။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်သာ အသတ်မခံရဘူးဆိုရင်
ဒီနေ့မြန်မာပြည် ဒီလိုဖြစ်နေမှာ မဟုတ်ဘူး။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်မွေးနေ့ကို မေ့နေကြတဲ့
ကလေး လူကြီးတွေကို တွေ့တိုင်း
ကျွန်မ ရင်နာရတယ်။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်မွေးနေ့ကို
ဗယ်လင်တိုင်းဒေးလောက် စိတ်မလှုပ်ရှားကြတာ
ဘယ်သူ့ကို အပြစ်တင်ရမလဲ။

ဗိုလ်ချုပ်ရေ
တစ်ချို့ကတော့
ဗိုလ်ချုပ်ကို မမေ့ မေ့အောင်
အားထုတ်နေကြလေရဲ့။

ဗိုလ်ချုပ်ရေ
အဖေ့ခြေရာနင်းတဲ့
သတ္တိခဲ သမီးတစ်ယောက်ဟာ
ခုတော့လည်း စစ်ဖိနပ်တွေအောက်မှာ
ရင်နင့်စရာ အဖြစ်နဲ့ပေါ့။

ဒါပေမယ့် ဗိုလ်ချုပ်ရေ
တိုင်းပြည်ချစ် လူထုကြားမှာတော့
ဗိုလ်ချုပ်ဟာ ရှင်သန်နေဆဲပါပဲ။

ဗိုလ်ချုပ်ရေ
ကျွန်မကလည်း
ှဗိုလ်ချုပ်ကို သိပ်ချစ်နေတဲ့ လူတစ်ယောက်ပါ။

My Wonderful January!

Standard

ဇန်န၀ါရီလ…..

ချမ်းသည်၊ စိမ့်သည်၊ ဆောင်းနှောင်းကာလ ဖြစ်သောကြောင့် ဆောင်းကြွင်း ဆောင်းကျန်များကို အစွမ်းကုန် ခါချသော အိပ်ရာထဲမယ် ကွေးစရာ ကောင်းလှသည့် ရာသီလည်းဖြစ်သည်။ ကောင်းကင်တွင် တိမ်ကင်းစင်သည်။ ရာသီဥတု ကြည်လင်သည်။ ကြယ်တာရာများ စုံလင်သည်။ ညိုပြာညက်ရောင် ခွာညိုပန်းပွင့်သည်။ ရှေးမြန်မာခေတ်က မြင်းခင်းသဘင်ပွဲ ကျင်းပရာလလည်း ဖြစ်သည်။ ဆယ့်နှစ်လရာသီ၏ အသာယာဆုံး လတစ်လထဲတွင် တစ်လအပါအ၀င်ဖြစ်သည်။

လွန်ခဲ့သော (25) နှစ်ခန့်က ထိုကဲ့သော သာယာသော၊ ချမ်းအေးသော၊ ကြယ်တွေစုံသော ဇန်န၀ါရီလ၏ ညနေခင်းတစ်ခုမှာ ကျွန်မ လူ့လောကကို စတင်ရောက်ရှိခဲ့သည်။ မိန်းမ ပြာသို၊ ယောင်္ကျားဝါဆိုလို့ အဆိုရှိတဲ့အတိုင်း ပြာသိုလမှာ မွေးတဲ့ မကာရ ရာသီဖွား ကျွန်မဟာ နည်းနည်းတော့ ထူးသလိုလို ရူးသလိုလို ရှိခဲ့သားရှင်။ ကျွန်မ နောက်သလိုလို၊ အတည်လိုလိုပြောနေကျ စကားတစ်ခွန်းရှိတယ်။ 19 ရက်နေ့ဖွားတွေဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ (1) ဂဏန်းသမားတွေ မို့လို့လေ။ (ဆိုင်လည်း မဆိုင်ဘူး)။ သြော် ကျွန်မက ဇန်န၀ါရီလ (19) ရက်နေ့မှာ မွေးတာကိုးရှင့်… ကိုယ်မွေးတဲ့ရက်ကိုမှ ကိုယ်မထူးခြားဘူးပြောရင် ဘယ်နေ့ကို ထူးခြားတယ်လို့ ပြောမလဲနော်။ ထားပါတော့.. ထိုကဲ့သို့ ဇန်န၀ါရီ (ပြာသို) လတွင်မွေးသော၊ မကာရ ရာသီဖွား ကြာသပတေးသမီး ဖြစ်သော၊ ကိုယ့်ဟာကိုယ်တောင် နားလည်ရခက်သော၊ အူကြောင်ကြောင်နိုင်သော၊ အရွဲ့တိုက်ခြင်းကို ၀ါသနာပါသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲတတ်သော၊ ဘလောဂ့်တစ်ကို ပိုင်ဆိုင်သော ကျွန်မဟာ ဒီနေ့ ဇန်န၀ါရီလ 19 ရက်နေ့မှာတော့ 25 နှစ်တင်းတင်းကို ပြည့်သွားလေပြီ။ ကိုသင်ကာ ပြောသလို အပျိုကြီးစာရင်း ၀င်ပြီပေါ့နော်။ ဖိုးသူတော် ပြောသလို အပျိုကြီး ဖားဖားဖြစ်ပြီ (ဖားဖားဆိုတာ ဘာလဲတော့ ကျွန်မလည်း မပြောတတ်) မဂျစ်တို့ မမီတို့ ခြေရာနင်းရတော့မယ် ထင်တယ်ရှင့်….. 😛

25 နှစ်မှာ အလုပ်နည်းနည်းပိုများ လာတာကလွဲလို့ ဘာမှ မထူးခြားပါဘူး။ 24 နဲ့ 25 ကြားဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတာကတော့ ဒီပိုစ့်ကို ဖတ်ရင်လည်း သိနိုင်ပါတယ်။ ကျွန်မက နှစ်အစမှာ မွေးတာကိုးရှင့်။ သြော………. ထူးခြားတာတော့ တစ်ခုရှိတယ်….ကိုယ့်ဟာကိုယ် မချစ်တတ်ဘူးလို့ထင်ခဲ့တာ.. ခုမှ တော်တော်ကြီးကို ချစ်တတ်သွားမှန်း သိတော့တယ်။ (မေးခွန်းတွေ လာမမေးနဲ့ မပြောဘူး)။

သူငယ်ချင်းတွေနဲ့တော့ ပိုဝေးသွားတယ်… အွန်လိုင်းမှာချည်းပဲ အချိန်ကုန်ဖြစ်လို့ ထင်တယ်။ မီဒီယာမှာသာ လုပ်နေတာ… ဂျာနယ်လေး၊ မဂ္ဂဇင်းလေးတောင် ကောက်မကိုင်ဖြစ်ဘူး…. ဒါလည်း အွန်လိုင်းကြောင့်ပဲ။ စာတွေ လိုက်ဖတ်နေရတာထက်စာရင်.. အရင်ကထက် Google ကိုပိုသုံးဖြစ်လာတယ်..။ ဒါပေမယ့် စာအုပ်တွေတော့ ပိုပိုဝယ်ဖြစ်တယ်… ဖတ်ပြီးသားတွေကော၊ မဖတ်ရသေးတာတွေကော၊ ညီမတွေကို ပေးဖတ်ချင်လို့။ သေခြင်းတရားကို ဆင်ခြင်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့ကလည်း ရေဝေး ရောက်လိုက်သေးတာကိုး။ နာရေးတစ်ခုကို လိုက်ပို့တာလေ။ ကျွန်မ ပထမဆုံးအကြိမ် ရေဝေးကို ရောက်ဖူးတာပဲ။ အလောင်းတွေလည်း ဆက်တိုက်ကို မီးသဂြိုဟ်ဖို့ လာနေကြတာပဲ။ ကိုယ့်အလှည့်လည်း တစ်နေ့ရောက်လာမှာပေါ့။

