Category Archives: General

Unforgettable Martyr’s Day!

Standard

“မထက်က ဒီနေ့ ရုံးမသွားဘူးလား…”

“အဲ.. ဒီနေ့တောင် ရုံးမပိတ်ရင်လည်း အဲဒီ Company မှာ ငါမလုပ်တော့ဘူး”

“အမ် ဒီနေ့က ဘာနေ့မို့လို့လဲ အမရဲ့”

“အမလေး.. နင်တစ်ကယ်မသိလို့ မေးနေတာလား.. ဇူလိုင်လ ၁၉ ရက်နေ့လေ ဟယ်..”

“သြော ၁၉ ဇူလိုင်ဆိုတော့ အာဇာနည်နေ့ပေါ့.. ဟီး မေ့လို့နော် အမ. ဟုတ်သားပဲ”

အိမ်မှာ ကျွန်မနဲ့ အတူနေတဲ့ ညီမလေးတစ်ယောက်က ကျွန်မကို မနက်က အဲလိုမေးလာလို့ အံ့သြရပါတယ်။ ဘွဲ့ရပြီးသား တစ်ယောက်ပါ။ ငယ်ငယ်တုန်းက မြန်မာ့သမိုင်းကြေစရာ မလိုပါဘူး။ ဒီနေ့ဟာ မမေ့အပ်သော နေ့ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိနေရမှာပါ။ ဒါပေမယ့် လတ်တလောမှာ အသက် ၂၀ နှစ်နှင့် အောက်မှာရှိကြတဲ့ လူငယ်လေးတွေ အမေ့အမေ့အလျောလျောပဲ ဖြစ်နေကြတယ်။ တစ်ချို့တွေဆို အာဇာနည်နေ့ ဘာကြောင့်ဖြစ်လာမှန်းတောင် ဂဃနဏ မသိကြတော့ဘူး။ အဆိုတော် Rဇာနည် အခွေစထုတ်တဲ့ နေ့လားလို့တောင် နောက်ပြောင်ပြီး ပြောဆိုနေကြသေးတယ်။ မေ့နေကြတဲ့ သူတွေကို အပြစ်တင်လို့လည်း မရပါဘူးရှင်။ အမှုမဲ့ အမှတ်မဲ့ နေကြရင် အချိန်ကာလ ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ အရေးကြီးတဲ့ နေ့တစ်နေ့၊ မမေ့သင့်တဲ့ နေ့တစ်နေ့ကို အခုလို တစ်ချို့လူတွေ မေ့နေကြရတာဟာ မေ့အောင်လုပ်နေကြတဲ့ လူတစ်ချို့ကြောင့်ပဲလို့ ပြောချင်ရုံမှတစ်ပါး မရှိတော့ပါဘူး။

ဒီနေ့ ဘာမှ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ မရှိပါဘူး။ ဒီနေ့ ဘယ်ဘစ်ကားမှာမှ အလံတွေ လွှင့်မထားကြပါဘူး (နေ့ထူး နေ့မြတ်တွေမှာ အလံလွှင့်လေ့ ရှိပါတယ်)။ ဒီနေ့ထုတ်တဲ့ ဘယ်သတင်းစာမှာမှ အာဇာနည်အကြောင်းလေးကို ၀တ်ကျေ တန်းကျေတောင် ရေးမထားကြပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ရွှေတိဂုံ ဘုရားပတ်ဝန်းကျင်မှာတော့ လမ်းတွေ ပိတ်ထားတယ်။

လွန်ခဲ့သော ၆၁ နှစ်က ဒီနေ့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်ဆောင်ကြီးများကို လေးစားစွာ အလေးပြုလိုက်ပါတယ်။

Advertisements

I won’t be on Gtalk!

Standard

Stop chatting in gatlk with no reason…………

Photobucket

Photobucket

စုံစမ်း မေးမြန်းခြင်း သည်းခံပါ။ မတွေ့ချင် မမြင်ချင် သူများအတွက်တော့ မျက်စိနောက် သက်သာတာပေါ့ရှင်.. မဟုတ်ဘူးလား..

