Category Archives: General

One Young World Summit

Standard

One Young World Summit ဆိုတာဘာလဲ?

နိုင်ငံပေါင်း 192 နိုင်ငံက လူငယ် 1500 ကို ခေါ်ယူမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Kofi Annan, Archbishop Desmond Tutu နဲ့ Bob Geldof တို့က ၀ိုင်းဝန်းထောက်ပံ့ပေးကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်ကြမယ့် လူငယ်ခေါင်းဆောင်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ၊ သူတို့ရဲ့ ရင်ထဲက စကားသံတွေကို ဖွင့်ဟစေမှာဖြစ်ပြီး နောင်တစ်ချိန်မှာ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတဲ့ Gathering တစ်ခုဖြစ်ပါတယ်။

1984 ခုနှစ် Jan 1 ရက်ကစပြီး မွေးတဲ့သူတွေအားလုံး ဒီအစီအစဉ်ရဲ့ Candidate အဖြစ်လျှောက်ထားနိုင်ပါတယ်။ တစ်နိုင်ငံက နှစ်ယောက်စီ ခေါ်ယူမှာဖြစ်ပြီး ကျန်တဲ့ ဦးရေတွေကိုတော့ နိုင်ငံရဲ့ လူဦးရေ အချိုးအလိုက် ခေါ်ယူမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို တက်ရောက်ကြတဲ့ လူငယ်တိုင်းဟာ 2010 ရဲ့ အဓိက Issue ခြောက်ခုကို ဆွေးနွေးတင်ပြရမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့..

• Developing Political Leadership for a positive future
• Global Business and its role in shaping society through the economy
• Inter-faith dialogue
• The Environment and its protection
• The Media, its changing identity and its power
• Global Health, its polarities and impact

ဒီအစီအစဉ်ကို 2010 ခုနှစ် ဖေဖော်ဝါရီ 8 ရက်နေ့ကနေ 10 ရက်နေ့ထိ လန်ဒန်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ မည်သူမဆို မိမိကိုယ်ကိုယ် Candidate တစ်ယောက်အဖြစ် လျှောက်ထားနိုင်ပါတယ်။ Facebook User တစ်ယောက်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်ရှင်။ ကိုယ့်ကို အရွေးခံရဖို့အတွက် မဲများများ ပေးခိုင်းရပါမယ်။ မဲများလေ အရွေးခံရဖို့ သေချာလေပါပဲ။ မဲပေးတဲ့ သူတွေကလည်း ကိုယ့်ကို စပွန်စာပေးမယ့် amount တစ်ခု ပေးရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် တစ်ယောက်ကို ယူရို 3000 စီသတ်မှတ်ထားပါတယ်။ ကိုယ့်စပွန်စာကို ကိုယ်ရှာရမှာတော့ အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ One Young World Ofiicial Website မှာ ဖတ်နိုင်ပါတယ်။

ကျွန်မလည်း အဲ့ဒီမှာ Candidate တစ်ယောက်အဖြစ် မဲဆွယ်နေပါတယ်။ ကျွန်မကိုလည်း မဲပေး ပေးကြပါအုံးနော်။ Vote for Candidate နေရာလေးကို နှိပ်ပြီး မဲပေးနိုင်ပါတယ်ရှင်။

Pls Click Here to VOTE Me.

Thanks Everybody!

Unforgettable 19th July

Standard

19thjuly2009

ဒီနေ့မှာ မြန်မာပြည်ရဲ့ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့ကြတယ်။ ဒီနေ့ဟာ မြန်မာပြည်သားတို့အတွက် မမေ့အပ်တဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါတယ်။ ဒီ အာဇာနည်နေ့အကြောင်းကို အတော်များများလည်း သိပြီးဖြစ်သလို နေရာအတော်များများမှာလည်း ရှာဖွေဖတ်ရှုနိုင်တဲ့အတွက် ကျွန်မ အနေနဲ့ အထူးတလည်တော့ ရေးစရာ မရှပါဘူး။ ဇူလိုင်လ 19 ရက်နေ့မှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို မမေ့နိုင်တဲ့အပြင် လေးစားတာကြောင့် ဒီနေ့မနက်ကတည်းက အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်မမေလ်းထဲကို ရောက်လာတဲ့ ဘန်နာလေးကို ကျွန်မဘလောဂ့်မှာတင်ပြီး အာဇာနည်တွေကို အလေးပြုချင်ခဲ့တာပါ။ ဒါပေမယ့် မနက်ကတည်းက Work Shop တစ်ခုကို သွားတက်နေရတာကြောင့် ကျွန်မ အခုမှပဲ အလေးပြုနိုင်ပါတော့တယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာ အရပ်မှာ ပျော်မွေ့နိုင်ကြပါစေ။

Digging the Oldies!