မွေးနေ့မရောက်ခင်ကတည်းက 3 ရက်လောက် အလိုကတည်းက သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ အစောဆုံး Wish လုပ်တဲ့သူ ဖြစ်ချင်လို့တဲ့။ နောက်သူငယ်ချင်း တစ်ယောက်က Birthday Card ပို့တယ်.. ငါ အစောဆုံး မဟုတ်လားတဲ့။ နောက်ကျသွားပြီကွယ် လို့။ မနေ့ကတည်းက ကြိုဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ မနေ့ကဆို အိမ်ကလူတွေ ည 12 နာရီကျော်တဲ့အထိ မအိပ်ပဲစောင့်ပြီး Happy Birthday လုပ်ကြတယ်။ ပျော်လိုက်တာ။ ဖိုးသူတော်နဲ့ ကိုမျက်စိက မွေးနေ့အကြိုဆိုပြီး စားသောက်ဝိုင်းလေး လုပ်ပေးတယ်။ အဲဒီတုန်းက ရီရသေးတယ်။ ဖိုးသူတော်က သူတို့သောက်နေကျ မြေနီကုန်းက ဆိုင်ကို သိတယ်မဟုတ်လားတဲ့။ အဲဒီကိုပဲ လာခဲ့လိုက်ပြောတော့ ကျွန်မကလည်း အိုကေဆိုပြီး ကိုညီလင်းဆက်နဲ့ တူတူသွားကြတယ်။ သူကလည်း ရုံးကိုရောက်နေတော့ အဖော်ရသွားတာပေါ့။ မြေနီကုန်းလည်းရောက်ရော ဆိုင်ကို သေချာမမှတ်မိတော့ဘူး။ ဒါနဲ့ပဲ ဒီဆိုင်လားမသိဘူး ဆိုပြီး နှစ်ယောက်သား ၀င်ထိုင်ကြပါရော။ အဲလိုနဲ့ ကျွန်မ Star Cola သောက်တယ်၊ သူက ပါဝါ သောက်ပြီး စကားများရင်း ထိုင်စောင့်ကြတာပေါ့။ အရက်ဆိုင်မှာနော်.. အအေးတွေ ထိုင်သောက်နေကြတာ။ အဲလိုနဲ့ 15 မိနစ်လောက် ကြတဲ့အထိ ဘယ်သူမှ ပေါ်မလာဘူး။ ညည်းကို ချိန်းထားတာ သေကော သေချာရဲ့လားဟာ၊ ဆိုင်များမှားနေလား ဆိုပြီး ပြောနေတုန်းမှာပဲ ဖိုးသူတော်ကို လှမ်းတွေ့လိုက်တယ်။ ဟာ.. ဘာလို့ဒီမှာထိုင်နေကြတာတုန်း.. ထိုင်နေကျဆိုင်ပါဆို မသိဘူးလားတဲ့။ ထိုင်နေကျက ဒီဆိုင်လေး မဟုတ်ဘူးလားလို့လည်း ပြောရော နေအုံးဆိုပြီး ဖိုးသူတော်က ဟိုဘက်ခဏ ထွက်သွားလိုက်တယ်။ ခဏနေတော့ ပြန်လာပြီး ကိုမျက်စိတောင် မှာထားနှင့်ပြီး ရောက်ပြီးနေလို့တဲ့ ကျွန်မတို့ကို ပြန်လာခေါ်တာ။ အဲလိုနဲ့ နှစ်ယောက်သား ရှက် ရှက်နဲ့ အရက်ဆိုင်မှာ အအေးသောက်ပြီး ဖိုးသူတော်နောက်ကို လိုက်ကြလေသတည်းပေါ့။ ရီလိုက်ကြတာ.. အရက်ဆိုင်မှာ အအေးမှာသောက်တာကို။ ဆိုင်လေး တစ်ခါပဲ မှားမိပါတယ်.. ပြောလို့ကို မပြီးတော့ဘူး။ ကိုညီလင်းဆက်၊ ကိုမျက်စိ၊ ဖိုးသူတော်၊ အောင်မျိုးဟန် တို့လာကြတယ်။ သူတို့က ထိုင်သောက်.. ကျွန်မကတော့ ထိုင်စားပေါ့။ ကိုဂေါက်ကလည်း ခါးနာနေတယ်၊ တိုလီကလည်း မအားဘူးတဲ့။ စိုးဇေယျကိုလည်း ချိတ်လို့ မရတော့ 5 ယောက်ထဲနဲ့ပဲ ပွဲစည်လိုက်ကြတယ်။ ကျွန်မရဲ့ မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့အငွေ့ အသက်တွေလွှမ်းခြုံလို့….။ ကိုနေဘုန်းလတ်ကို သတိရတယ်။ မမီကိုလည်း လွမ်းမိတယ်။ ဘာညာကလည်း ပေါ်မလာဘူး။ မနှစ်တုန်းကဆို ဖိုးချမ်းတို့၊ မျိုးကျော်ထွန်းတို့လည်း ပါကြသေးတယ်။

အစတုန်းကတော့ မွေးနေ့ အမှတ်တရ အနေနဲ့ Feeling 25 ဆိုပြီး တွေးမိသမျှလေး ချရေးမလို့ပဲ။ တွေးမိတာ တော်တော်များသွားတော့ မှတ်တမ်းတင်လို့ မလိုက်နိုင်ဘူး ဖြစ်သွားတယ်လေ။ ဒါကြောင့် ဘာရယ် ညာရယ် မဟုတ်တဲ့ ကပေါက်တိ ကပေါက်ချာ ဒီလိုဟာလေးပဲ ရေးလိုက်ပါတယ်။ ဒီလိုပါပဲ.. မွေးနေ့ရောက်လာတော့လည်း အသက်တစ်နှစ်ပိုကြီးသွားတာပေါ့။ ဘ၀အတွက်တော့ ပျင်းတာလေးကိုလျှော့ပြီး တော်တော်ကြိုးစားရအုံးမယ်။ တစ်ခုတော့ရှိတယ်.. ပိုက်ဆံတွေ၊ အချစ်တွေ၊ အလိုရမ္မက်တွေ ဆိုတာ စိတ်ချမ်းသာဖို့လောက် အရေးမကြီးဘူး။ စိတ်ဆိုတာ ထားတတ်ရင်လည်း ချမ်းသာနေတာပဲ။

Belated Birthday Wish (2)

Standard

9-Sep-08

တစ်ကယ်က အဲဒီနေ့ဟာ ကိုတက်စ်ရဲ့ မွေးနေ့မှန်း ကျွန်မ မသိခဲ့ပါဘူး။ အဲဒီနေ့ည 9 နာရီကျော်ကျော် လောက်မှာမှ သိခဲ့ရတာပါ။ အဲဒီနေ့ဟာ ကျွန်မတို့အတွက် ပျော်စရာအလွန်ကောင်းပြီး အမှတ်တရဖြစ်ခဲ့ရတဲ့ နေ့လေး တစ်နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့က နေ့လည် ထမင်းစားချိန်ကြီး.. ကျွန်မ ထမင်းစားခန်းးထဲမှာ ထမင်းစားနေတုန်း ဧည့်သည်လာတယ်ဆိုလို့ သွားလည်းတွေရော ကိုဘလာဂေါက်တို့ ဖိုးသူတော်တို့ကို ဧည့်ခန်းထဲ မိန့်မိန့်ကြီး ထိုင်နေတာ တွေလိုက်ရပါရဲ့။ သူတို့နဲ့အတူ အမကြီးတစ်ယောက်လည်း ပါလာတယ်။