Plainative Song of Pinkgold

Standard

မတ်လ (၄) ရက်နေ့မှာ အလုပ်သစ်ကို စ၀င်တယ်… ရောက်ရောက်ချင်းဆိုတော့ ဘာမှမလုပ်ရဘူး.. အဲဒီက ထုတ်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အကုန်ဖတ်ပြီး. ပြန်လာတယ်။ အဲဒီတုန်းကတော့ ပျင်းလိုက်တာ သေပါရော…

မတ်လ (၅) ရက်နေ့.. မီတင်စလုပ်တယ်။ ဘာလုပ်ရမယ်ဆိုတာကို ပြောပြတယ်။ Advertising and Promotion Planning ပိုင်းကိုလုပ်ပါတဲ့။ လက်ရှိလုပ်နေတဲ့သူတွေဆီက အလုပ်တွေ အကုန်လွှဲယူတယ်။ လေ့လာဆည်းပူးရတာပေါ့လေ။

မတ်လ (၆) ရက်နေ့.. ရုံးရောက်တော့ ခုံပေါ်မှာ GM ရဲ့ စာကိုတွေ့တယ်။ Planet Thingyan အစီအစဉ်ကို Advertising and Promotion ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး အမကို Plan တင်ပြပါတဲ့။ အဲဒီနေ့ကနေ စတော့တာပါပဲ။ အစွမ်းကုန်ကြိုးစားပြီး Advertising Time Line တွေ၊ Promotion Plan တွေ၊ Sponsor Package တွေ၊ Website မှာကြော်ငြာရင်ရလာမယ့် အားသာချက်တွေ၊ တစ်ခြားလို အပ်တဲ့ data တွေ စုရင်းနဲ့ တစ်ပတ်ဆိုတဲ့ အချိန်ဟာ ကုန်မှန်း မသိကုန်သွားခဲ့တယ်။

နောက်တော့. နောက်တော့ ရက်တွေ၊ နေ့တွေ၊ အချိန်တွေကို သေချာလည်း မသိတော့ဘူး၊ ထမင်းစားချိန်ဆိုတာလည်း ပုံမှန် မရှိခဲ့ဘူး။ ICT Exhibition ဆိုတာတွေ၊ Monthly Advertising Plan ကိုဆွဲပေးနေရတာတွေ၊ Costing တွက်ပေးရတာတွေ၊ Planning ပြီးတော့ Implementation ဆိုတာတွေကို ဆက်လုပ်ရင်းနဲ့ ကျွန်မရဲ့ ပုံမှန် ရုံးဆင်းချိန်ဟာ ည (၈) နာရီ ဖြစ်မှန်း မသိဖြစ်လာခဲ့တယ်။

မေလ (၃၁) ရက်.. မတင်မြတ်ထက် လာစာလာထုတ်လို့ရပါပြီ ဆိုတဲ့ အသံလေးကို ကြားလိုက်တယ်။ ဘုရားရေ.. လကုန်ပြီ ဟုတ်လား။ နေပါအုံး ငါအလုပ်ဝင်တာ မနေ့တစ်နေ့ကလေ.. ဘယ်လိုလုပ် လ က အဲလောက်အကုန်မြန်ရတာပါလိမ့်။ သြော် ငါဟာ အလုပ်တွေဆီမှာပဲ စိတ်ကိုနှစ်ထား ခဲ့ပါလား။

ဒီကြားထဲမှာ.. သူငယ်ချင်းတွေနဲ့ တစ်ခုခုသွားဖို့ ချိန်းတိုင်း အချိန်တွေ ပြန်ညှိရတာ ကျွန်မ၊ နောက်ကျလို့ တောင်းပန်ရတာ ကျွန်မ၊ ချိန်းထားရက် သားနဲ့ မီတင်တွေ ရှိနေလို့ အခါခါ ပျက်ခဲ့တာ၊ သူများကို စိတ်ခုအောင် လုပ်ခဲ့တာ ကျွန်မ ဖြစ်လာခဲ့တယ်။