Standard

စာရေးဖို့ အချိန်မရ ဖြစ်နေတုန်းလေးမှာ ကျွန်မဘလောဂ့်က ပိုစ့်အဟောင်းတွေကို တူးဆွကြည့်လိုက်တော့ အရင်တုန်းက ရေးထားတဲ့ ပိုစ့်ကောင်းကောင်းလေးတွေကို ပြန်ဖတ်မိတယ်ရှင်.။ တစ်ချို့စာဖတ်သူတွေဆို ကျွန်မဘောလာဂ့်မှာ အဟောင်းတွေထိ တော်တော်ကြီးကို လိုက်ဖတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ နောက်ဆုံးမှ တင်ဖြစ်တာတွေကိုပဲ များသောအားဖြင့် ဖတ်ကြတာပါပဲ။ အဲဒီတော့ ကျွန်မ ဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေ အကျိုးရှိအောင် ဗဟုသုတ ရစေမယ့် ပိုစ့်အဟောင်း အကောင်းလေးတွေကို ပြန်ညွှန်းချင်ပါတယ်ရှင်။ ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ပိုစ့် ငါး ခုလောက်တည်းပါ။ ဒါလည်း ဆားချက်ခြင်း တစ်မျိုးပဲပေါ့နော်.

1. မိန်းမတွေ ဘာကြောင့်လှချင်ကြတာလဲ

2. Vitamin That Prevent Acne

3. A Banana a Day, Keeps the Doctor Away

4. Tips of Thinking

5. Foundation We Used!

ပင့်ဂိုလ်း တစ်ကယ် ဆားချက်နေတာပါ။

Reviewing 2008 and Welcoming 2009!

Standard
2008 မှာ ဘာတွေလုပ်ခဲ့သလဲ.. 2009 ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတဲ့ ပိုစ့်လေး တစ်ခုကို ကျွန်မ အစကတည်းက ရေးဖို့ရည်ရွယ်ထားပါတယ်။ အခု မမီက တဂ်လုပ်လိုက်တော့ ကျွန်မ မဖြစ်မနေကို ရေးရတော့မှာပါ။ 2009 ကို ဘာအကြွေးမှ မသယ်သွားချင်ဘူးလေ။ ညီမလေး နေ့အိပ်မက်က စိတ်ကူးယဉ်ခိုင်းထားတာလည်း ရှိသေးတော့ 31 ရက်နေ့မတိုင်ခင်တော့ အပြတ်ဖြတ်ရအုံးမှာပေါ့ရှင်။

2008 ဟာ ကျွန်မအတွက် အလုပ်အများဆုံးနှစ်၊ အထူးခြားဆုံးနှစ်လို့ ဆိုနိုင်ပါတယ်။ 2008 မှာ ကျွန်မ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နှလုံးသားရေးရာ အစရှိတဲ့အရာတွေထဲက တစ်ခါမှ မလုပ်ဖူး၊ မကြုံဖူးတာတွေကို ဆက်တိုက်ကို ကြုံခဲ့ရတယ်လေ။ ဒါကြောင့် ကျွန်မဖြတ်သန်းခဲ့ရတဲ့ သက္ကရဇ်တွေထဲမှာ 2008 ဟာ အထူးခြားဆုံးနှစ်လို့ ကျွန်မ ထပ်ပြောချင်ပါတယ်။

2008 မှာ ကျွန်မ အရင်လုပ်နေတဲ့ Blazon ကိုစွန့်ခွာပြီး လက်ရှိလုပ်နေတဲ့ Inforithm-Maze ကို ပြောင်းရွှေ့ခဲ့တယ်။ အလုပ်သစ်မှာ ကျွန်မအတွက် အတွေ့အကြုံသစ်တွေ၊ ပညာတွေ၊ Working Procedures, Working Behaviors အသစ်တွေ အများကြီးပဲ ရှိခဲ့ပါတယ်။ ပြောင်းလဲနေတဲ့ Dynamic Environment ကို အမီလိုက်ပြီး ခေတ်ကာလကို မျက်ခြေမပြတ်အောင် လုပ်တတ်ကိုင်တတ်အောင် Inforithm-Maze က အများကြီးသင်ပေးခဲ့ပါတယ်။ Stress တွေ၊ Pressure တွေ၊ လူမှုရေး ပြသနာတွေဆိုတာကတော့ အလုပ်တိုင်းမှာ ရှိနေတာမို့ ဒါတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောမနေချင်တော့ပါဘူး။ သေချာတာကတော့ အလုပ်သစ်မှာ ပညာအသစ်တွေ၊ အတွေ့အကြုံသစ်တွေ၊ လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ ကျွန်မ ပျော်ရွှင်ခဲ့ရတယ် ဆိုတာပါပဲရှင်။