“ပင့်ကူ ဒါမနိုင်နိုင်းစနေလေ ” လို့ ကိုဘလာဂေါက်လည်း မိတ်ဆက်ပေးရာ.. ဟာ အမ ဆိုပြီး လက်ကလေး ပြေးကိုင်မိတယ်။ မနိုင်းကို ဓါတ်ပုံထဲမှာတော့ တွေ့ဖူးပေမယ့် ရုတ်တရက်ကြီးဆိုတော့ အပြင်မှာ မမှတ်မိလိုက်ဘူး ဖြစ်သွားတယ်။ “ပင့်ကူလေးကို ညနေ M3 လိုက်ခဲ့ဖို့ လာခေါ်တာ၊ ပင့်ကူက အပြင်မှာ ဓါတ်ပုံထက်မှာထက် ကြီးတယ်နော်” တဲ့။ ပင့်ကူ နင်ဘာတွေ လုပ်ထားလဲ လို့တောင် ကျွန်မကို ၀ိုင်းနောက်ကြပါသေးတယ်။ ” လာခဲ့မှာပေါ့ အမရယ်.. ရုံးဆင်းတာနဲ့ ချက်ချင်း လိုက်ခဲ့မယ်လို့” ကျွန်မပြန်ဖြေအပြီးမှာတော့ ကော်ဖီသောက်ချင်တယ် ကော်ဖီတိုက်လို့ လူဆိုးကြီးတွေက ပြောလို့ ကော်ဖီတိုက်လိုက်ရသေးတယ်.. ဟွန်း။

အဲဒီနေ့က ကျောင်းဖျက်ပြီး M3 လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ သိပ်မရှာလိုက်ရပါဘူး။ အကိုကြီးတွေလေ အမကြီးတစ်ယောက်ပါတယ်လို့ ပြောလိုက်တာနဲ့ Waiter လေးက ချက်ချင်းကို သိတာပါပဲ။ သူတို့သီချင်းဆိုနေတဲ့ အခန်းနားကို ရောက်တော့ ကြားလိုက်ရတဲ့ သီချင်းသံကြောင့် အခန်းများမှားပြီးလား လို့တောင်တွေးမလိုက်မိပါသေးတယ်။ သီချင်းကြီးကလည်း ဇတ်သီချင်းကြီး.. ” အိုဒေ၀စ္ဆာရာ.. အို အို အို ဒေ၀စ္ဆာရာ အိုး အိုး အိုး အို ဒေ၀စ္ဆာရာ.. တဲ့”။ ကျွန်မတို့တွေ M3 မှာ ခဏ ခဏ ကာရာအိုကေ သွားဆိုနေကျပါ။ တစ်ခါမှ ဘယ်သူမှ ဒီလိုသီချင်း မဆိုဖူးဘူး။ မထူးပါဘူးလေဆိုပြီး တံခါးလေးလည်း ဖွင့်ကြည့်လိုက်တော့ အား ပါး ပါး ကိုဘလာဂေါက်က အပီအပြင်ကိုဟဲနေပြီး ကျန်တဲ့ သူတွေကလည်း ကွေးနေအောင်ကို ကနေကြပါတယ်ရှင့်။ ကျွန်မလည်း ဘယ်နေလိမ့်မတုန်း ရောက်ရောက်ချင်း ၀င်နွှဲလိုက်တာပေါ့။ ကိုတက်စလာ၊ ကိုမျက်စိ တို့လည်းရောက်နေတာ တွေ့ရတယ်။ ကိုတက်စ်ကတော့ မျိုးကျော့မြိုင်သီချင်းတွေနဲ့ ရက်ပါ လုပ်ပါတယ်။ ကိုမိုးလှိုင်ညကတော့ ထူးအိမ်သင် သီချင်းတွေကို ကန်ထရိုက်ဆွဲတယ်၊ ကိုမျက်စိကလည်း မျိုးကြီးမှ မျိုးကြီးပါပဲ၊ ဖိုးသူတော်ကတော့ Yo Yo နဲ့ Hip Hop တွေဟဲနေလေရဲ့။ ကိုဘာလာဂေါက်လည်း လေးဖြူ သီချင်းတွေ အပြတ်ဆိုလို့၊ ခဏနေတော့ စိုးဇေယျ ရောက်လာပြီး “ရောဂါ ရောဂါ” နဲ့ စဆိုပါတော့တယ်။ သူ့မှာပါလာတဲ့ SLR Camera ကြီးနဲ့ လူတွေကို ရုပ် မဆိုး ဆိုးအောင်လည်း ဓါတ်ပုံတွေ လိုက်ရိုက်နေသေးတယ်။ Blogger Gossip မှာထည့်မလို့တဲ့လေ။ မနိုင်နိုင်းကလည်း တရုတ်သီချင်းတွေ ဟဲပါတယ် “ချန်ကော်လိုင် ချန်းကော်လိုင်” ဆိုတာပဲ မှတ်မိတော့တယ်။ ကျန်တဲ့ သူတွေ တရုတ်သီချင်းမှ မရတာ ၀ူးဝါး ၀ူးဝါး လိုက်အော်ကြတာပေါ့။

ခဏလည်းနေရော “အေးမြတဲ့ ဆောင်းတစ်ညမှာ မီးရောင်စုံစုံ… ” ဆိုတဲ့ သီချင်းလည်းလာရော အကုန်လုံး ရှမ်းအက ထက ကြပါတော့တယ်။ ကျွန်မကလား…မကပါဘူး.. သီချင်းပဲဆိုပေးတာ.. တစ်ကိုယ်လုံး ခါပြီးတော့လေ.. ဟား ဟား။

M3 မှာသီချင်းဆိုပြီးတော့ ထွက်လည်းလာရော ကိုညီလင်းဆက်က ဟေ့ကောင်တွေ ငါလာနေပြီ ဘယ်ကို လိုက်ခဲ့ရမတုန်း လို့ ဖုန်းဆက်လာပါတယ်။ အင်းလျားလမ်းက ကျွန်မတို့ စားသောက်နေကျ Friendship မှာပဲ ညစာစားရင်း ဆုံဖို့သတ်မှတ်လိုက်ကြပြီး ဒုတိယပိုင်း အစီအစဉ် အနေနဲ့ အဲကို ချီတက်ကြပါတယ်။ ကျွန်မတို့လည်းရောက် ကိုညီလင်းဆက်လည်းရောက်ပါပဲ။ အဲမှာ အစာစားရင်း စကားများရင်းပေါ့ရှင်။ ကျွန်မ ဘလောဂ့်ပိတ်ထားတဲ့ အကြောင်းတွေရော၊ တစ်ခြား နိုင်ငံရေးဓ၊ စီးပွားရေး၊ အချစ်ရေး ဘာညာ ဘာညာ ပြောကြဆိုကြ ငြင်းကြနဲ့ ပြန်ကြမယ် ပိုက်ဆံရှင်းကြမယ်လည်း ဆိုရော မနိုင်းက ထအော်ပါတယ်.. ဒီနေ့တက်ဆလာ မွေးနေ့ဆိုတဲ့။ အဲတော့ မှ ဟေးးးးးးးးးးးး ဟုတ်သားပဲ ဆိုပြီး ဖြစ်သွားကြ။ မွေးနေ့ဆုတောင်းပေးကြ၊ ပိုက်ဆံရှင်းတော့ ကိုညီလင်းဆက်က တစ်ဝက်စိုက်ပေးလိုက်တယ်.. ကိုတက်စ်ကို သနားလို့တဲ့.. အဟားးးးးးးးးး။ Happy Belated Birthday ပါ ကိုတက်စ်ရေ။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်မှုတွေ ရရှိနိုင်ပါစေရှင်။ အဲဒီနေ့က ကိုတက်စ်ပြောလိုက်တဲ့ စကားလေး တစ်ခွန်းက အမှတ်ရစရာ ကောင်းပါတယ်။ ဘယ်အကြောင်းကနေ ဘယ်လိုဆက်စပ်ပြီး ပြောမိတာလဲ ဆိုတာတော့ ကျွန်မလည်း မမှတ်မိတော့ဘူးရှင့်။ သူပြောခဲ့တာလေးက..

