Myanmar People Magazine ကနေကြီးမှူးကျင်းပဲတဲ့ Miss People 2009 Style Competition and People Charity Bazzar ကို 2009 ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့ ၊ တန်ဆောင်မုန်း လပြည့်နေ့မှာ အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်မှာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါတယ်။ ညနေ (5) နာရီမှာ The Trees Band နဲ့အတူ နာမည်ကြီးအဆိုတော်များက မေတ္တာဖြင့် သီဆိုဖျော်ဖြေပေးကြတဲ့ စိတိတ်ရှိုးကို စတင်ခဲ့ပါတယ်။ ညနေ (7) နာရီမှာတော့ စတိုင်မိုက်သူတွေ စိန်ခေါ်ကြတဲ့ Miss People ပြိုင်ပွဲကြီးကို ထူးခြားဆန်းပြားတဲ့ အခမ်းအနား အစီအစဉ်များနဲ့ စတင်ခဲ့ပါတယ်။ Miss People 2009 စတိုင်ပြိုင်ပွဲကြီး အကြောင်းကိုတော့ Miss People Official Blog မှာ ဖတ်နိုင်ပါတယ်ရှင်။
Category Archives: Miss People
Miss People 2009 (Mandalay)
Miss People 2009 (Mandalay) ပွဲကြီးကို 2009 ခုနှစ် ၊ အောက်တိုဘာလ (4) ရက်နေ့က Sedona Hotel (MandalaY) ရေကူးကန်ဘေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကြီးကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း နေ့လည် (၁) နာရီမှာ ဈေးရောင်းပွဲတော်နဲ့ စတင်ခဲ့ပါတယ်။ ညနေ (၅) နာရီမှာတော့ စတိတ်ရှိုး အစီအစဉ်ကို စတင်ခဲ့ပြီး နာမည်ကြီး အဆိုတော်များလည်းဖြစ်၊ လက်ရှိမှာ ပေါက်နေတဲ့ သီချင်းတွေရဲ့ အဆိုရှင်များလည်း ဖြစ်ကြတဲ့ ဖော်ကာ (Wanted) ၊ ဂျီလတ် ၊ The Last ၊ အနဂ္ဂ ၊ Cobra ၊ သံသာဝင်း ၊ ဂျင်းနီ ၊ Princess အဖွဲ့ တို့က မေတ္တာဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။
ညနေ (၇) နာရီမှာတော့ Miss People ပြိုင်ပွဲကို စတင် ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ မယ်လိုဒီ တို့နဲ့အတူ မန္တလေးမြို့မှ မြို့မိ ၊ မြို့ဖများက ဆောင်ရွက် ပေးခဲ့ကြပါတယ်။ မန္တလေးက ပြိုင်ပွဲဝင်လေးတွေဟာ အလွန်စတိုင်လ်မိုက်ကြတဲ့အတွက် Miss People ဆုကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ Miss People ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့သူ စုစုပေါင်း ၄၃ ဦးရှိခဲ့ပြီး People Magazine မှ Miss People, 1st Runner Up, 2nd Runner Up , Best Style ဆုများအပြင် ပရိတ်သတ်များက ရွေးချယ်ပေးတဲ့ People’s Choice ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
Back in Yangon
Miss People 2009 Mandalay ပွဲကိုလုပ်ဖို့ အတွက် မန္တလေးကို တစ်ပတ်လောက် သွားရောက်နေထိုင်းပြီး ဒီနေ့ မနက်ပဲ ရန်ကုန်ကို ပြန်ရောက်လာပါတယ်။ မန္တလေးကတော့ အရင်လို့ ပူတုန်းပါပဲ။ အရင်လို လွတ်လပ်မှုတွေ ရှိတုန်းပါပဲ။ ပွဲမတိုင်ခင် တစ်ရက်မှာ YUFC နဲ့ ရတနာပုံ အသင်းနှစ်သင်းရဲ့ ပွဲကြီး ပွဲကောင်းကိုလည်း ကြားရပါသေးတယ်။ မန္တလေးမှာ နေခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ အလွန်များခဲ့သလို ပွဲနေ့ကလည်း အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပါတယ်။
အခုတော့ အရမ်းကို ပင်ပန်းနေပါတယ်။ ပိုစ့်သစ်တွေ ရေးနိုင်ဖို့ အားယူနေပါတယ်။
Miss People Style Competition Yangon
Miss People – ခြောက်သိန်းကျပ်
1st Runner Up – သုံးသိန်းကျပ်
2nd Runner Up – နှစ်သိန်းကျပ်
People’s Choice – တစ်သိန်းကျပ်
Best Stylist – တစ်သိန်းကျပ် တို့ဖြစ်ပါတယ်။
Miss People and People’s Choice – May Thu Aung (မေသူအောင်)