2008 မှာ ကျွန်မဘ၀အတွက် အရေးပါမယ့် ပညာတစ်ခုကိုလည်း ကျွန်မ သင်ယူခဲ့ပါသေးတယ်။ ABE (Association of Business Executive) UK က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စာမေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ Advance Diploma in Business Management ဆိုတာကိုရဖို့ ကျွန်မ အသဲအသန်ကြိုးစားခဲ့ရတယ်။ လက်ရှိမှာ စာမေးပွဲ Result ကို စောင့်နေဆဲ ဖြစ်တာမို့ ကျွန်မအတွက် ရင်ခုန်နေရတဲ့ အချိန်ပေါ့ရှင်။ 2009-June လမှာ အဲဒီစာမေးပွဲရဲ့ နောက်ထပ်ဘာသာရပ်တွေ ဆက်ဖြေဖို့ ကျွန်မ စာတွေဆက်ကျက်ရပါအုံးမယ်။ Adv DBM ကိုသာပြီးသွားခဲ့ရင် ပြည်တွင်းအလုပ်အကိုင်အတွက် ပိုကောင်းတဲ့ အခွင့်အရေးကို ရရှိနိုင်သလို၊ MBA ဆက်တက်ဖို့အတွက်လည်း အထောက်အကူဖြစ်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ 2008 ကိုအခြေခံပြီး ကျွန်မ ရှေ့ဆက်အများကြီး ကြိုးစားရအုံးမှာပါ။

2008 မှာ ကျွန်မ မလုပ်ဖူးတာတွေ၊ မကြုံဖူးတာတွေလည်း ဆက်တိုက်ကြုံခဲ့ရသေးတာပေါ့။ နာဂစ်ဆိုတာကြီးကလည်း လူ့အသက်ပေါင်းများစွာကို စုပ်ယူသွားခဲ့သေးတယ် မဟုတ်လား။ လူလိမ်၊ လူညာ၊ ဗြောင်လိမ်၊ ဗြောင်စားဆိုတဲ့ သူမျိုးကိုလည်း လက်တွေ့ကို ကြုံခဲ့ရတာပါ။ အဲဒီလူအတွက်နဲ့ ကျွန်မ အတော်လေးကို သောကပင်လယ်ဝေလိုက်ရပါသေးတယ်။ နောက်ဆက်တွဲ အမှားတစ်ခုကိုလည်း လုပ်လိုက်မိသေးတယ်။ နောက်တော့လည်း ပြီးခဲ့တာတွေကို ပြန်တွေးပြီး ဆွေးနေရင်လည်း အပိုပါပဲလေလို့ စိတ်ကိုလျှော့ပြီး သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူခဲ့ရတာပေါ့ရှင်။ ကျွန်မသာမက ကျွန်မ မိသားစုကိုပါ အနည်းငယ် ဂယက်ရိုက်ခတ်ခဲ့တဲ့ ဒီသောကမျိုးကို နောက်ဘယ်တော့မှ မကြုံစေရအောင် ကျွန်မ ဂရုစိုက်ရတော့မှာပါ။ သြော် ပြီးတော့ ပြောရအုံးမယ် 2008 မှာ ကျွန်မ ပက်ပက်စက်စက်ကို စန်းပွင့်တာနော်.. Online ရော Offline ရော စုံနေတာပဲ။ တစ်ခါမှ မကြုံဖူးဘူး အဲလိုနှစ်ယောက်ပြိုင်တွေ၊ သုံးယောက်ပြိုင်တွေ။ အတွေ့အကြုံရတာပေါ့ရှင် ဟား ဟား။

ဘာပဲ ပြောပြောပါ 2008 ကတော့ ကျွန်မအတွက် အလုပ်အများဆုံး၊ အထူးခြားဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာ အမှန်ပါပဲ။ သူငယ်ချင်း မိတ်ဆွေတွေလည်း တိုးပွားခဲ့သလို စစ်မှန်းတဲ့ ချစ်ခြင်းတရားတွေ၊ ခင်မင်ခြင်းတွေကိုလည်း ခံစားသိရှိခဲ့ရပါသေးတယ်။ ခုတော့ 2008 လည်းကုန်တော့မှာမို့ 2009 ကိုလှလှ ပပကြီး ကြိုဆိုဖို့ ကျွန်မ အသင့်ဖြစ်နေပါပြီ။