ဧပရယ် (၁) ရက်နေ့… ၁၁ ရက်နေ့ကနေ စပြီး ရုံးပိတ်မှာပါလားဆိုတဲ့ အတွေးနဲ့ ပျော်ပျော်လေး ရုံးလာခဲ့တယ်။ ကွန်ပျူတာတောင် မဖွင့်ရသေးဘူး မီတင် မီတင် တဲ့။ အမလေး သွားတက်လိုက်တော့ MD က ပေးလိုက်တဲ့ တာဝန်တွေ တစ်ပုံကြီး။ ကြားဖြတ် ကိစ္စတွေပေါ်လာတယ်။ Thingyan Greeting Card ပို့ရမယ် ဆိုတာတွေ Production Plan and Time Line တစ်ခု ဆွဲတာတွေဟာ ကျွန်မကို အလုပ်များစေခဲ့ပါတယ်။ ဒီကြားထဲ Design ကိစ္စနဲ့ Designer ကိုဝေဖန်ခဲ့မိလို့ အကြံလေး တစ်ခုပေးခဲ့မိလို့.. ငါက နင်ပြောတာ လုပ်ရမှာလား မန်နေဂျာ ပြောတာ လုပ်ရမှာလား ဆိုတာမျိုးတွေ၊ ငါ Designer လား နင် Designer လား ဆိုတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တာ ခံလိုက်ရတော့ ရင်ထဲ မကောင်းလိုက်တာလေ။ တော်သေးတယ် GM က ကျွန်မ ဘက်ကပါနေလို့။ သူ့ကိုတာဝန် ပေးထားလို့ သူပြောသလို မင်းလုပ်ရလိမ့်မယ် ဆိုတာတွေနဲ့ ကိုယ့်ဘက်က ပါခဲ့လို့ နည်းနည်းတော့ သက်သာရာ ရခဲ့တယ်။

Greeting Card ကိစ္စအတွက်နဲ့ လုံးပန်းနေတုန်း Miss ရွေးပွဲတစ်ခု ကြားထဲမှာ ၀င်လာတယ်။ အဲဒီမှာလည်း Planner က မမရွှေထက်ပဲပေါ့။ စနေ နေ့တစ်ဝက်ဆိုတာလည်း ဘယ်တော့မှ ၁၂ ခွဲမှာ မပြန်ခဲ့ရပါဘူး။ Miss ရွေးပွဲအတွက် ပြင်လို့မှ မပြီးသေးဘူး သမီးရေ ကိစ္စတွေကို အကုန် အပြတ် ဖြစ်ခဲ့ပါ အမနဲ့ မန္တလေး လိုက်ရမယ်တဲ့။ ဘုရား ဘုရား ငါဘာတွေများ အလုပ်များရအုံးမှာ ပါလိမ့်။ ခုလည်း အပြတ်ဖြတ်နေတုန်းပဲ။ စနေနေ့ည ၉ နာရီထိုးတော့မယ် ရုံးမှာပဲ ရှိသေးတယ်။ မနက်ဖြန် ခရီးအတွက် ဘာမှ မလုပ်ရသေးဘူး။

ထမင်းကို နေ့လည်း ၂ နာရီလောက်မှ စားရတာ ရေတွက်လို့ မရတော့ဘူး။ ရုံးကနေ ည ၈ နာရီလောက်မှ ပြန်ရတာ ရိုးလို့တောင် နေခဲ့ပြီ။ ဂျီတော့မှာ အရင်လို မပွားနိုင်တော့ဘူး။ Laptop တစ်လုံးနဲ့ အသေ နပန်းလုံးနေရတယ်။ သြော် ပြောအုံးမယ် ကျွန်မကို ပေးထားတဲ့ Laptop က သိပ်မကောင်းတော့ အလုပ်လုပ်ရတာလည်း သိပ်အဆင်မပြေပါဘူးလေ။ စက်အသစ်ကလည်း တောင်းထားတာ ၀ယ်မပေးသေးဘူး။ အလုပ်လုပ်ရင်း စိတ်တိုလာလို့ ဒီညည်းချင်းကို ရေးလိုက်ရကြောင်းပါ။

စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုတယ် နှစ် အချိုး တစ် ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ် အချိုး နှစ်တဲ့….
ကျွန်မကတော့ ဒီလို ဆိုချင်တယ်…
ရုံးဆင်းချိန် ညနေ ၅ နာရီခွဲဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က ၈ နာရီ
စနေ နေ့တစ်ဝက်ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ်နေ့လုံး…………