“လောကမှာ ကိုယ့်ကို အမှန်တစ်ကယ် လေးစားတဲ့သူ၊ ကိုယ့်ရဲ့မိတ်ဆွေစစ်ဖြစ်သူ၊ ကိုယ့်ကိုအမှန်တစ်ကယ် ယုံကြည်သူတွေဟာ ကိုယ်တစ်ခုလုပ်လိုက် ပြောလိုက်တာနဲ့ ဘာကိုဆိုလိုတယ် ဘာကိုပြောချင်တယ်ဆိုတာ နားလည် လိမ့်မယ်.. ကျန်တဲ့သူတွေကတော့ အမြင်စောင်းကြမယ်.. နားလည်မှုလွဲကြမယ်.. ကိုယ့်စကားအလုံး တစ်ထောင်မှ 999 လုံးကမှန်ပြီး 1 လုံးလေး လွဲနေရင်တောင် ဒါကိုပဲ တက်နင်းပြီး ပြသနာရှာကြလိမ့်မယ်.. သူတို့ကိုရှင်းပြရင် လေကုန်တာပဲ အဖတ်တင်မယ်.. ရှင်းပြနေမယ့်အစား ကိုယ့်လုပ်စရာကိုဆက်လုပ် နောက်ပိုင်းမှာ သိလာကြလိမ့်မယ်” ဆိုတဲ့ စကားလေးကို ကျွန်မ တော်တော်သဘောကျမိပါရဲ့။

Belated Birthday Wish (1)

Standard

Photobucket

06-Sep-08.. ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းရဲ့ 26 နှစ်မြောက်မွေးနေ့ပါ။ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အနေနဲ့ ခုချိန်မှာမှ မွေးနေ့ဆုတောင်းပေးတာဟာ ခွင့်မလွတ်နိုင်လောက်အောင် တရားလွန်ရာရောက်မှန်းတော့ ကျွန်မသိပါတယ်။ ဒါပေမယ့် ချစ်ဆုံးရဲ့မွေးနေ့တုန်းက ကျွန်မစိတ်တွေ အရမ်းညစ်နေခဲ့တယ်။ မပြောချင်ပဲ ပြောလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ဘလောဂ့်လောကကြီး ဗြောင်းဆန်သွားခဲ့သလို ကျွန်မလည်း ထိချက်တွေ တော်တော်ပြင်းပြင်း ခံခဲ့ရတယ်။ “အေးဆေးနေပါဟာ မောရင်ပါးစပ်ပိတ်သွားလိမ့်မယ်.. နင်စိတ်မကောင်း မဖြစ်နဲ့နော်လို့” ကျွန်မကို ပြန်အားပေးနေခဲ့တဲ့ သူ့ကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိရုံမက ပိုပြီးတောင် ချစ်မိသွားသေးတယ်လေ။ “Happy Birthday Chit Sone” ဆိုတဲ့ စကားလေးကိုတောင် ည 11 နာရီကျော်.. သူ့မွေးနေ့ပြီးဆုံးခါနီးမှ ကျွန်မ သွားပြောမိတာပါ။ “နင် ငါ့မွေးနေ့ကို မေ့မနေတာပဲ တော်ပါပြီ” လို့ ကျွန်မကို ပြန်ပြောခဲ့ပေမယ့်.. ကျွန်မစိတ်မကောင်း ဖြစ်ရတုန်းပါပဲ။ ကျွန်မ မွေးနေ့တုန်းကဆို သူများထက် စောပြီးဆုတောင်းချင်လို့ဆိုပြီး မနက်အစောကြီး လာဆုတောင်းပေးခဲ့တာလေ။ ကျွန်မတို့နှစ်ယောက်က အွန်လိုင်းပေါ်မှာ ရင်းနှီးခဲ့တာ ဖြစ်ပေမယ့် အပြင်က သူငယ်ချင်းတွေထက်ကို ပိုပြီးချစ်ခင်မိကြတယ်။ သူများတွေနဲ့ မတူချင်လို့ဆိုပြီး “လဒရေ” လို့ နောက်ပြောင်ခေါ်တတ်ကြတယ်။ တစ်ခြားသူငယ်ချင်းတွေဆို ဂျူဂျူးနဲ့ နင်နဲ့က တစ်ယောက်ကို တစ်ယောက် လဒရေ လို့ခေါ်တယ်ဆို ဆိုပြီး တအံ့တသြ မေးကြတိုင်း ကျွန်မတို့နှစ်ယောက် ရီလိုက်ရတာ။ မှတ်မှတ်ရရ နာဂစ်တိုက်တဲ့ညတုန်းက သူကလည်း ဘန်ကောက်ကပြန်ရောက်နေချိန်၊ ကျွန်မကလည်း သူ့အိမ်မှာ သွားအိပ်တဲ့နေ့နဲ့ ကြုံနေခဲ့တယ်လေ။ အိပ်ရာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အတင်းဖက်ပြီး ကြောက်နေခဲ့တာကို အမှတ်ရနေသေးတယ်။ ကျွန်မတောင် သူ့အိမ်မှာ ရက်တော်တော်ကြာ သောင်တင်နေခဲ့ပါသေးတယ်။

အဲဒီကျွန်မရဲ့ အခင်ဆုံး၊ အချစ်ဆုံး သူငယ်ချင်းဆိုတာ “လတ်တလော ခံယူချက်များ” မှာတုန်းက

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ထိုင်းမှာလေ၊ ABAC မှာ ကျောင်းတက်နေတယ်…

လို့ရေးခဲ့တော့ တော်တော်များများက ကျွန်မကို ဂျီတော့မှာ လာမေးပါတယ်။ ဘယ်သူတုန်း၊ ဘယ်ကတုန်းပေါ့။ ဟုတ်ကဲ့ အခုကျွန်မ မွေးနေ့ဆုတောင်း ရေးပေးနေတဲ့ သူငယ်ချင်းပါရှင်။ ဂျူဂျူးရေ နင့်ရဲ့ 26 နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ (ငါ့လို) ချစ်စရာ ကောင်းတဲ့သူငယ်ချင်းတွေလည်း များများရပါစေဟာ။ ငါနဲ့လည်း တစ်သက်လုံး ချစ်ချစ်ခင်ခင် နေသွားနိုင်ပါစေ။

Happy Birthday "My Blog"

Standard
ဇွန်တစ်လတောင် ကုန်သွားပြန်ပြီ…
2008 တစ်ဝက် ကျိုးခဲ့ပြီ………..
ကျွန်မ Blog လည်း တစ်နှစ် ပြည့်ပြီပေါ့………

ဘလောဂ့်ဂါ ဆိုတဲ့ အမည်နာမ တစ်ခု၊ Pinkgold ဆိုတဲ့ nick name တစ်ခုနဲ့ Blog Community မှာ အတော်အတန်တော့ ကျင်လည်ပြီးခဲ့ပြီ။ မနေ့ တစ်နေ့ကမှ ဘလောဂ့်စရေးတယ်လို့ ကိုယ့်ကိုကိုယ် ထင်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့ အချိန်မှာပဲ တစ်နှစ်ပြည့်သွားခဲ့တယ်။ ငါဟဲ့ Blogger လို့ စပြီး နာမည်ယူစဉ်ကတည်းက သူ့အတွက် အချိန်တစ်ခု သပ်သပ် ဖယ်ထားခဲ့ရတယ်။ နောက်ပိုင်း commit to blogging ဖြစ်သွားတော့လည်း အချိန်ရရင် ရသလို ပိုစ့်တွေ စွတ်တင်ခဲ့တာ တစ်ခါတစ်ရံမှာ လုပ်စရာတွေတောင် လစ်ဟင်းလို့…..!