ကျွန်မ မကြုံရသေးတဲ့ 2009 ဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေမှာ အမှန်ပါပဲ။ ကျွန်မရဲ့ ညီမလေးလည်း ဒီနှစ်မှာ First Year စတက်တာမို့ သူ့ကို စောင့်ရှောက်ဖို့ဆိုတဲ့ တာဝန်ကလည်း တစ်ခုပိုလာခဲ့ပါပြီ။ ညီမလေးရဲ့ ကျောင်းစရိတ်ကို ကျွန်မ ထောက်ပံ့ပေးမယ်လို့ အိမ်ကိုလည်း ကတိပေးထားတာကြောင့် အရင်လို ရသလောက်သုံးနေလို့လည်း မဖြစ်တော့ဘူးလေ။ သေချာတာကတော့ ကျွန်မ ညီမလေး ရောက်လာတာကြောင့် 2008 ခုနှစ်မှာတုန်းကလို သွားချင်သလိုသွား၊ လည်ချင်သလိုလည်၊ သုံးချင်သလိုသုံးပြီး ဖလမ်း ဖလမ်းထနေတဲ့ အချိန်မျိုးတွေဟာ 2009 မှာတော့ တော်တော်ကြီးကို နည်းသွားတော့မယ် ဆိုတာပါပဲ။

အားလုံးကို ပျော်ရွှင်စရာ နှစ်သစ်ပါလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ 2009 ခုနှစ်မှာ အောင်မြင်မှု သရဖူတွေကို အရယူနိုင်ကြပါစေလို့လည်း တောင်းဆုပြုလိုက်ပါတယ်။

Exam is Finished!

Standard

Photobucket

စာမေးပွဲလည်း ပြီးသွားပါပြီး။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့တာပါပဲ။ ဒါပေမယ့်လည်း မျှော်လင့်ချက်တော့ သိပ်မထားပါဘူး။ အောင်ရင်အောင် မအောင်ရင်ကျ ဒါဟာသင်္ခါရ ဆိုတဲ့သဘောတရားကို နှလုံးမူပြီး ဖြေနိုင်ခဲ့ပါတယ် (တရားနဲ့)။ ပထမ တစ်ဖြတ်တော့ ပြီးသွားပါပြီ။ ဒုတိယ စာမေးပွဲအနေနဲ့ ဂျွန်လမှာတစ်ခါ ထပ်ပြီး ဖြေရပါအုံးမယ်။ လက်ရှိဖြေထားတာတွေ အောင်ခဲ့ရင်တော့ HRM နဲ့ International Business Case Study နှစ်ဘာသာပဲ ဖြေရတော့မှာပေါ့။ ကံမကောင်းရင်တော့ ဒီပြင်ဘယ်နှစ်ဘာသာကို ထပ်ဖြေရမလဲ မသိဘူးရှင့်။ ကိုယ့် Result ကိုတော့ကိုယ် ကြိုသိနေသလိုပဲ။ ခုကတည်းက စာမေးပွဲကြေးသွင်းဖို့ ဒေါ်လာတွေ ၀ယ်ထားရတော့မယ်။

တစ်ကယ်တော့ ကျွန်မ အလုပ်ကို ဦးစားပေးလွန်းတာပါ။ ခုတော့ သဘောပေါက်သွားပြီ။ ပြင်ဦးလွင်က ပြန်လာရင် ဆက်ဖြေရအုံးမယ့် နှစ်ဘာသာကို သေချာဖိလုပ်တော့မယ်။ မဟုတ်ရင် နီးမှကပ်လုပ်တာ တော်တော်ဆိုးတာပဲ။ ရင်တစ်လှပ်လှပ်ကလည်း ဖြစ်သေးတယ်။ စိုးရိမ်စိတ်တွေလည်း များရသေးတယ်။ မကောင်းဘူး လုံးဝ မကောင်းဘူး။ ငါရပါတယ်ဆိုပြီး ကိုယ့်ဟာကိုယ် အထင်ကြီးနေခဲ့မိတာလည်း ပါတာပေါ့လေ။ စာမေးပွဲဆိုတာလည်း နတ်တော့ကြီးသား။ မေးချင်တာတွေပဲ လျှောက်မေးတယ်။ ဒီတော့ ကျွန်မလည်း ဖြေချင်တာတွေကို လျှောက်ဖြေခဲ့တယ်.. အေးရော။