သြော် ကျွန်မ ဘာကြောင့် အဲလောက် အလုပ်များများ အိမ်ပြန် ဘယ်လောက် နောက်ကျကျ လုပ်ပေးနေလဲ သိလား။ Overtime ကြေးတွေ ရနေလို့ပေါ့ရှင်။ တနင်္ဂနွေကို မန္တလေးသွားမယ် ဗုဒ္ဓဟူးနေ့ ရန်ကုန်ပြန်ရောက်မယ်။

ပင့်ဂိုလ်း ညည်းချင်း ပြီးပါပြီ။

Blogger တို့ရဲ့ Valentine

Standard

မင်းယွန်းသစ်ရဲ့ blog မှာလည်း ကြည့်ပြီးသူတွေ ကြည့်ပြီးကြရောပေါ့.. ဒါပေမယ့် valentine day တုန်းက ကန်ဘောက်မှာ ဆတ်ဆလူး ထခဲ့ကြပုံတွေကို ဒီမှာလည်း တင်ချင်တာနဲ့ ပြန်တင်ပါရစေရှင်

ထက်ထက် ရွှေပဲစိန်
valentine-3

အုပ်စု တောင့်တယ်နော်

valentine-4

valentine-5

ဂျပန်စစ်သားဟေ့ ဂျပန်စစ်သားတွေ

valentine-6

Ko Kha and Nanda

ko kha

nanda

Blogger ရယ် ဆည်းဆာရယ်

vaentine-7

seesar

တိုလီ
တို့များ မနိုင်ဘူး တစ်ကယ်

toli

Photobucket

93th Birthday of Bogyoke Aung San

Standard

Photobucket

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
်ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

If I’m dead, ??????????

Standard
ကျွန်မအခုတစ်လော အလုပ်ကလည်း ထွက်လိုက်တယ် ဆိုတော့ အိမ်မှာ အားအားယားယားနဲ့ အိပ်လိုက်၊ စားလိုက်၊ စာအုပ်လေးတွေ လျှောက်ဖတ်လိုက်နဲ့ တော်တော့်ကို ဟုတ်နေတော့တာပဲ။ တစ်ခုတော့ ရှိပါတယ်.. အင်တာနက်ကို အရင်ကလို ဖောဖောသီသီနဲ့ နေ့တိုင်းမသုံးရတော့ လွမ်းစရာလေးတွေ ပေါ်လာတာ တစ်ခုကတော့ တော်တော့်ကို အဆင်မပြေဘူးရှင်။ လွမ်းဒဏ်သင့်တာကို ခါးခါးသီးသီးကို ခံစားနေရတာ။ ပြီးတော့ ကျွန်မတို့ သူငယ်ချင်း အတူသွား၊ အတူစား၊ သိပ်လည်းခင်ကြတဲ့ ကိုနေဘုန်းလတ် တစ်ယောက် မတရားခံနေရတာတွေကြောင့် စိတ်ဒဏ်ရာ တစ်ချို့လည်း ရရှိခဲ့ပါရဲ့လေ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကိုယ်ကလည်း မတတ်နိုင် ဘာမှလည်း လုပ်ပေးလို့က မရတော့ ဒီအတိုင်း ထိုင်းဆုတောင်ရုံ ထိုင်ဒေါသထွက်ရုံကလွဲရင် ဘာမှတော့ လုပ်ပေးလို့ မရခဲ့ဘူး။ ရင်နာတယ်။