အရည်မရ အဖတ်မရတွေ ပါလိမ့်မယ်….
အရည်ရော အဖတ်ပါ ရတာတွေလည်း ရှိလိမ့်မယ်….
ဘ၀ အကြောင်းကို ပြန်ပြောင်းရေး ခဲ့ဖူးသလို……
ကိုယ်ပိုင် အတွေးတွေနဲ့လည်း စာတွေ စီခဲ့ဖူးတယ်….
စက်တင်ဘာကြောင့် မျက်ရည်ယိုခဲ့ရသလို………..
နာဂစ်ကြောင့်လည်း ရင်ထဲဆွေးခဲ့ရတာတွေဟာ……..
Blog Post တွေအဖြစ် စီးဆင်းခဲ့တယ်လေ…………….

Blog Seminar တစ်ခုကို Blogger တွေနဲ့ အတူတူ ပါဝင်ကူညီ ခဲ့တယ်။ Other social activities တွေမှာ တတ်အားသရွေ့ ပါဝင်လှုပ်ရှားခဲ့တယ်။ သိပ်ချစ်စရာ ကောင်းတဲ့ ဘလောဂ့်ဂါ သူငယ်ချင်းတွေ ရခဲ့တယ်။ Internet ကြောင့် knowledge ပိုခဲ့ရသလို၊ blog hopping လုပ်ရင် မသိသေးတာတွေ သိခဲ့ရတာတွေဟာလည်း profit from blogging ပဲပေါ့။ ဘလောဂ့် စလုပ်စဉ်ကတည်းက ခုချိန်ထိ မပျက်မကွက် လာရောက်ဖတ်ခဲ့ကြတဲ့ စာဖတ်သူများ၊ ဘလောဂ်ဂါများ၊ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ တစ်နှစ်တောင် ပြည့်ခဲ့ပြီ hit count က ခုမှ နှစ်သောင်းဆိုလားပဲ (နည်းလိုက်တာ…. Blog Marketing ပြန်စရတော့မယ်ထင်တယ်… :P) သူများတွေလို အကျိုးရှိတဲ့ ပိုစ့်လေးတွေ များများရေးဖို့ထက် ကိုယ့်ရေးချင်တာ၊ ကိုယ်ပြောချင်တာတွေရယ် self entertainment အတွက်ရယ်ပဲ ဘလောဂ့်ရေးခဲ့တာက များခဲ့တာကိုးရှင့်။ ကျွန်မ ပေါသမျှပိုစ့်တွေမှာ comments လေးတွေ ပေးခဲ့ကြသူတွေကိုလည်း အမြဲ အမှတ်ရနေမှာပါ။ Cboxကြောင့် ပိုနွေးထွေးခဲ့ရတဲ့ Cbox attachement လေးတွေလည်းရှိတာပေါ့နော်။

ကျွန်မ ဘလောဂ့် လုပ်နေနိုင်သရွေ့၊ အင်တာနက်နဲ့ ထိတွေ့နေရသရွေ့၊ ပြသနာ တစ်ခုခု ဖြစ်မလာသရွေ့တော့ ဒီဘလောဂ့်လေးကို ဆက်လက် အသက်သွင်းသွားမှာပါ။ နောက်လည်း လာပါ ခုလည်းလာပါ၊ အချိန်ရှိရင်လည်း ရှိသလို လာကြပေါ့နော်။ ဝေဖန်ပါ၊ အကြံပေးပါ၊ ပြောချင်တာကို အားမနာတမ်း ပြောခဲ့ပါ။ Blog Birthday လုပ်တယ်ဆိုတော့ လာလည်သူတွေကို တစ်ခုခုတော့ ကျွေးရမယ်ထင်တယ်နော်။ Personal Birthday တွေပဲ လုပ်ဖူးတော့ ခုလိုနှစ်ပတ်လည်ကို သိပ်မရင်းနှီးသေးဘူး ဖြစ်နေတယ်ရှင့်။ ကဲပါလေ..ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်မ အကြိုက်ဆုံး အစားအစာလေးနဲ့ ဧည့်ခံလိုက်ပါရစေ။ ကျွန်မကျွေးတဲ့ အီကြာကွေးကို မကြိုက်ပေမယ့်လည်း အားပေးသောအားဖြင့် သုံးဆောင်သွားကြပါရှင်။ ပင့်ဂိုလ်းလို ပိန်တဲ့ အီကြာကွေးကို ကျွေးနေတာလားလို့ မမေးရဘူးနော် 😛

Coffee: I take 3 to 4 cups a day.

Photobucket

My Daily Breakfast “Eii Kyar Kway” and love to take together with “coffee” or “tea”

Photobucket

Happy Birthday Ko Nay Phone Latt!

Standard
28-06-2007….

Image Hosted by ImageShack.us

Blogger တစ်ယောက်ဖြစ်တဲ့ ကိုနေဘုန်းလတ်ရဲ့မွေးနေ့ကို Coffee King မှာ ကျင်းပတယ်တဲ့။

အဲဒီတုန်းက ကျွန်မ ဘလောဂ့်စရေးကာစ အချိန်ပေါ့။ နာမည်ကြီး ဘလောဂ့်ဂါတွေရဲ့ ဘလောဂ့်တွေကို အသဲအသန်လိုက်ဖတ်နေချိန်။ ဘလောဂ့်တွေမှာ သူများတွေ ဘာတွေရေးကြလဲလို့ စူးစမ်းလေ့လာနေချိန်။ မမယ်လိုဒီမောင် ရဲ့ ဘလောဂ့်ကနေတစ်ဆင့် ကိုနေဘုန်းလတ်ရဲ့ 27 နှစ်မြောက် မွေးနေ့ကို အမှတ်မထင် သိခွင့်ရခဲ့ပါတယ်။

“နေဘုန်းလတ်” ဆိုတဲ့ နာမည်ဟာ ကျွန်မနဲ့ မစိမ်းပါဘူး။ ၂၀၀၅ ခုနှစ်လောက်ကတည်းက ပလန်းနက်ဖိုရမ်မှာနေဘုန်းလတ်၊ ညီလင်းဆက်၊ ဟနစံ၊ ကိုသံလွင် (ကလိုစေးထူး) တို့ဆိုတာ ထက်မြက်တဲ့ စာပေးအရေးအသားတွေနဲ့ နာမည်ကြီး Forumer တွေမို့ ကျွန်မ လေးစား အားကျခဲ့ရတဲ့ သူတွေပါ။ ဟော.. ခု ကျွန်မ ဘလောဂ့်ရေးပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူက ဘလောဂ့်ဂါ ဖြစ်လို့နေပြန်တယ်လေ။ သူ့ရဲ့ ၂၇ နှစ်မြောက်မွေးနေ့တုန်းက သူနဲ့ မရင်းနှီးသေးလို့၊ သူငယ်ချင်း မဖြစ်သေးလို့ Cbox မှာပဲ Happy Birthday သွားအော်ခဲ့ရတယ်။ ဒီအကိုကြီးရဲ့ ၂၈ နှစ်မြောက်မွေးနေ့မှာတော့ ငါလည်းပါဝင် ဆင်နွှဲနိုင်ကောင်းရဲ့ ဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ်။

ဒါပေမယ့်….. ဒါပေမယ့်…. ဒါပေမယ်…..
ကံကြမ္မာရဲ့ လှည့်စားမှုကြောင့်လား……..
အကြောင်းတိုက်ဆိုင် မှုတွေကြောင့်ပဲလား…….