ပြောရအုံးမယ် စာကျက်ဖို့ ခွင့်စယူတဲ့ နိုဝင်ဘာ 26 ရက်နေ့ကတည်းက ပြတ်လိုက်တဲ့ မီး.. ခုထိကို ပုံမှန်မလာသေးဘူး။ တစ်ရက်ကိုမှ 3 နာရီလောက်တောင် ပြည့်အောင် မလာဘူးထင်တယ်။ လာတော့လည်း အိပ်တဲ့အချိန် ည 12 နာရီ 1 နာရီ။ ကျွန်မမှာလေ ဖယောင်းတိုင်လေးထွန်းပြီး စာကျက်ရတာပေါ့။ မီးနဲ့ ကျက်ချင်လို့ ဆိုပြီး မီးလာတတ်တဲ့ ညဘက် 1 နာရီ 2 နာရီလောက်ကို ထကျက်။ ကျွန်မ စထကျက်တဲ့နေ့ကျတော့ မီးက မလာပြန်။ နေ့ဘက်တွေ အသေလာလို့။ ဒီတော့လည်း ကဲ မီးရေ မင်းသဘောကွ ဆိုပြီး ဖယောင်းတိုင်ကို ပြန်အားကိုးရတယ်။ တစ်ကယ် စာမေးပွဲ တစ်တွင်းလုံး လျှပ်စစ်မီးနဲ့ စာကျက်ခဲ့ရတာ တော်တော်ရှားတယ်။ စိတ်နာတယ် ဟွန်း။ အမှတ်တရ အနေနဲ့ ရန်ကုန်မှာနေပြီး ဖယောင်းတိုင်မီးလေးနဲ့ စာကျက်ရတဲ့ အဖြစ်ကို မှတ်တမ်းတင်ထားလိုက်သေးတယ်။ ငယ်ငယ်တုန်းကတော့ နယ်မှာ ဖယောင်းတိုင်နဲ့ပဲ ကျက်ခဲ့တာပါပဲ။ ခုမှ ဘ၀င်မြင့်တာတော့ မဟုတ်ပါဘူး။ အမှတ်တရပါဆိုနော်..

Photobucket

My Very First Visit to Art Show

Standard
ကျွန်မ ပန်းချီပြပွဲတွေကို တစ်ခါမှ မရောက်ဖူးဘူးရှင့်.. ပန်းချီကိုတော့ ချစ်တယ်.. ဒါပေမယ့် ပြပွဲတွေထိတော့ သွားမကြည့်ဖူးဘူးလေ.. ဒီတစ်ခေါက်တော့ Sandy ဆိုတဲ့ အမတစ်ယောက်နဲ့ ခင်နေတော့ သူတို့ပန်းချီပြပွဲကို လာကြည့်ပါလား ဆိုတာနဲ့ သူငယ်ချင်း နှစ်ယောက်နဲ့အတူ သွားကြည့်ဖြစ်ခဲ့တယ်။။ ပန်းချီဆရာတွေကို အရမ်းလည်း လေးစား မိသလို သူတို့ ပညာတွေကိုလည်ူး ချီးကျူးမိတယ်။ နာမည်တစ်လုံး ရလာရင် ပန်းချီကားတွေလည်း ဈေးကောင်းရတတ်ကြောင်းသိ သိခဲ့ရတယ်။ ပန်းချီကားတွေထဲက ကျွန်မကြိုက်မိတဲ့ ကားလေးတစ်ချို့ကို ဒီကလူတွေလည်း ခံစားရအောင် တင်ပေးလိုက်ပါတယ်။ ပန်းချီဆရာတွေနာမည်ကိုတော့ သေချာမမှတ်မိတော့ဘူး။ ကားလေးတွေကိုပဲ ရိုက်လာခဲ့တယ်။ ခံစားကြည့်လိုက်ကြပါအုံး။

Ma Sandy ရဲ့ Nude လက်ရာပါ

Photobucket

ဒါမျိုးကိုကျတော့ သိပ်မခံစားတတ်ဘူး

Photobucket

ချစ်စရာ ပန်းချီကားလေးတွေ

Photobucket

Photobucket

ဒါလေးကျတော့ အိုင်ဒီယာလေးကို ကြိုက်မိတယ်.. ဘယ်လိုဆွဲတာလည်း မသိဘူး Rose တွေလေ

Photobucket

ဒါလေးတွေကိုလည်း ကြိုက်တယ်

Photobucket

Photobucket

Photobucket

Photobucket

Photobucket

အဲဒီကားက FEC 5000 တဲ့.. ၀င်းဖေမြင့်ဆွဲတာ.. ဘုရား ဘုရား

Photobucket

ရောက်လေရာမှာ ပဲများတယ်

Photobucket

Photobucket

Miss People 2007’s Features

Standard

ခုတစ်လော လက်ချောင်းလေးတွေ ကိုက်နေတယ်.။ စာလည်းအကြာကြီး မရိုက်နိုင်ဘူး။ ပိုစ့်လည်း မတင်နိုင်သေးဘူး။ လောလောဆယ်တော့ 2007 ခုနှစ်က ကျင်းပခဲ့တဲ့ People Magazine ရဲ့ Miss People 2007 Style Competition ရဲ့ Video Clip လေး တင်ပေးလိုက်တယ်။ လက်ကိုက်သက်သာတော့မှပဲ ပိုစ့်တွေ ပြန်တင်တော့မယ်။