အဲတော့ ကျွန်မအိမ်မှာ အားယားနေတုန်း အတွေးတွေကလည်း တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ပေါ့။ ဒီကြားထဲ ငါများ ဒီအချိန် သေသွားခဲ့ရင် ဆိုတဲ့ အတွေးလေးက ပေါက်ပေါက်ရှာရှာ ၀င်လာသေးတယ်။ ဟုတ်တယ် ကျွန်မဒီအချိန် အိမ်မှာ များ တစ်ခုခုဖြစ်ပြီး သေသွားခဲ့ရင် ကျွန်မသူငယ်ချင်းတွေ သိနိုင်ပါ့မလား။ အွန်လိုင်းပေါ်လည်း သိပ်မတက်ဖြစ်၊ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်နေတော့ ကျွန်မသေရင် ဘယ်သူကများ သတင်းဖြန့်မလဲ လို့ပေါတောတော တွေးမိသေးတယ်။ တစ်ခါတစ်လေတော့လည်း တစ်ကယ်ပြောတာရှင့် ကျွန်မသေရင် ကျွန်မအတွက် ၀မ်းနည်းပုဆွေးနေမယ့်သူတွေ ရှိပါ့မလားဆိုတာ ကြိုပြီး စိတ်ပူနေတတ်တာ။ ကျွန်မကို ချစ်လှချည်ရဲ့ ဆိုတဲ့ သူငယ်ချင်းတွေ၊ နင်သာ ဂျီတော့ပေါ်မှာ မရှိတော့ရင် ငါဘယ်လိုနေရမလဲ ပင့်ဂိုလ်းရယ်လို့ ပြောခဲ့ဖူးသူတွေ၊ နင်သေလို့ကတော့ ငါကလနဲ့ချီ ငိုမှာလို့ပြောဖူးတဲ့ သူတွေ.. ကျွန်မ တစ်ကယ်များ သေသွားခဲ့ရင် အဲလိုများ တစ်ကယ်လုပ်နေကြမလား လို့သိပ်ကို သိချင်နေတာ။ သူငယ်ချင်း တစ်ယောက်ကဆို ပြောသေးတယ် နင်များ သေလို့ကတော့ 6 လလောက်ကို ၀မ်းနည်းမှတ်တမ်းပို့စ်တွေ ဆက်တိုက် တင်ပလိုက်မှာတဲ့.. ပေါတာ ပေါတာ။

အဲတော့ ကျွန်မသေရင်လေ တစ်ခုလောက်တော့ လုပ်ကြည့်ချင်တယ်။ သူများတွေကို နိဗ္ဗာန်ရောက်ဖို့တော့ မကြိုးစားဘူး။ ၀ိညာဉ်လေး အနေနဲ့ လျှောက်လိုက်သွားကြည့်ချင်တာ။ ကျွန်မ သရဲဖြစ်ချင်တယ်။ သရဲကမှ ကွန်ပျူတာ သရဲမ ဖြစ်ချင်တာ။ စစချင်းလုပ်မယ့် အလုပ်က ဘလောဂ့်တွေကို လျှောက်ဖတ်မယ်။ ပြီးတော့ comment တွေလျှောက်ပွတ်၊ စီဘောက်တွေမှာ လိုက်အော်၊ အားး လူတွေကလန့်.. တော်တော်တော့ ပျော်စရာကောင်းမယ်ထင်တယ်။ ပြီးတော့ ကျွန်မရဲ့ ၀ိညာဉ်က ဘန်ကောက်ကိုသွားမယ်.. ဘန်ကောက်ကို။ အဲဒီမှာ ခြောက်လလောက် ဆက်တိုက်ငိုမယ့် မိန်းမရှိတယ်။ သူတစ်ကယ်များ ငိုနေမလား။ ကျွန်မကို လွမ်းနေလိမ့်မလား။ သာမန်ကိစ္စလေးကိုတောင် စိတ်မကောင်းဖြစ်တတ်တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း၊ ကျွန်မသေသွားရင် ဘယ်လိုများ နေမလဲ။ ကျွန်မ သွားအားပေးချင်တယ်။ ငါနင့်အနားမှာ သရဲမအဖြစ် ရှိနေပါတယ် ချစ်ဆုံးရယ် မငိုပါနဲ့လို့။ ပြီးတော့ ကျွန်မ အင်္ဂလန်ကိုသွားမယ်.. ဒီအတိုင်းပဲ ဘန်ကောက်က လေယာဉ်တစ်စင်းကို တိတ်တိတ်ကလေး လိုက်စီးသွားမယ်။ ၀ိညာဉ်ဆိုတော့ ဘယ်သူကမှလည်း မြင်မှာ မဟုတ်ပါဘူး။ အင်္ဂလန်မှာလည်း ကျွန်မသိပ်ချစ်တဲ့ နောက်တစ်ယောက် ရှိသေးတယ်။ သူရော ဘယ်လိုနေမလဲ။ ကျွန်မကို မေ့ထားပြီး သူ့အလုပ်တွေပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင်တော့လား သေဖို့သာပြင်… လုံးဝကို ခြောက်မှာ။ ခြောက်တာကမှ နည်းမျိုးစုံနဲ့ လန့်အောင် လုပ်မှာ။ ကွန်ပျူတာမှာ စာရေးတော့မယ်ဆိုရင် ကီးဘုတ်ကို သူတောင် မရိုက်ရသေးဘူး မော်နီတာပေါ်မှာ စာလုံးတွေပေါ်လာအောင် ကျွန်မက ကြိုရိုက်တာမျိုး၊ ပါဝါတွေကို ပိတ်ပစ်လိုက်တာမျိုး၊ လမ်းသွားရင် နည်းမျိုးစုံနဲ့ ရှေ့မရောက်အောင် လုပ်တာမျိုး၊ အစားတွေကို လုစားတာမျိုး..ခြောက်မှာ အဲလိုကို ခြောက်အုံးမှာ။ ကျွန်မအတွက် ယူကြုံးမရ အပူလုံးကြွပြီး ၀မ်းနည်းနေရင်တော့ ကျွန်မရဲ့ ၀ိညာဉ်းလေးက ဒီလိုချစ်ခြင်းတွေကို ကျွန်မခံရတဲ့အတွက်၊ ကျွန်မကို ချစ်တဲ့သူတွေ ရှိနေတဲ့အတွက် တော်တော်လေးကို ၀မ်းသာလိမ့်မယ်။