မထင်မှတ်တာတွေ၊ မကြုံဖူးတာတွေ၊ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့တယ်။ လက်မခံချင်တာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံလိုက်ရတယ်။ ဟော.. ခုတော့ ပိုင်ရှင်မရှိတဲ့ မွေးနေ့ပွဲ၊ မွေးနေ့ရှင် မသိတဲ့ မွေးနေ့ဆုတောင်းကို ကျွန်မတို့တွေ ကျင်းပပြုလုပ်နေရပါလား။ မွေးနေ့ရှင် တစ်ယောက်ကတော့ သူရောက်ရှိနေတဲ့ နေရာမှာ ဘယ်လိုများ ရှိနေပါလိမ့်။

သူ့ရဲ့ မနှစ်တုန်းက မွေးနေ့ကို သတိရနေမလား………
စိတ်မှန်းနဲ့ တမ်းတပြီး.. ဘုရားကို ဦးခိုက်ဆုတောင်းနေမလား……
အရာရာကို ကြံ့ကြံ့ခံပြီး ဖြစ်သမျှအကြောင်း အကောင်းပဲ ထင်နေမလား…….

ဒီနေ့ ဇွန်လ (၂၈) ရက်နေ့ဟာ ဘလောဂ့်ဂါ သူငယ်ချင်း ကိုနေဘုန်းလတ်ရဲ့ (၂၈) နှစ်မြောက် မွေးနေ့ပါ။ မွေးနေ့ရှင် မသိနိုင်ပေမယ့် ကျွန်မ ရင်ထဲကတော့ မွေးနေ့ရှင်အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်။

HAPPY BIRTHDAY KO NAY PHONE LATT!
MAY YOU BE FREE AS SOON AS POSSIBLE!!

ကိုနေဘုန်းလတ်ကို ချစ်ကြတဲ့ သူငယ်ချင်းတွေကလည်း ဒီနေရာလေးမှာ ၀ိုင်းဝန်းပြီး ဆုတောင်းတွေ လုပ်ထားကြပါတယ်။ ဘလောဂ့်ဂါတွေအတွက်၊ ဘလောဂ့်ဂါမဟုတ်တဲ့ သူတွေအတွက် အကျိုးပြုစာပေါင်း များစွာကို ရေးခဲ့တဲ့ စာရေးဆရာ၊ သူငယ်ချင်းတွေကို ချစ်ခင်တတ်တဲ့ သူငယ်ချင်းကောင်း၊ Blogging အပါအ၀င် တစ်ခြား IT နဲ့ပတ်သက်တဲ့ နည်းပညာတွေကို လူထုကြား ချပြချင်တဲ့ စေတနာကောင်းတဲ့ သူ၊ လူတွေကို ကူညီတတ်တဲ့၊ ခပ်ပြုံးပြုံးနေတတ်တဲ့ ကိုနေဘုန်းလတ်ရဲ့ မွေးနေ့ကို ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း comment လေးတွေရေးပြီး ဆုတောင်းပေးစေချင်ပါတယ်။

Happy Birthday Ko Htike!

Standard

Happy 29th birthday Ko Htike

You’re always very special
And you should know today
That you are wished the nicest things
That life can bring your way

Like warm and loving wishes
And happiness and cheer
And everything you need to start
Another happy year

HAPPY BIRTHDAY!

Funny Birthday Quotes

Standard
ကျွန်မ မွေးနေ့တုန်းက ဘယ်လို quotes လေးတွေကို ရေးရမလဲဆိုတာ ရှာရင်း၊ ဖွေရင်းနဲ့ တွေ့လိုက်ရတဲ့ Funny Birthday Quotes လေးတွေကို ပြန်လည် မျှဝေပေးလိုက် ချင်ပါတယ်။ သူငယ်ချင်းတွေရဲ့ မွေးနေ့မှာလည်း Birthday Card လေးတွေမှာ စာရေးပြီး ပို့လို့ရတာပေါ့။ ကျွန်မ အစကတော့ ဘာသာပြန်ပြီး တင်ပေးမလို့ပဲရှင့်။ ဒါပေမယ့် ဖတ်ရတာ ပေါ့သွားမှာ စိုးတာကြောင့် မူရင်းအတိုင်းလေးပဲ တင်ပေးလိုက်မယ်နော်။ တော်တော်လေးကို မိုက်တယ်။ ဖတ်ကြည့်ကြပါနော်။
  1. “Time and Tide wait for no man, but time always stands still for a woman of thirty.”
  2. “Thirty five is a very attractive age; London society is full of women who have of their own free choice remained thirty-five for years.”
  3. “Inside every older person is a younger person – wondering what the hell happened.”
  4. “Old age isn’t so bad when you consider the alternative.”
  5. “You are only young once, but you can be immature for a lifetime.”
  6. “Age is a number and mine is unlisted.”
  7. “A well-adjusted woman is one who not only knows what she wants for her birthday, but even knows what she’s going to exchange it for.”
  8. “The secret of staying young is to live honestly, eat slowly, and lie about your age.”
  9. “Inflation is when you pay fifteen dollars for the ten-dollar haircut you used to get for five dollars when you had hair.”
  10. “As you get older three things happen. The first is your memory goes, and I can’t remember the other two.”
  11. “Thanks to modern medical advances such as antibiotics, nasal spray, and Diet Coke, it has become routine for people in the civilized world to pass the age of 40, sometimes more than once.”
  12. “When I have a birthday I take the day off. But when my wife has a birthday, she takes a year or two off.”
  13. “The first sign of maturity is the discovery that the volume knob also turns to the left.”
  14. “Age is strictly a case of mind over matter. If you don’t mind, it doesn’t matter.”
  15. “You know you are getting old when the candles cost more than the cake.”
  16. “You are only young once, but you can be immature for a lifetime.”
  17. “A diplomat is a man who always remembers a woman’s birthday but never remembers her age.”
  18. “Growing old is mandatory; growing up is optional.”
  19. “A woman has the age she deserves.”
  20. “Age is not a particularly interesting subject. Anyone can get old. All you have to do is live long enough.”
  21. “Life is a moderately good play with a badly written third act.”
  22. “Men grow old, pearls grow yellow, there is no cure for it.”
  23. “Life is one long process of getting tired.”
  24. “Let us respect gray hairs, especially our own.”
  25. “Growing old is like being increasingly penalized for a crime you have not committed.”
  26. “When I was younger, I could remember anything, whether it happened or not.”
  27. “Call this an unfair generalization if you must, but old people are no good at everything.”
  28. “Life would be infinitely happier if we could only be born at the age of eighty and gradually approach eighteen.”
  29. “Of late I appear To have reached that stage When people who look old Who are only my age”
  30. “I’m sixty years of age. That’s 16 Celsius.”

Thank You All My Friend

Standard
ကျွန်မမွေးနေ့တုန်းက လာရောက်ဆုတောင်ပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ လူတွေအများကြီးရဲ့ wish လုပ်ပေးတာကို ခံရတာ ပထမဦးဆုံး အကြိမ်းတော့ မဟုတ်ပေမယ့် အရမ်းပျော်ပါတယ်။ ပထမဦးဆုံးအကြီမ်က Myanmarteashop Forum မှာ 23 နှစ်မြောက်မွေးနေ့ကျု ပိုစ့်တင်ပေးတုန်းကပေါ့။ အဲဒီတုန်းကလည်း အရမ်းပျော်ခဲ့ရပါတယ်။ ကျွန်မရဲ့ မွေးနေ့ကို ဒီဘလောဂ့်လေးမှာ ကျင်းပသလိုပဲ ပဒုမ္မာဖိုရမ်နှင့် ပလန်းနက် ဖိုရမ်မှာ မွေးနေ့ပိုစ့်တင်ပြီး ကျင်းပပေးကြသော သူငယ်ချင်းများကိုလည်း ကျေးဇူးအထူး တင်ပါတယ်ရှင်။