ဆုတက်ပေးတဲ့ အိန္ဒြာကျော်ဇင်
1st Runner Up – Hay Man Thu Thu Aung (ဟေမာန်သူသူအောင်)
ဝမ်းသာလွန်းလို့ ငိုရှာတယ်
ဆုတက်ပေးသူ လူမင်း
2nd Runner Up – Aww Myat May Thu (သြမြတ်မေသူ)
လှတ ပတကောင်မလေးများ
နာမည်ကြီး မော်ဒယ်လ် သျှား ဆိုတာလေ.. ဆုတော့ ရမသွားရှာဘူး။ စကာတင် 10 ယောက်ထဲမှာတော့ ပါတယ်
မဆန်း ဆန်းအောင် လုပ်ကြတယ်
ဆုမရပေမယ့် စတိုင်လ်မိုက်ပြီး လှတဲ့သူတွေ
Winners of Miss People Mandalay
မန္တလေးက ပြိုင်ပွဲဝင်တွေဟာ ထင်ထားတာထက် အများကြီး ချောကြ လှကြပါတယ်။ စတိုင်လ်အမိုက်ဆုံး စကာတင် မိန်းကလေး အယောက် 30 ကိုယှဉ်ပြိုင် ပြိုင်ပွဲဝင်စေခဲ့ပြီး ဆုများကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီပွဲဟာ အစကတည်းက Style Competition လို့ ဆိုထားတာကြောင့် စတိုင်လ်အမိုက်ဆုံး သူကိုပဲ ရွေးချယ်ခဲ့တာပါ။ ပြီးတော့ အင်္ကျီဒီဇိုင်း အမိုက်ဆုံး သူတွေကလည်း ဆုရဖို့ အခွင့်အလမ်းပိုများပါတယ်။ ကျွန်မတို့ရဲ့ Miss People Mandalay ပွဲကြီးကတော့ မန္တလေးမှာ ၀က်ဝက်ကွဲကို အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ စတိုင်လ်ကောင်းမှု၊ အခမ်းအနား အပြင်အဆင် အများထက် ထူးခြားမှု၊ အများနဲ့မတူတဲ့ ဖျော်ဖြေရေး အစီအစဉ်များကို အင်တိုက် အားတိုက် ထည့်သွင်းပေးမှုတို့ကြောင့် မန္တလေး ပရိတ်သတ် ကြိုက် နှစ်သက်ရတာ ဖြစ်ပါတယ်။ ပြည်တွင်းဂျာနယ်တွေမှာလည်း ဝေေ၀ဆာဆာ ဖော်ပြခံရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးဟာ မန္တလေး ပရိတ်သတ်အတွက်လည်း ပထမဆုံးအကြိမ် ကြည့်ခွင့်ကြုံတဲ့ ပွဲဖြစ်ခဲ့ပါတယ်။
စိတ်မကောင်းစရာကတော့ မန္တလေးပရိတ်သတ်ဟာ တော်တော်ကြီးကို စည်းမဲ့ ကမ်းမဲ့နိုင်ပြီး ပွဲကို ဖြစ်ကတတ်ဆန်း ကြည့်ခဲ့ကြလို့ပါပဲ။ Security တွေလည်းမနိုင်၊ Organizer တွေလည်း မနိုင်၊ Presenter မတင်မိုးလွင်က စင်ပေါ်ကနေ မိုက်နဲ့ အော်ပြီး ထိမ်းလို့လည်း မရနဲ့ တော်တော်ကို ၀ရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ ထားပါတော့ ဒါတွေကို ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး။ ဆုရတဲ့ မိန်းကလေးတွေဟာ တစ်ချို့က ချောပေမယ့် ဆုမရကြဘူး၊ ပရိတ်သတ်အကြိုက်နဲ့ သိပ်ပြီးမကိုက်ခဲ့ပါဘူး။ ဘာကြောင့် ဆုရတာလဲဆိုတော့ သူကိုယ်တိုင် ဒီဇိုင်ထွင်ထားတဲ့ Theme Dress လေးက အရမ်းကို ဆန်းလို့ပါပဲ။ ပရိတ်သတ်ကြိုက်တဲ့ နှင်းအိဖြူကတော့ Ready Made များကိုသာ ၀တ်ပြီး Creation မပါတဲ့ dress များကိုသာ ၀တ်ဆင်ခဲ့တာကြောင့် Miss People ဆုနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ပရိတ်သတ်များ ရွေးချယ်ပေးတဲ့ People’s Choice နဲ့ ဒုတိယဆုကို ရရှိပြီး စပွန်စာများ ပေးတဲ့ သက်ဆိုင်ရာ Product Title Award 7 ဆုကို ရရှိခဲ့ပြီး Mandalay ပွဲရဲ့ ရေပန်း အစားဆုံးသူ ဖြစ်ခဲ့ပါတယ်။
Miss People 2008 (Mandalay) နှင့် Best Stylist ဆုကို ရရှိတဲ့ “နှင်းထက်ထက်ဝေ” Theme Dress နဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ
ဒုတိယဆု၊ People’s Choice ဆုနဲ့ Product Title Award 7 ဆုကို ရခဲ့တဲ့ “နှင်းအိဖြူ” စိတ်ကြိုက်ဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ
တတိယဆုနဲ့ Tri Fashion ကပေးတဲ့ Miss Tri ဆုကို ရရှိခဲ့တဲ့ “ဂျူဂျူး” စိတ်ကြိုက်ဝတ်စုံ (အပေါ်) နဲ့ Theme Dress (အောက်) ကိုဝတ်ဆင်ပြီး ယှဉ်ပြိုင်စဉ်က ပုံပါ
ပြိုင်ပွဲဝင်တွေ ထဲက တစ်ခ်ျို့
Miss People Style Competition and Me!