နောက်တော့ ကျွန်မလေ ကျွန်မသူငယ်ချင်းတွေ အများဆုံးရှိတဲ့ စင်ကာပူကို လာမယ်။ စင်ကာပူက ဘလောဂ့်ဂါတွေ၊ Padonma Forum က သူငယ်ချင်းတွေ မျက်ခုံးတော့ လှုပ်နေတော့မှာပဲ။ မလန့်ကြပါနဲ့ သူငယ်ချင်းတို့ရေ။ နင်တို့ ဘယ်လို နေထိုင်စားသောက်ကြလဲ ငါသိချင်ရုံပါ။ ငါ့အတွက် ၀မ်းမနည်းကြပါနဲ့။ ကြွေချိန်တန်လို့ ကြွေတယ်ပဲ မှတ်လိုက်ပါလို့ အိပ်မက်လေးအဖြစ် ပေးရုံ သက်သက်ကလေးပါ။ ပြီးတော့ ကျွန်မက ရိုးရိုးသရဲမ မဟုတ်ဘူး.. တန်ခိုးရှိတဲ့ လူတွေကို ကူညီနိုင်တဲ့ သရဲမ ဖြစ်ချင်တာ။ အဆင်မပြေတဲ့ သူတွေကို အဆင်ပြေအောင် လုပ်ပေးမယ့်။ မတရားတဲ့ သူတွေကို ဖယ်ရှားပေးမယ်။ ကျွန်မသာ သေသွားပြီး ဒီလိုမျိုး မတရားတဲ့ သူတွေကို သုတ်သင်ရှင်းလင်းနိုင်တဲ့ သရဲမမျိုး ဖြစ်မယ်ဆိုရင် ခုတောင် သေသွားချင်မိပါရဲ့။ တစ်ကယ်ပြောတာ။ ကျွန်မရဲ့ စာကို ဖတ်ပြီး ရူးနေတယ်လို့ ထင်တဲ့ သူတွေလည်း ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မကတော့ တစ်ကယ့်ကို အဲလိုတွေ တွေးမိနေတာရှင့်။ လုပ်စရာမရှိလို့ စိတ်လေတာလည်း ပါမှာပေါ့။ နောက်တစ်ခုက ကျွန်မက လူတွေကိုလည်း ချစ်တတ်သလို ကျွန်ကို ချစ်တာလည်း သိပ်ခံချင်တာ။ ကျွန်မသူငယ်ချင်းတွေ တစ်ခုခုအဆင်မပြေဖြစ်တိုင်း အသဲနင့်အောင် ခံစား တတ်သလို၊ ကျွန်မအတွက်လည်း အဲလိုခံစား စေချင်တာ ကျွန်မအတ္တကြီးတာပဲလား။ ကျွန်မသေဆုံးခြင်းအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ပိုစ့်တွေတင်၊ ကောင်းမှုကုသိုလ် တွေဝိုင်းလုပ်ပေး၊ ယူကျုံးမရ နှမြောတသတွေ ဖြစ်နေကြရင်တော့ ကျွန်မရဲ့ ၀ိညာဉ်က တော်တော် ပျော်နေမှာ။ ကျွန်မသူငယ်ချင်းတွေ အဆင်ပြေစေဖို့၊ အကောင်းတွေပဲ ဖြစ်လာစေဖို့ တန်ခိုးရှိတဲ့ သရဲမပင့်ဂိုလ်းက တတ်နိုင်သလောက် လုပ်ပေးအုံးမှာ။