ကဲ ဇန်န၀ါရီ 19 ရက်ရဲ့ ညနေဘက်မှာ 19 လမ်းမှာ ဘာတွေ သွားစားပြီး ဘာတွေလုပ်ခဲ့ကြတယ် ဆိုတာကို သူများတွေ သွားရည်ယိုအောင် တင်ပေးလိုက်မယ်နော်။ စားခွင့်မကြုံတဲ့ သူတွေကိုတော့ အားနာပါရဲ့ရှင်။ နောက်တစ်ခါ အ၀ ကျွေးမယ်.. မှတ်ထားနော်

စားထားကွ.. ခေါက်ဆွဲကြော်

Photobucket

ငါးခေါင်းဟင်းချိုဆိုလား ဘာဆိုလား.. စပ်လွန်းလို့ တစ်စက်မှ မစားနိုင်ခဲ့ဘူး

Photobucket

သူတို့တွေကို ထမင်းကြော် ထည့်ပေးနေတုန်း ဘူရဲမသိ ရိုက်ထည့်လိုက်တာ.. ( မသိရင် သူများကပဲ အကောင်ပိန်သလောက် အစားကြီးသလို ဘာလိုလို ညာလိုလို ဘာညာလိုလို :P)

Photobucket

ကဲ စားထား သောက်ထားကြကွ အဟ

Photobucket

တိုလီလေး နဲ့ ကိုသန့် ( မွေးနေ့ ပါတနာ)

Photobucket

သူတို့ကတော့ အသာက်သမားတွေ

Photobucket

ဘာမှ မစားမသောက်ပဲ လူတစ်ကာကို ဓါတ်ပုံခိုးရိုက်နေတဲ့ မျိုးမျိုးကျော်ထွန်း

Photobucket

မမယ်လိုဒီမောင်
နဲ့ ကိုချမ်းမြစိုး

Photobucket

သရဲလေးကောင် ကိုမျက်လုံးကိုတက်ဆလာ၊ တိုလီလေး၊ ကိုဘလာဂေါက်

Photobucket

မောင်လေး ဖိုးသူတော်

Photobucket

သူများမွေးနေ့ကို စုံတွဲလာတက်တဲ့ မြို့စားကြီး နေဘုန်းလတ်

Photobucket

ကဲ စား စား စား ကြပါအုံးလားလို့

Photobucket

လာရောက်အားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ပြီးတော့ နောင်တော် ကဗျာလမ်း ဆိုတဲ့ Blogger တစ်ယောက်လည်း ပါပါသေးတယ်။ သူ့ပုံတော့ မပါလာဘူးထင်တယ်။ အားပေးခဲ့ကြတဲ့ သူတွေကတော့ ကိုဘလာဂေါက်၊ ကိုတက်ဆလာ၊ ကိုမျက်လုံး၊ တိုလီလေး (မင်းယွန်းသစ်)၊ မမယ်လိုဒီမောင်၊ မျိုးကျော်ထွန်း ကိုချမ်းမြစိုး၊ ကိုမင်းဆွေ (နောင်တော် ကဗျာလမ်း)၊ တေဇာ၊ ကိုသန့်ဇော်မင်း၊ ရဲအောင်သူ၊ ဖိုးသူတော်၊ ဘာညာ၊ စိုးဇေယျ၊ ကိုနေဘုန်းလတ်နဲ့ သူ့ချစ်ချစ် တို့ပဲ ဖြစ်ပါတယ်ရှင်။ နောက်နှစ်တွေမှာလည်း ကျွေးအုံးမှာ လာခဲ့ကြနော်!

24th Birthday

Standard
အချိန်တွေ အချိန်တွေ.. ဘယ်လို ဘယ်လို အကုန်မြန်နေမှန်းကို မသိဘူး.. 23 နှစ်မြောက်မွေးနေ့ဟာ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲမှာ ပူနွေး မှတ်မိနေသေးတယ်.. ဟော 2008 ဆိုတဲ့ နှစ်သစ်ကြီးကိုလည်း ရောက်လာရော ကျွန်မလည်း အသက်တစ်နှစ်ကြီး လာပြန်သလို 24 နှစ်မြောက် မွေးနေ့ကို ရောက်လာပြန်ပြီ ပေါ့လေ။ ဟုတ်တယ် ဒီနေ့ ဇန်န၀ါရီလ 19 ရက်မှာ ကျွန်မ အသက် 24 နှစ်ပြည့်ပြီ။ လူတစ်ယောက်ရဲ့ သက်တမ်းဟာ 75 နှစ်ဆိုရင် ကျွန်မဟာ လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံ နီးနှီးကို ဖြတ်သန်းပြီးပြီ။ ဘုရားရေ.. ကျွန်မလေ ကျွန်မ ဘာမှလည်း မဖြစ်သေးပါလား။ 24 နှစ်လုံးလုံး ကျွန်မ ဘာတွေ လုပ်နေခဲ့သလဲ၊ 24 နှစ်အတွင်းမှာ ကျွန်မ ဘာတွေ ဖြစ်ဖြစ်မြောက်မြောက် ရှိခဲ့လဲ၊ 24 အတွင်းမှာ ကျွန်မရဲ့ အမှတ်ရစရာလေးတွေက ဘာတွေဖြစ်မလဲ။ ရှေ့ဆက်ပြီးတော့ကော ကျွန်မ လောကကို ဘယ်လို လျှောက်လှမ်းမလဲ။ ဟုတ်တယ် ဒါတွေဟာ မတွေးချင် ပေမယ့် တွေးရမယ့် အရာတွေ။ အတိတ်ဆိုတာ မေ့ချင်ပေမယ့် မှတ်မိနေတဲ့ အရာတွေ။ ကျွန်မ ဘာတွေ လုပ်ပြီးပြီလဲ တစ်ချက်လောက် ကိုယ့်ကိုကိုယ် Self Evaluation လုပ်ကြည့်ချင်တယ်။ Ok.. တစ်ခုချင်းစီ လုပ်ကြည့်လိုက်မယ်…။

ပညာရေး။ ။ B.Com ဆိုတဲ့ စီးပွားရေးဘွဲ့ (ရသာရတာ ဘာမှမတတ်.. အလုပ်ဝင်မှ ပြန်လေ့လာယူရတယ်) တစ်လုံး ရထားတာကလွဲရင် ကျွန်မဟာ ဘာကောင်မှ မဟုတ်ပါဘူး။ သင်တန်းတွေ တက်ဖို့တော့ အမြဲ Plan တွေချဖူးတယ်..ဘယ် တက္ကသိုလ်က ဘာ ဒီပလိုမာကို လှမ်းဖြေမယ် ပေါ့လေ။ နောက်ဆုံးတော့ ပင့်ဂိုလ်းဆိုတဲ့ ကျွန်မရဲ့ စကားသံတွေဟာ သင်္ကြန်အမြောက်လိုပါပဲတဲ့ရှင်။ တက်ချင်ပါတယ်။ သူတို့တွေက ကြေးကြီးတာကိုလို့။ နေအုံး ဒေါ်လာရှာလိုက် အုံးမယ်။ တစ်လကို ဒေါ်လာ 500 လောက်ရှာနိုင်တဲ့ အချိန်မှာ တက်ချင်တာ အကုန်တက်မယ်ကွ။ ခုတော့ MBA ဆိုတဲ့ ဘာဆိုလည်း မသိပါဘူး ဘိဇီးနက်ကို စီမံတာဆိုလား ဘာဆိုလားကို တက်ဖို့ကြိုးစား နေတယ်။ လုပ်ဖြစ် မလုပ်ဖြစ်ကိုတော့ 25 နှစ်ကျရင် ပြန်ပြောမယ်နော်။