Unforgettable Martyr’s Day!

Standard

“မထက်က ဒီနေ့ ရုံးမသွားဘူးလား…”

“အဲ.. ဒီနေ့တောင် ရုံးမပိတ်ရင်လည်း အဲဒီ Company မှာ ငါမလုပ်တော့ဘူး”

“အမ် ဒီနေ့က ဘာနေ့မို့လို့လဲ အမရဲ့”

“အမလေး.. နင်တစ်ကယ်မသိလို့ မေးနေတာလား.. ဇူလိုင်လ ၁၉ ရက်နေ့လေ ဟယ်..”

“သြော ၁၉ ဇူလိုင်ဆိုတော့ အာဇာနည်နေ့ပေါ့.. ဟီး မေ့လို့နော် အမ. ဟုတ်သားပဲ”

အိမ်မှာ ကျွန်မနဲ့ အတူနေတဲ့ ညီမလေးတစ်ယောက်က ကျွန်မကို မနက်က အဲလိုမေးလာလို့ အံ့သြရပါတယ်။ ဘွဲ့ရပြီးသား တစ်ယောက်ပါ။ ငယ်ငယ်တုန်းက မြန်မာ့သမိုင်းကြေစရာ မလိုပါဘူး။ ဒီနေ့ဟာ မမေ့အပ်သော နေ့ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိနေရမှာပါ။ ဒါပေမယ့် လတ်တလောမှာ အသက် ၂၀ နှစ်နှင့် အောက်မှာရှိကြတဲ့ လူငယ်လေးတွေ အမေ့အမေ့အလျောလျောပဲ ဖြစ်နေကြတယ်။ တစ်ချို့တွေဆို အာဇာနည်နေ့ ဘာကြောင့်ဖြစ်လာမှန်းတောင် ဂဃနဏ မသိကြတော့ဘူး။ အဆိုတော် Rဇာနည် အခွေစထုတ်တဲ့ နေ့လားလို့တောင် နောက်ပြောင်ပြီး ပြောဆိုနေကြသေးတယ်။ မေ့နေကြတဲ့ သူတွေကို အပြစ်တင်လို့လည်း မရပါဘူးရှင်။ အမှုမဲ့ အမှတ်မဲ့ နေကြရင် အချိန်ကာလ ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ အရေးကြီးတဲ့ နေ့တစ်နေ့၊ မမေ့သင့်တဲ့ နေ့တစ်နေ့ကို အခုလို တစ်ချို့လူတွေ မေ့နေကြရတာဟာ မေ့အောင်လုပ်နေကြတဲ့ လူတစ်ချို့ကြောင့်ပဲလို့ ပြောချင်ရုံမှတစ်ပါး မရှိတော့ပါဘူး။

ဒီနေ့ ဘာမှ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ မရှိပါဘူး။ ဒီနေ့ ဘယ်ဘစ်ကားမှာမှ အလံတွေ လွှင့်မထားကြပါဘူး (နေ့ထူး နေ့မြတ်တွေမှာ အလံလွှင့်လေ့ ရှိပါတယ်)။ ဒီနေ့ထုတ်တဲ့ ဘယ်သတင်းစာမှာမှ အာဇာနည်အကြောင်းလေးကို ၀တ်ကျေ တန်းကျေတောင် ရေးမထားကြပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ရွှေတိဂုံ ဘုရားပတ်ဝန်းကျင်မှာတော့ လမ်းတွေ ပိတ်ထားတယ်။

လွန်ခဲ့သော ၆၁ နှစ်က ဒီနေ့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်ဆောင်ကြီးများကို လေးစားစွာ အလေးပြုလိုက်ပါတယ်။

I won’t be on Gtalk!

Standard

Stop chatting in gatlk with no reason…………

Photobucket

Photobucket

စုံစမ်း မေးမြန်းခြင်း သည်းခံပါ။ မတွေ့ချင် မမြင်ချင် သူများအတွက်တော့ မျက်စိနောက် သက်သာတာပေါ့ရှင်.. မဟုတ်ဘူးလား..