ဒါပေမယ့် ဒီသရဲမက စိတ်ပုတ်တယ်နော်။ ကျွန်မကို ဖုတ်လေသည့် ငပိရှိသည်တောင် မထင်ဘူး၊ သေရင်လည်းသေတော့ကွာလို့ မှတ်ပြီး ဘယ်လိုမှ မခံစားပဲ နေတဲ့ သူငယ်ချင်းတွေ၊ အထူးသဖြင့် ဂျီတော့ထဲမှာရှိတဲ့သူတွေကိုတော့ ခြောက်မှာ။ လောကမှာ မနေနိုင်အောင်ကို အပေါ်မှာ ပြောခဲ့သလို နည်းမျိုးစုံးနဲ့ ခြောက်မှာ။ ဟွင်း ဟွင်း သေဖို့သာပြင်။ ဒါပေမယ့် ကျွန်မရဲ့ ဘလောဂ့်ကို ဆက်ရေးနိုင်ဖို့အတွက် ကျွန်မကတော့ တစ်ယောက်ယောက်ကို Admin Grant ပေးခဲ့အုံးမှာရှင့်. ဒါမှ လူသာသေသည် ဘလောဂ့် မသေဖြစ်မှာလေ။ မကောင်းဘူးလား။ ဘယ်သူယူမှာလဲ Admin ပေးမယ်။ ခုကတည်းက ကြိုစာရင်းပေးထားနော်။ လုပ်ချင်ရင် ပြောပါတယ်။ အဲဒီ လူကလည်း ကျွန်မကို ချစ်ခင်တဲ့ သူတစ်ယောက် ဖြစ်ရမယ်။ ပိုစ့်တွေ အများကြီးတင်ပေးစရာ မလိုပါဘူး။ တစ်လကို နှစ်ကြိမ်လောက်ပဲ Update လုပ်ပေးရင်ရပါတယ်။ မဟုတ်ရင် သူလည်း အလုပ်ရှုပ်နေမှာပေါ့။ မဟုတ်ဘူးလား..။

အဲ.ကျွန်မရဲ့ ယောင်လည်လည် အတွေးများကို လာရောက် ဖတ်ရှုကြသောသူများကို ကျေးဇူး အထူးတင်ပါတယ်ရှင်။ သြော် ကျွန်မ ရူးနေတာတော့ မဟုတ်သေးဘူးနော်။ တော်ကြာနေ ကျွန်မကို ရူးတယ် ထင်ကြမှာစိုးလို့……..ဟိ။

အမေရီးကားက သူငယ်ချင်းတွေကမေးတယ်.. သူတို့ဆီကျတော့ မလာဘူးပေါ့လေ.. သူတို့ကို မချစ်ဘူးပေါ့လေတဲ့.. မဟုတ်ပါဘူး ချစ်ချစ်တို့ရယ်.. အဲဒီတုန်းက ကော်နက်ရှင် ကျနေတော့ ပိုစ့်မြန်မြန် ပြီးအောင် အမေရီးကားကို ခြေဆန့်မယ့် ခရီးကို မထည့်လိုက်ရတာပါ.. တစ်ကယ်က နောက်ဆုံးမှ လာပြီး သေအလဲ Suprise Check ၀င်ဖို့ အစီစအစဉ်ရှိပါ့ရှင်.. လာမယ် လာမယ် LA ကို တန်းလာမယ် ဆန်ဖရန်စစ္စကို၊ ဆန်ဟိုဆေး အဲဒီကိုလည်းလာမယ်.. နောက်တော့မှ ကြောက်ပါပြီ မအော်ရ၀ူးနော်..