အလုပ်အကိုင်နှင့် စီးပွားရေး။ ။ အင်း တပ်ထားတဲ့ ခေါင်းစဉ်လေးကတော့ နည်းနည်း ကြီးကျယ်သလို လှလည်း လှတယ်ရှင့်။ ကျွန်မကို အထင်တွေ မကြီးကြနဲ့အုံးနော်။ ကျွန်မ ဘာစီးပွားရေးမှ မလုပ်ပါဘူး။ Company တစ်ခုမှာ မဖြစ်စလောက် လစာလေးနဲ့ အလုပ်လုပ်နေတဲ့ သာမန်မိန်းကလေး တစ်ယောက်ပါ။ 23 နဲ့ 24 ကြားမှာ Brand Executive ဆိုတဲ့ ရာထူးတစ်ခုကို ရခဲ့တာက လွဲရင် စုမိ ဆောင်းမိတာ မှန်သမျှဟာ ဗိုက်ထဲမှာ ပါပဲရှင်။ စားလိုက် သောက်လိုက် ပျော်ပါးလိုက်နဲ့ ဘာဆို ဘာမှ အဖြစ်မရှိတဲ့ ပင့်ဂိုလ်းပါ။ ဒါပေမယ့် ကျွန်မ လုပ်ငန်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ပညာတွေ အများကြီး လေ့လာခဲ့ရတယ်။ စဉ်းစား တွေးခေါ်ပုံတွေနဲ့ နပန်လုံးခဲ့ဖူးတယ်။ အလုပ်တွေအများကြီး ပြီးမြောက်အောင် လုပ်ခဲ့ဖူးတယ်။ တော်ပါသေးရဲ့ရှင်…. ဒါလေးတွေ ငါတတ်ခဲ့ပါလား.. ဆိုတာလေးနဲ့ ဖြေတွေးစရာလေးတွေ ရှိနေပါသေးတယ်နော်။

လူမှုဆက်ဆံရေး။ ။ ကျွန်မဟာ အရင်တုန်းက တော်တော်လေးကို လူကြောက်တဲ့ သူတစ်ယောက်ပါ။ လူတော မတိုးရဲဘူး။ လူတွေရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး စကားမပြောရဲဘူး။ ရည်းစား စကားလိုက်ပြောတာ ခံရရင်တောင် ထွက်ပြေးတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီနှစ်တွေ အတွင်းမှာ ကျွန်မ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရမ်းကို တိုးတက်လာခဲ့တယ်။ စကားတွေကို လှလှလေး ပြောတတ်လာသလို မရင်းနှီး မသိသေးတဲ့ လူတွေနဲ့လည်း ပေါင်းသင်းဖို့ ရဲလာခဲ့ပါတယ်။ Blog လောကကို ၀င်မိတာကြောင့် သိပ်ချစ်စရာ ခင်စရာ ကောင်းတဲ့ သူငယ်ချင်းတွေကိုလည်း ရရှိခဲ့ပြီး team work ဆိုတဲ့ စကားလုံးရဲ့ အဖိုးတန် အသုံးဝင်ပုံတွေကို လက်တွေ့ကျကျ သိခဲ့ရတယ်။ တစ်ကယ်ပါ ကျွန်မဟာ မချစ်တတ် မခင်တတ်တဲ့သူလို့ ကိုယ့်ဟာကိုယ် မှတ်ယူခဲ့ပေမယ့် ဒီနှစ်တွေမှာ ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းတွေကို တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းသာပါတယ်။ ဘုရားပေးတဲ့ ဆုအနေနဲ့ မှတ်ယူပါတယ်။ နောက်တော့ ကျွန်မ လူတွေရဲ့ စိတ်နေသဘောထားတွေကို အရင်ကထက်ပို ပြီသိခဲ့ရတယ်။ ရှေ့ကွယ်တစ်မျိုး နောက်ကွယ်တစ်မျိုး လုပ်တတ်တဲ့သူတွေ၊ လုပ်ငန်းခွင်ထဲမှာ အတို့အထောင် လုပ်တတ်တဲ့ သူတွေ၊ သူများ ပျက်စီးရာ ပျက်စီးကြောင်း သေချာစောင့်ကြည့်လေ့လာပြီး အမှားတွေ့တာနဲ့ ချက်ချင်းကို ကောက်ကာ ငင်ကာ တိုင်တောတတ်တဲ့ သူတွေ။ လူတွေ လူတွေ ကောင်းတဲ့သူတွေ၊ မကောင်းတဲ့သူတွေ။ ဒီနှစ်ထဲမှာမှ တော်တော်လေးကို ကြုံခဲ့ရတာပါ။ ကျွန်မ လူတွေကို ပိုသတိထား တတ်ခဲ့တယ်။ လူတိုင်းဟာ မယုံရဘူးဆိုတာ လက်တွေ့ကျကျ နဖူးတွေ့၊ ဒူးတွေ့တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြော အားလုံးဟာ ကျွန်မတွက် အကောင်းလို့ပဲ မှတ်ယူပါတယ်ရှင်။

အချစ်ရေး။ ။ မပြောဘူး။ အသေသတ်။ စကား လာမအစ်နဲ့။ လည်ပင်းလာမညှစ်နဲ့။ ပြောဘူးဆို ပြောဘူးပဲ။ (သိပ်လည်း အထင်မကြီးကြပါနဲ့.. ပြောစရာ မရှိလို့ပါ.. ဟီး)

အခြားအရာများ။ ။ ဒါတွေဟာလည်း ကျွန်မအတွက် အရေးကြီးတဲ့ အရာတွေပါ။ 88 တုန်းက.. ပိစိကွေးလေးတုန်းက ခပ်ရေးရေးသာ သိခဲ့ မြင်ခဲ့ဖူးတဲ့ တော်လှန်ရေးဆိုတာကြီးကို စက်တင်ဘာမှာ ကျွန်မ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတယ်။ သတ်တာတွေ၊ ဖြတ်တာတွေ ပစ်တာ ခတ်တာတွေ၊ ရိုက်နှက်တာတွေ အားလုံးဟာ မမြင်ချင်မှ အဆုံးပဲ။ အိပ်မက်ထဲထိတောင် လိုက်လိုက် နှိပ်စက်နေခဲ့တယ်။ စက်တင်ဘာမှာပဲ Blog Seminar ကြီးကို Blogger တွေနဲ့ပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ ကျွန်မအတွက် အပျော်ဆုံးနဲ့ မေ့မရနိုင်တဲ့ အဖြစ် အပျက်တွေပဲပေါ့။ ကျန်ပါသေးတယ်။ ပြောစရာတွေ ကျန်ပါသေးတယ်။ မပြောတော့ပါဘူး..

ဒီနေ့ ကျွန်မ ဘလောဂ့်လေးကို လာလည်သူတိုင်းကို ခါတိုင်းထက်ပိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်မ မွေးနေ့လေးမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ e-food တွေကို သုံးဆောင် သွားကြပါနော်။ အားလုံး အဆင်ပြေပါစေ။ ပျော်ရွှင်ကြပါစေ။

Photobucket

Photobucket

Photobucket

ကော်ဖီတွေလည်း သောက်ကြပါ အုံးးးးး

Photobucket

coffee

Photobucket

ဒါကတော့ လက်ခံရရှိတဲ့ လက်ဆောင်လေးတွေပါ။ မွေးနေ့ မတိုင်ခင် ကတည်းကကြိုပေးထား ကြတာပေါ့

ဘန်ကောက်က ချစ်ဆုံးသူငယ်ချင်း ပို့လိုက်တဲ့ wallet

Photobucket

Demo ပေးတဲ့ အရုပ်ကလေး

Photobucket

မဂျစ် ပေးတဲ့ ဖိနပ်လေး

Photobucket

Pinkgold ကို ပန်းရောင်လေးတွေပဲ ပေးကြတာ ထူးခြား မနေဘူးလား။ အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်ရှင်။