တစ်ကယ်တော့ Miss People ရွေးချယ်ပွဲ ဆိုတာနဲ့ ရင်းနှီးနေတာ 2006 ကတည်းကပေါ့။ အဲဒီတုန်းကတော့ People Magazine က ကြီးမှူးပြီး လုပ်တဲ့ ဒီပွဲကြီးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ သွားအားပေးခဲ့တယ်လေ။ Traders Hotel မှာ တစ်ခြားပွဲ တွေနဲStage အပြင်အဆင်ဋ္ဌ၊ အံ့မခန်းလောက်တဲ့ ပရိတ်သတ်အင်အား၊ လာပြိုင်တဲ့ မိန်းကလေးတွေရဲ့ စတိုင်လ် အမိုက်စားလေးတွေကို ငေးကြည့်ခဲ့ရတယ်။ တော်တော်ကောင်းတဲ့ ပွဲကြီးပါလားလို့လည်း မှတ်ချက်ချခဲ့တယ်။ အနုပညာရှင်တွေ၊ အောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာကြီးတွေ၊ တစ်ခြား နာမည်ကြီး မော်ဒယ်လ်တွေ တော်တော်များများနဲ့ အတော်လေးကို စည်ကားတဲ့ ပွဲဖြစ်ခဲ့တယ်။ ဒီပွဲက မွေးထုတ်ပေးလိုက်တဲ့ မော်ဒယ်လ်တွေကလည်း နာမည်ကြီးသွားချည်းပဲ။ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက်ကော၊ ပွဲကြည့်ပရိတ်သတ်တွေ အတွက်ပါ ရင်ခုန်ပျော်ရွှင်ရတဲ့ ပွဲမို့လို့ 2006 မှာကတည်းက ကျွန်မဒီပွဲကြည့်ရတာကို နှစ်ခြိုက်ခဲ့တယ်။
2007 ကိုရောက်လာတော့ ကျွန်မပါဝင်ဆင်နွှဲပုံက တစ်မျိုးရှင့်။ အဲဒီတုန်းက ကျွန်မက TONI&GUY မှာ Brand Executive တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာလေ။ Miss People 2007 ပြိုင်ပွဲမှာ စပွန်စာ ပေးခဲ့လို့ VIP တစ်ယောက်အနေနဲ့ ဒီပွဲကြီးကို တက်ရောက်ခဲ့တာပေါ့။ အဲဒီတုန်းက Miss People ပွဲကို The Strand Hotel မှာ ကျင်းပခဲ့တယ်။ 2007 တုန်းက လုပ်ခဲ့တဲ့ ပွဲကတော့ ကျွန်မမှတ်မိသလောက် သိပ်အဆင်ပြေလှတဲ့ ပွဲမဟုတ်ဘူးရှင့်။ ပွဲကို သတ်မှတ်ချိန်မှာ မစတင်နိုင်ခဲ့ဘူး၊ Lighting Sound System တွေ မကောင်းဘူး။ Presenter ဖြစ်တဲ့ သဇင်နဲ့ ညီနန္ဒ စကားပြောတာ အချိုးမပြေဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ အလှအပ၊ တစ်ခြား ဖျော်ဖြေရေး အစီအစဉ်တွေကြားမှာ ဒါတွေဟာလည်း ပြောစရာ မဖြစ်တော့ဘူး။ အရမ်းတော်တဲ့ Dancer တွေ၊ နာမည်ကြီးအဆိုတော်တွေ၊ ပြိုင်ပွဲဝင်တွေရဲ့ လှပမှုတွေကြောင့် အဆင်မပြေမှုတွေဟာ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ရတယ်။
ဟော ခု Miss People 2008 Style Competition ကြီးကို ရန်ကုန်မှာသာမက၊ မန္တလေးမှာပါ ပြုလုပ်တော့မယ်။ ဒီတစ်ခါ ပွဲအတွက် ကျွန်မ ပိုပြီးစိတ်လှုပ်ရှားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ ပွဲ Organizer တွေထဲ့ တစ်ယောက်ဖြစ်နေလို့ပါပဲ။ People Magazine ကိုမွေးဖွားပေးရာ Inforithm-Maze Co.Ltd မှာ အလုပ်ဝငိခဲ့တဲ့ ကျွန်မဟာ ခုတော့ Miss People