Plainative Song of Pinkgold

Standard

မတ်လ (၄) ရက်နေ့မှာ အလုပ်သစ်ကို စ၀င်တယ်… ရောက်ရောက်ချင်းဆိုတော့ ဘာမှမလုပ်ရဘူး.. အဲဒီက ထုတ်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အကုန်ဖတ်ပြီး. ပြန်လာတယ်။ အဲဒီတုန်းကတော့ ပျင်းလိုက်တာ သေပါရော…

မတ်လ (၅) ရက်နေ့.. မီတင်စလုပ်တယ်။ ဘာလုပ်ရမယ်ဆိုတာကို ပြောပြတယ်။ Advertising and Promotion Planning ပိုင်းကိုလုပ်ပါတဲ့။ လက်ရှိလုပ်နေတဲ့သူတွေဆီက အလုပ်တွေ အကုန်လွှဲယူတယ်။ လေ့လာဆည်းပူးရတာပေါ့လေ။

မတ်လ (၆) ရက်နေ့.. ရုံးရောက်တော့ ခုံပေါ်မှာ GM ရဲ့ စာကိုတွေ့တယ်။ Planet Thingyan အစီအစဉ်ကို Advertising and Promotion ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး အမကို Plan တင်ပြပါတဲ့။ အဲဒီနေ့ကနေ စတော့တာပါပဲ။ အစွမ်းကုန်ကြိုးစားပြီး Advertising Time Line တွေ၊ Promotion Plan တွေ၊ Sponsor Package တွေ၊ Website မှာကြော်ငြာရင်ရလာမယ့် အားသာချက်တွေ၊ တစ်ခြားလို အပ်တဲ့ data တွေ စုရင်းနဲ့ တစ်ပတ်ဆိုတဲ့ အချိန်ဟာ ကုန်မှန်း မသိကုန်သွားခဲ့တယ်။

နောက်တော့. နောက်တော့ ရက်တွေ၊ နေ့တွေ၊ အချိန်တွေကို သေချာလည်း မသိတော့ဘူး၊ ထမင်းစားချိန်ဆိုတာလည်း ပုံမှန် မရှိခဲ့ဘူး။ ICT Exhibition ဆိုတာတွေ၊ Monthly Advertising Plan ကိုဆွဲပေးနေရတာတွေ၊ Costing တွက်ပေးရတာတွေ၊ Planning ပြီးတော့ Implementation ဆိုတာတွေကို ဆက်လုပ်ရင်းနဲ့ ကျွန်မရဲ့ ပုံမှန် ရုံးဆင်းချိန်ဟာ ည (၈) နာရီ ဖြစ်မှန်း မသိဖြစ်လာခဲ့တယ်။

မေလ (၃၁) ရက်.. မတင်မြတ်ထက် လာစာလာထုတ်လို့ရပါပြီ ဆိုတဲ့ အသံလေးကို ကြားလိုက်တယ်။ ဘုရားရေ.. လကုန်ပြီ ဟုတ်လား။ နေပါအုံး ငါအလုပ်ဝင်တာ မနေ့တစ်နေ့ကလေ.. ဘယ်လိုလုပ် လ က အဲလောက်အကုန်မြန်ရတာပါလိမ့်။ သြော် ငါဟာ အလုပ်တွေဆီမှာပဲ စိတ်ကိုနှစ်ထား ခဲ့ပါလား။

ဒီကြားထဲမှာ.. သူငယ်ချင်းတွေနဲ့ တစ်ခုခုသွားဖို့ ချိန်းတိုင်း အချိန်တွေ ပြန်ညှိရတာ ကျွန်မ၊ နောက်ကျလို့ တောင်းပန်ရတာ ကျွန်မ၊ ချိန်းထားရက် သားနဲ့ မီတင်တွေ ရှိနေလို့ အခါခါ ပျက်ခဲ့တာ၊ သူများကို စိတ်ခုအောင် လုပ်ခဲ့တာ ကျွန်မ ဖြစ်လာခဲ့တယ်။