ပွဲရဲ့ အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်စီမံနေရပြီလေ။ Miss People နဲ့ ကျွန်မရဲ့ ရေစက်ကတော့ ကုန်ပဲ မကုန်နိုင်ပါလားရှင်။ ထူးခြားတဲ့ ရေစက်လို့ ပြောလို့ရတာပေါ့နော်။ စက်တင်ဘာလ 28 ရက်နေ့ တနင်္ဂနွေနေ့မှာ မန္တလေးမှာရှိတဲ့ Hotel Mandalay မှာ Miss People Mandalay ရွေးချယ်ပွဲကို ကျွန်မတို့ သွားရောက်ပြုလုပ်ရတော့မယ်၊ တဖန် အောက်တိုဘာက (11) ရက်နေ့၊ စနေနေ့မှာ ရန်ကုန်က The Strand Hotel မှာ Miss People Yangon ရွေးချယ်ပွဲအတွက် ပြန်လည်းစီမံရအုံးမယ်။
ဒီပွဲအတွက် ကျွန်မတို့ရုံးက ၀န်ထမ်းတွေ အကုန်လုံးနီးပါး အလုပ်တွေ တော်တော်များခဲ့ရတယ်။ သူများထက် ထူးခြားအောင်၊ အစစ အရာရာ အဆင်ပြေအောင် Idea တွေ မွေးထုတ်ခဲ့ရတယ်၊ Meeting ပေါင်းမြောက်များစွာကို နေ့လည်စာလွတ် ပြုလုပ်ခဲ့ရတဲ့ ရက်တွေကလည်း မနည်းတော့ဘူးပေါ့။ ကျွန်မတို့ အတွက် ရင်ခုန်ရမယ့် နေ့လည်း မကြာခင်ရောက်လာတော့မယ်။ ကျွန်မလည်း 26 ရက်နေ့ မှာ ရုံးအဖွဲ့နဲ့ မန္တလေးတက်ပြီး စီစဉ်စရာတွေ စီစဉ်ရတော့မယ်။ ဒီမတိုင်ခင် 3 လအလိုလောက်ကတည်းကလည်း တစ်လ တစ်ခေါက် မန္တလေးသွားပြီး လုပ်စရာတွေကို လေ့လာပြီး လုပ်ခဲ့ရတယ်။ ခုတော့ တစ်ကယ်လုပ်ရတော့မယ်၊ အားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်၊ ကြိုးစားခဲ့တာတွေ အောင်မြင်ဖို့ကို မြင်ယောင်မိတယ်။ People အဖွဲ့သားတွေ အကုန်လုံးရဲ့ အစွမ်းအစကို ဒီပွဲမှာ ချပြကြမှာလည်း ဖြစ်တယ်။ ကျွန်မလေ ရင်တွေ အရမ်းခုန်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ Miss People 2008 ဟာ မန္တလေးအတွက်၊ ကျွန်မအတွက် ပျော်ရွှင်မှုလေး တစ်ခုလောက်တော့ ပေးနိုင်လိမ့်မယ်လို့ မှတ်ယူထားလို့ပါပဲ။
Winners of Miss People 2006
Miss Style – Aye Myat Thu (She is now at the leading role in Myanmar Model Society)
Miss Charming – Zin Sandar Htun
Best Stylist – Su Su Aung
Winners 2007!
Jar San – Miss People
Chan Chan – 1st Runner Up and People’s Choice (Now she is very popular both as a model and a singer)
Soe Pyae Pyae San – Second Runner Up ( She is now also a popular Model in Myanmar)
Miss People Mandalay
– 28-Sep-08
– Hotel Mandalay
– Free Entrance (ကြိုတင်လက်မှတ်ယူပါ)
Miss People Yangon
– 11-Oct-08
– The Strand Hotel
– Free Entrance (ကြိုတင်လက်မှတ် ယူပါ)
Miss People 2008 Official Website ကိုတော့ ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ်ရှင်။