ဧပရယ် (၁) ရက်နေ့… ၁၁ ရက်နေ့ကနေ စပြီး ရုံးပိတ်မှာပါလားဆိုတဲ့ အတွေးနဲ့ ပျော်ပျော်လေး ရုံးလာခဲ့တယ်။ ကွန်ပျူတာတောင် မဖွင့်ရသေးဘူး မီတင် မီတင် တဲ့။ အမလေး သွားတက်လိုက်တော့ MD က ပေးလိုက်တဲ့ တာဝန်တွေ တစ်ပုံကြီး။ ကြားဖြတ် ကိစ္စတွေပေါ်လာတယ်။ Thingyan Greeting Card ပို့ရမယ် ဆိုတာတွေ Production Plan and Time Line တစ်ခု ဆွဲတာတွေဟာ ကျွန်မကို အလုပ်များစေခဲ့ပါတယ်။ ဒီကြားထဲ Design ကိစ္စနဲ့ Designer ကိုဝေဖန်ခဲ့မိလို့ အကြံလေး တစ်ခုပေးခဲ့မိလို့.. ငါက နင်ပြောတာ လုပ်ရမှာလား မန်နေဂျာ ပြောတာ လုပ်ရမှာလား ဆိုတာမျိုးတွေ၊ ငါ Designer လား နင် Designer လား ဆိုတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တာ ခံလိုက်ရတော့ ရင်ထဲ မကောင်းလိုက်တာလေ။ တော်သေးတယ် GM က ကျွန်မ ဘက်ကပါနေလို့။ သူ့ကိုတာဝန် ပေးထားလို့ သူပြောသလို မင်းလုပ်ရလိမ့်မယ် ဆိုတာတွေနဲ့ ကိုယ့်ဘက်က ပါခဲ့လို့ နည်းနည်းတော့ သက်သာရာ ရခဲ့တယ်။

Greeting Card ကိစ္စအတွက်နဲ့ လုံးပန်းနေတုန်း Miss ရွေးပွဲတစ်ခု ကြားထဲမှာ ၀င်လာတယ်။ အဲဒီမှာလည်း Planner က မမရွှေထက်ပဲပေါ့။ စနေ နေ့တစ်ဝက်ဆိုတာလည်း ဘယ်တော့မှ ၁၂ ခွဲမှာ မပြန်ခဲ့ရပါဘူး။ Miss ရွေးပွဲအတွက် ပြင်လို့မှ မပြီးသေးဘူး သမီးရေ ကိစ္စတွေကို အကုန် အပြတ် ဖြစ်ခဲ့ပါ အမနဲ့ မန္တလေး လိုက်ရမယ်တဲ့။ ဘုရား ဘုရား ငါဘာတွေများ အလုပ်များရအုံးမှာ ပါလိမ့်။ ခုလည်း အပြတ်ဖြတ်နေတုန်းပဲ။ စနေနေ့ည ၉ နာရီထိုးတော့မယ် ရုံးမှာပဲ ရှိသေးတယ်။ မနက်ဖြန် ခရီးအတွက် ဘာမှ မလုပ်ရသေးဘူး။

ထမင်းကို နေ့လည်း ၂ နာရီလောက်မှ စားရတာ ရေတွက်လို့ မရတော့ဘူး။ ရုံးကနေ ည ၈ နာရီလောက်မှ ပြန်ရတာ ရိုးလို့တောင် နေခဲ့ပြီ။ ဂျီတော့မှာ အရင်လို မပွားနိုင်တော့ဘူး။ Laptop တစ်လုံးနဲ့ အသေ နပန်းလုံးနေရတယ်။ သြော် ပြောအုံးမယ် ကျွန်မကို ပေးထားတဲ့ Laptop က သိပ်မကောင်းတော့ အလုပ်လုပ်ရတာလည်း သိပ်အဆင်မပြေပါဘူးလေ။ စက်အသစ်ကလည်း တောင်းထားတာ ၀ယ်မပေးသေးဘူး။ အလုပ်လုပ်ရင်း စိတ်တိုလာလို့ ဒီညည်းချင်းကို ရေးလိုက်ရကြောင်းပါ။

စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုတယ် နှစ် အချိုး တစ် ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ် အချိုး နှစ်တဲ့….
ကျွန်မကတော့ ဒီလို ဆိုချင်တယ်…
ရုံးဆင်းချိန် ညနေ ၅ နာရီခွဲဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က ၈ နာရီ
စနေ နေ့တစ်ဝက်ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ်နေ့လုံး…………

သြော် ကျွန်မ ဘာကြောင့် အဲလောက် အလုပ်များများ အိမ်ပြန် ဘယ်လောက် နောက်ကျကျ လုပ်ပေးနေလဲ သိလား။ Overtime ကြေးတွေ ရနေလို့ပေါ့ရှင်။ တနင်္ဂနွေကို မန္တလေးသွားမယ် ဗုဒ္ဓဟူးနေ့ ရန်ကုန်ပြန်ရောက်မယ်။

ပင့်ဂိုလ်း ညည်းချင်း ပြီးပါပြီ။